Htin Gyi Clothing Wholesale & Retail

Htin Gyi Clothing Wholesale & Retail

Share

အ၀တ်အထည်အမျိုးမျိုးကို လက်လီလက်ကား

25/02/2022

🔵"အပ်"ပျောက်ရင်
"ဆင်"နဲ့ ရှာ🔵

🌀 အလွန်အင်မတန် အနှစ်သာရပြည့်ဝတဲ့ ဘဝလမ်းညွှန်စကားလေး တစ်ရပ်ပါ။ 🌀

❓ကိုယ့်မှာ လိုအပ်သလား? မလိုအပ်ဘူးလား?
❓ဒီစကားကို ပြောအပ်သလား ? မပြောအပ်ဘူးလား?
❓ဒီအလုပ်ကို လုပ်အပ်သလား? မလုပ်အပ်ဘူးလား?
❓ဒီလမ်းကို သွားအပ်သလား? မသွားအပ်ဘူးလား?
❓ဒီအစားအစာကို စားအပ်သလား? မစားအပ်ဘူးလား?
❓ဒီနေရာမှာ နေအပ်သလား? မနေအပ်ဘူးလား?
စသည်စသည် အပ်/မအပ် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရ ခက်နေရင် တနည်းအားဖြင့် "အပ်"ပျောက်နေရင် " ဆင်"နဲ့ ရှာရပါမယ် တဲ့။

🌀"ဆင်"ဆိုတာ "ဆင်ခြင်တုံ တရား"ကို ဆိုလိုတာပါ🌀

🌀 ဒီနေရာမှာ "ဆင်ခြင်တုံတရား"ဆိုတာ တရားကိုယ်ကောက်ရင် သတိ နဲ့ ပညာကို ကောက်ရပါလိမ့်မယ်။
ဒီတရားနှစ်ပါးကသာ ပျောက်နေတဲ့ "အပ်"ကို ရှာဖွေပေးနိုင်ပါမယ်။ 🌀

🌀 ကိုယ့်မှာ "ဆင်"ရှိဘို့ရာက ယောနိသော မနသိကာရ = နည်းမှန်လမ်းမှန် စဉ်းစားနှိုင်းချိန်မှု အခံရှိရပါမယ်။
(ယောနိသောမနသိကာရော ပရိပူရော သတိသမ္ပဇညံ ပရိပူရေတိ။) 🌀

🙏🏻 ယောနိသော မနသိကာရအခံ ရရှိဘို့ရာမှာ
သဒ္ဓါ = ယုံကြည်မှု (ကိုယ်လုပ်ငန်း ကိုယ့်လမ်းစဉ်အပေါ် ယုံကြည်မှု) ရှိရပါမယ်။ (သဒ္ဓါ ပရိပူရာ ယောနိသောမနသိကာရံ ပရိပူရေတိ) 🙏🏻

🙏🏻 သဒ္ဓါ = ယုံကြည်မှု ကိန်းဘို့ရာက
ပညာရှိ သူတော်ကောင်းတွေထံမှာ လေ့လာမှု သင်ယူမှု "သဒ္ဓမ္မဿဝန" ရှိရပါမယ်။ (သဒ္ဓမ္မဿဝနံ ပရိပူရံ သဒ္ဓံ ပရိပူရေတိ) 🙏🏻

🙏🏻 သဒ္ဓမ္မဿဝန = နည်းမှန်လမ်းမှန်ဓမ္မတွေ လေ့လာ သင်ယူနိုင်ဘို့ရာမှာ
ဒီနည်းလမ်းမှန်တဲ့ဓမ္မတွေ လက်ဆင့်ကမ်း မျှဝေနိုင်တဲ့ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ်မှု ရှိရပါမယ်။
(သပ္ပုရိသသံသေဝေါ ပရိပူရော သဒ္ဓမ္မဿဝနံ ပရိပူရေတိ) (အံ၊၃။၃၄၆) 🙏🏻

ဒီတော့ ပညာရှိ သူတော်ကောင်းတွေဟာ မိမိအတွက် #ကလျာဏမိတ်အစစ်တွေပါပဲ။
ကလျာဏမိတ်အစစ် ဖြစ်တဲ့ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ် နေထိုင်သူဟာ ကိုယ့်ရဲ့ ဘဝပန်းတိုင်ခရီး ပြီးဆုံး အောင်မြင်အောင် လျှောက်လှမ်းနိုင်လိမ့်မယ်။

ဒါကြောင့် ဘုရားရှင်က " အဆွေခင်ပွန်းကောင်းရှိသူဟာ ဗြဟ္မစရိယအတွက် ပြီးပြည့်စုံသလောက်ပါပဲ" လို့
(သဂါထာဝဂ္ဂ သံယုတ္တပါဠိ၊ ၈၇။ ကလျာဏမိတ္တသုတ်။)မှာ မိန့်ကြားတော်မူခဲ့တာပါ။

Crd.

Photos from Htin Gyi Clothing Wholesale & Retail's post 24/02/2022

●လက်ကျန်ဖြတ်အထူး​လျော့စျေး ဦးသူယူပါရှင့်●
●Great အင်ဒိုနီးရှားပါတိတ်
●ချည်သားစစ်စစ် ၂ကိုက်တထွာပါ ပါသည်။
➡️၁ထည် - ၅၅၀၀ကျပ်
➡️၃ထည်ယူ > ၁ထည်​​စျေး - ၄၅၀၀ကျပ်

🎋လက်ကျန်ပစ္စည်းတွေမို့ ဒီ​စျေးရတာပါရှင့်😊
🏃‍♂️အမြန်ယူထားမှ မိမိကြိုက်နှစ်သက်ရာ အ​ရောင်ရမယ်​​နော့။

ရန်ကုန်မြို့တွင်း ပစ္စည်း​ရောက်​ငွေ​ချေပါရှင့်။
ကျန်မြို့များ ​ငွေလွှဲ၀င်ပြီး ၃ရက်တွင်း ဂိတ်ပို့​ပေးပါတယ်​နော်။

Kpay
09778012103
Hsu Latt Thu

Wave Money
09778012103
Hsu Latt Thu

■၅​ရောင်ပဲကျန်

22/01/2022

မိမိတို့ နေအိမ်ကို လာဘ်ပိတ်စေတတ်သော အချက်များ ဖတ်ထားသင့်တယ်နော်

၁။ မီးဖို အား စလောင်းဖုံးအုပ်ခြင်း

၂။ အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း

၃။ မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း

၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း

၅။ ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း

၆။ နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း

၇။ နေဝင် မိုးချုပ် လေချွန်ခြင်း

၈။ နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း

၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း

၁၀။ နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း

၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း

၁၂။ နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း

၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း

၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း ၌ ထားခြင်း စွန့်ပစ်ခြင်း

၁၅။ မိမိ ဝတ်သော ပုဆိုး ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း

၁၆။ အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း

၁၇။ မျက်နှာမသစ်ပဲ အစာ စားခြင်း

၁၈။ မိမိ ခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ် အတွင်းစွန့်ပစ်ခြင်း

၁၉။ သောက်ရေအိုး ရေ မလဲပဲခြောက်နေခြင်း

၂၀။ သောက်ရေအိုး မှ ရေကို ထမင်း ဟင်းချက်ရာတွင် သုံးခြင်း

၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း

၂၂။ သားသမီး ဇနီးကို လင်သားက ငွေ (သို့) အစားအစာ ပစ်ပေးခြင်း

၂၃။ အဝတ်အစား များ ပြောင်းပြန် ဝတ်ခြင်း

၂၄။ အိမ် အပေါက်အား ကျောခိုင်း ထိုင်ခြင်း

၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း

၂၆။ အိမ် ၏ မျက်နှာစာတွင် ကလေးငယ် အား အပေါ့ အလေး စွန့်ခိုင်းခြင်း

၂၇။ ထမင်းရည်ပူ အား မြေကြီးပေါ်သို့ တိုက်ရိုက် ငှဲ့ချခြင်း

၂၈။ မိမိ အိမ်သို့ လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း

၂၉။ အိမ်သာတက်ရင်း အစားစားခြင်း

၃၀။ စားသောက်ပြီး အိုး ခွက် ပန်းကန် များကို အချိန် ကြာမြင့်စွာ မဆေးပဲထားခြင်း

၃၁။ အိုး ခွက် ပန်းကန်များ ကို တီး၍ သီချင်း ဆိုခြင်း

၃၂။ အိမ်ရှေ့ တည့်တည့် တွင် ထမိန် စကတ် များကို လှန်းခြင်း ချွတ်ထားခြင်း

၃၃။ မိမိအိမ်တွင် မွေးမြူ ထားသော တိရိစ္ဆာန် များအား အစာမကျွေးပဲ လှောင်ထားခြင်း ရိုက်နှက်ခြင်း ၊ တို့ ကိုရှောင်ပါ ။

