Yang Bo Shi

Yang Bo Shi

Share

Experience authentic skincare rituals.

07/04/2024

ခရမ်းလွန် ရောင်ခြည် အန္တရာယ်
မနက်(၁၀)နာရီကနေ ညနေ(၄)နာရီအတွင်း
နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြပါ။

Photos from Yang Bo Shi's post 26/03/2024

Shenzhen ရောက်တိုင်းသွားဖြစ်တဲ့ ကော်ဖီဆိုင်လေး
မှတ်တမ်းတင်ဖို့နောက်ကျ
မတ်လ ၂၁, ၂၀၂၄

Photos from Yang Bo Shi's post 08/03/2024

my student's life
'day

06/03/2024

🔥အသက်သာဆုံး weight ချနည်း🔥
💃ဝိတ်ချတဲ့နည်းလမ်းတွေကတော့ ပုံစံအမျိုးမျိုးရှိတာ ဟုတ်တယ်ဟုတ်?
*Gym သွားဆော့မလား
*ပိန်ဆေးသောက်မလား
*Diet လုပ်မလား
*အသက်သာဆုံး နည်းလမ်းကဘာဖြစ်မလည်း?
တစ်ပတ်ထဲနဲ့ ၇ ပေါင်ကနေ ၁၀ ပေါင်ထိ ကျတဲ့ ဝိတ်ချနည်း
အလွန်ထိရောက်တဲ့နည်းပါ၊ အနည်းဆုံး ၅ ရက်နဲ့ အများဆုံး ၇ ရက် ပဲ လုပ်ရပါတယ်။ ဒီ့ထက်ပိုလုပ်ရင် ကိုယ်ခန္ဓာ အရမ်း အားနည်းသွားနိုင်လို့ပါ။ နည်းကလည်း လွယ်ပါတယ်။
၁။ မနက်စာကို ကြက်ဥပြုတ် အနှစ်ရောစားရင် ၂လုံး၊ အကာပဲ စားရင် ၃လုံး ပြုတ်ပြီး မနက်စာ အတွက်စားပေးပါ။
၂။ နေ့လည်စာကို ဆီကြော်စာ၊ ready made စာ၊ fast food တွေကလွဲလို့ ကြိုက်ရာကို အဝသာ စားပါ။
၃။ ညစာကိုတော့ အသီးအနှံနဲ့ ရေကလွဲလို့ ဘာမှ မစားပါနဲ့တော့။ မစားရမနေနိုင်ရင်တော့ ပေါင်မုန့်ညိုဖြစ်ဖြစ် အရွက်ပြုတ်ဖြစ်ဖြစ် စားပေးပါ။
၁ပတ်လောက် လုပ်ပြီးတာနဲ့ ပေါင် အနည်းဆုံး ၇ပေါငျကနေ အများဆုံး ၁၀ပေါင်လောက်အထိ ကျနေတာကိုတွေ့ရပါလိမ့်မယ်။ အခုလုပ်ခဲ့တဲ့ diet plan ကြောင့် အစာအိမ်ကျဉ်းသွားနိုင်တဲ့အတွက် နောက်ရက်တွေမှာ အစာပုံမှန်စားရင်တောင် အရင်လောက် အများကြီး မစားနိုင်တော့တာမို့ ခန္ဓာကိုယ် ထိန်းရာရောက်သွားပါလိမ့်မယ်။ ၁ပတ်လောက် ပုံမှန်စားပြီးတာနဲ့ နောက် ၁ပတ် ပြန် diet plan ထပ်စပါ။ အဲ့ နည်းလမ်းနဲ့ မိမိ လိုချင်တဲ့ ဝိတ်အထိ ချနိုင်ကြပါစေ။

29/02/2024

လက်ဖက်ရည်သောက်သုံးခြင်ကနေရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
မနက်ခင်းမှာ အကြမ်းခြောက် လက်ဖက်ရည်သောက်သုံးရင် လူကိုအာရုံနိုးကြားစေပြီး တစ်နေ့တာကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။လူအချို့က အကြမ်းခြောက် လက်ဖက်ရည်သောက်တာကို မကောင်းဘူးလို့ ပြောကြပေမယ့် တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေပါတယ်။
လက်ဖက်ရည် ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ပါတယ်။လက်ဖက်ရည်သောက်ခြင်းရဲ့ အကောင်းမွန်ဆုံး အကျိုးကျေးဇူးတွေကိုရှာဖွေ ဖော်ပြလိုက်ပါတယ်။
(၁) ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
လက်ဖက်ခြောက်က ခန္ဓာကိုယ်အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်ကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
(၂) နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
တရုတ်နိုင်ငံမှ လူပေါင်း ၃ သိန်းခွဲကို လေ့လာခဲ့ရာ လက်ဖက်ရည်သောက်သုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ဒါ့အပြင် ထိုထဲမှာပါဝင်တဲ့ သီယိုဖိုင်လင်းက အသက်ရှူလမ်းကြောင်း ကြွက်သားများကို ပြေလျော့စေကာ အသက်ရှူရ လွယ်ကူစေပါတယ်။
(၃)အလှအပရေးရာအတွက် အထောက်အကူဖြစ်ခြင်း
လက်ဖက်ရည်သောက်ခြင်းဖြင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နုပျိုကျန်းမာစေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးပါတယ်။
(၄) ဝေဒနာများသက်သာစေခြင်း
လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးကာ လူကိုနိုးကြားစေပြီး ငိုက်မျဥ်းခြင်းကို ကင်းဝေးစေပါတယ်။
လက်ဖက်ရည် ပုံမှန်သောက်ခြင်းဖြင့် ဦးနှောက်ထဲက အစိတ်အပိုင်းတွေ အစီအစဥ်တကျ ဖြစ်စေကာ မှတ်ဉာဏ်ပိုင်းလုပ်ဆောင်ချက် ကောင်းမွန်စေတယ်လို့ တွေ့ရှိထားပါတယ်။
(၅) ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း
လက်ဖက်ရည် မသောက်သူတွေထက်စာရင် သေက်သုံးလေ့ရှိသူတွေဟာ ခန္ဓာကိုယ် အဆီအချိုးနှုန်းကို လျော့ကျစေကာ ခါးပိုမိုသွယ်လျစေပါတယ်။သတိထားရမှာကတော့ တော်သင့်ရုံသာ သောက်သုံးဖို့နဲ့ ညပိုင်းမှာရှောင်ရှားဖို့ပါပဲ။

28/02/2024
27/02/2024

ဆံပင်တွေဘာကြောင့်ကျွတ်ရပါသလဲ
အသက်အရွယ်ရလာရင်တော့ ဆံပင်က အနည်းနဲ့အများကျွတ်ကြတာပါပဲ။ ဒါပေမဲ့ တစ်ချို့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေ ကျွတ်တာ၊ ဆံပင်က ပုံမှန်ထက်ပိုးပြီး တအားကျွတ်တာတွေ ကြုံတွေ့ကြရတတ်ပါတယ်။ ဒါဆိုရင်တော့ အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်နိုင်ပါတယ်။ အဲဒါတွေကတော့
(၁)ဆံပင်ကို ခပ်တင်းတင်း ချည်နှောင်တတ်ခြင်း
(၂)ဆံပင်ကို မကြားခဏ ဘီးဖီးတတ်ခြင်း
(၃)စိတ်ဖိစီးမှု များခြင်း
(၄)သံဓာတ်၊ ဆာလ်ဖာဓာတ်၊ ဘိုင်အိုတင်ဓာတ်၊ ဗီတာမင် A ဓာတ်တို့ လုံလောက်စွာ မစားသုံးမိခြင်း (သို့မဟုတ်) စားသည့်အစားအစာထဲတွင် လုံ လောက်စွာမပါခြင်း
(၅)ခေါင်းမကြာခဏလျှော်ခြင်း၊ ရှန်ပူအမျိုးမျိုး လှည့်၍သုံးစွဲခြင်း
(၆)သွေးဆုံးချိန်ဟော်မုန်းအပြောင်းအလဲရှိခြင်း
(၇)ဆေးဝါးအချို့ သုံးစွဲနေရခြင်း (ဥပမာ- ကင်ဆာကုဆေးဝါးများနှင့် အခြားဆေးဝါးများ)
(၈) ကူးစက်ရောဂါတစ်ခုခု ဖြစ်ပွားနေခြင်း
(၉)ခွဲစိတ်ခံရပြီးနောက် စိတ်ဖိစီးမှုများခြင်း
စတဲ့ အချက်တွေဖြစ်ပေါ်ကာဆံကေသာကျန်းမာရေးကိုပြဿနာဖြစ်စေနိုင်ပါတယ်။
credit

Photos from ကျန်းမာရေးဆိုင်ရာ ဗဟုသုတစာစုများ's post 27/02/2024

ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာတွေ
ဘိုင်အိုတင် ဆိုတဲ့ ဓာတ်က ဗီတာမင်ဘီအုပ်စုထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘီဆဲဗင်းလို့လည်း ခေါ်ကြပါတယ်။ အဲဒီဓာတ်ချို့တဲ့ခြင်းက ဆံသားကျွတ်လွယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ အရေပြားကျန်းမာရေး ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ ကန်စွန်းဥနဲ့ ဟင်းနုနယ် တို့မှာ ပါဝင်ပါတယ်။
သံဓာတ်ပြည့်ဝတဲ့အစားအစာကို စားသုံးခြင်းက သင့်မှာသံဓာတ်ချို့တဲ့နေတာကို ကူညီပေးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို ကူညီနိုင်ပါတယ်။ အမဲသားစားခြင်း ကလည်း သံဓာတ်ကိုရရှိနိုင်ပါတယ်။
ဇင့်ဓာတ်က ဆံသားကျွတ်လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆံသားကျွတ် လွယ်ခြင်းက ဇင့်ပမာဏလျော့နည်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကမာကိုကြိုက်တယ်ဆိုရင်တော့ သင့်အတွက် ဇင့်ဓာတ် အပြည့်အဝရနိုင်ပါတယ်။ ကမာကိုမစားတဲ့ လူတွေအတွက်ကတော့ ဥအမျိုးမျိုး၊ ပဲ၊ အနီရောင်အသား၊ ဟင်းနုနယ်ရွက် စတာတွေကနေ ဇင့်ဓာတ်ကိုရနိုင်ပါတယ်။
ဗီတာမင်အေ ပေါများတဲ့အစားအစာတွေက တစ်နည်းအားဖြင့် beta-carotenes ပါဝင်တာပါပဲ။ ဗီတာမင်အေ က ဆံသားအတွက်ကောင်းသလို သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။ Beta-carotene က မျက်လုံးအတွက်လည်း ကောင်းမွန်စေသလို၊ ခုခံအားလည်းကောင်းစေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်ဒီ က အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ကြွယ်ဝစွာရရှိစေပါတယ်။ အပြင်ထွက်ပြီး နေပူစာလှုံခြင်းက ဗီတာမင်ဒီ ရရှိစေပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ အစားအစာကနေရချင်ရင်တော့ တူနာငါး၊ ဆောလမွန်ငါးနဲ့ အမဲအသည်း၊ ကြက်ဥအနှစ်တွေကနေ ရနိုင်ပါတယ်။ နို့၊ အုတ်ဂျုံမှုန့်နဲ့ လိမ္မော်ရည်တွေကနေလည်း ရနိုင်ပါတယ်။
Omega-3 နဲ့ 6 က သင့်နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံသားကျွတ် လွယ်ခြင်းနဲ့ ဆံသားပြန်လည်သန်စွမ်းဖို့ အသုံးဝင်ပါတယ်။ ဆော်လမွန်ငါးစားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ အခွံမာသီး၊ အစေ့များနဲ့ နေကြာဆီ၊ ဖရုံစေ့ဆီ၊ အုန်းဆီ၊ စပျစ်စေ့ဆီ၊ နှမ်းဆီ စတဲ့ အဆီတွေမှာလည်း ပါဝင်ပါတယ်။
ဆီလီနီယမ်ဓာတ်က အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။ ခုခံအားကောင်းစေဖို့နဲ့ ဆံသားအတွက် အရေးပါ ပါတယ်။ အဲဒီဓာတ်ပါဝင်တဲ့ အစားအစာတွေက မှို၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်သား၊ နေကြာစေ့နဲ့ အခြား အစေ့အဆံတွေမှာ ပါဝင်ပါတယ်။

26/02/2024

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု
နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို
သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။
မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။
ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။
(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့
ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့
ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ
အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။
(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့
ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။
(၅) Mask မသုံးခင် မျက်နှာသစ်ပါ
Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။
(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့
အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။
(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ စိတ်အချရဆုံးက Tissue သုံးခြင်းပါပဲ
ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။
မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။
Credit

Credit to Original Writer

24/02/2024

ဝိတ်ချနည်းများ
၁။ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့နည်းစေနိုင်သည့် နည်းလမ်းလေးသွယ်
ရေသည်ကိုယ်အလေးချိန်ကျစေနိုင်သည့် လျှို့ဝှက်လက်နက်ဖြစ်သည်။ထို့အပြင်ရေပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးအတွက်များစွာအကျိုးရှိသည်။အကယ်၍ သင်ဗိုက်ဆာနေလျှင်
တကယ့်အစားအစာငတ်မွတ်မှုလား၊ သို့တည်းမဟုတ် သရေစာစားခြင်းအလေ့အထ ဟုတ်မဟုတ်သိနိုင်ရန် ရေခွက်တစ်ခွက်သောက်ပါ။
သောက်သုံးရေသည်သင်၏ဇီဝဖြစ်စဉ်ဖြစ်စဉ်ကို
ကူညီပေးသည်။ ခန္ဓာကိုယ်ကို detox လုပ်ပေးခြင်း
နှင့်ဆာလောင်မှုကို ထိန်းချုပ်သူအဖြစ် အလုပ်လုပ်သည်။ထို့အပြင်သောက်သုံးရေသည် ကိုယ်ခန္ဓာကိုအစာခြေခြင်းလုပ်ငန်းကိုလှုံ့ဆော်ရန်ကူညီပေးသဖြင့် ဝိတ်လည်းကျစေနိုင်သည်။သင် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေပြီး အဆီဆုံးရှုံးမှုကိုနှိုးဆွရန် နေ့စဉ်ရေပိုမိုသောက်နေကြောင်းသေချာစေရန် အောက်ပါသောက်သုံးရေ သောက်နည်း လေးမျိုးအတိုင်းသောက်ပါ။
၁။ အစာ မစားမီရေကိုအမြဲတမ်းသောက်ပါ
ရေသောက်ခြင်းက ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်နိုင်သည်။အစားအစာမစားမီ ရေသောက်ခြင်းက သင့်အား ဗိုက်ပိုမိုပြည့်ဝနေသည်ဟု ခံစားရစေသည့်အတွက် သင်စားသောအစားအစာပမာဏကိုလျော့နည်းစေသည်။ကျန်းမာရေး ၀ဘ်ဆိုဒ် WebMD တွင်ဖော်ပြထားသည်မှာအစာမစားခင် ရေသောက်သုံးခြင်းသည် အစာစားခြင်းမှ ရရှိနိုင်သည့် အဆီမှ ကယ်လိုရီ ၇၀ ကိုလျော့ကျစေသည်။
နေ့စဉ်အစားအစာတစ်ခု မစားမီ ရေသောက်သုံးခြင်းကသင့်အားနှစ်စဉ်အဆီမှ ရရှိသည့်ကယ်လိုရီ ၂၈၀၀၀ ကိုလျော့နည်းစေလိမ့်မည်။ဆိုလိုသည်မှာ အစာမစားမီ ရေသောက်ခြင်းကြောင့်နှစ်စဉ် ၈ ပေါင်ခန့်ကျလိမ့်မည်။သတိထားသင့်သည်မှာ ရေကောင်းရေသန့်ဖြစ်ဖို့တော့လိုအပ်ပေသည်။
၂။ ကယ်လိုရီအားဖြည့် အချိုရည်များ အစား
ရေဖြင့်အစားထိုးရန်ကြိုးစားပါ
ကိုယ်အလေးချိန်တက်မလာစေဖို့ သကြားပါ၊ဆိုဒါများနှင့်ဖျော်ရည်များကိုနှုတ်ဆက်ပြီးရေနှင့် အစားထိုးပါ။ရေချည်းသောက်ရတာ အရသာမရှိဘူးခံစားရရင် ရေထဲ သံပုရာရည်၊လီမွန်
ည် အနည်းငယ်ညှစ်ထည့်ကာ သောက်ပါ။သံပုရာပါသောသန့်စင်သောရေတစ်ခွက်သည်အလေးချိန်ဆုံးရှုံးမှုအတွက်ပုံသေနည်းဖြစ်ပြီး citrus ရှိ pectin သည်အစာစားချင်စိတ်ကိုလျော့နည်းစေသည်။ဒီနည်းလမ်းက အသုံးမဝင်ဘူးဟု သင်ထင်မြင်ယူဆလျှင် တစ်ပတ်ပဲစောင့်ကြည့်ပါ။ ဖျော်ရည်တွေအစား ရေနဲ့ သံပုရာရည်သောက်ခြင်းက သင့်ကို ဝိတ်ကျစေနိုင်သည်။ Lemon ဒါမှမဟုတ် သံပုရာသီးသည်ဗီတာမင်စီကြွယ်ဝကာ anti-oxidant များပါသောကြောင့် ခန္ဓာကိုယ်၏ဆဲလ်များကို free radicals များမှကာကွယ်ပေးသည်။
အက်စကောဘစ်အက်စစ် (သို့) ဗီတာမင်စီသည်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ဦးနှောက်သွေးကြောပိတ်ခြင်းဖြစ်စဉ်နှင့်သွေးတိုးခြင်းကိုလျှော့ချနိုင်သည်။လေဖြတ်ခြင်းဆိုင်ရာလေ့လာမှုတစ်ခုအရ အက်စ်ကောဘစ်အက်ဆစ်ပမာဏနည်းသော၊ အထူးသဖြင့်သွေးတိုးရောဂါမြင့်မားသော အမျိုးသားများ၌ ဦး နှောက်တွင်းသွေးကြောဆိုင်ရာရောဂါ(လေဖြတ်ခြင်း)ဖြစ်နိုင်ခြေမြင့်မားကြောင်းဖော်ပြသည်။
၃။သောက်ရေအေးစက်(water cooler)မှ ရေကိုပိုသောက်ပါ
WebMD ၏အဆိုအရ ရေအေးအေးသောက်ခြင်းကသင်၏ဇီဝဖြစ်စဉ်နှုန်းကိုတိုးတက်စေနိုင်သည်။ရေသည်အဆီမှရသည့်ကယ်လိုရီများကိုပိုမိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်လျှော့ချရန်ကူညီသည်။ထို့အပြင်ရေခဲရေသောက်ခြင်းသည်ပုံမှန်အခန်းအပူချိန်ရှိရေနှင့်နှိုင်းယှဉ်လျှင် ပို၍ လန်းဆန်းစေသည်။
၄။ရေကို လုံလောက်စွာသောက်ပါ
အကယ်၍ သင်သည်ကိုယ်အလေးချိန်ကိုရေဖြင့် ထိန်းသိမ်းလိုပါက အာဟာရကျွမ်းကျင်သူအများစုအကြံပြုသည့်“ 8 × 8” နည်းဥပဒေကိုလိုက်နာရန်လိုအပ်သည် ။ကိုယ်အလေးချိန်ကျစေပြီး အကောင်းဆုံးသောအလေးချိန်ကိုထိန်းနိုင်စေရန် နေ့စဉ်
၈ အောင်စရေခွက် ရှစ်ခွက်သောက်သင့်ကြောင်းဖော်ပြထားသည်။ ဒါကရေဂါလံဝက် (၂ လီတာခန့်) ပါ။သင်သည်များစွာသောလေ့ကျင့်ခန်းများပြုလုပ်လျှင် သို့မဟုတ်အလွန်အကျွံချွေးထွက်လျှင်ရေပိုမိုသောက်ရမည်။
၂။အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချရန်
နည်းလမ်း ၁၁ ချက်
အဝလွန်လာတဲ့အခါ လူတွေက ဝိတ်ချချင်ကြပါတယ်။ ဝိတ်ချတဲ့အခါမှာ အန္တရာယ်ကင်းဖို့လိုပါတယ်။ ဆိုးကျိုးမရှိတဲ့ အဆီချဆေးဆိုတာ မရှိသလောက်ပါပဲ။ တစ်ပတ်ကို ဘယ်နှစ်ပေါင်ထိ ချသင့်သလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားတာက တစ်ပတ်ကို ၁ ပေါင်မှ ၂ ပေါင်အထိ ချတာသာ အန္တရာယ်ကင်းတဲ့ ကိုယ်အလေးချိန်ချနည်းလို့ဆိုပါတယ်။
၁။အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။
၂။ အချိုရည်တွေ မသောက်ပါနဲ့
၃။အစာမစားခင် ရေသောက်ပါ
၄။ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
၅။အမျှင်ဓာတ်များများစားပါ။အသီးအနှံအရွက်များ။
၆။ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ
၇။အစားအစာကို ဖြည်းဖြည်းဝါးစားပါ။
၈။အိပ်ရေးဝဝအိပ်ပါ
၉။သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
၁၀။လေ့ကျင့်ခန်း တစ်နေ့နာရီဝက်လုပ်ပါ။
၁၁။ အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။
ဟမ်စိုင်း(ဆေး-မန်း)

Photos from Yang Bo Shi's post 22/02/2024

Enjoy your coffee responsibly!

Squad Cafe

22/02/2024

ဝက်ခြံအတွက် ဒါတွေရှောင်ပါ..
(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။
(၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေးမျက်နှာဖုံးတွေ မသုံးပါနဲ့။
(၃) အဆီပြန်တဲ့ မျက်နှာမှာ vaseline အဆီတွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် foundation များကြောင့်ဖြစ်ကြောင်း တွေ့ရှိရ။
ဝက်ခြံကပေါက်သေး၊ ဒီကြားထဲ အသားကလည်း ဖြူချင်သေးတော့ မလုပ်ကြနဲ့ ..
ဒေါက်တာအေးမင်းထူး
၈.၁.၂၀၂၁

၈.၁.၂၁

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00