Skinventure

Skinventure

Share

Skincare means self-care ဆိုတဲ့အတိုင်း လှပဖို့နဲ့ ယုံကြည်မှုအပြည့်ရှိဖို့အတွက် skincare လေး​တွေဝယ်မယ်ဆိုရင် စျေးနှုန်းချိုသာတဲ့ ဆိုင်ကလေးကို သတိရပေးပါရှင်

14/05/2026

အသားအရေအတွင်းပိုင်းအထိ ကျန်းမာစိုပြေတာကို ပိုင်ဆိုင်ချင်သူတွေအတွက် Supplements သောက်မယ်ဆိုရင် Shiseido Pure white drink လေးရှိပါတယ်နော်..

အသက် (၂၅) နှစ်နောက်ပိုင်းဆိုရင် အရေပြားအတွင်းပိုင်းမှာ Collagen တွေလျော့နည်းလာတာကြောင့် အသားအရေတင်းရင်းမှုမရှိခြင်း၊အရေးအကြောင်းတွေဖြစ်လာခြင်းစတာတွေဖြစ်ပေါ်လာတယ်နော်။ အဲ့တာတွေကို သက်သာစေဖို့အတွက် supplement အနေနဲ့ပြန်ဖြည့်ပေးဖို့ဆိုရင် ယုံကြည်စိတ်ချရတဲ့ Japan နိုင်ငံထုတ် Shiseido Collagen ရှိပါတယ်နော်။

✅ Vitamin C လည်းပါလို့ သီးသန့်ထပ်သောက်စရာမလိုတော့ဘဲ အသားရေကိုအတွင်းပိုင်းကနေသိသိသာသာ ကြည်လင်စေပါတယ်။
✅ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေကို မှိန်စေတာ၊ နေလောင်ထားလို့ အသားရေညစ်နေတာတွေကိုလည်း သက်သာစေပြီး glow skin လေးရစေပါတယ်။
✅ Collagen မပါတာကြောင့် သောက်နေကြ collagen နဲ့ တွဲသောက်လို့လည်းရပါတယ်။သူ့ရဲ့အရသာကလေ အသီးအရသာချိုချိုချဉ်ချဉ်လေးဖြစ်လို့ သောက်လို့လည်းကောင်းတယ်နော်။

သူကလေ စျေးများတယ်လို့ထင်ရပေးမဲ့ တော်တော်ထိရောက်တဲ့ collagen ဖြစ်လို့ နာမည်ကြီးနေတာပါနော်.အသက် ၂၅ နှစ်လောက်ကနေစပြီးတော့ သောက်လို့ရပါတယ်နော်။

‼‼သတိထားရမှာကတော့ Collagenတွေသောက်ရင် ရေကို လုံလောက်အောင် သောက်ပေးပါနော်။ ရေကို အရမ်းအများးကြီးသောက်ရင်လည်း ကျောက်ကပ် ပင်ပန်းပါတယ်နော်။

❌ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များ၊ ရေရှည်ဆေးဝါးသောက်သုံးရသူများ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်သုံးပေးပါရှင်။

1Boxမှာ 50Ml 10 ဗူး ပါဝင်ပါတယ်ရှင်
Price- 130,000 ks
Made in Japan🇯🇵, Exp -2027/5
✅100% Authentic မို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်😘😘

အမ Pann Sabal ရဲ့ review link လေးပါနော်..
https://www.facebook.com/Pannsabal4/posts/pfbid0J1c9bJrTg6riV4a3rHZPd9uzZ4FU94dMXYQZ3mYeu6SnY5EuJQeT6j9TJbsx29Yrl

Vpnအဆင်မပြေရင် Telegram channel လေးကနေလည်းမှာလို့ရပါတယ်နော်🫶🏻
https://t.me/skinventure

📣Instock ရှိသောကြောင့် ပစ္စည်း order များကို အပတ်စဥ် Monday, Wednesday & Friday နေ့များတွင် deli အပ်ပေးပါတယ်ရှင်။နေ့ရက်/အချိန်အတိအကျပို့ခြင်း၊ နေ့ချင်းပို့ deli များ နှင့် ရက်လော order များအား အပ်ပေးလို့မရနိုင်တာကိုလည်း နားလည်ပေးပါရှင်။

✅ရန်ကုန်/ မန္တလေး(မြို့တွင်း) အိမ်ရောက်ငွေချေရပါတယ်
✅ကျန်မြို့များ - ငွေကြိုလွှဲ (သို့) စရံငွေ (10,000ks)ပေးပြီးကျန်ငွေကိုအိမ်ရောက်ငွေချေရပါတယ်။
✅KBZ Pay, AYA Pay, UAB Pay Available

📣📣‼ပစ္စည်း order များကို deli အရှေ့တွင်ဖောက်စစ်ပြီးမှ လက်ခံပေးပါရှင်။မှာယူထားသော ပစ္စည်းများ ဟုတ်/မဟုတ်, အရေအတွက်မှန်/မမှန် တစ်ခါတည်းစစ်ဆေးပြီး လက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။ လက်ခံပြီးပစ္စည်းများ ပြန်မလဲပေးပါရှင်‼

❤️ဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ Thank you for your support of our small business. It means a lot to us.

Disclaimer: Please note that no copyright infringement is intended, and we do not own or claim to own any of the listed brands used in this post. All trademarks and brand names are the property of their respective owners. This product is offered for resale purposes only.

Photos from Treasure by Thar Phyoe's post 05/05/2026

Budget save ဖြစ်တဲ့ Soone brand လေး instock ရပါတယ်နော်

Photos from Skinventure's post 03/05/2026

အခုခေတ်စားနေတဲ့ PDRN သုံးချင်သူတွေအတွက် Anua serum လေးလည်းရှိတယ်နော်

သူ့မှာ PDRN + Hyaluronic acid+ Collagen တို့ပါလို့ အသားရေကိုတင်းရင်းစေပြီး အစိုဓါတ်ကိုနက်ရှိုင်းစွာပေးစွမ်းနိုင်လို့ glass skin ကိုရရှိစေပါတယ်..

နောက်ပြီး ပျက်စီးနေတဲ့ skin barrier ကိုပြန်လည်အားဖြည့်ပေးပြီး အရေးအကြောင်းတွေကိုပါသက်သာလာစေတဲ့အတွက် ချောမွေ့ကြည်တောက်တဲ့မျက်နှာအသားရေလေးကိုပိုင်ဆိုင်စေပါတယ်..

၃စက္ကန့်အတွင်း deep hydration ပေးနိုင်ပြီး သိသာတဲ့ radiant glow ကို ရရှိစေပါတယ်.

Photos from Skinventure's post 03/05/2026

မင်မင်မအားလို့ post တွေမတင်ဖြစ်ပေမဲ့ လိုအပ်တာတွေရှိရင် cb မှာ အားမနာတမ်းလာမေးလို့ရပါတယ်ရှင်။
ဒါကတော့ ဘယ်တော့မှရှင်းလို့မပြီးတဲ့ မင်မင်တို့ရဲ့ store room ပါရှင်

03/05/2026

(၂) မျိုးလုံး instock ရပါပြီ

cosrx snail essence ဈေးအရမ်းတက်သွားလို့ဆင်တူတာမျိုးကိုဈေးပိုသက်သာပြီးကောင်းတာဘာအစားထိုးသုံးလို့ရမလဲမေးကြလို့ jumiso snail essence ကိုတစ်ခါလောက်သုံးကြည့်ဖို့ recommend ပါတယ်။

snail mucin 95% ပါပြီး texture ပို lightweight ဖြစ်ပြီးလိမ်းလို့ပိုကောင်းပါတယ်။ ပမာဏ 140ml တောင်ပါတဲ့အပြင် formulation အပိုင်းလဲပိုကောင်းပါတယ်။ clean beauty ပဲဖြစ်ပြီး single ingredient based ပါပဲ။ ပြောရရင်လူသိနည်းပြီးအရမ်းကောင်းတဲ့ hidden gem snail essence ပါ။

cosrx နဲ့အနည်းငယ်ကွာတာကတော့ jumiso က texture ပိုကျဲလို့ hydration level ပဲအနည်းငယ်ကွာပါမယ်။ jumiso ကပို lightweight ဖြစ်ပြီး formulation ပိုင်းမှာပို advanced ဖြစ်လို့ healing နဲ့ repairing အပိုင်းမှာသိသိသာသာပိုသိသာလို့ personally dan" အတွက်တော့ယှဉ်လိုက်ရင် jumiso ကိုပိုကြိုက်ပါတယ်။ budget အပိုင်းကိုကြည့်ရင်လဲပိုသက်သာပြီးပါတဲ့ ml ကလဲ cosrx တစ်ဝက်နီးနီးပိုပါလို့ပိုသိသာပြီးပိုသုံးပျော်လို့ပါ။

02/05/2026

Soone gel cream မှာလို့ရပါတယ်ရှင်

အဆီပြန်ပြီး အဆီဖု၊ ဝက်ခြံသမားအတွက်
ပေါ့ပါး အေးမြတဲ့ Gel Moisturizer 🍀

အခုတလော တအားပူလို့ မျက်နှာပေါ်မှာ weightless ဖြစ်တာက ရှာနေတဲ့သူတွေအတွက်လည်း ဒီ post က option တစ်ခုဖြစ်နိုင်တယ်။

Yoon Skin 83% Mugwort Soothing Gel 🍀🍃

ထွက်တာမကြာသေးသလို personally အရလည်း (၂) ကြိမ်ပဲ သုံးရပါသေးတယ်။ ဒီ gel ရဲ့သဘောကျတဲ့ အချက်က သူ့ texture ပါ၊ Gel type ဆိုပေမယ့် တခြား Gel moisture တွေလို မဟုတ်ဘူးဘဲ Jelly Consistency ဘက်ကို ပိုသွားပြီး လိမ်းရတဲ့ feeling က အစ အရမ်းကွာတယ်ပြောလို့ရတယ်။ ဒါပေမယ့် အသားပေါ်ဖြန့်လိမ်းရ လွယ်ကူပြီး မျက်နှာပေါ်
hydrate & refresh ဖြစ်စေတယ်။ လိမ်းပြီး ခြောက်မသွားဘူး၊ မစေးကပ်ဘူး။

Ingredients ပိုင်းဆို 83% Mugwort Extract Water အပြင်
Centella Asiatica Extract, Heartleaf Extract, Camellia Leaf Extract & Licorice Root Extract တို့လို့ Soothing Ingredients တွေလည်း ပါဝင်တယ်။

ဒီ (၂) ကြိမ်သုံးပြီး experiences ကို ပြောရရင် Texture မိုက်တယ်၊ hydration ကောင်းတယ် ( လုံလုံလောက်လောက် ရတယ်)၊ soothing ဖြစ်တယ်။ အခုက ဝက်ခြံအဖုလေးတွေ ရှိတယ်၊ မျက်နှာရဲနေတာလေးတွေကို soothing လုပ်ပေးတာ တွေ့ရတယ်။

Full Review လာမယ်။ Personally အရ Soone ထက် ပိုကြိုက်ပါတယ်။

Where to buy - Yoon Skin

Soone 89% Cica Care Soothing Gel Cream 🌿🍀

ဒီတစ်ခုကတော့ budget-friendly ပိုဖြစ်တယ်၊ ဒါပေမယ့် Yoon Skin နဲ့ယှဉ်ရင် emollient & hydration ပိုင်းမှာ အားနည်တယ်လို့ ယူဆမိတယ်၊ လိမ်းပြီး နည်းနည်းခြောက်ချင်သလိုဖြစ်တယ်။ ( Depend on skin condition )

Soothing ကောင်းတဲ့ Gel Moisturizer လို့ ယူဆရတာမို့
မျက်နှာ နီတာ၊ ရဲတာ၊ ရောင်ရမ်းတာ နဲ့ သကြ်န်တုန်းက
နေလောင်ဒဏ်ထိထားတာတွေကို သူက ကောင်းကောင်းလေး soothe & calm down လုပ်ပေးနိုင်တယ်။ Skin Barrier function ကိုပါ supported လုပ်ပေးတာကို တွေ့ရတယ်။

သူ့မှာတော့ Ingredients များများစားစားမပါဘဲ
Centella Asiatica 89% အပြင် Cica-Active Compound ပါဝင်တယ် ဒီလောက်ပဲ။

Texture ကတော့ Gel Cream ဆိုပေမယ့် Light-Gel ပုံစံဘက်ကို သွားပြီး မျက်နှာပေါ်လိမ်းပြီး comfort & weightless ဖြစ်တယ်၊ မစေးကပ်ဘူးပေါ့နော်။

ဒီတစ်ခုကိုကလေ အရမ်း Oily ဖြစ်တဲ့သူတွေ၊ Budget-Friendly ဖြစ်တာမျိုးက ရှာနေတဲ့သူတွေအတွက် highly recommend လုပ်ပါတယ်။

Where to buy - Soone by TSO

ဆိုတော့ see you next blog ပါ…

02/05/2026

ဒါလေး instock ရ
Price-35,000ks

2026 နွေရာသီအတွက် ရွေးချယ်ပေးဖြစ်မယ့် Sunscreen🌟

Body sunscreen ဆိုရင် Nyi က Vaseline တစ်ခုပဲ စွဲစွဲမြဲမြဲသုံးနေကျပါ။

Vaseline SPF က
- UV protection သေချာပေးနိုင်လို့ အသားအရည်ကောင်းလာတာ သိသာတယ်
- Moisturizing ဖြစ်လို့ သူ့တစ်ခုထဲလိမ်းလို့ အဆင်ပြေတယ်
- White cast မကျန်လို့ အသားညိုတဲ့သူကအစ သုံးလို့ရတယ်

ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ချို့ကြောင့် သူ့ထက်များ ပိုကောင်းတဲ့ Body SPF များရှိမလားလို့ အမြဲရှာဖွေဖြစ်တယ်ပေါ့နော်။

Vaseline SPF ရဲ့အားနည်းချက်က
- ရာသီဥတုအရမ်းပူရင် သူ့ရဲ့ texture နဲ့ အဆင်မပြေဘူး ချွေးပြန်လွယ်တယ်
- အသားထဲကို စိမ့်ဝင်ဖို့ blend လုပ်တဲ့အခါ အချိန်ယူတယ်

တခြား Body SPF တွေလဲ ရွေးချယ်စရာရှိပေမယ့် Price range နဲ့ Overall performance ကိုကြည့်ရင် Nyi အတွက် Best option လို့ ခံစားရလို့ သူ့ကိုပဲ အမြဲသုံးခဲ့တာပါ။

———————————————

ဒီ Jabs body lotion လေးက Spf50 နဲ့ PA+++ ပါဝင်တယ်။ Tone up UV sunscreen lotion လို့ ရေးထားတယ်ပေါ့နော်။

Ingredients တွေကို ကြည့်တဲ့အခါ Hybrid sunscreen ဆိုတာ သိရပါတယ်။ Brightening အတွက် Niacinamide, Arbutin နဲ့ Vitamin C အသုံးပြုထားပြီး Fruit extracts တချို့လဲ ထည့်ထားပါတယ်။

Fruity နံ့သင်းသင်းလေး။ Lotion texture က ဗူးထဲကနေ စစထွက်ချင်းဆိုရင် နဲနဲလန့်ဖို့ကောင်းတယ်။ ပြာမလားမသိဘူးဆိုတဲ့ ခံစားချက်ရပါတယ်။ Medium weight lotion တစ်ခုရဲ့ consistency ရှိပါတယ်။ အမြင်အရတော့ နဲနဲပျစ်ပေမယ့်

ထူးခြားချက်က
- တခြား body SPF တွေလို အဆီပါဝင်တဲ့ခံစားချက် လုံးဝမရှိတာပဲ
- အသားထဲကို စိမ့်ဝင်သွားပြီးရင်လဲ skin က ဘာမှမလိမ်းထားသလို weightless ဖြစ်နေတယ်

Completely absorb ဖြစ်ဖို့တော့ အချိန်အနည်းငယ်ယူပါတယ်။ အရမ်းပွတ်ဆွဲရတာမျိုးတော့ မရှိဘူး လိမ်းရတာပေါ့ပါးတယ်။ အစိုဓာတ်သိပ်မရပါဘူး။

အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်တဲ့ Tone up effect က ဘယ်လိုနေလဲဆိုရင် 10 မှာ 2လောက်ပဲ skin tone တက်တာမလို့ Tone up effect က မပါသလောက်ပဲလို့ မှတ်ယူနိုင်ပါတယ်။ အသားညိုတဲ့သူကအစ Nyi စမ်းလိမ်းခိုင်းပြီးမှ ဒီစကားကိုပြောတာပါ။ စိတ်ချသုံးလို့ရပါတယ်။

Edit - Blog readers လေးတချို့ရဲ့ feedback အရ အသားအရမ်းညိုတဲ့သူဆိုရင် ဒီ Jabs body sunscreen က အဆင်မပြေနိုင်ပါဘူးနော်။ ကိုယ့်လူတွေ အဝယ်မှားမှာစိုးတဲ့အတွက် Nyi ထပ်ဆောင်းရေးသားလိုက်ပါတယ်။

Semi-matte & Natural finish ကိုပေးတဲ့အတွက် ခန္ဓာကိုယ်ချွေးပြန်တတ်တဲ့သူ၊ အဝတ်အထည်တွေ စွန်းထင်းမှာစိုးတဲ့သူတွေဖို့ အရမ်းကောင်းနော်။ UV protection ကောင်းတယ်လို့လဲ Nyi ယူဆပါတယ်။

Skin folds နေရာတွေမှာ လိမ်းရင်တော့ နဲနဲပြာတာကွက်တာမျိုး ရှိနိုင်ပါတယ်ဗျ။

Disclaimer : Not sponsored to write this post.

02/05/2026

Hello..
Instock ပစ္စည်းအသစ်ရောက်တာတွေအများကြီးရှိတယ်နော်... မင်မင် detail post ပြန်တင်ပေးပါမယ်ရှင်..

နောက်ပြီး လက်ကားယူချင်တဲ့သူတွေရှိတဲ့အတွက်လည်း လက်ကားပစ္စည်းတစ်မျိုး ၃ခုနှုန်းနဲ့ ၃သိန်းဖိုးကစယူလို့ရအောင်စီစဥ်ပေးမဲ့အစီအစဥ်လည်း လာပါမယ်နော်..

Photos from Skinventure's post 29/04/2026

Yoon skin Brand ထဲက Shampoo နဲ့ Hair tonic နှစ်မျိုးလုံး instock ပြန်ရောက်ပီနော် 🫶

✔️Anti-Hair Fall & Dandruff 2 in 1 Shampoo လေးက
ဦးရေပြားအဆီပြန်တာကို deep cleansing လုပ်ပေးနိုင်လို့ ဗောက်ထတာတွေ နဲ့ ဦးရေပြားယားယံတာတွေ ကိုသက်သာစေပြီး ဆံပင်ကျွတ်တာတွေကိုလည်း လျော့ပါးသွားစေပါတယ်.
ဘူးကလည်း 500ml ပါတဲ့ဘူးအကိတ်ကြီးဖြစ်ပြီး နည်းနည်းလေးသုံးရုံနဲ့ အမြုပ်အများကြီးထွက်တဲ့ gel type shampoo ဖြစ်တယ်နော်..
Price- 38000ks

✔️ Anti-Hair Fall Tonic
Cica ပါလို့ ဦးရေပြားကိုအေးမြစေပြီး 11 Peptide Complex ပါလို့ ဆံသားတွေကိုအားဖြည့်ပေးနိုင်တာကြောင့် ဆံပင်ကျွတ်တာတွေကို သက်သာလာစေပြီး Baby hairလေးတွေထွက်လာစေပါတယ်။
ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက်အချိန်မှာ ဦးရေပြားအနှံ့ဖြန်းပေးပြီး နှိပ်ပေးရုံပဲ 💙
Price- 28500ks

Date fresh and Direct from Official
ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ်ရှင်..အတုအပမရောင်းပါ..

27/04/2026

Instock ရနော် ❤️❤️❤️

Discount (28.04.2026-03.05.2026) - 56,000ks

မကောင်းမှန်းသိတဲ့ Exကိုတော့ လက်လွှတ်နိုင်ခဲ့ပေမဲ့

အဆီပြန်၊ဆားဝက်ခြံနဲ့ ဝက်ခြံအဆီဖုသက်သာတဲ့နေရာမှာ တကယ်ကောင်းတဲ့ Cosrx ကိုတော့လက်မလွှတ်နိုင်ခဲ့ဘူး။

Exဆိုတဲ့သူက ဘာတစ်ခုမှမကောင်းပေမဲ့
Cosrx cleanser ကတော့မျက်နှာသစ်ပြီးအသားခြောက်တာလေးကလွဲ ကျန်တာပြောစရာမလိုအောင်ကောင်းတယ်။

ငါမလိုချင်လို့ပစ်လိုက်တဲ့ Exကတော့ စျေးပေါပေမဲ့
စျေးမပေါဘဲတက်ပြီးရင်းတက်သွားတဲ့ Cosrxကိုတော့ မပစ်ရက်ခဲ့ဘူး။( ရွှေထက်စျေးတက်နေလို့ ကပ်ကြေးနဲ့ပါ ဖြတ်သုံးတာ 😆)

ဘာရယ်မဟုတ်ပါဘူး။မျက်နှာသစ်ရင်း Exဆိုတဲ့သူက Cosrxမျက်နှာသစ်လောက် ဘောင်မဝင်ဘူးဆိုတာကို သတိရလို့ထရေးလိုက်တာ။ ဒီPostကို နင်မြင်ရင် မျက်နှာသစ်လောက်တောင် အဖြစ်မရှိတဲ့ငါ့ဘဝလို့ တွေးတွေးပြီး ငိုစမ်း : 3

27/04/2026

Seohaesol Toner Pad လေး instock ရောက်ပါပြီးရှင်

တစ်ဘူး၀ယ်ရင် deli free နဲ့ပို့ပေးပါမယ်ရှင်
နှစ်ဘူး၀ယ်ရင် 5% Discount လျော့ပေးပါမယ်ရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon