Be Healthy, Be Smart
We are a group of Professionals providing the advise, knowledge and expirences on daily living about beauty, health care, parenting, etc.
We value the nature, the life and you. So, be brave, strong and be you.
09/10/2022
သီတင်းကျွတ် အခါသမယမှာ စိတ်ရောကိုယ်ပါ ချမ်းမြေ့ရွှင်လန်းကြပါစေ။
30/09/2022
လူပြောများနေတဲ့ me time
---------------------------------
အခုခေတ်စားလာတဲ့ အသုံးအနှုန်း ဖြစ်တဲ့ me time ဆိုတဲ့ စကားလေးကို တနေ့က မန္တလေး FM radio ကနေ လာနေတာ ကြားလိုက်ရတော့ လိုက်ရှာဖတ်ဖြစ်တယ်။
အဲဒီအစီအစဉ်မှာတော့ ရေဒီယိုhost အမျိုးသမီး ၂ယောက် (နာမည်မမှတ်မိတော့တာ ခွင့်လွှတ်ပါ။)က အပြန်အလှန်ဆွေးနွေးနေတာလေး နားထောင်မိတော့ သူတို့ပြောသွားတဲ့ထဲ မပါတာလေးတွေ ကိုယ်ဖတ်ထားတာ၊ သိထားတာလေးတွေ ဖြည့်စွက်ပြီး ပြန်ရေးပြလိုက်ပါတယ်။ (အိုင်ဒီယာ ဖြစ်ပေါ်လာစေတဲ့ ရေဒီယို အစီအစဉ်ကိုလည်း ကျေးဇူးတင်စွာ ခရက်ဒစ်ပေးပါတယ် ခင်ဗျာ)
ပထမဦးစွာ me time ဆိုတာ ဘာလဲ။
Me time ဆိုတာ တစ်ဦးတည်း နေတဲ့ အနားယူချိန်ကို ဆိုလိုတာပါ။ ဒီနေရာမှာ ကျနော်ဖတ်ဖူးပြီး သဘောကျတာလေး မျှချင်ပါတယ်။ "Stay alone, not lonely တစ်ကိုယ်တည်း၊ ဒါပေမယ့် အထီးကျန် ဖြစ်မနေပါဘူး"တဲ့။
ဒီတော့ မေးစရာက Me time တကယ်ယူသင့်လား၊ ယူရင် ဘာအကျိုးရှိမှာလဲ။ ယူဖို့ လိုရော လိုလို့လား ဆိုတာပါ။
ဦးစွာ Me time ရဲ့အကျိုးရှိခြင်းကို မပြောခင် ဘာကြောင့်ယူသင့်လဲဆိုတာ ပြောပြချင်ပါတယ်။
Me time ယူခြင်းအားဖြင့် ကိုယ်နဲ့စိတ် ပင်ပန်းနေခြင်း၊ ငြီးငွေ့နေခြင်း၊ စိတ်ဓါတ်ကျ အားငယ်နေခြင်းတို့ကို ခဏတာမျှ လွှတ်ချပြီး အနားလိုက်ရတာကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး အကြံဉာဏ်သစ်၊ ခွန်အားသစ် တို့ကို ပေးစွမ်း နိုင်ပါတယ်။ ဒါကြောင့် ယူကိုယူသင့်ပါတယ်။
ဒါပေမယ့် လူဆိုတာမျိုးက ကိုယ့်အတွေးနဲ့ကိုယ် ပိတ်မိနေတတ်သူတွေမို့ နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဥပမာ - အိမ်မှာနေပြီး ကိုယ်ပိုင်အလုပ်လုပ်သူတွေ (အွန်လိုင်းရှော့ပ်တွေ၊ အိမ်ရှင်မတွေ စသည်) တို့က အများအမြင်မှာ သက်တောင့်သက်သာ အလုပ်လေးပဲ လုပ်ရတာ me time ယူစရာရော လိုလို့လား။ ဘာများထူးခြားသွားမှာ မို့လဲဆိုပြီး ပြောချင်တတ်ကြပါတယ်။
ဒီနေရာမှာ me time ဆိုတာ အိပ်ရာထဲမှာ လှဲပြီး မလှုပ်မယှက်နေ၊ အိပ်နေမှ မဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတာ (တနည်းပြောရရင် စိတ်ပျော်စေမယ့် အရာ)တွေကို လုပ်နေရခြင်းကလည်း me time ယူခြင်း ဖြစ်ပါတယ်။ ဥပမာ - မုန့်လုပ်ဖို့ စိတ်ကူးဝါသနာ ရှိပြီး တခါမှ စမ်းပြီးမလုပ်ဖူးသူတွေအတွက် အသစ်အဆန်းကို စမ်းလုပ်ကြည့်ရတာလည်း ပျော်စရာတမျိုးဖြစ်ပါတယ်။ ထို့နည်းတူ ပန်းချီဝါသနာပါသူကလည်း (digital art, pencil drawingလို့ ခေါ်မလား မသိတဲ့ ခဲခြစ်ပန်းချီ, canvas drawing ကင်းဗတ်စပေါ်မှာ ဆွဲတဲ့ ပန်းချီစသဖြင့်) သူဝါသနာ ပါရာကို လုပ်နေရတာကိုက စိတ်လွတ်လပ်ပေါ့ပါးသွားစေခြင်း တမျိုးပါပဲ။ စာဖတ်ဝါသနာပါသူ၊ ရုပ်ရှင်ဇာတ်လမ်းတွဲ ကြည့်ရတာ ဝါသနာ ပါသူ စသဖြင့် ဝါသနာ အမျိုးမျိုး ရှိပါတယ်။ အဲဒီ ဝါသနာ (hobby, passion) ကို ပျိုးထောင်ရင်း အောင်မြင်သွားတဲ့သူတွေလည်း မနည်းပါဘူး။
ဒီဝါသနာတွေကို me time ယူ အကောင်အထည်ဖော်ကြည့်ခြင်းအားဖြင့် ငြီးငွေ့မှု ပြေပျောက်စေသလို ကံကောင်းရင် အောင်မြင်မှုပါ ရစေမှာပါ။
ဒီလိုပြောလို့ တိုးတက်မှု ရှိတဲ့ ဝါသနာကိုပဲ ဇွတ်အတင်း မွေးမြူဖို့ဆိုပြီး stress ဖြစ်နေစရာ မလိုပါဘူး။ အားရင် အိပ်တာ ဝါသနာပါတဲ့သူက အိပ်ပါ။ လျှောက်လည်ရ ရှော့ပင်းထွက်ရ ဝါသနာပါသူက လည်ပါ။ သီချင်းနားထောင်ရတာ ဝါသနာပါသူက သီချင်းနညးထောင်ပါ။ အဓိကက ကိုယ့်စိတ်ပျော်စေဖို့ပါပဲ။
စိတ်ပျော်စေဖို့အတွက် မူးယစ်ဆေးဝါး မလုပ်ဖို့တော့ သတိပေးပါရစေ။ ကလပ်မှာ ကရတာ၊ နိုက်အောက် ထွက်ရတာ ဝါသနာပါရင် သွားပါ။ ဒါပေမယ့် တညလုံး မမောတန်း ကနိုင်အောင်၊ လူမှန်းသူမှန်း မသိ လွတ်ထွက်သွားပြီး ၂ရက် ၃ရက် မြောနေဖို့ ဆေးချတာမျိုးကတော့ ကိုယ့်ရဲ့နေရာမှာ ကိုယ် me time ယူနေစဉ် တာဝန်ယူပေးနေရတဲ့ သူအတွက် မကောင်းသလို၊ ကိုယ့်အပေါ် သူတို့ အမြင် (တာဝန်ယူမှု၊ နားလည်မှု မရှိဘဲ လူမှုရေး မသိတတ်တဲ့သူ) မကောင်းပါဘူး။ နောက်ပြီး ရေရှည်မှာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
ရှော့ပင်ထွက်တယ် ဆိုရာမှာ အခုလို အလုပ်အကိုင် ရှား၊ ဝင်ငွေကြပ်တည်းနေတဲ့ အခိုက် စိတ်အလိုလိုက် ဝယ်ခြမ်းပြီးမှ နောင်တတွေ ပွေ့ပိုက်ပြီး နေရရင်လည်း အဆင်မပြေပါဘူး။ ဝင်းဒိုးရှော့ပင်လောက်ဆိုရင် ဖြစ်ပါတယ်။ လိုချင်တာလေး ကြည့်ထား, မှတ်ထား။ တလတာ ကိုယ့်ဘတ်ဂျက်နဲ့ ချိန်ဆပြီးမှ နောက်တစ်ခါ သွားပြီး လိုတာလေး ဝယ်တာမျိုးလောက်ပေါ့။ ကိုယ်လက် လှုပ်ရှားပြီးသား ဖြစ်စေသလို ပိုက်ဆံအိတ် ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။
ဒါပေမယ့် မင်းက "ကလေးအဖေ၊ အမေဖြစ်နေပြီလေ။ အဲလို me time ယူတာ တရားရော တရားရဲ့လား" လို့ ပြောကြတဲ့သူတွေ ရှိပါတယ်။
တရားပါတယ်လို့ပဲ ဖြေပါရစေ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ စိတ်ရော ကိုယ်ပါ လတ်ဆတ်ကျန်းမာစေဖို့ me time က ယူကို ယူသင့်ပါတယ်။
ကလေးအမေတွေဟာ ကလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေရလို့ ကိုယ့်အတွက်က်တောင် ဂရုမစိုက်နိုင်တော့ဘူး ဆိုတဲ့သူတွေ မိတ်ဆွေတွေထဲတင်မက ကျနော့်မိသားစုထဲမှာတင် ရှိပါတယ်။ ဒီလို အမျိုးသမီးတွေ အတွက် me time ယူဖို့က သူ့ကို ဝန်းရံထားတဲ့ အတူနေ မိသားစု၊ ခင်ပွန်းသည်ရဲ့ နားလည် အားပေးမှု လိုအပ်ပါတယ်။
ကလေး သေးသေးလေး မွေးထားရတဲ့ မေမေတွေဆိုရင် ညဘက် ကလေးအနှီးလဲရတာ၊ နို့ထတိုက်ရတာနဲ့ အိပ်ရေးပျက်ရ၊ နေ့ခင်း ဘေဘီလေးတွေ နိုးနေရင်လည်း သူတို့ကိစ္စ လုပ်ရ၊ အိမ်အလုပ်တွေ လုပ်ရတတ်လွန်းလို့ နားချိန် မရှိတတ်ပါဘူး။ ဒီအခါ ခင်ပွန်းသည်က အလုပ်က ပြန်လာရင် ဝိုင်ကူ လုပ်ပေးတာ၊ ကလေးထိန်းပေးတာကို ဝိုင်းလုပ်ပေးတာတွေက မေမေတွေကို အနားရစေပါတယ်။ တပတ်တခါ ကလေးကို ဆွေမျိုး စိတ်ချရသူတွေနဲ့ ထားပြီး အပြင်ကို ခဏတပြုတ် ရှော့ပင်ထွက်တာ၊ မုန့်ထွက်စားတာ၊ ခင်ပွန်းသည်နဲ့ ဒိတ်လုပ်တာတွေကလည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ကလေးနည်းနည်းကြီးလာလို့ လွှတ်ထားလို့ ရလာရင်လည်း ကလေးစာလုပ်နေချိန်၊ ကျောင်းသွားနေချိန်တွေမှာ ကိုယ်ဝါသနာပါတဲ့အရာလေးတွေ လုပ်ဆောင်လို့ ရပါတယ်။
အပေါ်မှာ ပြောခဲ့သလိုပဲ။ ပတ်ဝန်းကျင်ကတော့ ကိုယ့်ကို ရှာကြံဝေဖန်နေမှာပါပဲ။ အပြစ်ရှိသလို ခံစားရတဲ့စိတ် Guilt ကို သွပ်သွင်းပေးနေမှာပါ။ အဓိကက ကိုယ်နဲ့ မိသားစုဝင်တွေကြား အပေးအယူနဲ့ နားလည်မှု ရှိနေဖို့ပါပဲ။
နောက် ချစ်သူလင်မယားကြားက Me time...
အနောက်တိုင်းမှာ စုံတွဲတွေ တွဲတာ ကြာလာပြီး တကယ်တန်း serious relationship စတော့မယ်ဆိုရင် ကိုယ့်စိတ်ကို သေချာစေဖို့၊ သူ့ကို, ကိုယ့်ကို နားလည်စေဖို့ ကိုယ်ပိုင် အချိန် Me time ယူပြီး ဆန်းစစ်တတ်ကြပါတယ်။
နောက်ပြီး လင်မယားနှစ်ဦးကြား လက်ထပ်ထားတာ ကြာလာတဲ့အခါ စိတ်အခန့်မသင့် ဖြစ်နေခဲ့ရင် me time ယူပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာ၊ လိုအပ်ချက်တွေ မြင်အောင်ကြည့်တာ၊ ညှိနှိုင်းစရာတွေ သေချာ ရှာဖွေတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုနည်းအားဖြင့်လည်း အိမ်ထောင်ရေးတွေဟာ ပိုခိုင်မြဲပြီး အချစ်တိုးစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်တဲ့။
နောက်လုပ်ငန်းခွင်ထဲမှာလည်း အရမ်းဖိစီးမှုများလာတဲ့အခါ me time ယူသင့်ပါတယ်။ ၅မိနစ်လောက် မျက်စိမှိတ် ဘယ်သူနဲ့မှ စကားမပြောဘဲ ငြိမ်ငြိမ်လေးနေပြီး ကိုယ်စိတ်ဝင်စားတာလေး လုပ်နေတာမျိုးပေါ့။ (အရမ်းတော့ မကြာပါနဲ့။ MD က သင့်ကို စောင့်ကြည့်ပြီး အလုပ်ဖြုတ်ပစ်လိုက် နိုင်ပါတယ်။)
ဒါပေမယ့် နောက်ဆုံး အနှစ်ချုပ်အဖြစ် အကြံပေးချင်တာက -
ကိုယ့်အတွက်ကိုယ် အနားယူဖို့ အခွင့်လေး ပေးပါ။
နေ့စဉ်ပုံမှန် လုပ်ပါ။ အနည်းဆုံး ၁၅မိနစ် မှ နာရီဝက်။
ဆရာတစ်ယောက် ပြောတာ ကိုးကားရရင် ဘူကောင်တွေကို ရှောင်ပါ။
Passion to profession ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပါ။
နိဂုံးချုပ် ပြောရရင် စိတ်ပျော်အောင်နေပါ။ ခန္ဓာကို စိတ်ကဆောင်ပါတယ်။
ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း ပြည့်စုံပါစေ။
03/09/2022
မတတ်နိုင်ရင် ကလေးမမွေးပါနဲ့
ကလေးမွေးလိုက်တိုင်း မိဘမဖြစ်ပါဘူး
အဲ့လိုပဲ ကျွေးနိုင်မွေးနိုင်တိုင်းလည်း မိဘမဖြစ်ပါဘူး
ကောင်းကောင်း ကျွေးထားပြီး လင်မယားနှစ်ယောက်
သတ်ပဲသတ်နေရင်လည်း အဲ့တာ ကလေးအတွက်
Trauma အကြီးစားပါ။
ငါတို့ကောင်းကောင်းကျွေးထားတာပဲ
ကောင်းကောင်းပညာသင်ပေးထားတာပဲ
ဒီထက်ပိုပြီး ဘာတွေလုပ်ပေးရဉီးမှာလဲ
ငါတို့မိဘတွေတုန်းကဆို ဒီလိုအခွင့်အရေးတွေတောင်
ပေးခဲ့တာမဟုတ်ဘူး ဘလာဘလာ....တွေမပြောပါနဲ့
ခင်ဗျားတို့ရဲ့ အဓိကပြဿနာက ကလေးမွေးပြီး
မငတ်အောင် ကျွေးနိုင် ပညာသင်ပေးနိုင်ရင်ရပြီလို့ ထင်နေတာပါ။
ပြီးတော့ ဒီကလေးကိုငါမွေးပြီးရင် ငါပိုင်တယ် ထင်နေကြတာပါ။
ကိုယ်ကိုယ်တိုင်တောင် Healthy Relationship
ကိုမတည်ဆောက်နိုင်ရင် နှစ်ယောက်ထဲအတူတူလောင်ကြပါ
ကလေးတွေခေါ်ခေါ်ပြီး ဒုက္ခတွေမပေးကြပါနဲ့
Trauma ဆိုတာ
အဲ့ကလေးက တစ်ဘဝလုံးသယ်သွားရတဲ့အရာပါ
လူတောမတိုးတာ လူကြောက်တာ
လူတွေကိုအယုံအကြည်မရှိတာ
အဆိုးမြင်တာ
မိသားစုဆိုတာအပေါ် ချစ်ခြင်းမေတ္တာဆိုတာအပေါ်
အယုံအကြည်မဲ့တာ
လူတစ်ယောက်က သာမန်လူတစ်ယောက်လို
ရှင်သန်ဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားနေရတာ ဒါတွေအများစုက
မိဘအမည်ခံထားတဲ့ အညံ့စားလူတန်းစားတစ်ရပ်ကပေးလိုက်တဲ့
Trauma တွေပါ
အရွယ်တစ်ခုရောက်လာလို့ ဒါတွေကိုကောင်းကောင်း
ဖြတ်ကျော်နေရင်တောင်
ငယ်ငယ်ကကြုံခဲ့ရတာနဲ့ ဆင်တူတဲ့ကိစ္စတွေကြုံလာတဲ့အချိန်တိုင်းမှာ
Trauma ဆိုတာတစ်ကျော့ ပြန်ပြန်တတ်လာတဲ့ အမျိုးပါ။
ပြောရရင်တော့ဘယ်လောက်ပဲကောင်းကောင်းကိုင်တွယ်လည်း
သေချာပေါက် သူတို့နဲ့အတူတူ တစ်ဘဝလုံးသယ်သွားရမယ့်စိတ်ဒဏ်ရာပါ
အဲ့ဒဏ်ရာကို သူတို့ကမလိုချင်ပဲ မတောင်းဆိုပဲ ခင်ဗျားတို့ပေးတာပါ.
အစတည်းက ကိုယ့်အတ္တကပိုအရေးကြီးတယ်ဆိုရင်
ကလေးမမွေးပါနဲ့ တစ်ယောက်တည်းနေပါ
ဘယ်ကလေးကမှ မွေးချင်လို့မွေးလာတာမဟုတ်ပါဘူး
လမ်းပေါ်မှာပစ်ထားမှ ခိုင်းစားမှ
မကျွေးမမွေး ပညာမသင်ပေးပဲ ပစ်ထားမှ
မိဘမပီသတာမဟုတ်ပါဘူး
ကိုယ့်ပြဿနာတွေကို ကလေးအပေါ် ပုံချတာ
ကိုယ့် Trauma တွေကိုကလေးအပေါ်ကိုပြန်ပြီး လက်ဆင့်ကမ်းတာ
နေ့စဉ်နဲ့အမျှ အဆင်မပြေတဲ့ Toxic Relationship ကြားထဲ
မှာ ကလေးကိုကြီးပြင်းစေတာ
ဒါတွေအားလုံးလည်း မိဘမပီသတာပါပဲ
မိဘဆိုပြီး ဖြစ်ကိုဖြစ်မလာသင့်တာပါ။
ကြိုက်ကြပါ။ ယူကြပါ။
ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်အတ္တထက် ကိုယ့်ပြဿနာထက်
ကလေးကို ရှေ့တန်းမတင်နိုင်သေးရင်တော့
ရှင်းရှင်းလေးပါ။ ကလေး.မမွေးပါနဲ့။
ထပ်ပြောရရင် ကလေးမွေးနိုင်တိုင်းမိဘမဖြစ်ပါဘူး။
ခေါင်းလေးတော့သုံးကြပါ။
Credit to original Uploader
06/05/2022
Credit to original uploader
စိတ်ဒဏ်ရာများနှင့် မိမိကိုယ်ကို ကြင်နာခြင်း (Self-compassion) အကြောင်း
Written by Dr Ei Thin Zar Thwe
စိတ်ဒဏ်ရာတွေဟာ ကျွန်မတို့ရဲ့ ကိုယ့်ကိုကိုယ်ကြင်နာစိတ်ကို ပျောက်ဆုံးစေပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အရာတွေကို၊ မုန်းတီးတဲ့စိတ်တွေ ကို ကိုယ့်ကိုကိုယ် မုန်းတီးမှုတွေ မသိစိတ်ကနေပြောင်းလဲလိုက်တတ်ပါတယ်။ တကယ်တမ်းတော့ စိတ်ဒဏ်ရာကို ကုစားတာ ရဲ့ အဓိကကျတဲ့ အချက်က မိမိကိုယ်ကို ကြင်နာစိတ်မွေးမြူပြီး ဆက်ရှင်သန်နိုင်ဖို့ပဲဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ကိုကိုယ်ကြင်နာခြင်း Self-compassion ဆိုတဲ့ အလေ့အထကစိတ်ဒဏ်ရာကုစားရာမှာ ဘယ်လိုအထောက်အကူပေးနိုင်လဲကြည့်ကြရအောင်။
စိတ်ဒဏ်ရာတွေကို ကုစားတဲ့ နေရာမှာ ကျွမ်းကျင်သူတွေ က အကြမ်းဖျဉ်းအားဖြင့် အဆင့် ၃ ဆင့်နဲ့ သတ်မှတ်ပြီးပြောကြပါတယ်။
အဆင့် ၁ ကိုတော့ Safety and Stabilization (လုံခြုံမှု နဲ့ စိတ်တည်ငြိမ်မှုလို)ခေါ်ပါတယ်။ စိတ်ဒဏ်ရာရစရာ ကြုံပြီးခါစ သူတွေဟာ မိမိကိုယ့်ကိုကိုယ်နဲ့ပတ်သက်လို့ သို့မဟုတ် အခြားသူတွေနဲ့ဆက်ဆံရာမှာစိတ်မလုံခြုံတာမျိုးတွေ ခံစားရတဲ့အတွက် လုံခြုံမှုရအောင်၊ စိတ်တည်ငြိမ်မှုရအောင် ကြိုးစားယူရတာမျိုးပါ။
အဆင့် ၂ ကတော့ Mourning ပါ။ ဒီအချိန်ဟာတော့ ကိုယ်ကြုံခဲ့ရတဲ့ ဒဏ်ရာတွေကို လက်ခံပြီး ကိုယ့်ခံစားချက်တွေကို အသိအမှတ်ပြု ကိုင်တွယ်ရမယ့် အဆင့်ပါ။
အဆင့် ၃ ကတော့ Reconnection and Integration ပါ။ ဒီအချိန်မှာ တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကသူတွေနဲ့ ပြန်ဆက်သွယ်ပြီး ပြန်လည်ရှင်သန်ဖို့ကြိုးစားတာဖြစ်ပါတယ်။
မိမိကိုယ်ကို ကြင်နာခြင်း (Self-compassion) ဆိုတာ ခုနောက်ပိုင်း စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ လေ့လာချက်တွေမှာ အကျိုးရှိကြောင်းတွေ့လာရတဲ့ အလေ့အကျင့်တခုဖြစ်ပါတယ်။
ကျွန်မတို့က “ကိုယ့်ကိုယ်ကိုယ် အားမရဘူး၊ ငါအသုံးမကျတာ၊ ငါကိုကမှားတာပါ” စတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အတွေးတွေနဲ့ အသားကျနေမိတတ်ကြပါတယ်။ Self-hostile လို့ပြောကြတဲ့ ဒီလိုအတွေးတွေဟာ စိိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်ကြောင်းလေ့လာတွေ့ရှိထားတာတွေရှိပါတယ်။
