Dhamma Note
ပိဋကတ်သုံးလာ မှတ်သားဖွယ်ရာ လိုက်နာဖွယ်ရာ တရားတော်များ
၀ဋ်ဆိုတာ အမြဲတမ်းလည်ပါသလား
#ဓမ္မ #တရား
လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာ ဟုတ်ပါသလား
#မေတ္တာ
#ဓမ္မ
#တရား
#စိတ်
ကာမေသုမိစ္ဆာစာရကံဟာ
အိမ်ထောင်ရှိတဲ့သူနဲ့ထောက်ပြန်မိမှ ထိုက်တာမျိုးလား
#တရား #မေတ္တာ #ဓမ္မ #စိတ်
နိဗ္ဗာန်ဆိုတာဘာပါလဲ
ဘာကြောင့် နိဗ္ဗာန်ရအောင် ကြိုးစားသင့်တာလဲ
#မေတ္တာ
#စိတ်
#ဓမ္မ
#တရား
ဗုဒ္ဓဘာသာဆိုတာဘာလဲ
#စိတ်
#မေတ္တာ
#တရား
စကား ၆ ခွန်း
၁။ မှန်လည်းမမှန် အကျိုးလည်းမရှိ သူအများလည်း မနှစ်သက်သော စကား၊
၂။ မှန်၏ အကျိုးကားမရှိ သူအများလည်းမနှစ်သက်သော စကား၊
၃။ မှန်၏ အကျိုးရှိ၏ သူအများမနှစ်သက်သော စကား၊ [ဤစကားမျိုးကို မြတ်စွာဘုရားရှင်တို့သည် အခါကာလကို ကြည့်၍ ပြောဆိုတော်မူသည်။]
၄။ မမှန် အကျိုးမရှိ သူတစ်ပါးနှစ်သက်သော စကား၊
၅။ မှန်၏ အကျိုးကားမရှိ သူအများကား နှစ်သက်သော စကား၊
၆။ မှန်၏ အကျိုးလည်းရှိ၏ သူအများလည်း နှစ်သက်သော စကား။ [ဤစကားမျိုးကို မြတ်စွာဘုရားရှင်တို့သည် အခါ များစွာ ပြောဆိုတော်မူသည်။]
(ဒီ၊၃။၁၁၁။)(မ၊၂။၅၇။)(မ၊၃။၂၇၇။)(ဝိ၊ဋ္ဌ၊၁။၈၉။)(စူဠနိ၊ဋ္ဌ။၃၅။)
#တရား
#မေတ္တာ #အချစ် #ဓမ္မ #စိတ်
ကမ္ဘာ ၅ မျိုး
၁။ သာရကပ္ပ- ဘုရားတစ်ဆူသာ ပွင့်သော ကမ္ဘာ၊
၂။ မဏ္ဍကပ္ပ- ဘုရားနှစ်ဆူပွင့်သော ကမ္ဘာ၊
၃။ သာရမဏ္ဍကပ္ပ- ဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
၄။ ဝရကပ္ပ- ဘုရားလေးဆူ ပွင့်သော ကမ္ဘာ၊
၅။ ဘဒ္ဒကပ္ပ- ဘုရားငါးဆူပွင့်သော ကမ္ဘာ။
(အပ၊ဋ္ဌ၊၂။၂၆၈။)
"ဘာကြောင့် မေးခွန်းမေးနည်း ၅ မျိုး ခွဲထားတာလဲ?"
#တရား
ချစ်ခင်ခြင်း ဖြစ်ပေါ်ရကြောင်း ၂ မျိုး
#တရား
#အချစ်
#မေတ္တာ
မျက်မှောက်ဘဝ၌ စီးပွားချမ်းသာ ဖြစ်ကြောင်းတရား ၄ ပါး
၁။ ထကြွလုံ့လနှင့် ပြည့်စုံ ရခြင်း၊
၂။ စောင့်ရှောက်မှုနှင့် ပြည့်စုံရခြင်း၊
၃။ မိတ်ကောင်းဆွေကောင်း ရှိရခြင်း၊
၄။ ဝင်ငွေ ထွက်ငွေ အားလျော်စွာ မျှမျှတတ အသက်မွေးမှု ပြုရခြင်း။
(အံ၊၃။၁၀၇။) (အံ၊၃။၁၁၂။) (အံ၊မြန်၊၃။၁၀၇၊၁၁၀။) (အံ၊မြန်၊၃။၁၀၇၊၁၁၀။)
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon