MedHub By Lyn
Small business for Medical products & contents for health tips
Hi everyone
ဒီတစ်ခေါက် sharing လုပ်ပေးချင်တဲ့အကြောင်းအရာ လေးကတော့ 🚶♀️🚶♂️Trekking လျှောက်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေဖြစ်ပါတယ်။ အများစုက Trekking ကို walking လမ်းလျှောက်ခြင်းနဲ့မှားတတ်ပါတယ် လမ်းလျှောက်ခြင်းနဲ့မတူတာက trekking က long distance လမ်း ကြောင်းရှည် ရှည် လျှောက်ရတဲ့အပြင် မှာ sightseeing 🚶♀️ဆိုတဲ့သဘာဝပတ်ဝန်းကျင်ကိုပါကြည့်ရှုရင်းအပန်းဖြေတာပါ အပိုထပ်ဆောင်းပါပါတယ်။
Trekking လျှောက်ခြင်းကနေ Lyn တို့ အကျိုးကျေးဇူးများစွာ
ရနိုင်ပါတယ်။ အတိုချုပ်အနေနဲ့ ရှင်းပြရမယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော အတွက်အကျိုးရှိတဲ့အတွက် အားလပ်ရက်တွေမှာလူကြီးလူငယ်မရွေး မွေးမြူ သင့်တဲ့ဝါသနာလေး
တစ်ခု အဖြစ်သင့်တော်ပါတယ်။ ဘာတွေရနိုင်မလဲ ကြည့်ကြရအောင်🤔
🚶♀️ပထမဆုံးအချက်အ နေနဲ့ Lyn တို့အားလုံးအတွက် Body fitness ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအားကောင်းစေပါတယ်။
Gym သွားပြီး ဆော့တာမျိုးထက် Lyn ကတော့အပြင်မှာ Trekking များများလျှောက်ရင်း muscle ကျစ်လျစ်လာတာကိုပိုသဘောကျပါတယ်။ muscle ကျစ်ကျစ်လျစ်လျစ်နဲ့ body အောက်ပိုင်း လှလှ လေးဖြစ်ချင်ရင် Trekking လျှောက်ဖို့ တိုက်တွန်းလိုက်ပါတယ် နော်🌚
ခြေသလုံး ကြွက်သားတွေကခန္ဓာကိုယ်ရဲ့ဒုတိယနှလုံးဆိုရင်လည်း မမှားပါဘူး ခြေသလုံး လှုပ်ရှားမှုများ များ ဖြစ်စေတဲ့ အတွက် ခန္ဓာကိုယ် ရဲ့ သွေး ညစ်တွေကိုနှလုံး ကိုသန့်စင် ရန် အရောက်ပို့ ပေးတဲ့အတွက် နှလုံးကျန်းမာရေး အပြင် တကိုယ်လုံးရဲ့သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။
🚶♀️Trekking ကို အများစုလျှောက်ရင်မြို့ ပြရဲ့ဝေးရာ သစ်တော၊
ဥယျာဥ်၊ တောင်တန်း စတဲ့နေရာ ဒါမှမဟုတ် မြို့ထဲဆိုရင်လည်း
သစ်ပင်သစ်ရိပ်တွေ စုဝေးထားတဲ့နေရာမျိုး ဥပမာ ပန်းခြံ စသဖြင့်တွေမှာအများစုရွေးလျှောက်ဖြစ်ကြတဲ့အတွက်
သဘာဝပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ထိတွေ့ ရလို့ အမြဲ ထိုင် ပြီး laptop phone စသဖြင့်နှင့်အလုပ် လုပ်ရတဲ့သူတွေ အတွက်လည်းအလုပ် ဖိစီးမှု ၊ကျောင်း သားဆိုရင် လည်း ကျောင်းစာဖိစီးမှုတွေကိုတခဏတာလျော့ကျစေပြီးအမော တွေပြေပျောက်နိုင်ပါတယ် ။သဘာဝပတ်ဝန်းကျင် စိမ်းလန်း မှုတွေက Lyn တို့ရဲ့ Mental Stress ရော Physical Stress တွေ ကိုလျှော့ချပေးနိုင်ပါတယ်။
🚶♀️Trekking တက်ခြင်းဟာ လူ၁ယောက်တည်း ထွက်တာထက်အသင်းအဖွဲ့နဲ့စုပေါင်းလုပ်ဆောင်ရတာများပါတယ်။
အသင်းအဖွဲနှင့်သွားရောက်တဲ့အခါ အချင်းချင်းရိုင်းပင်းကာ တစ်ယောက် အကူအညီ လိုတဲ့အခါတစ်ယောက်က ပေးရတဲ့အတွက် ကူညီတတ်လာပါတယ်။အရင်က တစ်ယောက်တည်း သီးသန့်နေတတ်တဲ့သူတွေတောင် လူအများနဲ့ဝင်ဆန့်ကာ social benefit တစ်ခုအဖြစ်ရလာနိုင်ပြီးလူမှုဆက်ဆံရေးပို၍တိုးတက်ကောင်းမွန်လာစေလာပါတယ်။
🚶♀️ခရီးသွားတောင်တက်ရင်း trekking လျှောက်တဲ့အခါ
ဒေ သ အမျိုးမျိုး ကို သွား ရောက်ရတဲ့အတွက်ယဉ်ကျေးမှု ဓလေ့မျိုးစုံ ကို ပိုသိမြင်ပြီးဗဟုသုတတိုးပွားလာနိုင်ပါတယ်။
ဒါကတော့ Trekking လျှောက်ခြင်းအကြောင်းတစေ့တစောင်း
သိသလောက် မှတ်သလောက် လေး ပါ
အောက်က video ကတော့
Hlawgar 8 km Trekking မှာ MHMF အဖွဲ့ဝင်တွေနဲ့လျှောက်ရင်းမှတ်တမ်းတင်ထားတဲ့ memories လေးတွေပဲဖြစ်ပါတယ်။
အားလုံးပဲကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဖြစ်တဲ့အတွက် ကျန်းမာဖို့ trekking လျှောက်ပါစို့ လို့တိုက်တွန်းလိုက်ရပါတယ်နော်
27/05/2024
"ချွေးထုတ်ခြင်း " Sauna" အကျိုးကျေးဇူးများ"📍
🧖♀️ချွေးထုတ်ခြင်း sauna ဆိုတာက အချိန် အရမ်းမကုန်တဲ့ ကျန်းမာရေးဓလေ့၁ ခုပဲဖြစ်ပါတယ်။ ဒီ အလေ့အထက အပန်းဖြေခြင်းဆိုတာအပြင်အပိုထပ်ဆောင်းပြီးကျန်းမာရေးအကျိုးကျေးဇူးတွေတောင်ရရှိနိုင်ပါတယ်။ နှလုံးနှင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုလှုံ့ဆော်ပေးနိုင်တဲ့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်ကောင်း ၁ ခုအဖြစ် Lyn တို့ရဲ့ နေ့စဥ်ဘဝမှာကျင့်သုံးနိုင်ရင် တော်တော်လေးကောင်းပါတယ်
1. Sauna therapy ဆိုတာဘာလဲ❓️- Sauna therapy ဆိုတာ ကအလုံပိတ်အခန်းထဲမှာတော်တော် လေးမြင့်တဲ့ အပူချိန်နဲ့ ကြာကြာလေး ထိတွေ့ပေးတာပါ။ အပူချိန်က အများအားဖြင့်
🌟Traditional Sauna ကတော့ 60-90°Cလောက်ထားလေ့ရှိပါတယ်
🌟Infared Sauna ကတော့ လူတွေသက်တောင့်သက်တာ ဖြစ်တဲ့ Temperature လောက်ပဲ 38-65 °C ၊ အများအားဖြင့်
56° C ဝန်းကျင်တော့ရှိပါတယ်။
ဒီလိုလုပ်တာက နှလုံးခုန်နှုန်း တိုးလာခြင်းနှင့် သွေးလည်ပတ်မှု ကောင်းမွန် စေပါတယ်။
2. သွေးလည်ပတ်မှု🫀နှင့် သွေးဖိအားကို ပိုမိုကောင်းမွန်စေခြင်း - Sauna လုပ်ခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေပြီး သွေးပေါင်ချိန်ကို လျော့ကျစေကာ သွေးတိုးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတိုးစေတာတွေစားပြီးရင်ချွေးပြန်ထုတ်ကြတာပေါ့😅
3. နှလုံးရောဂါ 🫀နှင့် စိတ်ဖိစီးမှုလျှော့ချခြင်း - Sauna လုပ်ရင်း ရလာတဲ့ အပူက လေ့ကျင့်ခန်းလုပ်ရင် ထွက်တဲ့အပူနဲ့တူပါတယ် အလွယ်ပြောရရင် လေ့ကျင့်ခန်းကို ထိုင် နေရင်းလုပ် လို့ရသလိုပေါ့။😝
လေ့ကျင့်ခန်းလုပ်ရမှာပျင်းတဲ့ စာဖတ်သူလေးတွေရှိလား❓️🙊
မိုးတွင်းဆိုရင်ပိုဆိုးတယ်နော် အေးအေးလေးနဲ့ကွေး🙊
စကားပြန်ဆက်ရရင် နှလုံးကျန်းမာရေးကိုကောင်းစေပါတယ်
သူ့ရဲ့ serene environment လေး 🌫serene environment ဆိုတာ closed room လေးထဲမှာရေနွေးငွေ့လေးနဲ့ နေတာမျိုးပေါ့နော်။အဲ့လိုပတ်ဝန်းကျင်လေးက စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
4. အဆိပ်အတောက်များဖယ်ရှားပေးခြင်း နှင့် နှလုံးကျန်းမာရေး - Saunas တွင် ချွေးထွက်ခြင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးကာ နှလုံး အလုပ်လုပ်ရတဲ့ဝန်ကို ပေါ့ပါးစေပါတယ်။နာကျင်ကိုက်ခဲမှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှု တွေနဲ့ oxidative stress လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဥ် တွေ ကြောင့်ဖြစ်တဲ့ stress တွေကို လည်းလျှော့ချပေးတယ်လို့ သိရပါတယ်
⚠️Safety precautions အနေနဲ့💧 ရေနဲ့ဓာတ်ဆားများများပြန် သောက် ပေးရမှာဖြစ်ပါတယ် Lyn တို့ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်က ရေအပြင်ဓာတ်ဆား ဓါတ်လို့ခေါ်တဲ့ Sodium လို့ခေါ်တဲ့ electrolyte တွေဆုံးရှုံး သွားလို့ပါ။
ရေများများပြန် မသောက်ရင် Dehydration ( ရေဓါတ်ခြောက်ခန်းတာမျိုး) ဖြစ်တတ်ပါတယ်။
နာတာရှည်ဝမ်းပျက်တာမျိုးဖြစ် လို့နေကောင်းပြီးခါစ မျိုးဆိုရင်တော့မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးမှလုပ်ဖို့အရေးကြီးပါတယ်။
စာဖတ်တဲ့သူတွေလည်း ချွေးထုတ်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူးတွေကိုနားလည် သဘောပေါက်မယ့်လို့မျှော်လင့်ပါတယ်
သက်ရှည်ကျန်းမာစိတ်ချမ်းသာ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီစိတ္တသုခ နှင့်ကာယသုခ နှစ်ဖြာသောသုခတို့ပိုင်ဆိုင်နိုင်ကြပါစေ💓
အချုပ်ပြောရရင် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်တဲ့အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ် ရရှိအောင် ကျန်းမာတဲ့နည်းလမ်းတွေကို နားလည် ဖို့ ဒီ page လေးကို follow ထားဖို့ ပြောချင်ပါတယ်ရှင့်🙆♀️
27/05/2024
အားလုံးပဲမင်္ဂလာပါ
ဒီနေ့ MedHub By Lyn page ရဲ့ပထမဆုံး post လေးအဖြစ်
Pistachios ဆိုတဲ့အခွံမာအစေ့လေးစားရင်ရမဲ့အကျိုးကျေးဇူးလေးတွေကိုနားလည်လွယ်အောင် ရှင်းပြပေးသွား မှာဖြစ်ပါတယ်
ဒီအစေ့လေးကိုစားခြင်းအားဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့
များပါတယ်
သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေအရ
📌အဓိကအားဖြင့်ခန္ဓာကိုယ်ရဲ့ ခုခံအားကိုကောင်းစေတဲ့ပြီး
Vitamin B 6 နဲ့ Vitamin E ဓာတ် တွေလည်းကြွယ်ဝစွာပါဝင်တာကြောင့်ကူးစက်ရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် antioxidant လည်းပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ cells လေး တွေပျက်စီးဆုံရှုံး တာကိုလျော့ချပေးနိုင်ပါတယ်
📌ဒီ အစေ့လေး မှာ နောက်ထပ်ပါတဲ့ Vitamin ကတော့ B6 ပါ B6 ဟာဆိုရင် Lyn တို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အလွန်ကောင်းပါတယ်
📌နောက်ထပ် ပါဝင်တဲ့ potassium ဓာတ်ကတော့ ကြွက်သားလှုပ်ရှားမှုအတွက်အားကောင်း စေပြီး ခန္ဓာကိုယ်ရဲ့ရေဓါတ်ကိုထိန်းညှိပေးပါတယ်
📌 Magnesium လည်းပါဝင်တဲ့အတွက်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဇီဝကမ္မဖြစ်စဥ် အခု ၃၀၀ ကျော်အတွက် တော်တော်လေးအထောက်အကူဖြစ်စေပါတယ်
🌟ဆီးချိုသမားများအတွက်
သွေးတွင်း အချိုဓါတ်ကိုလျော့ချပေးတဲ့အတွက်
အပျင်းပြေသရေစာအတွက်သင့်တော်လှပါတယ်
ဆီးချိုသမားများအနေနဲ့ စားဖို့ ရှောင်သင့်တဲ့အသီးလေးတွေကတော့ သကြားဓာတ်များများပါတဲ့ငှက်ပျောသီး၊ စပျစ်သီး နဲ့ သရက်သီး မျိုးတွေဖြစ်ပါတယ်
🌟ဒီ Pistachiosဆိုတဲ့အစေ့ကို စားဖို့အသင့်တော်ဆုံးကတော့ မနက်ခင်းစောစော ဒါမှမဟုတ် ညနေစာအဆာပြေစားရင်သင့်တော်ပါတယ်။ ဒီအချိန် တွေမှာ စားပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ energy level ကို ထိန်းနိုင်ရုံမက တစ်နေ့လုံး အဆာခံ တဲ့အတွက် ဝိတ်ထိန်းနေတဲ့သူတွေဆိုသင့်တော်ပါတယ်
🌟Biotin နဲ့ Zinc ဓါတ် ပါဝင်တဲ့အတွက်ဆံသားကျန်းမာရေးအတွက်ကောင်းပြီး ဆံပင်သန်စွမ်းစေပါတယ်
Carotenoids လိုမျိုး lutein နဲ့ zeaxanthin ပါတဲ့အတွက် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်
Greek yogurt၊ ပျားရည်၊ berries သီးတွေနဲ့လည်းရောစားရင် Breastfast အနေနဲ့ကောင်းပါတယ်
Salmon နဲ့လည်းချက်စား လို့ရပါသေးတယ်
📌နောက်ထပ် ထပ်ဆောင်းအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်
High fiber content ပါတဲ့အတွက် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ် ဝမ်းချုပ်တတ်တဲ့သူတွေစားလို့ရပါတယ်
Vitamin E နဲ့ antioxidants တွေက အသားအရေလှချင်သူတွေအတွက်တော့အကောင်းဆုံးပါပဲ
ဒါဆိုရင်အခုဖတ်နေတဲ့သူတွေလည်း pistachios လေးကိုအဆာပြေစားချင်တဲ့အချိန်ကျန်းမာရေးအတွက်လည်းကောင်း အောင်စားဖို့မမေ့နဲ့နော်💓
ဒီ post လေးဖတ်ပြီးလို့ ဗဟုသုတ ရတယ်ဆိုရင် Lyn ရဲ့ page ကို like and share လေးလုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်🙋♀️
Category
Contact the business
Telephone
Website
Address
11421
Alerts
Be the first to know and let us send you an email when MedHub By Lyn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
27/05/2024