P'Seoul Myanmar
၀က်ခြံကင်းကာ တစ်ပတ်အတွင်း ကြည်လင်ဖြူ၀င်းသော မျက်နှာအသားရေလေး ပိုင်ဆိုင်ရရှိစေသော P'Seoul
01/02/2026
🍜 ခေါက်ဆွဲခြောက်နဲ့ အလှအပရေးရာ ဆိုးကျိုးများ
ခေါက်ဆွဲခြောက်က မြန်ဆန်ပြီး စားလို့ကောင်းပေမယ့် အလွန်အကျွံစားသုံးရင် သင့်ရဲ့ အလှအပကို အခုလို ထိခိုက်စေနိုင်ပါတယ်။
၁။ မျက်နှာဖောင်းအစ်ခြင်း (Puffy Face)
* ခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ Sodium (ဆားဓာတ်) မြင့်မားမှုကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်စုမိပြီး မနက်နိုးလာတဲ့အခါ မျက်နှာနဲ့ မျက်အိတ်တွေ ဖောင်းအစ်နေတတ်ပါတယ်။
၂။ ဝက်ခြံနဲ့ အရေပြားပြဿနာ
* ခေါက်ဆွဲခြောက်ထဲမှာပါတဲ့ တာရှည်ခံပစ္စည်းတွေနဲ့ ပြည့်ဝဆီတွေက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို ဖြစ်စေပြီး ဝက်ခြံထွက်တာနဲ့ အသားအရေ ကြမ်းတမ်းတာတွေကို ဖြစ်စေပါတယ်။
၃။ အသားအရေ ခြောက်သွေ့ခြင်း
* ဆားဓာတ်များတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ဆွဲထုတ်လိုက်သလို ဖြစ်စေပြီး အသားအရေကို ခြောက်သွေ့ကာ အရေးအကြောင်းတွေ စောစီးစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
၄။ ဗိုက်ခေါက်ထွက်ခြင်း
* ကစီဓာတ် (Carbs) နဲ့ အဆီဓာတ်ပဲ အဓိကပါဝင်တာကြောင့် ကိုယ်အလေးချိန် တက်လွယ်စေပြီး အထူးသဖြင့် ခါးနဲ့ ဗိုက်မှာ အဆီစုတာ ပိုမြန်စေပါတယ်။
✨ အလှမပျက်အောင် ဘယ်လိုစားမလဲ?
တကယ်လို့ မဖြစ်မနေ စားရတော့မယ်ဆိုရင်...
* အမှုန့်ထုပ်ကို တစ်ဝက်ပဲ ထည့်ပါ။
* အသီးအရွက်နဲ့ ကြက်ဥ/အသား တစ်မျိုးမျိုး ထည့်စားပါ။
* စားပြီးရင် ရေများများသောက်ပေးဖို့ မမေ့ပါနဲ့။
အလှအပကို ချစ်မြတ်နိုးတယ်ဆိုရင်တော့ အသင့်စား ခေါက်ဆွဲခြောက်တွေကို လျှော့စားပြီး လတ်ဆတ်တဲ့ အစားအစာတွေကို ပိုဦးစားပေးကြရအောင်နော်။ 💖
31/01/2026
တစ်နေ့လုံး ဘာမှလုပ်ချင်စိတ်ကိုရှိမနေဘူးကွာ😟
စိတ်တွေညစ်ငြူးပြီး ဘာတစ်ခုမှစိတ်အလိုမကျဘူး😔
မှိုင်တွေမနေနဲ့ ဒီကိုလာ Orange Emulsion လေးနဲ့
လန်းဆန်းလိုက် 🍊
သဘာဝလိမ္မော်သီးလေးရဲ့ အဆီအနှစ်တွေ အပြည့်အဝနဲ့စီမံဖော်စပ်ထားတဲ့ P'Seoul ရဲ့ Orange Emulsion လေးဟာ မျက်နှာပေါ်ကအမဲစက်တွေကိုဖယ်ရှာပေးပြီး နဂိုထက် အဆပေါင်းများစွာ ကြည်လင်ဖြူဝင်းစေနိုင်လို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေနိုင်တာပေါ့ 🤗
လိမ္မော်သီးရနံ့ သင်းသင်းလေးကြောင့်လည်း
စိတ်ကိုကြည်လင်ရွှင်လန်းဆန်းစေမှာ အသေချာပဲနော် ✅✅✅
Light Weight ဖြစ်ရုံသာမကအသားရေအတွင်းပိုင်းအထိကိုအမြန်ဆုံး စိမ့်ဝင်လွယ်တဲ့အပြင် စေးကပ်မှုလုံးဝ လုံးဝကိုမရှိတာကြောင့် သုံးဖူးသူတိုင်းအကြိုက်ဖြစ်နေတာပေါ့💛💛💛
ဒါကြောင့် ညစ်ငြူးနေတဲ့ စိတ်ကို P'Seoul Orange Emulsion လေးသုံးပြီး တစ်နေကုန် Fresh Fresh Fresh လိုက်တော့နော် ✨✨✨
30/01/2026
💇♀️ ဆံပင်တွေ တရစပ်ကျွတ်နေလို့ စိတ်ညစ်နေပြီလား?
ခေါင်းဖြီးလိုက်တိုင်း၊ ရေချိုးလိုက်တိုင်း ဆံပင်တွေအများကြီး ပါလာတာမျိုးက တကယ်ကို စိတ်ဖိစီးစေပါတယ်။ ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းရင်းတွေကို သိထားမှ မှန်ကန်တဲ့ ကုသမှုကို လုပ်ဆောင်နိုင်မှာပါ။
📌 ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းရင်း (၅) ချက်
၁။ စိတ်ဖိစီးမှု (Stress)
* အလုပ်ခွင် ဒါမှမဟုတ် နေ့စဉ်ဘဝမှာ စိတ်ပင်ပန်းမှုများတာက ဆံပင်ကျွတ်ခြင်းရဲ့ အဓိကတရားခံပါ။
၂။ အာဟာရချို့တဲ့ခြင်း
* ခန္ဓာကိုယ်မှာ Iron (သံဓာတ်)၊ Protein နဲ့ ဗီတာမင်ဓာတ်တွေ နည်းပါးနေရင် ဆံပင်သား အားနည်းတတ်ပါတယ်။
၃။ ဟော်မုန်းအပြောင်းအလဲ
* အထူးသဖြင့် အမျိုးသမီးတွေမှာ မီးဖွားပြီးစအချိန် ဒါမှမဟုတ် သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းကြောင့် ဆံပင်အမြောက်အမြား ကျွတ်တတ်ပါတယ်။
၄။ ဓာတုပစ္စည်းများနှင့် အပူ
* ဆံပင်ခဏခဏ ဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာတွေကြောင့် ဆံသားအမြစ်တွေ အားနည်းသွားတတ်ပါတယ်။
၅။ မျိုးရိုးဗီဇနှင့် ရောဂါအခံ
* တချို့ကတော့ မျိုးရိုးကြောင့် ကျွတ်တာမျိုးရှိသလို၊ မှိုပိုးဝင်တာ ဒါမှမဟုတ် သိုင်းရွိုက် (Thyroid) ဝေဒနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အကြံပြုချက်: ဆံပင်ကျွတ်တာကို သက်သာစေဖို့ အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ၊ ဆံပင်ကို အရမ်းတင်းကျပ်အောင် စည်းတာမျိုး ရှောင်ကြဉ်ပါ။
အကယ်၍ ပုံမှန်ထက်ပိုပြီး အလွန်အမင်း ကျွတ်နေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပြုပါရစေရှင်။ ✨
29/01/2026
Freshဖြစ်စေပြီး ရေဓာတ်အပြည့်အဝဖြည့်ပေးနိုင်မဲ့ Vitamin Cပါတဲ့ Emulsion ရှာနေရင် 150mlကို 13,000ကျပ်ထဲနဲ့ P'Seoul Myanmarရဲ့ Emulsifier Lotionလေးကို tryကြည့်ပါ🍊
သူ့ကို မိုးသုံးလိုက်တဲ့အချိန်တိုင်း မိုး၁၈/၁၉လောက်က ကောင်လေးနဲ့dateခဲ့တာတွေကို ခနခနသတိရသွားတယ်🥲
ပစ္စည်းတခုကိုသုံးရင် အရင်ဆုံးမျက်နှာပေါ်တင်တာနဲ့
သူ့အနံ့အရင်ရကြတာမလား။
ဒီ P'Seoulရဲ့ Emulsifier Lotionလေးရဲ့အနံ့ကလေ
အရှင်းဆုံးမြင်အောင်ပြောရရင် ရှေ့ဆောင်တို့၊နေပြည်တော်တို့မှာ ရုပ်ရှင်သွားကြည့်ရင် cinemaထဲဝင်ဝင်ချင်းရတဲ့ ဈေးကြီးတဲ့ လိမ္မော်သီး air-fresher အနံ့လေးပါ🥺
လိမ်းနေရင်း အဲ့အချိန်တုန်းက အမှတ်တရတွေ ခေါင်းထဲဝင်ဝင်လာရော😭
မိုးဆို ရုပ်ရှင်သွားကြည့်တိုင်း အဲ့အနံ့လေးကိုကြိုက်လွန်းလို့ စိတ်ထဲစွဲနေတာ🥺
ဒီP'Seoulရဲ့ Emulsifier Lotionလေးက150mlကို 13,000ကျပ်ပဲပေးရတယ်။ Korea Skincareတွေထဲမှာ ဈေးတော်တော်သင့်တဲ့ထဲပါတယ်။ နေ့/ည (နေ့တိုင်း)သုံးရင်တောင် ၅လလောက်အသာလေးပဲ။
သူက Moisturizerအစားထိုးသုံးလို့ရတယ်။ အသားအရမ်းခြောက်သူတွေကတော့ သူ့လိမ်းပြီး Moisturizerထပ်သုံးလို့လဲရပါတယ်။
သူမှာပါတဲ့ Ingredient တွေက ရှယ်တွေပဲမို့ နေ့တိုင်းလိမ်းရင် မျက်နှာလေးဖြူလာပါတယ်။ အသားလည်းစိုပြီးညီလာတယ်။
အနံ့ပါတဲ့အတွက် Fragrance နဲ့မတည့်တဲ့ Sensitive skinသမားတွေကတော့ အဆင်မပြေလောက်ဘူးနော်💜
သူ့မှာက...
👉Vitamin C ပြည့်ပြည့်ဝဝပါတဲ့အတွက် အသားဖြူလာပြီး ညီလာစေပါတယ်။
👉Isopropyl Myristateပါတဲ့အတွက် အရေပြားစုပ်ယူနိုင်စွမ်းကိုမြှင့်တင်ပေးတာကြောင့် သူ့လိမ်းပြီး အခြားပစ္စည်းတွေထပ်လိမ်းရင်လည်း ပိုမိုထိရောက်ပါတယ်။ ရေဓာတ်ကိုလည်း မျက်နှာပေါ်မှာ အကြာကြီးထိန်းထားပေးနိုင်ပါတယ်။
👉Beeswaxပါတဲ့အတွက် ရာသီဥတုပြင်းထန်မှုကြောင့် (ဥပမာ-နေရောင်ခြည်ပြင်းထန်မှုကြောင့်နေလောင်သွားတာမျိုး)၊ အပြင်ပတ်ဝန်းကျင်ကြောင့် အရေပြားယံတာတွေမဖြစ်အောင် မျက်နှာပြင်အပေါ်မှာအလွှာတလွှာဖွဲ့ပြီးကာကွယ်ပေးပါတယ်။
👉Glycerinပါတဲ့အတွက် skin irritation ဖြစ်တာကို ကာကွယ်ပေးပြီး Skin Barrierလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
👉Stearic Acidက ရေဓာတ်ဆုံးရှုံးမှုကို ဆန့်ကျင်ပေးပြီး မျက်နှာအရေပြားကို ပြန်လည်ကျန်းမာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်
👉Hydrolyzed Collagen ပါဝင်နေတဲ့အတွက်လည်း အရေပြား ageing ဖြစ်ချင်းကို လျော့ကျစေပြီး ငယ်ရွယ်နုပျိုလာစေပါတယ်။
သူ့ကိုလိမ်းပြီး ၁၀/၁၅မိနစ်လောက်နေလို့ မိတ်ကပ်လိမ်းရင် မိတ်ကပ်သားက ညပ်ပြီး တနေကုန်မိတ်ကပ်သားတက်နေတယ်🥹💜
သူ့မှာပါဝင်တဲ့ပစ္စည်းတွေက များတဲ့အတွက် အရေးကြီးတဲ့ ပစ္စည်းတွေလောက်ပဲမိုးရှင်းပြထားပါတယ်ရှင့်💓
ဝက်ခြံသမားနဲ့ sensitive သမားတွေကတော့ မဝယ်ခင် ပါဝင်ပစ္စည်းတွေ သေချာဖတ်ပြီး မှဝယ်ပါနော်။ Vitamin Cပါနေတဲ့အတွက် activeဖြစ်နေတဲ့ ဝက်ခြံသမားတွေအတွက်တော့ မိုးအနေနဲ့ recommend မလုပ်ပါဘူးနော်။
အသားခြောက်သူ၊ normal အသားအရေရှိသူ၊ combination skinနဲ့ oily skinတို့က သုံးလို့ရပါတယ်နော်။ Oily Skinသမားတွေက သူနဲ့တင်ပြီးတယ်နော် နောက်က moisturizerထပ်လိမ်းစရာမလိုပါဘူးရှင့်💓
နေ့ဘက်လိမ်းမယ်ဆိုရင်တော့ Suncream မဖြစ်မနေလိမ်းပေးကြပါနော်😘💜
ကဲ..မျက်နှာလေးဖြူပြီး အသားစိုညီလာချင်ရင် tryကြည့်ကြနော်🍊💜
28/01/2026
🥕 လှပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့ မုန်လာဥနီကို အဖော်ပြုစို့ 🥕
ဖြူဝင်းစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင် ဈေးကြီးတဲ့ Skincare တွေတင်မကဘဲ မီးဖိုချောင်ထဲက မုန်လာဥနီ (Carrot) ကိုလည်း သတိရပေးပါဦးနော်။
✨ မုန်လာဥနီက သင့်အသားအရေကို ဘယ်လိုကူညီပေးသလဲ?
၁။ နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်
* မုန်လာဥနီမှာပါတဲ့ Beta-carotene ဟာ အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
၂။ အသားအရေကို ဝင်းပစေတယ်
* Vitamin C အပြည့်အဝပါဝင်လို့ အသားအရေကို ကြည်လင်ဝင်းပစေပြီး သဘာဝအတိုင်း Glow စေပါတယ်။
၃။ အရေးအကြောင်းတွေကို လျော့ပါးစေတယ်
* Antioxidants တွေ ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အသားအရေကို တင်းရင်းနုပျိုစေပါတယ်။
၄။ ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေတယ်
* ဗီတာမင် A ကြွယ်ဝမှုက အသားအရေမှာရှိတဲ့ အဆီပြန်မှုကို ထိန်းညှိပေးလို့ ဝက်ခြံထွက်ခြင်းကို လျော့ကျစေပါတယ်။
💡 နည်းလမ်းကောင်းလေးများ
* စားပေးပါ
မုန်လာဥနီကို ဖျော်ရည်လုပ်သောက်တာ ဒါမှမဟုတ် အသုပ်ထဲထည့်စားတာက အတွင်းပိုင်းကနေ လှပစေပါတယ်။
* ပေါင်းတင်ပါ
မုန်လာဥနီကို ကြိတ်ပြီး ပျားရည်လေးနဲ့ ရောကာ ၁၅ မိနစ်ခန့် မျက်နှာပေါင်းတင်ပေးရင် အသားအရေကို ချက်ချင်းစိုပြေသွားစေမှာပါ။
"လှပခြင်းဆိုတာ ကျန်းမာခြင်းကနေ စတင်တာပါ" 🧡
#သဘာဝအလှအပ #မုန်လာဥနီ
အရမ်း သုံးရ လွယ်ကူပြီး သိသာတဲ့ရလဒ်ကို ရရှိစေမဲ့ P'Seoul ရဲ့ Emulsion Lotion ကို သဘာ၀ လိမ္မော်သီး Extract နဲ့ ပြုလုပ်ထားရုံသာမက Vitamin C ကြွယ်၀ပြီး
အခြားသော သဘာ၀ အားဖြည့် Vitamin များ ဖြင့် ထုတ်လုပ်ထားလို့မျက်နှာလေးကို ဖွေးအု နုဖက်
တင်းရင်း စိုပြေစေမှာ ပါရှင်...🍊🍊🍊
အမြဲ နုပျို လှပဖို့ P'Seoul ကို
သုံးကြစို့ ~💛💛💛
26/01/2026
👂 နားသန့်ရှင်းရေး လုပ်တဲ့အခါ ဒါတွေကို
သိထားပြီးပြီလား❓ 👂
ကျွန်တော်တို့ နားထဲမှာရှိတဲ့ "နားဖာချေး" ဆိုတာ တကယ်တော့ နားထဲကို ဖုန်မှုန့်နဲ့ ပိုးမွှားတွေ မဝင်အောင်
ကာကွယ်ပေးတဲ့ သဘာဝအကာအကွယ်လွှာ တစ်ခု
ဖြစ်ပါတယ်။
လူအတော်များများက နားသန့်ရှင်းရေးလုပ်ရင် နားကြပ်တံ (Cotton Bud) နဲ့ နားထဲအထိ ထိုးထည့်ပြီး ကော်တတ်ကြပါတယ်။ ဒါဟာ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိပါသလား?
❌ ရှောင်ကြဉ်သင့်သည့် အချက်များ
* နားကြပ်တံဖြင့် ထိုးခြင်း: နားဖာချေးတွေကို အပြင်ထွက်မလာစေဘဲ နားစည်နားရောက်အောင် ပိုတွန်းပို့သလို ဖြစ်စေပြီး နားပိတ်ခြင်း၊ နားစည်ထိခိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။
* ချွန်ထက်သော အရာများသုံးခြင်း: ကလစ်၊ တံစို့ စတာတွေနဲ့ ကော်ခြင်းက နားတွင်းနံရံကို ပွန်းပဲ့စေပြီး ပိုးဝင်ရောင်ရမ်းစေပါတယ်။
✅ မှန်ကန်သော နားသန့်ရှင်းရေး နည်းလမ်း
၁။ အပြင်ဘက်ကိုသာ သန့်ရှင်းပါ
* ရေချိုးပြီးချိန်မှာ နားအပြင်ဘက် နားရွက်ခွက်လေးတွေကို နူးညံ့တဲ့ အဝတ် (သို့) ဂွမ်းနဲ့ သုတ်ပေးရုံနဲ့ လုံလောက်ပါတယ်။
၂။ သဘာဝအတိုင်း ထွက်ပါစေ
* နားဖာချေးတွေဟာ စကားပြောတဲ့အခါ၊ အစာစားတဲ့အခါ မေးရိုးလှုပ်ရှားမှုကြောင့် အပြင်ဘက်ကို သူ့အလိုလို ထွက်လာတတ်ပါတယ်။
၃။ နားအစက်ချဆေးသုံးပါ
* နားဖာချေး ပိတ်ဆို့ပြီး နားအူတာ၊ အကြားအာရုံ လျော့နည်းတာမျိုး ဖြစ်ရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးရည်ဖြင့် ပျော့အောင်လုပ်ပြီးမှ ဖယ်ရှားပါ။
⚠️ အရေးကြီးသတိပေးချက်
* နားထဲက ပြည်ထွက်ခြင်း၊ နာကျင်ခြင်း (သို့) အကြားအာရုံ ရုတ်တရက် လျော့နည်းသွားခြင်းများ ရှိပါက နား၊ နှာခေါင်း၊ လည်ပောင်း အထူးကုဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
နားလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ဂရုစိုက်ကြပါစို့။ ❤️
#နားကျန်းမာရေး #နားသန့်ရှင်းရေး
26/01/2026
P'Seoul Orange Emulsion လေးကိုသုံးရင်
ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ ❓
1. မျက်နှာပေါ်ကအလှဖျက်တဲ့အမဲစက်တွေကိုသက်သာပျောက်ကင်းစေမယ် 🍊
2. မျက်နှာအသားရေကို တင်းတင်းရင်းရင်းဖြစ်စေမယ်🍊
3. Vitamin C ရဲ့အစွမ်းကြောင့် မျက်နှာလေးကို
နဂိုထက် ၂ဆ ဖြူဝင်းစေပြီး ကြည်ကြည်စိုစိုလေးဖြစ်စေမယ်🍊
4. တင်းတိတ်များကိုလည်းသက်သာစေမယ်🍊
5. နေလောင်ခြင်းကြောင့်အသားအရေမညီညာခြင်းကိုလည်းပျောက်ကင်းစေပါတယ် 🍊
P'Seoul Orange Emulsion လေးကိုသုံးရင်တော့ဒီလိုအကျိုးကျေးဇူးတွေရရှိနိုင်မှာအသေအချာပဲပေါ့💯✅✅✅
ဒါကြောင့် အသားအရေတိုင်းနဲ့သင့်တော်သလို
