Vichaivej International Hospital - Myanmar Representative Office

Vichaivej International Hospital - Myanmar Representative Office

Share

မင်္ဂလာပါခင်ဗျာ
ဝိချိုင်ဝေ့ဆေးရုံကြီ

24/12/2018

🌟🌟 Merry Christmas and Happy New Year to all 🌟🌟

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ မိသားစုအချိန်လေးတွေကို ဖြတ်သန်းပြီး
ကျန်းမာတဲ့ နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 🙏🙏

Vichaivej Myanmar Office
☎ 09 772 777799 / 09 792 777799

11/04/2018

မကြာမီကျရောက်တော့မည့် အတာသင်္ကြန်ပွဲတော်ကြီးကိုကြိုဆိုရင်း
မိတ်ဆွေအပေါင်း ချမ်းမြေ့စေကြောင်း
နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါသည် ခင်ဗျာ . . .

Vichaivej Myanmar Office
Phone : 09 772777799 , 09 792777799

08/02/2018

တစ်နေကုန် အလုပ်စားပွဲ မှာ 💻 ကွန်ပျူတာ နဲ့ 👓 မျက်စိ မခွာပဲ
အလုပ် လုပ်ကြရတဲ့ ဒီနေ့လို ခေတ်မှာ
ကျွန်တော်တို့ဟာ သိသိသာသာ ပင်ပန်းနွမ်းနယ်လာကြပါတယ်
😪😪😪 💦💦 💤💤

ဒါကြောင့်မို့ လုပ်ငန်းခွင်မှာ 💡💡
ကိုယ့်ကိုကိုယ် ခနတဖြုတ် အနားပေးပြီး လွယ်ကူတဲ့
အကြောလျှော့ခြင်းကို မဖြစ်မနေပြုလုပ်ပေးသင့်ပါတယ် 👍👍

⬇⬇⬇⬇
ထိုင်ရာမထ အလုပ်လုပ်နေရခြင်းရဲ့ အကျိုးဆက် အနေနဲ့
ဖြစ်ပေါ်လာမယ့်
ဇက်ကြောတက်ခြင်း ညောင်းညာခြင်း တွေကို
ဖြေလျော့ပေးနိုင်ဖို့
2 မိနစ်စာ လေ့ကျင့်ခန်း video လေးကို မျှဝေပေးလိုက်ပါတယ် 🔥🔥

Vichaivej Myanmar Office
Help Line : 09 772 7777 99

26/01/2018

💊ဓာတ်တိုးဆန့်ကျင်ဆေး (သို့မဟုတ်) Antioxidants💊

🙏🏻မင်္ဂလာပါ🙏🏻 အင်တီအောက်ဆီးဒင့်ဆိုတာ ခန္ဓာကိုယ်အတွက် တကယ်လိုအပ်ပါသလား❓ ဘယ်လိုအခြေအနေမျိုးတွေမှာ အင်တီ အောက်ဆီးဒင့်လိုနေကြောင်း သိနိုင်မလဲ❓

👨‍⚕️အကြောင်းအမျိုးမျိုးကြောင့် အင်တီအောက်ဆီးဒင့်ကို သောက်တော့မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။ 👩‍⚕️

📜အင်တီအောက်ဆီးဒင့်ဖြည့်စွက် သောက်သုံးမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက် တဲ့ အချက်တွေကို ဝိချိုင်ဝေ့ဆေးရုံမှ တာဝန်ရှိဆရာဝန်နှင့် ဇီဝကကျန်းမာရေးဂျာနယ်မှ တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

❤️အင်ဆီအောက်ဆီးဒင့်အကြောင်းအရင်ရှင်းပြပေးပါ ဆရာ။

💙အင်တီအောက်ဆီးဒင့်ဆိုတာ မော်လီကျူးလေးပဲ။ ခန္ဓာကိုယ်မှာ ဇီဝရုပ်ဖြစ်ပျက်ခြင်းတွေက အချိန်တိုင်းလိုလို ဖြစ်နေတယ်။ အဲ့ဒါကို ဓာတ်တိုးခြင်း (oxidation)လို့ ခေါ်တယ်။ ဒီလိုဓာတ်တိုးခြင်းဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်မှာ Free radical လို့ခေါ်တဲ့ အဆိပ်အတောက် အညစ်အကြေးလေးတွေ ထွက်လာတယ်။ အဲ့ဒီအဆိပ်အတောက်တွေကို အင်တီအောက်ဆီးဒင့်က ဖယ်ရှားပေးတယ်လို့ ယေဘုယျအားဖြင့်ပြောလို့ရပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့် ဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့လဲပြောလို့ရတယ်။ နောက်ပြီးသူက ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်စေပြီး၊ ဆဲလ်တွေကို ပျက်စီးစေတဲ့ Free redical တွေ လာရောက်တိုက်ခိုက်ခြင်းကိုလည်း ကာကွယ်ပေးတယ်။

❤️Free redical အကြောင်းရှင်းပြပေးပါဆရာ။

💙ခန္ဓာကိုယ်မှာ ဇီဝရုပ်ပြောင်းလဲခြင်းဖြစ်စဉ်ကနေထွက်လာတဲ့ အရာတွေလို့အလွယ်ခေါ်တယ်။သူက အမှုန်အမွှား(ion) တစ်မျိုး ပေါ့၊ ဆဲလ်တစ်ခုချင်းစီမှာ ဆဲလ်ရဲ့မျိုးဗီဇကို တိုက်ခိုက်တဲ့အတွက်ကြောင့် ဆဲလ်တွေ ပျက်စီးတယ်။ အဲ့လိုဇီဝရုပ်ဖြစ်ပျက်ဖြစ်စဉ်ကတော့ အမြဲတမ်းဖြစ်နေမှာပဲ၊ အသက်အရွယ် အိုမင်းလာတယ်၊ ရင့်ရော်လာတယ်ဆိုတာကလည်း ဒါ့ကြောင့် ဖြစ်လာတာ။ တစ်ဦးချင်းစီအလိုက် အနည်းနဲ့အများပဲကွာတယ်၊ ရှောင်လို့မရတဲ့လောကသဘော။ ဒါပေမယ့် အင်တီအောက်ဆီးဒင့် လုံလုံလောက်လောက်ရှိနေတယ်ဆိုရင် free radical ကို အထိုက်အလျောက် အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပေးနိုင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို နှေးကွေးစေတယ်။ တစ်နည်း ခန္ဓာကိုယ်တွင်းဓာတ်တိုးမှုကို ဆန့်ကျင်ပေးတယ်။ ပြင်းထန်သောနေရောင်ခြည်အလွန်အမင်းခံရသူတွေ၊ စိတ်ဖိစီးမှု(stress)များသူတွေမှာ free radical တွေပုံမှန်ထက်များတတ်ပါတယ်။ တခြားဆီးချိုရောဂါသမားတွေဆိုရင် ဆီးချိုအရမ်းတက်ပြီး ခန္ဓာကိုယ်ထဲမှာ ဂလူးကိုစ့်ဓာတ်တွေ အရမ်းများနေရင်လည်း free radicalတွေက သာမာန်လူတွေထက် အများကြီးပိုထွက်နိုင်တယ်၊

❤️အင်တီအောက်ဆီးဒင့်ကို ဘယ်ကနေ ရနိုင်ပါသလဲ ဆရာ။

💙အင်တီအောက်ဆီးဒင့်ကို နှစ်မျိုးခွဲပြီး ပြောလို့ရတယ်။ ဖန်တီးပြုလုပ်ထားတာရှိတယ်၊ သဘာဝအတိုင်းရတာရှိတယ်။ ဖန်တီး ပြုလုပ်ထားတယ်ဆိုတာကတော့ လက်ရှိဈေးကွက်တွေထဲများ အားဆေးဆိုပြီးရောင်းနေတာတွေပေါ့၊ စိတ်ဖိစီးမှုကိုသက်သာစေတယ်၊ ကိုယ်ခံစွမ်းအားတက်စေတယ်၊ နုပျိုစေတယ်အစရှိသဖြင့် မျိုးမျိုးကြေငြာပြီးလူစိတ်ဝင်စားအောင်ရောင်းနေတာတွေပေါ့၊ သဘာဝနည်းအတိုင်းကတော့ အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်တွေ ကနေ ရနိုင်တယ်။ ဥပမာ မုန်လာဥနီ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနယ်ပင်တွေကနေ အင်တီအောက်ဆီးဒင့်ဓာတ်တွေရနိုင်တယ်။ တစ်ခါအင်တီအောက်ဆီးဒင့်မှာလည်း အမျိုးအစားတွေအများကြီးရှိတယ်။ တစ်ချို့တစ်ချို့သောဗီတာမင်၊ သတ္တုဓာတ်တွေကိုလည်း အင်တီအောက်ဆီးဒင့်လို့ခေါ်တယ်။ ပြီးတော့ စပျစ်သီး၊ လက်ဖက်ရွက်၊ အနီရောင်ဝိုင်တွေကရတဲ့ ဓာတ်ပေါင်းစုတွေကိုလည်း အင်တီ အောက်ဆီးဒင့် လို့ခေါ်တယ်။

❤️ခန္ဓာကိုယ်မှာ အင်တီအောက်ဆီးဒင့်လျော့နည်းလာတဲ့အခါ ဘာတွေ ဖြစ်နိုင်ပါသလဲ ဆရာ။

💙အင်တီအောက်ဆီးဒင့်လျော့နည်းလာတဲ့အခါ free radicalတွေက ဆဲလ်တွေကိုပျက်စီးတာများတဲ့အတွက်ကြောင့် ရောဂါများဖြစ်စေနိုင်ပါတယ်။ ကင်ဆာများမှသည် အရေပြား၊ နှလုံး၊ အဆုတ်၊ အသည်း၊ စတဲ့ကိုယ်တွင်းကလီစာတွေ မှာ ဆဲလ်တွေအကုန်လုံးကိုသွားပြီး ထိခိုက်နိုင်ပါတယ်။

❤️နှလုံးအတွက် အင်တီအောက်ဆီးဒင့်က ဘယ်လိုသက်ရောက်မှုရှိပါသလဲ ဆရာ။

💙သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေကြားမှာ အင်တီအောက်ဆီးဒင့်က နှလုံးအတွက်လိုတယ်၊ မလိုဘူးနဲ့ အမျိုးမျိုးငြင်းခုန်နေကြပါတယ်။ ၂၀၁၄ ခုနစ် အမေရိကားမှာ လုပ်ထားတဲ့ ထင်ရှားတဲ့သုတေသနရလာဒ်အရ အင်တီအောက်ဆီးဒင့်က နှလုံးအတွက် ဘာမှ အကျိုးသက်ရောက်မှုမရှိဘူးလို့ သိရတယ်။အင်တီအောက်ဆီးဒင့် မှီဝဲနေတဲ့သူနဲ့ မမှီဝဲတဲ့သူအုပ်စုနှစ်ခုကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ အန်တီအောက်ဆီးဒင့်ကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတာမျိုး သိသာထင်ရှားတဲ့ရလာဒ်မျိုးမတွေ့ရပါဘူး။ အန်တီအောက်ဆီးဒင့်သောက်သောက်၊ မသောက်သောက်နှလုံးရောဂါ ဖြစ်နိုင်ခြေက အတူတူလောက်ပါပဲ။ ဒါပေမဲ့ CoQ10လို့ခေါ်တဲ့ အန်တီအောက်စီးဒင့်တစ်မျိုးကတော့ နှလုံး ရဲ့ လုပ်ငန်းဆောင်တာတွေကို အနည်းအကျဉ်းအထောက်အကူပြုတယ်လို့တော့ လေ့လာတွေ့ရှိရပြန်ပါတယ်။ ထိရောက်မှုက အများကြီးတော့မဟုတ်ပါဘူး။ တချို့ဆေးလိပ်သောက်တဲ့သူတွေ၊ အရက်သောက်တဲ့သူတွေမှာဆိုရင်တောင် ဘီတာကယ်ရိုတင်းပါတဲ့အင်တီအောက်ဆီးဒင့်ကို ရေရှည်သုံးစွဲမယ်ဆိုရင် နှလုံးရောဂါရဖို့ အခွင့်အရေးတောင်ပိုများပါတယ်လို့ ဆိုထားပါတယ်။ တနည်းအားဖြင့်ကောင်းကျိုးမဟုတ်ဘဲ ဆိုးကျိုးတောင်ဖြစ်စေနိုင်တယ်။ တစ်ဖက်က ပြန်ကြည့်တော့လည်း အဲ့လို ဆေးလိပ်၊ အရက်သောက်သူတွေထဲက အောက်တီအောက်စီးဒင့်ကြွှယ်ဝစွာပါဝင်တဲ့ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များများစားတဲ့သူတွေ၊ အစေ့အဆန်များများ စားတဲ့သူတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းစားတဲ့သူတွေ၊ လတ်လတ်ဆတ်ဆတ်ပင်လယ်စာကို စားတဲ့သူတွေမှာဆိုရင်တော့ နှလုံးရောဂါရနိုင်ခြေနှုန်းကို ပြန်ပြီး ကျဆင်းစေပြန်ပါတယ်။ နောက်ဆုံးကောက်ချက်ချရရင်တော့ အင်တီအောက်ဆီးဒင့်ပါတဲ့ အားဆေးတွေ မလိုအပ်ပဲသောက်သုံးမှီဝဲနေတာထက်စာရင် နေ့စဉ်စားတဲ့အစား အစာတွေထဲမှာ အင်တီအောက်ဆီးဒင့်လုံလောက်စွာပါအောင် စားပေးနိုင်ရင် ဘေးထွက်ဆိုးကျိုးလဲနည်း၊ ကျန်းမာရေးအတွက်လည်း ပိုပြီးအကျိုးရှိနိုင်ပါတယ်။

❤️ခန္ဓာကိုယ်တွင်း ဇီဝဓာတ်တိုးခြင်းကြောင့် ကိုယ်တွင်းဆဲလ်တွေရဲ့မျိုးရိုးဗီဇ(DNA)ကိုရောထိခိုက်မှုရှိနိုင်ပါသလား ဆရာ။

💙Free radical တွေက ဆဲလ်ကိုတိုက်ခိုက်ပြီဆိုရင် ဆဲလ်ရဲ့အစိတ်အပိုင်းအကုန်လုံးကို တိုက်ခိုက်တာ၊ DNA Level ကိုရော၊ ဆဲလ်ထဲမှာရှိတဲ့ ပရိုတင်းကိုပါ တိုက်ခိုက်တယ်။ နောက်ဆက်တွဲအနေနဲ့ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်စေနိုင်တယ်။ ဒါကိုကာကွယ်ဖို့အတွက် ဖြစ်နိုင်ရင် သဘာဝကရတဲ့ အင်တီအောက် ဆီးဒင့်ကိုပဲ စားပေးသင့်တယ်။ ဒါပေမယ့်တချို့သောအစားအသောက်ရှောင်သူတွေ၊ သက်ကြီးရွယ်အိုတွေမှာဆိုရင်တော့ မိမိနဲ့သင့်တော်မယ့်အင်တီအောက်စီးဒင့်အမျိုးအစားတွေပါတဲ့အားဆေးကို သောက်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက နည်းပညာနဲ့ထုတ်လုပ် ထားတဲ့ အချို့အင်တီအောက်ဆီးဒင့်ကို စားမိရင် အမျိုးသားတွေမှာဆီးကျိတ်ကင်ဆာဖြစ်ဖို့ ပိုမိုအားပေးတယ်ပါတယ်။ ကောင်းတာကတော့ ဆရာဝန်နဲ့သာတိုင်ပင်ပြီးသောက်သင့်ပါတယ်။

❤️မျက်စိအတွက် အကျိုးရှိပါသလား ဆရာ။

💙မျက်စိအတွက်တော့ အင်တီအောက်ဆီးဒင့်ကတော်တော်များများ အကျိုးအာနိသင်ကောင်းတယ်။ မျက်စိအတွက် ရည်ရွယ်ချက်နဲ့ဆိုရင်တော့ အင်တီအောက်ဆီးဒင့်ပါတဲ့ စားဆေးတွေက အကျိုးသက်ရောက်မှုရှိပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အမြင် အာရုံလွှာတွေ ပျက်စီးတာရှိတယ်၊ macular degenerationလို့ခေါ်တယ်။ အင်တီအောက်စီးဒင့်တွေက အဲ့ဒါလေးတွေ ပျက်စီးတာကို နှေးကွေးစေ တယ်လို့တော့ တွေ့ရှိချက်တွေက ပြောထားပါတယ်။ ဒါ့အပြင်တချို့အင်တီအောက်ဆီးဒင့်တွေက မျက်လုံးကို တိုက်ရိုက်ထိတဲ့ ခရမ်းလွန်နေရောင်ခြည်ဒဏ်(UV light )မှ ကာကွယ်ပေးနိုင်ပါတယ်။

❤️ဆီးချိုရောဂါရှင်တွေ အင်တီအောက်ဆီးဒင့်ကိုသောက်သုံးရင် ဘာဖြစ်နိုင်ပါသလဲ ဆရာ။

💙ဆီးချိုဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဂလူးကိုစ့် တွများလာတဲ့အတွက် ဓာတ်တိုးမှုဖြစ်စဉ်တွေအရမ်းမြန်မြန်ဖြစ်ပေါ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ ဆီးချိုသမားတွေမှာ ဂလူးကိုစ့်တွေကို သာမာန်ထက်ပိုမို ဖြိုခွဲနေရတဲ့အတွက် free radical တွေက များနေတတ်ပါတယ်။ Oxidative Stressလို့ခေါ်တယ်။ အဲ့ဒီလူနာတွေမှာ အန်တီအောက်စီးဒင့်တွေဖြစ်တဲ့ Vit B,C,E တွေပေးရင် ရေတိုရလာဒ်အနေနဲ့ ဆဲလ်နံရံတွေမှာအကျိုးရှိတယ်။ ရေရှည်မှာတော့ဘာမှမထူးဘူး။ ဒါ့အပြင်တစ်ချို့ဆီးချိုလူနာတွေကို အင်တီအောက်စီးဒင့်ပေး ချင်တိုင်းပေးလို့မရဘူး၊ ဆီးချိုဆေးနဲ့ အင်တီအောက်ဆီးဒင့်နဲ့ မတည့်တာမျိုးတွေဖြစ်နိုင်လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပေးမှ သင့်တော်မယ်။

❤️ဦးနှောက်နဲ့ အာရုံကြောကို ဘယ်လိုအထောက်အကူပြုနိုင်ပါသလဲ ဆရာ။

💙ဦးနှောက်နဲ့ အာရုံကြောအတွက်ကောင်း တယ်။ အသက်ကြီးလို့ဦးနှောက်ထဲက နူရုန်းဆဲလ်(neurone)တွေ ပျက်စီးစေတဲ့ သတိမေ့ရောဂါ(အယ်ဇိုင်းမား)ကို အင်တီအောက်စီးဒင့်က နှေးကွေးစေတယ်။ အထူးသဖြင့် Vit-E, Ginkgo Biloba တွေကို မှီဝဲတာကြောင့် နာဗ်ကြော၊ အာရုံကြောတွေကို အားကောင်းစေတယ်၊ အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

❤️တစ်ရက်ကို ပမာဏဘယ်လောက်သောက်လို့ရပါသလဲ ဆရာ။

💙သောက်ရမယ့်ပမာဏက အသက်အရွယ်ပေါ်မူတည်တယ်၊ တစ်ဦးချင်းဆီရဲ့ရှိနေတဲ့ နောက်ခံရောဂါအခြေအနေပေါ်မူတည်ပြီးတော့ ဆရာဝန်ညွှန်ကြားချက် နဲ့ သောက်သုံးရပါမယ်။ အလွယ်ပြောရရင်တော့ အသက် ၁၈နှစ်အထက် အမျိုးသားတွေ ဆိုရင် ၉၀မီလီဂရမ်သောက်သင့်တယ်။ ၁၈နှစ်အထက် အမျိုးသမီးတွေဆိုရင် ၇၅မီလီဂရမ်လိုတယ်၊ ၁၈နှစ်အထက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် ၈၅မီလီဂရမ် လိုတယ်၊ နို့တိုက်တဲ့ မိခင်ဆိုရင် ၁၂၀ မီလီ ဂရမ်ခန့်လိုပါတယ်။

❤️အသားအရေအတွက်ရော ဘယ်လိုအကျိုးရှိနိုင်ပါသလဲ ဆရာ။

💙အသားအရေအတွက်လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်ကတော့ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ စီလီနီယမ်သတ္တုဓာတ်တွေပေါ့၊ ဘာကြောင့်လိုအပ်လည်းဆိုတော့ နေရောင်ထဲ ထွက်ရင် အသားမဲတာ၊ နေလောင်အသား လောင်တာတွေကို သက်သာစေတယ်။ နေရောင်ကြောင့်ဖြစ်တဲ့အရေးအကြောင်းနဲ့ အစက်အပျောက်တွေကို သက်သာပျောက် ကင်း စေတယ်။

❤️အင်တီအောက်စီးဒင့်ကို ဖြည့်စွက်အနေနဲ့ ၀ယ်ယူသောက်သုံးရင် ဘယ်လို အချက်တွေကို ကြည့်ရပါမလဲ ဆရာ။

💙US (FDA) မှာ အင်တီအောက်စီးဒင့်ကို OTC drug လို့ခေါ်တယ်။ ဆရာဝန်ညွှန်ကြားစာမပါဘဲ မိမိဘာသာဆေးဆိုင်တွေမှာ ၀ယ်လို့ရတယ်။ အင်တီအောက်စီးဒင်သောက်ရင် ထိရောက်မှုက အချက်သုံးချက်ပေါ်မှာ မူတည်တယ်။ လက်ရှိမိမိသောက်နေရတဲ့ဆေးတွေနဲ့ အင်တီအောက်ဆီးဒင့်က တည့်မတည့်၊ ဓာတ်ပြုမှုရှိမရှိသတိထားရပါမယ်။ နောက်တစ်ချက်က အင်တီအောက်ဆီးဒင့် ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။ ထုတ်တဲ့ ကုမ္ပဏီက ဘယ်ကုမ္ပဏီက ထုတ် တာလဲ။ တိကျသေချာတဲ့ဖော်မြူလာနဲ့ ထုတ်ုလုပ်ထားတာမှန်ကန်လားဆိုတာပေါ့။ နောက်ဆုံးတစ်ခုကတော့ အင်တီအောက်ဆီးဒင့်ကိုဘယ်လောက်ကြာကြာသောက်သင့်သလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက် ပိုပြီး အများကြီးသောက်ပြန်တော့လည်း အန္တရာယ်ရှိနိုင်ပါတယ်။

❤️အင်တီအောက်ဆီးဒင့် လိုနေကြောင်း ဘယ်လိုသိနိုင်မလဲ ဆရာ။

💙အသားအရေမွဲခြောက်မယ်၊ အသက်ရွယ်တူတွေထက်ပိုပြီးအိုမင်းရင့်ရော်နေမယ်၊ ဒီနေရာမှာတစ်ခုသတိထားရမှာက ဆေးလိပ်သောက်တဲ့သူတွေမှာ ဘီတာကယ်ရိုတင်း ဆိုတဲ့ အင်တီအောက်ဆီးဒင့်ကို အလွန်အကျွံသောက်လိုက်မိရင် အဆုတ်ကင်ဆာဖြစ်နှုန်းပိုပြီး မြင့်သွားတယ်။ ကိုယ့်ဘာသာဝယ်သောက်လို့ရတာမှန်ပေမယ့် ရေရှည်စွဲသောက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်တာ အကောင်းဆုံးပဲ။ ဥပမာ-ဗီတာမင်အီးက အသားအရေအတွက် ကောင်းတာမှန်ပေမယ့် အမျိုးသားတွေမှာဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းကိုမြင့်တက်စေတယ်။ (လှချင်တဲ့ပုရိသတွေသတိထားပါ) ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တာကိုအားပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေကပြောတယ်။ အမေရိကားမှာ အမျိုးသမီးများကိုလေ့လာမှုအရ ဆေးသောက်တဲ့သူနဲ့ မသောက်တဲ့သူမှာ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ပတ်သက်ရင်လည်း အာနိသင်ထူးထူးခြားခြားမရှိဘူးဆိုတာကိုတွေ့ရတယ်။ အမျိုးသား မှာ စီလီနီယမ်သောက်တာက ဆီးကျိတ်ကင်ဆာကို ကာကွယ်မပေးဘူး၊ သောက်သောက်၊မသောက်သောက် ဘာမှမထူးဘူး။ ဗီတာမင်အီး တစ်မျိုးတည်းသောက်တဲ့သူတွေက ဆီးကျိတ်ကင်ဆာကိုတောင် ပိုဖြစ်စေနိုင်တယ်လို့ ပြောထားတယ်။

❤️အင်တီအောက်စီးဒင့်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို အကြံပြုစကားပြောပေးပါဆရာ။

💙ဖြစ်နိုင်ရင် နေ့စဉ်မိမိစားတဲ့အစားအသောက်ကို အာဟာရစုံလင်အောင်စားပေးပြီး အင်တီအောက်စီးဒင့်ရဖို့ကိုပဲ အားပေးချင်တယ်။ အင်တီအောက်စီးဒင့်ပါတဲ့ အားဆေးတွေ မလိုအပ်ပဲ အလွန်အမင်းသောက်တာမျိုးကို အားမပေးချင်ဘူး။ ရောဂါရှိလို့ အင်တီအောက်ဆီးဒင့်ချို့တဲ့နေတဲ့အတွက် လိုအပ်မှသာ ဆရာဝန်ညွှန်ကြား တဲ့အတိုင်း သောက်ပါ။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်နေတဲ့ရောဂါပေါ်မူတည်ပြီးချိန်ဆရပါတယ်။ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်နိုင်သူတွေဖြစ် တဲ့အတွက် အင်တီအောက်ဆီးဒင့် လိုလို့ သောက်လို့ရတယ်။ အသက်ကြီးလို့ မစားမသောက်နိုင်လို့ လိုအပ်ရင်သောက်နိုင်တယ်။သာမာန်အစားအသောက်ကရနိုင်တဲ့လူတွေအဖို့ကတော့ ကိုယ့်သဘောနဲ့ ကိုယ်မသောက်စေချင်ပါဘူး။

🇲🇲မြန်မာပြည်သူပြည်သားများ ကျန်းမာရေးဗဟုသုတရစေရန်ရည်ရွယ်၍ ဝိချိုင်ဝေ့ဆေးရုံမှ တင်ဆက်ပေးလိုက်ပါသည်၊ ကျန်းမာရွှင်လန်းကြပါစေ။🇹🇭

Vichaivej Myanmar Office
Phone : 09 772 7777 99

01/12/2017
24/11/2017

🇲🇲မြန်မာလူမျိုးများအားထားရာ ဝိချိုင်ဝေ့နှလုံးကုသရေးဌာနပါ။ 🇹🇭

❤️ဝိချိုင်ဝေ့မှာ နှလုံးရောဂါကုရတာ ဈေးနှုန်းတန်လွန်းတယ်လို့လူပြောများပြီး အရည်အသွေးနဲ့ နည်းစနစ်ပိုင်းမှာလဲ ထိုင်းနိုင်ငံထိပ်တန်းစာရင်းဝင်ဆေးရုံဖြစ်ပါတယ်❤️

🙏🏻သွားရောက်ဆေးကုသလိုသောလူနာများအတွက်

- ရောဂါအခြေအနေနှင့်ခန့်မှန်းကုန်ကျစရိတ်တိကျစွာတွက်ပေးခြင်း၊
- လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်စီစဉ်ပေးခြင်း၊
- လိုအပ်သောစာရွက်စာတမ်းများစီစဉ်ပေးခြင်း၊
- စကားပြန်အခမဲ့၊
- လေဆိပ်လာကြိုပေးခြင်း

စသည့်ဝန်ဆောင်မှုများဖြင့် လူနာဟောင်းများသာမက နိုင်ငံရပ်ခြားခရီးသွားအတွေ့အကြုံမရှိသည့် လူနာသစ်များအတွက်ပါ One-Stop Serviceဖြင့် စီစဉ်ဆောင်ရွက်ပေးပါသည်။🙏🏻

Vichaivej Myanmar Office
Help Line : 09 772 7777 99

24/10/2017

⚠️သင့်တွင် အသံတိတ်လူသတ်သမား (သို့) သွေးတိုးရောဂါ အမှန်တကယ်ရှိနေပြီလား?⚠️

👨‍⚕️သုတေသနများအရ မြန်မာနိုင်ငံရှိလူဦးရေ၏ ၂၂ရာခိုင်နှုန်းသည် သွေးတိုးရောဂါနှင့်ဆက်နွယ်ပတ်သက်မှုရှိပါသည်။ သွေးတိုးရောဂါသည် အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ဆီးချိုရောဂါ၊ ဟော်မုန်းမညီမျှမှု၊ ဆေးလိပ်၊အရက်သောက်သုံးမှု၊ လူနေထိုင်မှုဘဝပုံစံ၊ နေ့စဉ်စားသုံးသောအစားအစာနှင့် မျိုးရိုးဗီဇစသဖြင့် အကြောင်းရင်းအမျိုးမျိုးပေါ်တွင်မူတည်၍ ရောဂါဖြစ်ပွားပါသည်။ သွေးတိုးရောဂါဖြစ်ပွားပါက သေချာစွာမကုသလျှင် နောက်ဆက်တွဲရောဂါများဖြစ်သည့် နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် ကျောက်ကပ်ပျက်ဆီးခြင်းတို့ဖြစ်ပေါ်လာကာ အသက်ပင်ဆုံးရှုံးစေနိုင်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိကြောင်းစောလျင်စွာသိရှိရန်နှင့် လိုအပ်သောဆေးဝါးများဖြင့် ထိန်းချုပ်ကုသရန် အလွန်အရေးကြီးပါသည်။ လေ့လာမှုများအရ မြန်မာနိုင်ငံရှိသွေးတိုးရောဂါဖြစ်နေသူများ၏ ထက်ဝက်ခန့်သာ ရောဂါဖြစ်နေကြောင်းသိရှိပြီး လိုအပ်သောဆေးဝါးကုသမှုခံယူနေကြပါသည်။ကျန်၅၀ရာခိုင်နှုန်းသည် မိမိတွင်သွေးတိုးရောဂါရှိမှန်းမသိရှိခြင်းနှင့် ထိရောက်သောကုသမှုမရရှိခြင်းတို့ ကြုံတွေ့နေကြရပါသည်။

🎗သွေးတိုးရောဂါကို အဆင့်သုံးဆင့်ဖြင့် သတ်မှတ်နိုင်ပါသည်။

📍အဆင့်(၁)။ ။
လူတစ်ယောက်သည် ပုံမှန်အခြေအနေတွင် သွေးပေါင်ချိန် 135/85 mmHg နှင့်အထက်ရှိသူများကို အဆင့်(၁)သွေးတိုးရောဂါကနဦးရှိနေသူများဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါသည်။ ထိုသွေးပေါင်ချိန်ရှိသော အသက်၈၀အောက်လူနာများတွင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးကြောင့်ဖြစ်သောမျက်စိဆိုင်ရာရောဂါနှင့် ဆီးချိုရောဂါအစရှိသည့် အခြားရောဂါများရှိမရှိ ထပ်မံစစ်ဆေးရပါသည်။ ရှိနေပါက ကုသမှုစတင်ရပါသည်။ မရှိပါက ဆေးဝါးဖြင့်ကုသရန်မလိုအပ်သေးပဲ အနေအထိုင်၊ အစားအသောက်ဆင်ခြင်ခိုင်း၍ တစ်နှစ်တစ်ကြိမ်ပြန်လည်စောင့်ကြည့်ခြင်းသာပြုလုပ်ပါသည်။
တဖန် ထိုသွေးပေါင်ချိန်ရှိသော အသက်၄၀အောက်လူနာများအတွက်မူ အခြားရောဂါများမရှိပါက ဟော်မုန်းညီမျှမှုရှိမရှိစစ်ဆေးသင့်ပါသည်။ ဟော်မုန်းမညီမျှပါက ပုံမှန်ဖြစ်အောင်ပြန်လည်ကုသပေးပြီး သွေးတိုးရောဂါပါ ပျောက်ကင်းသွားတတ်ပါသည်။ သို့သော် ဟော်မုန်းကြောင့်ဖြစ်သော သွေးတိုးရောဂါသည် ရာခိုင်နှုန်းအားဖြင့်တော့ အလွန်နည်းပါသည်။