Credit::မူရင်းရေးသားသူ

13/12/2021

သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းကို အနေအထိုင် အစားအသောက်ဖြင့် ကုသခြင်း

သိုင်းရွိုက်ဟော်မုန်း လျော့နည်းသူ တစ်ယောက်ကို ဆေးကုသမှုပေးရာတွင် လူနာအနေနှင့် ကျွန်တော်/ကျွန်မတို့ ဘာတွေစားလို့ရသည်၊ ဘာတွေတော့ ရှောင်သင့်သည်ကို ဆရာဝန်ကို မေးလေ့ရှိပါသည်။ အဓိကအနေနှင့် အောက်ပါအတိုင်း စားသောက်ပါက ရောဂါ အမြန်ဆုံး သက်သာပျောက်ကင်းစေရန် အထောက်အကူ ပြုပါလိမ့်မည်။

စားသုံးသင့်သည့် အစားအစာများ
-----------------------------------------------
🔹 အိုင်အိုဒင်း ဖြည့်စွက်ထားသော အိမ်သုံးဆားကိုသာ သုံးပါ။ အချို့သောသူများသည် ရိုးရိုးအိမ်သုံးဆားကို အမြဲသုံးစွဲခဲ့သဖြင့် အိုင်အိုဒင်း ချို့တဲ့ကာ သိုင်းရွိုက်ဟော်မုန်းမှာ ကောင်းစွာ မပြုလုပ်နိုင်ဘဲ ဖြစ်ရသည်။ အဆိုပါ ပုဂ္ဂိုလ်များအတွက် အိုင်အိုဒင်းဆား ပြောင်းပေးခြင်းဖြင့် ဟော်မုန်းများ ပြန်လည်ထွက်ရှိလာစေမည် ဖြစ်သည်။

🔹 အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများကို ဂရုစိုက်၍ ပိုမိုစားပေးသင့်သည်။ ဥပမာအားဖြင့် ပင်လယ်စာများဖြစ်သော ပင်လယ်ငါး၊ ပင်လယ်ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပင်လယ်ရေညှိ အစရှိသည့် အစားအစာများတွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်နေပါသည်။

🔹 ကယ်လိုရီအရ နည်းသော ဟင်းသီးဟင်းရွက်များကို ပို၍စားပေးသင့်သည်။ ယင်းတို့ တွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်နေပါသည်။

ရှောင်ကြဉ်သင့်သည့် အစားအစာများ
------------------------------------------------
♦️ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိခြင်းကို ဟန့်တားထားသော အစားအစာများကို ရှောင်ကြဉ် ရပါမည် [ဥပမာ - ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli)]။ ယင်းတို့ ကို များများစားပါက သိုင်းရွိုက်ဟော်မုန်းများ ထွက်ရှိမှုကို လျော့နည်းစေကာ လည်ပင်း ကြီးရောဂါ ရစေနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အစားအစာများကို လည်ပင်းကြီး ရောဂါ ဖြစ်စေသော အစားအစာများ (Goitrogens) ဟုခေါ်သည်။

♦️ အငန်ဓာတ်များသော အစားအစာများဖြစ်သည့် ငါးပိ၊ ငံပြာရည်၊ ဆားများများပါသော အစားအစာတို့သည် ခန္ဓာကိုယ်တွင်း ရေဓာတ်များကို စုဝေးပြီး ဖောစေသဖြင့် ရောဂါ လက္ခဏာများ ပို၍ဆိုးစေနိုင်ပါသည်။

♦️ အနီရောင်ရှိ အသားများဖြစ်သည့် ဝက်သား၊ အမဲသား အစရှိသည်တို့ကို ရှောင်နိုင်လျှင် ပိုကောင်းပါသည်။

♦️ အချိုမှုန့်သည် ဖောသွပ်ခြင်းကို အားပေးသဖြင့် ရှောင်ကြဉ်သင့်သည်။ ဟင်းရံများကို ချက်ပြုတ်ရာ၌ အချိုမှုန့်အစား စတီးဗီးယား (Stevia) ခေါ် ရွက်ချိုမှုန့်ကို အသုံးပြုနိုင်သည်။



ဒေါက်တာခင်မောင်လွင် (FAME)

👉https://t.me/famepharmaceuticals
👉https://t.me/famepharma

Photos from Htin Gyi Clothing Wholesale & Retail's post 11/11/2021

🌺တန်​ဆောင်တိုင်အထူး​လျော့​​စျေး
📯35% Discount📯
●ယခင် 5000ကျပ်
●ယခု 3250ကျပ်(35% Discount)

👸Beauty Queen👸
■ချည်နှောပါတိတ် ​၂ကိုက်ကွင်း လေး​တွေပါရှင့် ။

➡️​ကော်ပါလို့ တ​ရေချပြီးမှ ၀တ်ရင် ပိုပြီး၀တ်လို့​ကောင်းပါတယ်​နော် သည်း​လေးတို့​ရေ

🍀🍀တချို့ အ​ရောင်တူ​ပေမယ့်အဆင်​လေး​​တွေ
မတူပါဘူးရှင့် တပုံချင်းစီ ​ထောက်ကြည့်ပြီး ၀ယ်ယူအား​ပေးနိုင်ပြီ😊

02/10/2021

🏵🏵 ပဋ္ဌာန်းမေတ္တာပို့ 🏵🏵

၁။ ဟေတုပစ္စယော - သတ္တဝါအားလုံး - မကောင်းသော လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊ အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီး ကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာ နိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂။ အာရမ္မဏပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့နှင့် မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။

၃။ အဓိပတိပစ္စယော - သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ တရားတို့ အကြီးအမှူး ဦးစီး ဦးဆောင် မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ တရားတို့သာ အကြီးအမှူး ဦးစီး ဦးဆောင်ပြုကြလျက် အလွန်အကြူး အထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာ ရရှိခံစားနိုင်ကြပါစေ။

၄။ အနန္တရပစ္စယော - သတ္တဝါအားလုံး - မကောင်းသောစိတ်၊ စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာ မဖြစ်ကြဘဲ၊ ကောင်းမြတ်သော စိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၅။ သမနန္တရပစ္စယော - သတ္တဝါအားလုံး - မကောင်းသောစိတ်၊ စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာ ဆက်ကာ မဖြစ်ကြဘဲ၊ ကောင်းမြတ်သော စိတ်၊ စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၆။ သဟဇာတပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရုပ်၊ နာမ်တရားများ အတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊ နာမ်တရားများသာ အတူတကွ ဖြစ်နိုင် ကျေးဇူးပြုနိုင်ကြပါစေ။

၇။ အညမညပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရုပ်၊ နာမ်တရားများနှင့် အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ။

၈။ နိဿယပစ္စယော - - သတ္တဝါအားလုံး - မကောင်းသော ရုပ်၊ နာမ်တရားတို့၌ မှီ၍ မဖြစ်ကြဘဲ၊ ကောင်းမြတ်သော ရုပ်၊ နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိုးမျိုးတို့ကိုသာ ခံစားနိုင်ကြပါစေ။

၉။ ဥပနိဿယပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ပညတ်၊ နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌ အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊ နာမ် ရုပ် တရားများနှင့် ကောင်းမြတ်သော မိဘ၊ ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌သာ အားကြီးသော မှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာ ခံစားရရှိနိုင်ကြပါစေ။

၁၀။ ပုရေဇာတပစ္စယော - သတ္တဝါအားလုံး - မကောင်းသော အာရုံ ၅ ပါး ရုပ်တရား၊ ဝတ္ထု ရုပ်တရားများ ရှေးဦးကြိုတင် မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ ၅ ပါး ရုပ်တရားများ၊ ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်း နိုင်ကြပါစေ။

၁၁။ ပစ္ဆာဇာတပစ္စယော - သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသော ရှေးရှေးရုပ်တရားအား နောက်နောက်မှ ဖြစ်သော နာမ်တရားများက ကျေးဇူးပြုရာတွင် မကောင်းသော အကုသိုလ် နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊ အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာ ခံယူနိုင်ကြပါစေ။

၁၂။ အာသေဝနပစ္စယော - သတ္တဝါအားလုံး - မကောင်းသော အကုသိုလ်တရားများ အဖန်တလဲလဲ ထုံခြင်းသဘောဖြင့် ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သော ကုသိုလ်တရား ကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင်းဖြင့် ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၁၃။ ကမ္မပစ္စယော - သတ္တဝါအားလုံး - မကောင်းသော စေတနာကံတရားတို့ကို မပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သော စေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝ နောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာ ခံစားရရှိနိုင်ကြပါစေ။

၁၄။ ဝိပါကပစ္စယော - သတ္တဝါအားလုံး - ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ အဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရား အမျိုးမျိုးတို့ကိုသာ နိဗ္ဗာန်တိုင်ထိ ထပ်ကာ ထပ်ကာ ရရှိခံစားနိုင်ကြပါစေ။

၁၅။ အာဟာရပစ္စယော - သတ္တဝါအားလုံး - ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအား မကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊ မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့် အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သော ရုပ် နာမ် အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ ပြုဖြစ်ကြ၍ နိဗ္ဗာန်ကို လွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။

၁၆။ ဣနြ္ဒိယ ပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာ နိဗ္ဗာန်တိုင်ထိ ရရှိခံစား နိုင်ကြပါစေ။

၁၇။ စျာနပစ္စယော - သတ္တဝါအားလုံး - မကောင်းသော အကုသိုလ်တရားတို့၌ စူးစူးစိုက်စိုက် အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သော ကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက် အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ။

၁၈။ မဂ္ဂပစ္စယော - သတ္တဝါအားလုံး - ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲ သုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာ ရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနိုင်ကြပါစေ။

၁၉။ သမ္ပယုတ္တပစ္စယော - သတ္တဝါအားလုံး - မကောင်းသော စိတ် စေတသိက် နာမ်တရားအချင်းချင်း အညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်း မပြုကြဘဲ ကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာ အညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။

၂၀။ ဝိပ္ပယုတ္တပစ္စယော - သတ္တဝါအားလုံး - အချင်းချင်း အညီအညွတ် မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို့ ကျေးဇူးပြုရာ၌ မကောင်းသော ရုပ်နာမ်တရားတို့ မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သော နာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သော နာမ်တရားတို့ကို မယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိုးမျိုးတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။

၂၁။ အတ္ထိပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရုပ်နာမ်တရားတို့ ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂၂။ နတ္ထိပစ္စယော - သတ္တဝါအားလုံး - မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်း မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၃။ ဝိဂတပစ္စယော - သတ္တဝါအားလုံး - မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊ မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၄။ အဝိဂတပစ္စယော - သတ္တဝါအားလုံး - မကောင်းသော ရုပ်နာမ်တရားတို့ မကင်းသောအားဖြင့် မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာ မကင်းကွာသောအားဖြင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

(အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-သာသနာရေးဦးစီးဋ္ဌာနမှ)

Photos from Htin Gyi Clothing Wholesale & Retail's post 01/10/2021

ဘိုမတံဆိပ် ပါတိတ် ၃မီတာ
၀မ်းဆက် ကိုမှ ၁၄၅၀၀ကျပ် ပဲရှိပါတယ်ရှင့်။

01/10/2021

"ပျော်ရွှင်သော စံပြအိမ်ထောင်ရေး"
👨‍👧‍👦➖➖➖➖ ➕ ➖➖➖➖👨‍👨‍👧‍👧

လင်နဲ့ မယား နှစ်ယောက်စလုံး လိုက်နာရမဲ့အရာများ

အိမ်ထောင်ရေးဆိုတာမျိုးက
ဘောလုံးအသင်းတစ်သင်းလိုပဲ
တစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိူင်ပါဘူး။

လင်နဲ့ မယားအပေးအယူအချိတ်အဆက်မိမှ
သာယာသော အိမ်ထောင်ရေးဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့
မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှုကိစ္စ
လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သော
တာဝန်များမှာ....

(၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ။

(၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။

(၃)မိသားစုအတွက် တတ်နိူင်သမျှ အချိန်ပေးပါ။

(၄)အရက်သေစာ၊လောင်းကစား၊အပျော်အပါးများကို
တတ်နိူင်သမျှရှောင်ကြဉ်ပါ။

(၅)သားသမီးများကို အချိန်ရရင်ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။

(၆)ကိုယ်ကျင့်တရား ကို အတတ်နိူင်ဆုံး
လုံခြုံအောင်ထိမ်းပါ။

(၇)ဘုရား တရား၊မိဘ ဆရာကို ရိုသပေါ။

(၈)အသိပညာမြင့်မားအောင် စာဖတ်ပါ။

(၉)အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်။

(၁၀)အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားဖို့
လိုပါတယ်။

(၁၁)ဇနီးသည်ကို လေးစားတန်ဖိုးထားပါ
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ သားသမီးနှင့်
ပတ်ဝန်းကျင်က လေးစားတန်ဖိုးထားမှာပါ)

(၁၂)အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်။

(၁၃)တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ။

(၁၄)အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း မပြုလုပ်သင့်ပါ။

အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ
ဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ်
ဖြစ်သောကြောင့် “ကိုယ်ကျင့်တရား"
လုံခြုံဖို့တော့ လိုတယ်။

အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် "မစ" သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် "မစ" ပေးနိူင်သော အနွေးထွေးဆုံးရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ

(၁)စည်းကမ်းရှိပါ။

(၂)နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိူင်ဆုံး
ကြည့်ရူပေးကမ်းပါ။

(၃)ဖြစ်သလိုမနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ
(တစ်ချို့ အမျိုးသမီးတွေက အိမ်ထောင်ကျပြီးပြီဆိုပြီး အနေအထိုင် ပက်စက်လာကြတယ်။

တကိုယ်ရေ သန့်ရှင်းမှု သိပ်မလုပ်ကြတော့ဘူး။
ဒါဟာ လင်ယောကျာင်္းကို သိပ်စိတ်ပျက်စေပါတယ်

(၄)အနေအထိုင် အပြောအဆိုသတိထားပါ။

(၅)ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ။

(၆)သစ္စာ တရားကို လက်ကိုင်ထားပါ။

(၇)မယ်တစ်ရွက် မရွက်နိူင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်။

(၈)ဘုရားတရား၊ မိဘ ဆရာ ကိုလေးစားပါ။

(၉)အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ။

(၁၀)ဘေးလူပြောစကားထက် ကိုယ့်လင်သားကို
ယုံကြည်မှုထားပါ။

(၁၁)ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)

(၁၂)လင်ယောက်ျားအလုပ် အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။

(၁၃)ချိုသာသောစကား၊နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ။

(၁၄)လင်ယောက်ျားစိတ်ရှုပ်နေတဲ့အခါ စကားကို
သတိထားပြောပါ။

(၁၅) လင်ယောက်ျားကို စိတ်ဖိစီးမှုဖြစ်စေမယ့် အပြောအဆိုကို ဆင်ချင်ပါ။

အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့
“အတ္တ"တွေလျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု၊
နားလည်မှုကို ခိုင်မာအောင်တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျော့ချပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင်
ကြည့်ရူခံစားပေးခဲ့ရင် "သစ္စာ"တရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေး
ဖြစ်လာဖို့က နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုကြိုက်တဲ့စာစုများကိုအမြဲတမ်းမျှဝေလျက်ပါ

©®...မူရင်းရေးသားသူအား။



စာပေချစ်သူများကို အစဉ်လေးစားလျက်

Photos from Htin Gyi Clothing Wholesale & Retail's post 30/09/2021

🙏သီတင်းကျွတ် လူကြီးမိဘများကန်​တော့ရန် အ​ကောင်းဆုံး🙏
💢ဒါးကြီး ပါတိတ်ကွင်း
➡️၂မီတာ (2 ကိုက်​ကျော်​ကျော်)👍
✅၉၅၀၀ ကျပ်ပဲရှိပါတယ်ရှင့်

Photos from Htin Gyi Clothing Wholesale & Retail's post 30/09/2021

လက်​ရေးဆင် ပါတိတ်ကွင်း
၂မီတာ​​ကျော်ကျော်​လေးပါ
ဘိုမတံဆိပ်
အသားလေး​ကောင်းမှ​ကောင်း
၉၅၀၀ကျပ် ပဲရှိပါတယ်ရှင့်

Photos from Htin Gyi Clothing Wholesale & Retail's post 30/09/2021

💢အသင့်၀တ်ပုဆိုးကွင်း​လေး​တွေ 💢
💢အဆင်​လေး​​​တွေ လှမှလှ
✅အမြန်ယူထားမှ ကြိုက်ရာအ​ရောင်ရမယ်​နော်
➡️တကွင်းမှ ၅၀၀၀ ကျပ် ပဲရှိပါတယ်ရှင့်

Telephone

Website