Book Shop By Nyein

Book Shop By Nyein

Share

စာအုပ်လေးတေကိုစျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးပါတယ်ရှင့်

06/09/2024

ဉာဏ
ဒရာမာကင်းမဲ့ဇုန်
တန်ဖိုး ၈၀၀၀ ကျပ်၊ စာ ၁၄၃၊ အုပ်ရေ ၂၀၀၀၊

" ဒရာမာကင်းတဲ့ဘဝဟာ စိတ်ချမ်းသာရတာပါပဲ "

ဒီစာအုပ်လေးထဲမှာ အပိုင်းနှစ်ပိုင်းခွဲထားပါတယ်.....

ပထမပိုင်းကတော့ .. " A Collection of Valued Mindset " ဖြစ်ပါတယ်... ဒီကဏ္ဍလေးထဲမှာ လေးနက်ပြီး တန်ဖိုးပြည့်ဝတဲ့ စိတ်နေစိတ်ထားတွေနဲ့ ဘဝကို နေထိုင်ဖြတ်သန်းနိုင်စေဖို့ ရည်ရွယ်ထားပါတယ်... ဘဝတစ်ခုကို ရင်ဆိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်.....

အပေါ်ယံ ပကာသနတွေထက် အတွင်းထဲက စစ်မှန်တဲ့စိတ်ဓာတ် အနှစ်သာရကို တန်ဖိုးထားတတ်ဖို့..၊ အရေးကြီးတဲ့အရာတွေကို အရာပေးတတ်ဖို့ ..၊ ပြဿနာတွေကို ရှောင်ပြေးတတ်ဖို့ ..၊ မျှော်လင့်ချက်တွေကို လက်မလျှော့တတ်ဖို့ ..၊ စိတ်ဓာတ်ကျမိတဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ကျော်လွန်နိုင်ဖို့ ..၊ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးယူနိုင်ဖို့ ..၊ ဝင်ငွေရှာခြင်းနဲ့ ရောင့်ရဲခြင်းကြားမှာ ဟန်ချက်ညီတတ်ဖို့ ..၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တတ်ဖို့ .. အစရှိတဲ့ ဒီလို အကြောင်းအရာလေးတွေ ပါဝင်ပါတယ်.....

နောက်တစ်ခုကတော့ .. " A Collection of Japanese Philosophy " ဖြစ်ပါတယ်... ဒီကဏ္ဍလေးထဲမှာတော့ ဂျပန်လူမျိုးတွေရဲ့ အယူအဆဒဿနနဲ့ ဘဝအမြင်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်... ဂျပန်တို့ရဲ့ကမ္ဘာကျော်ဒဿနတွေထဲက ကောင်းနိုးရာရာလေးတွေကို ထုတ်နှုတ်ရေးသားထားပါတယ်.....

မပြည့်စုံခြင်းရဲ့အလှတရားကို လက်ခံတတ်ဖို့ ..၊ အခိုက်အတန့်လေးတစ်ခုချင်းဆီကို တန်ဖိုးထားတတ်ဖို့ ..၊ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်တာထွက်ချိန်တွေ ရှိတတ်တာကို နားလည်ဖို့ ..၊ ကဘေးတယောက်လို ဘဝကို စူးစမ်းစိတ်အပြည့်နဲ့ ရှင်သန်တတ်ဖို့ ..၊ ဂျပန်လူမျိုးတို့ရဲ့အသက်ရှည်ရခြင်းလျှို့ဝှက်ချက်များကိုလေ့လာဖို့ ..၊ အလုပ်တစ်ခုအပေါ်မှာ မိမိရဲ့စွမ်းအားတွေအကုန်လုံးကို ထည့်သုံးတတ်ဖို့ ..၊ ဘဝမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် နှလုံးသွင်းတတ်စေဖို့ .. အစရှိတဲ့ အကြောင်းအရာလေးတွေ ပါဝင်ပါတယ်.....

အရှေ့တိုင်းဟန်ပန်အတိုင်း ဒဿနဘေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါပဲ... ရိုးရှင်းစွာ၊ အေးမြစွာ စာဖတ်သူတို့ရဲ့ရင်ထဲကို ငြိမ့်ငြိမ့်ကလေး တိုက်ခတ်သွားမယ့် အရှေ့လေပြေညင်းလေးရယ်ပါ... ဒီလေပြည်ညင်းလေးနဲ့အတူ .. ဒရာမာအပြည့်နဲ့ ရှုပ်ထွေးနေတဲ့ ဘဝရဲ့အရှုပ်အထွေးတွေဆီကနေ လွတ်မြောက်ရာ .. ဒရာမာကင်းမဲ့ဇုန် လေးတစ်ခုဆီ စာဖတ်သူတို့ကို ခေါ်ဆောင်သွားချင်မိပါတယ်.....

Photos from Book Shop By Nyein's post 06/09/2024

တက္ကသိုလ်ဘုန်းနိုင်စာအုပ်ကောင်းများ❤
မှာယူလိုပါက cbမှာhiပေးပါနော်😍

#စာပေချစ်သူများ

Photos from Book Shop By Nyein's post 05/09/2024

မင်မင် မှာ "သိုးဆောင်း” စာအုပ်လေးတေအစုံရတယ်နော်😍

04/09/2024

သူစိမ်း

"သူစိမ်းရဲ့ ဇာတ်လမ်းအကျဉ်း"

မြို့ငယ်လေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ မေတြးဝံ့စရာ လူသတ်မှုတစ်ခု။
အဲဒီလူသတ်မှုရဲ့ သံသယတရားခံက
မြို့ခံလူတွေက တေလးတစား ဆက္ဆံ၊
လူတော်လူကောင်းအဖြစ် သတ်မှတ်ထားခဲ့တဲ့
သူတစ်ယောက် ဖြစ်နေတယ်။

ဒါပေမယ့် မျက်မြင်သက်သေတွေ အင်မတန်
ခိုင်လုံနေတာကြောင့် အဲဒီတရားခံကို
မြို့ငယ် ရဲဌာနရဲ့ စုံထောက် ရက်ဖ်အန်ဒါဆန်က
လူပုံအလယ်မှာ ဖမ်းဆီးလိုက်တယ်။

သို့သော်.. တရားခံမွာ အပြစ်ရှိသည်/ မရှိသည်
ဆိုတဲ့ အဖြေဟာ ထင်ထားသလို
မပြတ်သားဘဲ ဝဝေါးလာတယြ။
ဇဝေဇဝါဖြစ်ချင်စရာ အချက်အလက်တွေ
အများကြီးထပ်ပေါ်လာတယ်။ ဟိုဘက်ဒီဘက်
လွန်ဆွဲနေတဲ့ သက်သေတွေကြားမှာ
ဒီအမှုဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။
အဖြေမရှိတဲ့ ပဟေဠိတွေ ထပ်ဆင့်ပွားလာတယ်။

ဒါ့အပြင် ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတွေ
ဆက်တိုက်ဖြစ်လာတဲ့အခါ..
ဒီအမှုရဲ့ ရှုပ်ထွေးမှုဟာ ထိတ်လန့်စရာ၊
သွေးပျက်ချင်စရာ ပုစ်ဆာတစ်ပုဒ်အဖြစ် အသွင်ပြောင်းလာတယ်။

ဒါနဲ့ပဲ.. ဒီလို "ရှင်းမရတဲ့ ပြဿနာတွေ"ကို
သီးသန့်ဖြေရှင်းတတ်သူ "ဟော်လီ"..ဆိုတဲ့
အလွတ်စုံထောက် အမျိုးသမီးတစ်ယောက်ကို
အကူအညီ တောင်းရတော့တယ်။

အဲဒီမွာ.. ဒီရာဇဝတ်မှုကို တကယ်ကျူးလွန်သူဟာ
ဘယ္သူမွ ထင်မထားတဲ့၊ သံသယတရားခံစာရင်းထဲမှာ မပါတဲ့..
အပြင်ကသူ.. "သူစိမ်း" တစ်ယောက်
ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

"သူစိမ်း"ဟာ.. သဘာဝရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက္နာတဲ့
"သဘာဝလွန်"အရာတစ်ခုလေလား။ မေးခွန်းတွေရဲ့ လမ်းအဆုံးမှာ
ရှင်းလင်းတဲ့ ယုတ္တိရှိတဲ့ အဖြေတစ်ခု ပေါ်လာလေမလား။
ဒါမှမဟုတ်..ပြဿနာဟာ ရှင်းမရဘဲ ပိုပြီး ရှုပ်ထွေး၊
ချောက်ချားစရာ အိပ်မက်ဆိုးတွေဆီ ဦးတည်သွားမလား..

----------

စတီဖင်ကင်း၏ The Outsider စာအုပ္ကို
ချမ်းမြေ့ဝင်းက ဘာသာပြန်ဆိုပြီး ဇာစ်မြစ်စာအုပ်ထုတ်ဝေရေးက
ထုတ်ဝေဖြန့်ချိသည်။

စာအုပ်တန်ဖိုး - ၂၅၀၀၀ ကျပ်
စာမျက်နှာ - ၇၀၀
စာရွက်သား - အဖြူ

မျက်နှာဖုံးဒီဇီုင်း - ချမ်းမြေ့ဝင်း
စာလုံးဒီဇိုင်း - ဟန်သက်

မှတ်ချက် - ထိတ်လန့်ချောက်ချားဖွယ်ရာ ဇာတ်ဝင်ခန်းများ
များစွာပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက်
လူငယ်များ မဖတ်သင့်ပါ။

04/09/2024

hello. မင်မင်ရဲ့စာအုပ်ဆိုင်လေးကကြိုဆိုပါတယ်နော်......😍
ဒီစာအုပ်ဆိုင်လေးက ရသမျိုးစုံကို အစုံအလင်တင်ပေးမှာမို့လို့ မင်မင်pageလေးကို like&follow လေးလုပ်ပေးပါအုန်းနော်😘☘📚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon