June luck
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from June luck, Health/Beauty, Yangon.
28/07/2025
ဘုန်းကြီးမှာ သွေးတိုးလည်း မရှိဘူး...
နှလုံးရောဂါလည်း မရှိဘူး...
ဘာရောဂါမှ- မရှိဘူး ဒကာတို့...
အသက်ရှည်ရှည် နေထိုင်နိုင်အောင်
ပူပင်သောက မထားနဲ့...
ပူပန်စရာ -သောက-ဖြစ်စရာ ကြုံလာရင်လည်း
သတိနဲ့ ဆင်ခြင်ပြီး ဖြေဖျောက်ပစ်-
အစားအစာ ကိုလည်း- ကိုယ်နှင့် သင့်တင့်ရာကိုသာ-
ချင့်ချိန်ပြီး မျှတအောင်-စား...
ကိုယ်လက် လှုပ်ရှားမှုတစ်ခုခု အနေနဲ့
လမ်း မှန်မှန် လျောက်-
ပူပင်သောက ကြောင့်ကြမှု့တွေ များရင်လည်း
လူဟာ- အသက် တိုတယ် ၊ လူ- အိုတယ်...
အစားအသောက် အနေအထိုင် ပူပင်ကြောင့်ကြမှု့
နည်းနိုင်သမျှ နည်းတာဟာ-
စိတ်ချမ်းသာရေး
ကျန်းမာရေး- လို့ သဘောပေါက်
ပါဠိ'တော်ထဲ မှာလည်း-
အတိတ်ကို စွဲပြီး မပူပန်ပါ-
အနာဂတ်ကို စွဲ၍ မတောင့်တ ပါ-
ပစ္စုပ္ပန် ရှိတာလေးနဲ့ မျှတပါသည်-
ထို့ကြောင့် ရုပ်ဆင်း ကြည်လင်ပါသည်-လို့
ဟောကြားထားတာ ရှိပါသည်...
ဒါကြောင့် ...
တို့တွေ ရဲ့ ကျန်းမာရေး ကောင်းခြင်း
အကြောင်း တစ်ရပ် ကတော့-
စိတ်အေးအေး ထားတတ်ခြင်း-
ပူပင် ကြောင့်ကြမှု့ ကင်းခြင်း-လို့
ဆိုနိုင်ပါတယ်...
နောက်တစ်ခုက - စိတ်အလုပ် ပဲ
တကယ့်ကို.... စိတ်အလုပ်
လုပ်ထားတဲ့သူ တယောက်ဟာ-
သေချိန်ကျ-လို့
သေခါမှ သေရော-
မကျန်းမမာ ဖြစ်ခဲတယ်-
ဟိုဘဝက -ပါလာတဲ့ ကံဟောင်းကံကြွေး ရှိလို့
ခံရတာမျိုးမှ- တစ်ပါး
ကျန်းမာရေး မထိခိုက်ဘူး ...ဆိုတာ
တို့တကယ် ယုံကြည်တယ်....
အလုပ် လုပ်နေတယ်
အလုပ် လုပ်နေ-လို့
(ည)အိပ်ချိန် နည်းသွားမယ် -
ဘာမှ မဖြစ်ဘူး-
စိတ်အလုပ် ကို-ပြောတာနော်
စိတ်အလုပ် ဆိုတာ-ကမ္မဋ္ဌာန်းအလုပ်ကို ပြောတာ၊
ငါ ငယ်ငယ်ကတည်းက- လုပ်ခဲ့တာပဲ၊
ဒီ ကမ္မဋ္ဌာန်းအလုပ် ကလည်း-
ငါ့ကို ကျန်းမာစေတယ်-လို့ ယူဆတယ်
နောက်တစ်ခုက-
ကိုယ်လက်လှုပ်ရှားခြင်းက-
ကျန်းမာရေး အတွက် အလွန်အရေးပါတဲ့
လေ့ကျင့်မှု့ တရပ်ပဲ-
လမ်းလျှောက်ခြင်းဟာ-
ကမ္မဋ္ဌာန်း ထိုင်တဲ့ပုဂ္ဂိုလ်များ
ထိုင်ပြီး အလုပ်လုပ်ရတဲ့ ပုဂ္ဂိုလ်များအတွက်
အလွန်အရေးကြီးတယ်...
လမ်းမလျှောက်-လို့ ဖြစ်ကို မဖြစ်ဘူး...
ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ-
စင်္ကြသွားခြင်းရဲ့ အကျိုး( ၅)-ပါး
ဟောထားတာရှိတယ် ...
ခရီး သွားနိုင်ကြံ့ခိုင်အားအင် ကင်းစင်ရောဂါ
အစာ'ကြေညက်မပျက်(သမာဓိ)
ငါးပါးရှိ-မှတ်သိ စင်္ကြိအကျိုးတည်းတဲ့
ငါကတော့ အင်္ဂလန်'မှာ နေတုံး -
ဘယ်လောက်အေးအေး-
လမ်းလျှောက်တော့ ထွက်တာပဲ-
မိုး သိပ်များ-လို့ မထွက်နိုင်ရင်
အခန်းတွင်းမှာ-
လေ့ကျင့်ခန်း လုပ်တယ်၊
ခြေဖျား'ကို ထိအောင် ကွေးညွတ်ရတဲ့
လေ့ကျင့်ခန်းမျိုးတွေ မပျက်မကွက်
လုပ်လေ့ရှိတယ်...
ဒါကြောင့်
နှာစေး'ချောင်းဆိုး -မှတစ်ပါး
အခြားသော- ဘာရောဂါ ဖြစ်တယ်...လို့
သိပ်ကြီး မရှိပါဘူး။
စစ်ကိုင်းရွှေဟင်္သာ'ဆရာတော်ဘုရားကြီး
credit
Click here to claim your Sponsored Listing.