Htet Myat Min

Htet Myat Min

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Myat Min, Health/Beauty, ပုသိမ်, Yangon.

Photos from ZEKE's post 09/07/2025
09/07/2025

တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေးပါ )
----------------------------------
ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။

နေမယ်ဆို ...အမှန်တရားနဲ့ အနီးဆုံးမှာနေပါ။
ရှာမယ်ဆို...နှလုံးသားထဲက အလှတရားကိုရှာပါ။

ချည်မယ်ဆို...သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ။
သိမ်းမယ်ဆို ...ကျေးဇူးတရားကို သိမ်းထားပါ။

စွန့်မယ်ဆို...မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ။
ပေးမယ်ဆို...တန်ဖိုးဖြတ်မထားတဲ့ မေတ္တာကို ပေးပါ။

ပျော်မယ်ဆို...ဘောင်မကျော်ခင်အထိပဲ ပျော်ပါ။
တွေးမယ်ဆို...စိတ်ညစ်စရာ မရောက်ချိန်အထိပဲ တွေးပါ။

မှားမယ်ဆို... နောက်လှည့် ပြန်ခွင့်ရှိတဲ့အထိပဲ မှားပါ။
နောင်တရမယ်ဆို...ဘာမှမလုပ်ခင် အရင်စဉ်းစားပါ။

09/07/2025

လောကဓံ - ချစ်သမီး ဒီလ နည်းနည်းကြမ်းမယ်နော်

Me - ပျော်သလိုသာလုပ်

09/07/2025

ဆာတဲ့သူကိုပဲ ကျွေးပါ
ယူမဲ့သူကိုပဲ ပေးပါ
စေတနာဆိုတာ နေရာမှားရင်
ခါးတတ်တယ် 🤝


👇👇

စာအုပ်အိမ်လေးမှ ပြန်လည်မျှဝေသည်

29/06/2025

ဘဝ လမ်း🌸
;;;;;;;;;;;;;;;;;;;;;;;;;;;;;

ဘဝထဲမှာ နေထိုင်ရှင်သန်လာရင်း
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ
တစ်ဆထက်တစ်ဆ
ရှားပါးလာမှန်းသိသိလာရတယ်

အတောမသတ်တဲ့
လူတွေရဲ့ လောဘနှင့်ဒေါသတွေကို
တဖြည်းဖြည်းနဲ့ ပို၍ ပို၍ မြင်တတ်လာသလို

ကိုယ်သာအမှန်ထင်ပြီး
တဖက်သားကို မှားတယ်လို့ စွပ်စွဲ
ပုတ်ခတ်တတ်တဲ့ လူတွေကိုပိုတွေ့လာရတယ်လေ။

ချစ်ခြင်းမေတ္တာဆိုတာ
ပေးတိုင်း ပြန်မရတတ်သလို
အတင်းလုပ်ယူလို့မရတဲ့အရာမှန်းသိလာပါပြီ။

လူတွေအကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ခြင်းက
ကြီးစွာရန်သူ မှတ်ထင်ခံရဘူးတယ်။

ကိုယ်က
ရိုးရိုးသားသားနေပေမယ့်
စိတ်သဘောမရှင်းတဲ့လူတွေပဲ တွေ့နေရသေးတယ်။

ဘယ်လောက်ပဲ
စေတနာထားပြီးလုပ်ပေးခဲ့သော်လည်း
တုန့်ပြန်စေတနာကို မျှော်ကိုးလို့မရမှန်းသိလာပြီလေ။

နောက်ဆုံးတော့
လောကဓံက ဘာတွေပဲပေးပေး
ကိုယ်က လက်ခံနိုင်ဖို့ကြိုးစားရမှာပဲပေါ့။

အဆိုးတွေကို
လက်မခံချင်ကြပေမယ့်
အကောင်းတွေကို အလွယ်တကူမရနိုင်တဲ့အခါ
ဖြစ်တည်ခဲ့သမျှကို ကျေနပ်စွာလက်ခံနိုင်မှနေသာမှာပါ

လိုချင်တာတွေ
မရနိုင်တဲ့ဘဝအခြေအနေမှာ
ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်လိုက်ရတာလည်းရှိတယ်။

ပျော်စရာထက်
အဆင်ပြေတယ်ဆိုရုံလေး
ဘဝကိုဖြစ်သလို ဖြတ်သန်းရတဲ့အခိုက်လည်းရှိ
ပြန်တော့....

ဘဝခရီးလမ်းမှာ
ကြုံဆုံလာသမျှ
ကြံ့ကြံ့ခံရင်ဆိုင်ရင်း သင်ယူရင်းနဲ့ပဲ
ရှေ့ခရီးကိုဆက်လက်လျှောက်လှမ်းနေရမှာပဲလေ။

credit.ဒေါက်တာ မသိင်္ဂီ

29/06/2025

သူများဆီက ပိုက်ဆံချေးတဲ့အခါ
ဒီရက် ပြန်ဆပ်မယ်ဆိုရင်
အတိအကျ ပြန်ဆပ်တတ်သူဟာ
ချေးမဲ့ ငှားမဲ့သူ မရှားဘူး။

ကိုယ့်ကို ထမင်းတနပ်ကျွေးလို့
အဲဒီထမင်းတစ်နပ်ရဲ့ ကျေးဇူးကို
မမေ့တတ်သူဟာ
ကျွေးမွေးမဲ့သူ မရှားဘူး။

ကိုယ့်ကို ကူညီခဲ့ဖူးသူကို
ပြန်ကူညီဖို့ ဝန်မလေးတတ်သူဟာ
ကူညီမဲ့သူ မရှားဘူး။

ဒါကြောင့် လောကမှာ
ကတိတည် မယ်။
ကျေးဇူး မမေ့တတ်ဘူး။
သူတပါးကို ကူညီတတ်တဲ့သူဟာ
ဘယ်နေရာပဲရောက်ရောက်
မျက်နှာမငယ်ပဲ ရပ်တည်ရှင်သန်နိုင်လိမ့်မယ်။

TNN LIFE Channel.

#စာပေ
#လူငယ်
#စိတ်ခွန်အား

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

ပုသိမ်
Yangon