📍အဆင့်(၂)။ ။
သာမာန်အချိန်တွင် သွေးပေါင်ချိန်150/95 mmHgနှင့်အထက်ရှိသူကို အဆင့်(၂)သွေးတိုးရောဂါရှိသူဟုသတ်မှတ်နိုင်ပါသည်။ ၄င်းလူနာများသည်မည်သည့်အသက်အရွယ်ပင်ဖြစ်စေကာမူ မဖြစ်မနေဆေးကုသမှုခံယူရပါလိမ့်မည်။

📍အဆင့်(၃) (သို့မဟုတ်) ပြင်းထန်သွေးတိုးအဆင့်။ ။
အပေါ်သွေး(Systolic Blood Pressure) 180 mmHg နှင့်အထက်၊ အောက်သွေး (Diastolic Blood Pressure)110 mmHgနှင့်အထက်ရှိသူများကို အရေးကြီးလူနာများဟုသတ်မှတ်သည်။ ထိုအခြေအနေတွင် လိုအပ်သောကုသမှုများကို ချက်ချင်းကုသမှုခံယူနိုင်ရန်အလွန်အရေးကြီးပါသည်။ သို့မှသာသွေးတိုးကြောင့်ဖြစ်သောနောက်ဆက်တွဲရောဂါဖြစ်သည့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊နှလုံးကြွက်သားပုတ်ခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်းစသည့်တို့ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်ရသော် သာမာန်လူများအဖို့သွေးပေါင်ချိန်ပုံမှန်ချိန်ပေးရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသဖြင့် ရောဂါအခံရှိသူများအတွက်မူ ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါသည်။

🙏🏻အသံတိတ်လူသတ်သမားဟုခေါ်သည့် သွေးတိုးရောဂါကို လက်ဦးမှုရယူခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။🙏🏻

Vichaivej Myanmar Office

Help Line : 09 772 777799

👍ဝိချိုင်ဝေ့ဆေးရုံကြီး၏ pageကို Likeလုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတများ ရရှိနိုင်ပါသည်။👍

17/10/2017

🎗🎗ဝိချိုင်ဝေ့ ဆေးရုံကြီး၏ နှလုံးကုသရေးဌာန (Heart Center) သည်
နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်နည်းစနစ်များအသုံးပြုကာ
ပြည်တွင်း၊ပြည်ပလူနာများအတွက်
သင့်တင့်သောဈေးနှုန်းဖြင့် ပျောက်ကင်းသက်သာအောင်
ကုသဝန်ဆောင်မှုပေးလျက်ရှိပါသည်။🎗🎗

❤️လူနာများ၏နှလုံးကျန်းမာရေးအတွက် နွေးထွေးစွာ ဝန်ဆောင်မှုပေးရန် ကျွန်ုပ်တို့ဆေးရုံကြီး ၏ နှလုံးကုသရေးဌာနမှ အသင့်ရှိနေပါသည်။❤️

Vichaivej Hospital
Myanmar Representative office
Help Line : 09 772 7777 99

03/10/2017

🎆🎆🎆 Wonderful Thadingyut Holiday🎆🎆🎆

ဝါလကင်းလွတ် သီတင်းကျွတ် ပွဲတော်ကြီးနှင့်အတူ🎉🎉🎉

Vichaivej အပြည်ပြည်ဆိုင်ရာဆေးရုံကြီး 🏥🏥🏥 ရဲ့
အထူး အစီအစဉ် တစ်ခု ရောက်ရှိလို့လာပါပြီ ခင်ဗျာ 😱😱😱

နှလုံးဓာတ်မှန်ရိုက်ခြင်း ( Echocardiogram ) အပါအဝင်
အမျိုးပေါင်း (၂၀)ကျော်ပါဝင်တဲ့ ကျန်းမာရေးစစ်ဆေးမှုကို

💟 နှစ်ယောက်စာ🚻 (Super Duo Package)

ပုံမှန်ဈေး ဘတ်ငွေ ၄၈၀၀၀ ⏩⏩ အထူးဈေးနှုန်း ဘတ်ငွေ ၁၉၀၀၀

💟 တစ်ယောက်စာ🚹

ပုံမှန်ဈေး ဘတ်ငွေ ၂၂၀၀၀ ⏩⏩ အထူးဈေးနှုန်း ဘတ်ငွေ ၁၁၀၀၀

အထက်ပါ အထူးလျှော့ဈေးနှုန်းများဖြင့်
ရရှိနိုင်မည့်အပြင် ⬇⬇⬇

အခမဲ့ အနေဖြင့် 🆓🆓🆓

သက်ရှိသွေးဆဲလ်များတိုင်းတာစစ်ဆေးခြင်း ( Live Blood Analysis ) ကိုပါ ရရှိမှာ ဖြစ်ပါတယ်

🎁🎁 လက်ဆောင် အနေနဲ့ ⤵⤵

Super Duo Package ဖြင့် ဆေးစစ်မှုခံယူမည့်သူများအတွက်
14 Resort Hotel 🏫🏫 တွင်
တစ်ညတာ အခမဲ့ တည်းခိုခွင့် ( နံနက်စာမပါ ) ကိုပါ စီစဉ်ပေးသွားမှာဖြစ်ပါတယ် . . .

ဒါ့အပြင်
✈ လေဆိပ်အကြိုအပို့✈ ပါ
ထပ်ဆောင်းစီစဉ်ပေးထားတယ်ဆိုတော့
အတိုင်းထက် အလွန်ပေါ့ . . .

အထူးအစီအစဉ်ကို အသေးစိတ်စုံစမ်းလိုပါက
☎☎ 09 772 7777 99 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်
ခင်ဗျာ

ပျော်ရွှင်ဖွယ် သီတင်းကျွတ်ပိတ်ရက်ကလေး ဖြစ်ပါစေ 🎉🎉🎉

Vichaivej International Hospital
Myanmar Office

အမှတ် (၈၁၀ ) စိမ်း ဂေဟာ (၁) ဗိုလ်ချုပ်အောင်ဆန်းလမ်း
လမ်းမတော်မြို့နယ် ရန်ကုန်မြို့ ။
📞 09 772 7777 99

21/09/2017

" အမျိုးသမီးများ ကျန်းမာစေရာ အာဟာရ "

မည်သည့်အသက်အရွယ်တွင်ပင်ဖြစ်စေ အမျိုးသမီးများ အနေဖြင့်
အောက်ပါ ဗီတာမင်များ လုံလောက်စွာ ရှိနေရန် လိုအပ်ပါသည်။
-ဓာတ်တိုးဆန့်ကျင်သော ဗီတာမင်များ (ဗီတာမင် အေ၊ စီ၊ အီး)-အိုမင်းရင့်ရော်မှုကို လျော့နည်းစေပြီး နှလုံး၊ မျက်လုံး၊ အရေပြားနှင့် ဦးနှောက် ရောဂါများကို ကာကွယ်ပေးပါသည်။
-ဗီတာမင် ဒီ- အရိုးကျန်းမာရေး၊ ဦးနှောက် လုပ်ငန်းဆောင်တာများအတွက် အကူအညီပေးပါသည်။
-ဗီတာမင် ကေ-သွေးခဲစေခြင်း၊ အရိုးသန်မာစေခြင်း၊ နှလုံးကျန်းမာစေခြင်းဖြစ်စေသည်။
-ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင် ဘီ- သွေးအားကောင်းစေခြင်း အပါအဝင် မှတ်ဉာဏ်ကောင်းစေခြင်း စသည်တို့အတွက် အကူအညီပေးပါသည်။
-သံဓာတ်-အမျိုးသမီးငယ်များတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးပါသည်။
-အိုင်အိုဒင်း
-မက်နီဆီယမ်
-ကယ်လ်ဆီယမ်
-အိုမီဂါ ၃ ဖက်တီးအက်ဆစ်

ထိုအာဟာရဓာတ်များသည် ကိုယ်ဝန်ဆောင်များ၊ သတ်သတ်လွတ်စားသူများ၊ အသက် ၅၅နှစ်နှင့် အထက် ဖြစ်နေသူများတွင် ပိုမို လိုအပ်ပါသည်။

ထို့ကြောင့် ထိုအာဟာရဓာတ်များ ကြွယ်ဝသော အစားအစာများ ပိုမိုစားသုံးရမည့်အပြင် အားဆေးများလည်း လိုအပ်ပါက မှီဝဲသင့်ပါသည်။

အောက်ပါလက္ခဏာများ ဖြစ်လာပါက ဗီတာမင် အားဆေးများ ဆရာဝန်နှင့် တိုင်ပင်၍ မှီဝဲသင့်ပါသည်။
-လက်ဖျား ခြေဖျား ထုံကျင်နေပါက ဗီတာမင် ဘီ ချို့တဲ့မှုဖြစ်နိုင်ပါသည်။
-ကြွက်တက်ခြင်း ဖြစ်ပါက ကယ်လ်ဆီယမ်၊ မက်နီဆီယမ်နှင့် ပိုတက်ဆီယမ် ချို့တဲ့မှု
-နှုန်းချိခြင်း၊ အားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း ဖြစ်ပါက ဗီတာမင် ဒီ ချို့တဲ့မှု
-မှတ်ဉာဏ် မေ့လျော့ခြင်းဖြစ်ပါက ဗီတာမင် ဘီတွဲ ချို့တဲ့မှု
-ခံတွင်း အနာများဖြစ်ခြင်း၊ ဆံပင်ရောင်ဖျော့ခြင်းသည် ဖောလစ်အက်ဆစ် ချို့တဲ့မှု
-ညအမြင်ကန်းခြင်း၊ ကြာဆူးများဖြစ်ပါက ဗီတာမင် အေ ချို့တဲ့မှု ဖြစ်နေခြင်း ဖြစ်နိုင်ပါသည်။

My Doctor page တွင် ဖော်ပြထားသော
ရီချို (ဆေး ၁ ) ၏ ဆောင်းပါးလေးကို ဗဟုသုတ အလို့ငှာ
ကူးယူ ဖော်ပြလိုက်ရပါသည် ။

Vichaivej Myanmar Office
Help Line : 09 772 7777 99

Credits to
#ရီချို(ဆေး ၁)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

No. 810 Seinn Gay Har (1) Bogyoke Aung San Street LannMaDaw Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00