စျေးနှုန်းလဲချို Quality လည်းကောင်းမွန်တဲ့ P'Seoul ရဲ့ Orange Emulsion ကိုအခုပဲဝယ်လိုက်ကြရအောင် 💛💛💛
25/01/2026
သူများလှတာ အားကျနေရတဲ့သူမဖြစ်အောင်
မင်မင်က ဒီနေ့ မှန်ကန်တဲ့ Skincare နည်းကို
ပြောပြပေးချင်ပါတယ်😎
အဆင့်ဆင့် လေးနဲ့ ပြောပေးပါ့မယ်🤗
၁။ Cleansing Oil ❣
(ဒါက မိတ်ကပ် လိမ်းထားတဲ့အချိန်ဆိုချွေးပေါက်ကြားထဲ မိတ်ကပ်တွေ မကျန်အောင် အဆီဖုတွေ
မဖြစ်အောင် ကာကွယ်ပေးမဲ့ မိတ်ကပ်တွေကို အတွင်းဆုံးထိ သန့်စင်ပေးတဲ့အရာလေးမို့ အရမ်း
လိုအပ်ပါတယ်)✅✅✅
၂။ Facial Cleanser ❣
( နေ့တိုင်းသုံးနေတဲ့ မျက်နှာသစ်ဆေးပေမဲ့ ကိုယ့်အသားရေ နဲ့ လိုက်ဖက်ပြီးအန္တရာယ်ကင်းစိတ်ချရမဲ့ ဟာကို သေချာရွေးချယ်၀ယ်ယူပါ။)✅✅✅
၃။ Toner ❣
တကယ်လို့ မျက်နှာကို သေချာ မသစ်မိတဲ့အခါတွေမှာ မိတ်ကပ်တွေဖုန်တွေက ကျန်တတ်တာကြောင့်
Toner ကို cotton pad လေးနဲ့သုံးပေးရင် ထပ်မံ
သန့်စင်သွားစေပြီးချွေးပေါက်လဲကျဥ်း အသားရေလဲစိုပြေ ချောမွေ့စေပါတယ်✅✅✅
၄။ Serum ❣
အသားရေ အတွင်းပိုင်းထိစိမ့်၀င်လွယ်ပြီး တစ်နေ့လုံး စိုပြေနေစေကာ ပိုပို ကောင်းမဲ့ အသားရေ
ရအောင် ပြုပြင်ပေးမဲ့သူလေးပါ✅✅✅
၅။ Emulsion ❣
ရှေ့ကလိမ်းထားတဲ့ Skincare၊နောက်လိမ်းမဲ့အရာတွေအားလုံးကိုအမြင့်မားဆုံး အကောင်းဆုံးဖြစ်အောင်လိုတာ မှန်သမျှ အကောင်းဆုံး ဖြည့်တင်း
ပေးပြီး ဖြူ၀င်းကြည်လင်လာစေပါတယ်✅✅✅
မျက်နှာနေလောင်ထားလို့ မဲနေသူများ
အသားရေ မညီသူများ ဖြူဖြူကြည်ကြည်
လေးနဲ့ ကိုရီးယားမလေးတွေလို လှဖို့
Emulsion ကလည်း အရမ်း လိုအပ်လာပြီ✅✅
P'Seoul လိမ္မော်သီး Emulsion လေးကတော့ Vitamin C အဆပေါင်းများစွာပါဝင်ပြီး ဖြူဥသွားစေလို့ မျက်နှာလေးဖြူဖြူကြည်ကြည် ဖြစ်ချင်သူတိုင်းဆောင်ထားပါ🍊🍊🍊
၆။ Moisturizer ❣
တစ်နေ့လုံး Glow ပြီး စိုအိကာ အသားခြောက်ခြင်း သာမကရေဓါတ်ဖြည့်ပေးလို့ အဆီပြန်တာပါ
သက်သာသွားစေတဲ့ အာနိသင် အများကြီး ရှိပါတယ်✅✅✅
၇။ Sunscreen ❣
Sunscreen မသုံးရင် သူများထက် အသက် မြန်မြန်ကြီးပြီးအိုမယ်။အမဲစက်တွေ ဖြစ်လာလို့
ဘယ်လောက်ဖုံးဖုံး မနိုင်တော့ဘူး။
အရေးအကြောင်းတွေကြောင့် အဘွားကြီး
ကတောင် အဘွားပြန်ခေါ်တာ ခံရမယ်။
ဘယ်ဟာလိမ်းလိမ်း ဖြူတော့မှာ မဟုတ်လို့
မဖြစ်မနေ အပြင်ထွက်ခါနီးတိုင်း လိမ်းပေးမှ
ကို ဖြစ်ပါမယ်✅✅✅
မနက်ဆိုရင်တော့ Sunscreen ပေါ့🌞
ညဆိုရင်တော့🌙
၈။ NightCream လေး လိမ်း အိပ်ပါ။✅
ဒါဆို ချစ်တို့ Skin Care တတ်သွားပြီး
ပိုပိုလှလာ ဖို့ပဲ ရှိပါတော့တယ်😍😍😍
အစဥ်အမြဲနုပျိုလှပဖို့ P'Seoul ကို
သုံးကြစို့ ~💛💛💛
24/01/2026
🌸 ရင်သားမှာ အကျိတ်စမ်းမိတိုင်း ကင်ဆာလား❔
သိထားသင့်တဲ့ အချက်များ 🌸
အမျိုးသမီးတော်တော်များများဟာ မိမိရဲ့ ရင်သားမှာ အလုံးအကြိတ်တစ်ခုခု စမ်းမိပြီဆိုတာနဲ့ အရမ်းစိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ရင်သားမှာစမ်းမိတဲ့ အကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမဲ့ မပေါ့ဆသင့်တဲ့အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
✅ ရင်သားအကျိတ် အမျိုးအစားများ
၁။ အဆီကျိတ်/အသားကျိတ် (Fibroadenoma)
* ဒါကတော့ အဖြစ်အများဆုံးပါ။ နာကျင်မှုမရှိဘဲ လုံးချောနေတတ်ပြီး လက်နဲ့တွန်းရင် ရွေ့လျားတတ်ပါတယ်။
၂။ ရေအိတ် (Cyst)
* ရင်သားအတွင်းမှာ အရည်အိတ်လေးတွေ ဖြစ်ပေါ်တာပါ။ ရာသီလာခါနီးရင် ပိုပြီးတင်းလာတတ်ပါတယ်။
၃။ ရင်သားကင်ဆာ (Breast Cancer)
* အကျိတ်က မာကျောနေမယ်၊ ပုံစံမမှန်ဘူး၊ အရေပြားနဲ့ ကပ်နေမယ်ဆိုရင်တော့ သတိထားရပါမယ်။
⚠️ ဘယ်လိုလက္ခဏာဆိုရင် ဆရာဝန်ပြသင့်သလဲ?
* အကျိတ်က တဖြည်းဖြည်း ကြီးလာတာ။
* ရင်သားအရေပြားက လိမ္မော်သီးခွံလိုမျိုး ချိုင့်ဝင်သွားတာ/ အဖုအထစ်တွေဖြစ်လာတာ။
* နို့သီးခေါင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်တာ (အထူးသဖြင့် သွေးပါတာ)။
* နို့သီးခေါင်း အတွင်းဘက်သို့ ချိုင့်ဝင်သွားတာ။
💡 အကြံပြုချက်
အသက် (၂၀) ကျော်ကတည်းက တစ်လတစ်ကြိမ် မိမိဘာသာ စမ်းသပ်စစ်ဆေးတဲ့ အလေ့အကျင့်လုပ်ပါ။ ရာသီလာပြီး တစ်ပတ်အကြာမှာ စမ်းသပ်တာ အကောင်းဆုံးပါ။
> "စောစောသိ၊ စောစောကုသတာက အသက်ကို ကယ်တင်နိုင်ပါတယ်"
မိမိကိုယ်ကို ချစ်မြတ်နိုးပြီး ကျန်းမာရေးကို ဂရုစိုက်ကြပါဦးရှင်။ 💖
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon