Star Angel Salon & Eyebrow Studio

Star Angel Salon & Eyebrow Studio

Share

September 1လလုံးရှယ်​Promotion ရှိတာမို့ 09 976874742ကို

01/01/2023
01/01/2023

💵💰💓Happy New year 💖💵💰
ချစ်ခင်သူများ၊၊ကမ္ဘာသူ၊ကမ္ဘာသားအားလုံးကျန်းမာချမ်းသာကြပါစေ၊😍😍😍😍😍

2023မှာ ကြံစည်လုပ်ကိုင်သမျှအဆင်ပြေအောင်မြင်ပါစေ🌼
အသက်ရှုတိုင်းငွေဝင်ကြပါစေ
ကျန်းမာသက်ရှည်ဘေးကင်းကွာဖြင့်
ချစ်ခင်ရသူများနဲ့အတူ❄️

ပျော်ရွှင်စရာနေ့ရက်များစွာ
ထာဝရပိုင်ဆိုင်နိုင်ပါစေ🎉🎉
လိုအင် ဆန္ဒ အဝဝ
ပြည့်ဝပါစေ💵💵💵💖😄
1-1-2023

31/05/2022

အမျိုးသား၊အမျိုးသမီးဆိုင်အတွက်
ဝန်ထမ်း အလိုရှိသည်

အမျိုးသမီး ဘာသာစုံကျွမ်းကျင် -
မ 1ဦး ကျွမ်းကျင်မှု့အပေါ်မူတည်ပြီး
150.000~200.000+10%+တလ၂ရက်နား+ရက်မှန်ကြေး+နေစားငြိမ်း+ဟငိးဖို3း0000

Digitalကောက်၊‌Crazy Colourသေချာပိုင်နိုင်ကျွမ်းကျင်ပြီး ဆိုင်ဦးစီးနိုင်ရမည် လုပ်သက်ရှိပြီးရေရှည်လုပ်နိုင်သူဖြစ်ရမည်

ဆိုင်စည်းကမ်းများကို လိုက်နာနိုင်ပြီး
ဆိုင်တွင်နေနိုင်သူဖြစ်ရမည်

Nail Art ပိုင်းရသူကို ဦးစားပေးခေါ်ပါမယ် 💁 အမှန်တကယ်ကျွမ်းကျင်မှု့ရှိမှ လာလျှောက်ပေးပါရန်
09 254656155 ရန်ကုန်

25/05/2022

အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့သီဆိုခဲ့ကြတဲ့
"ဆယ်လ်မွန်ငါးတို့အပြန်" ဆိုတဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို
အခုမှဘဲသေချာနားလည်တော့တယ်..

" #ဆယ်လ်မွန်ငါးတို့အပြန်"
🐟🐟🐟🐟🐟🐟🐟

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..

ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....

အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။

တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။

အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။

အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။

ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။

ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...

တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...

ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...

မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...

အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...

ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...

ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...

ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...

အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား...

အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား...

အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...

အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။

ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။

Photos from Star Angel Salon & Eyebrow Studio's post 17/04/2022

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏
အားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏
လုပ်ကိုင်စီးပွါးတိုးတက်အောင်မြင်ကြပါစေ💵💵💵
ငွေဝင်ပါစေ💵💵💵💰💰💰
ရွှေ ဝင်ပါစေ💰💰💰💰💰

15/04/2022

အားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🙏🙏

25/03/2022

💖ယနေ့အကြိုက်ဆုံးစကား💖

(၁) ထက်မြက်တာနဲ့ အထက်စီးက ဆက်ဆံတာ
မတူပါ။

(၂) စွာတာနဲ့ မိုက်ရိုင်းတာ မတူပါ။

(၃) နားလည်အောင် ရှင်းပြတာနဲ့ ဆရာလုပ်တာ
မတူပါ။

(၄) self confidence ရှိတာနဲ့ ဘဝင်မြင့်တာ မတူပါ။

(၅) ဝေဖန်တာနဲ့ မကောင်းပြောတာ မတူပါ။

(၆) စတာနဲ့ လှောင်တာ မတူပါ။

(၇) မှန်တာ ပြောတာနဲ့ အငြင်းသန်တာ မတူပါ။

(၈) လုပ်သင့်တာကို လုပ်တာနဲ့ အရေးမပါတာ
ပုံကြီးချဲ့ လုပ်တာ မတူပါ။

credit

Photos from ตำรวจสอบสวนกลาง's post 24/03/2022

#သိရှိသတိထားနိုင်ဖို့ဖေါ်ပြခြင်းပါရှင့်
ရသေ့ဆေး (သို့)ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့

ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကိုထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ

ဆေးရပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ထိထည့်သွင်းထားတာတွေ့ရပါတယ် ။

အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှု လျှင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ကြော်ညာ ရောင်းချနေတာကြောင့် ရေပန်းစား နေပါတယ် ။

ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျာက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ် ။

ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါ။


https://m.facebook.com/story.php?story_fbid=140220138511532&id=100075706397125
ဘိုဘိုဝင်း AC မှကူးယူဖေါ်ပြ

09/03/2022

အရဟံ နှင့် အရဟံသိဒ္ဓိ
•••••••••••••••••••••••
အရဟံ
အရ ဟံ
အ ရဟံ (၃)မျိုး ရှိပါသည်။

**အရဟံ**
လူ နတ် ဗြဟ္မာ သက်ရှိသတ္တဝါအပေါင်း၏ ကိုးကွယ်ရာ မြတ်စွာဘုရား။

** အရ ဟံ **
ကိလေသာ မြူမှုံတစ်စက်တောင်မရှိသော
ကိလေသာကင်းစင်သောမြတ်စွာဘုရား။


***အ ရဟံ***
မကောင်းမှုကို စိတ်ကွယ်ရာအရပ်မှာ မပြုသောမြတ်စွာဘုရား။

ဂုဏ်တော်(၉) ပါး၏ ထိပ်ဆုံး ဂုဏ်တော်
အရဟံ
တစ်မျိုးထဲပွားများနေရင်တောင်
အပါယ်တံခါးပိတ်ယုံမကဘူး
ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင်
နိဗ္ဗာန်လမ်းအထိ ၊
အရောက်ပို့ပေးနိုင်စွမ်းရှိသည်။

**-စံပယ်ပန်းဆောင်ရင်
စံပယ်ပန်းရနံ့လေး
သင့်ခန္ဓာမွှေးနေသလို ပဲ ***

***အရဟံဂုဏ်ကိုဆောင်ရင်လည်း
အရဟံရဲ့ဂုဏ်ရနံ့လေး
သင့်ခန္ဓာမွှေးနေလိမ့်မယ်။****

လူတွေ နတ်တွေ ဗြဟ္မာတွေက
သင့်ကိုလေးစားလာမယ် ။
ဒါကြောင့်
လူနတ်ဗြဟ္မာသင့်ကိုချစ်မယ်
အရဟံဂုဏ်တွေ အပြည့်ရလာရင် ၊
လိုချင်တဲ့ဆန္ဒတွေလည်း ပြည့်ဝလာမယ်
အောင်မြင်လာမယ်။

အရဟံ မှ အရဟံသိဒ္ဓိအဆင့်ရောက်လာတဲ့သဘောက

အရဟံဂုဏ္ကို
အကြိမ်ကြိမ်ပွားများအားထုတ်လျှင်၊
အင်အားကြီးမားလာမယ်၊
သိဒ္ဓိမြောက်လာမယ်

သိဒ္ဓိမြောက်ပြီးရင်၊
သိဒ္ဓိပေါက်လာမယ် ။

အရဟံသိဒ္ဓိကို ၊
အကြိမ်ကြိမ်ပွားရင် ။

သမာဓိ ၊စိတ်တည်ငြိမ်မှု ၊
စွမ်းအားကြီးလာပြီး
တန်ခိုးထက်မြက်လာမယ်။
ဒါကြောင့်

**အရဟံ**ဂုဏ်တော်ပုတီးစိပ်တာ
ပြဿနာမရှိဘူးကုသိုလ်ရတယ်
စိတ်ကိုစင်ကြယ်စေတယ်။

အရဟံသိဒ္ဓိ-ဆို ရင်
သင်ဟာတန်ခိုးရှိလာမယ်
အောင်မြင်သူဖြစ်လာမယ်ဆိုတော့
ပြဿနာက
မိစ္ဆာ အဖြတ်သမားများနှင့်
ရင်ဆိုင်ရခြင်းပဲ။

မိစ္ဆာအဖျက်ဟူသည်၊ အခြေခံကျော်ရမည့်မိစ္ဆာအဖျက်(၃မျိုး)
၁။ ဘုန်းကြီးခြင်း။
၂။ ပြောတိုင်းမှန်းခြင်း။
ဤနှစ်ချက်သည်၊
လူလာများပြီး အလုပ်ပျက်အောင်ဖျက်ဆီးခြင်းပင်တည်း။
၃။ အဖျက်ကား
မိန်းမအဖျက်ပင်တည်း။
ဘဝပေါင်းများစွာက သင်နဲ့ပတ်သင့်ခဲ့ဖူးသော
မယားဟောင်းတွေကို
သင့်ဆီမရောက်,ရောက်အောင်စေလွှတ်ခြင်းပင်တည်း။

(အဖျက်များလုပ်၍၊ သင့်စိတ်ကိုစမ်းသူများသည်၊
များသောအားဖြင့်၊ရုက္ခစိုရ်း ဂန္ဓဗ္ဗနတ်တို့ပင်တည်း၊
သင်အောင်မြင်လျှင် ကြည်ညို, ကူညီ
ဆောင်ရွတ်သူများလည်း သူတို့ပင်တည်း)

အောင်မြင်သူတိုင်းမှာ
ကြီးမားတဲ့ အခက်အခဲရှိတယ်
သဘာဝ၏နိယာမတစ္ခုပဲ။

ဒါကြောင့် အရဟံသိဒ္ဓိပုတီးစိပ်ရင်
အမြဲသတိထားရမှာက
မိစ္ဆာအဖျက်ပဲ။

အခုမှအစ၊ အရဟံသိဒ္ဓိ ကျင့်ကြံနေသူ မှာ
မိစ္ဆာအဖျက်ပို များလိမ့်မယ်။

သိဒ္ဓိ နဲ့ မဟိဒ္ဓိ
မဟိဒ္ဓိ နဲ့ ဣဒ္ဓိ
အချင်းချင်းအပြန်အလှန် အကျိုးဆက်တွေရှိတယ်။

သိဒ္ဓိ
မိမိရည်ရွယ်ထားတဲ့အတိုင်း
အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းကို၊
သိဒ္ဓိမြောက်သွားလိုခေါ်တယ်။

အရဟံသိဒ္ဓိ ပုတီးကို ကို ၄၅ ရက် အဓိဋ္ဌာန်ဝင်ပြီး
ပုတီးစိပ်လို့အတိုင်းတစ်ခုအထိ
အလိုဆန္ဒပြည့်ဝခြင်းဟာ
သိဒ္ဓိမြောက်ခြင်းအောင်မြင်သွားခြင်းပေါ့။
ထပ်တလဲလဲ သိဒ္ဓိပြီးမြောက်လာရင်
သိဒ္ဓိထက်မြင့်တဲ့ မဟိဒ္ဓိ အဆင့်ကို ရောက်လာမယ်။

သိဒ္ဓိက တန်ခိုးကြီးလာတာ၊
မဟိဒ္ဓိက ပို၍ တန်ခိုးကြီးလာတာ။

မဟိဒ္ဓိကာ ကြီးမားတဲ့တန်ခိုးစွမ်းအင်က
မြေကိုလျှိုး၍ မိုးကိုပျံနိုင်တယ်
ဈန်အဘိဥာဏ်ရ တပသီ ရသေ့,ရဟန်း
မဟိဒ္ဓိရှင်တွေဖြစ်လာကြတယ်။

ပုတီးစိပ်ခြင်း၊
သီလဆောက်တည်ခြင်း၊
ပရိတ်ပဋ္ဌာန်းရွတ်ဆိုခြင်းတွေက ၊
အကြိမ်အရေအတွက်များလာရင် ၊
အဲ့ဒီလူဟာ သိဒ္ဓိဓာတ်ရလာတယ်။

သိဒ္ဓိဓာတ်တွေ မြင့်မားလာရင်
မဟိဒ္ဓိဓာတ်အဖြစ် ပိုမို
အစွမ်းထက်တဲ့တန်ခိုးတွေပိုင်ဆိုင်လာမယ်။

ဒါကြောင့် သိဒ္ဓိကြောင့်မဟိဒ္ဓိဖြစ်လာတာက
အကျိုးနဲ့အကြောင်း ပဲ
သိဒ္ဓိဓာတ်မဟိဒ္ဓိဓာတ်တွေရလာရင်
ဣဒ္ဓိဓာတ်လို့ခေါ်တဲ့
အလိုဆန္ဒတွေ ပြီးပြည့်စုံလာတယ်။

ဣဒ္ဓိဓာတ်သည်
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေထက်
ပိုမိုလေးနက်တန်ခိုးကြီးတယ်။

အရဟံ ဂုဏ်တော် အစွမ်းက
မိမိစိတ်စွမ်းအင်ကို
တန်ခိုးထက်စေယုံမကဘူး။

သိဒ္ဓိ ပေါက်နိုင်တယ်
မဟိဒ္ဓိမြောက်နိုင်တယ်
ဣဒ္ဓိ ရောက်နိုင်တယ်။

အရဟံပုတီးစိတ်ခြင်းသည်
ကုသိုလ်စိတ်ကိုဖြစ်စေတယ်။

အရဟံသိဒ္ဓိကတော့
ကုသိုလ်လည်းရတယ်
စွမ်းအားလည်းရတယ်
တန်ခိုးလည်းကြီးတယ်
အလိုဆန္ဒလည်း ပြည့်ဝတယ်။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit 🌼🌼🌼မူရင်း

01/01/2022

တံခါးလေးဖွင့်ထားနော်၊လက်ဆောင်လာပေးမလို့💰💰💰💰💰💵💵💵

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yaytarshay Street Bahan
Yangon