၂၀၁၉ ခုနှစ် မှာပြုလုပ်ခဲ့တဲ့ သုတေသန တခုမှာ ကိုယ်အားဖြင့် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအားဖြင့်အကြမ်းဖက်ခြင်းကိုခံရပြီးနောက်ပိုင်း Post-traumatic Stress Disorder (PTSD) ခံစားနေရတဲ့အမျိုးသမီး တွေမှာ ကိုယ့်ကိုယ်ကိုယ် ကြင်နာစိတ်ထားနိုင်တဲ့ အမျိုးသမီးတွေက အခြား ဝေဒနာခံစားရသူတွေလောက် ရောဂါလက္ခဏာ မပြင်းထန်တာကိုတွေ့ရပါတယ်။ Self compassionnဟာ စိတ်ခံစားချက်ေတွကို မထိန်းညှိနိုင်ခြင်း (Emotional dysregulation) ကိုလည်းလျှော့ချနိုင်တာကိုတွေ့ရပါတယ်။
Self-compassion ဟာလေ့ကျင့်မွေးမြူလို့ရပါတယ်။ ဒီမှာတော့ လွယ်ကူတဲ့ အချက် လေး ၃ ချက်ကို ပြောပြပါမယ်။
၁။ ကိုယ့်ကိုကိုယ် ဂရုစိုက်တာ။ (ဥပမာ- အနားကောင်းကောင်းယူတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကောင်းကောင်းစားတာ)
၂။ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ အလေ့အကျင့်လုပ်တာ။ (ဥပမာ ကိုယ့်နေရာမှာသာ အခြားသူငယ်ချင်းတယောက်ဆိုရင် သူ့ကိုဘယ်လိုအားပေးမလဲစဥ်းစားကြည့်ပါ။ ပြီးရင် အဲဒီတိုင်း ကိုယ့်ကိုယ်ကိုယ် အားပေးကြည့်ပါ။)
၃။ တရားမှတ် ကြည့်ပါ။ ဒါကေတာ့ အရေးအကြီးဆုံးပါပဲ။ Mindfulness နဲ့ Self compassion က ဆက်စပ်ပါတယ်။ တရားရှူမှတ်ရင် ကိုယ့်ကိုယ်ကိုယ် ကြင်နာစိတ်လေးနဲ့ ခံစားချက်တွေ ဝေဒနာတွေကို မှတ်ကြည့်ပါ။
စိတ်ဒဏ်ရာကုစားရာမှာ နောက်ဆုံးအဆင့်ဟာ အခြားသူတွေနဲ့ ပြန်ဆက်သွယ် ပြီး ကောင်းမွန်လုံခြုံတဲ့ လူမှုဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ ပြောသွားပါတယ်။ ဒီနေရာမှာပြောချင်တဲ့ အချက်လေးက အဲလို ပြန်လည်ဆက်သွယ်တဲ့နေရာမှာ ကိုယ့်ကိုယ်တိုင်နဲ့ လည်း ကြင်နာတဲ့ လုံခြုံမှုရှိတဲ့ ဆက်ဆံရေးလေး ပြန်မွေးမြူဖို့ ကလည်း အရေးကြီးတယ်ဆိုတာလေးပါ။ ဒါကြောင့် စိတ်ဒဏ်ရာခံစားနေရသူေတွ ကို ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်ဖို့ အပေါ်ကအချက်လေးတွေကြိုးစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
Reference:
https://trauma-recovery.ca/recovery/self-compassion/
https://self-compassion.org/wp-content/uploads/2016/06/Scoglio_2015.pdf
https://www.health.harvard.edu/mental-health/4-ways-to-boost-your-self-compassion
Credit and original link
https://www.healingburma.org/2022/05/06/self-compassion/
05/02/2022
အိုမီခရွန်မှာ ဘာဆေးတွေသောက်ရမလဲ❓
ကိုဗစ် အိုမီခရွန် ပြည်တွင်းကူးစက်မှုတွေ စတင်လာတော့ ပြည်သူတွေ ထိတ်လန့်ကြပါတယ်။
အခုအထိ သိရှိရတဲ့ ရောဂါအနေအထားတွေအရ
✅ ဖျားခြင်း / ကိုယ်ပူချိန်တက်ခြင်း
✅ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း
✅ ခေါင်းကိုက်ခြင်း
✅ လည်ချောင်းနာခြင်း
✅ နှာရည်ယိုခြင်း
✅ လူနုံးခြင်း / အားမရှိခြင်း
✅ (အချို့တွင်) မျက်စိနာခြင်း
စတာတွေ အဖြစ်များပါတယ်။
ယခင်ကိုဗစ်များလို
❌ အနံ့ပျောက်ခြင်း
❌ အရသာပျက်ခြင်း
မရှိကြပါ။
ဒါပေမယ့် ဒီရောဂါလက္ခဏာတွေဟာ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၁ ကြိမ်ထိုးထားပြီးသူတွေမှာ ဖြစ်ကြတာပါ။ ၅ ရက်ကျော်လျှင် သက်သာသွားကြတာများပါတယ်။ ကာကွယ်ဆေးမထိုးထားဖူးသူတွေအနေနဲ့ ဒီ့ထက်ပြင်းထန်တာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သတိရှိစေချင်ပါတယ်။
ဆေးတွေကတော့ (အသက် ၁၈ နှစ်အထက် လူနာများ)
✅ ဖျားတာအတွက်
PO Paracetamol 500 mg နံနက် ၁ နေ့လယ် ၁ ည ၁
✅ ကိုယ်လက်ကိုက်ခဲ နာကျင်တာ ၊ လည်ချောင်းနာတာ ၊ ခေါင်းကိုက်တာ အတွက်
PO Ibuprofen 400 mg နံနက် ၁ နေ့လယ် ၁ ည ၁
သို့မဟုတ်
PO Diclofenac 50 mg နံနက် ၁ ည ၁
သို့မဟုတ်
PO Aceclofenac 100 mg နံနက် ၁ ည ၁
🚨 ဒီဆေး ၃ မျိုးကတော့ သွေးကျဲဆေး သောက်နေတဲ့သူတွေ ၊ ဆေးမတည့်တဲ့သူတွေမှာ လုံးဝမသောက်သင့်ပါဘူး။ အစာအိမ်နာ ဗိုက်အောင့် ဗိုက်နာတတ်သူတွေဆိုရင် အစာအိမ်နာ သက်သာတဲ့ဆေးနဲ့ တွဲဖက်သောက်သုံးသင့်ပါတယ်။
✅ နှာစေးတာ နှာရည်ယိုတာအတွက်
PO Cetirizine 10 mg နံနက် ၁ ည ၁
သို့မဟုတ်
PO Chlorpheniramine (Burmeton) 4 mg နံနက် ၁ ည ၁
✅ ချောင်းခြောက်ဆိုးတာအတွက်
PO Dextromethorphan 10 mg နံနက် ၁ နေ့လယ် ၁ ည ၁
✅ ချွဲထ ချောင်းဆိုးတာအတွက်
Carbocisteine ပါဝင်သောဆေးကို သောက်သုံးပါက စစချင်း 2.25 g အထိရအောင် တနေ့တာအတွင်း သောက်သုံးရမည် ဖြစ်ပါသည်။ သက်သာလာပါက 1.5 g သို့ ပြန်လျှော့ချရမည် ဖြစ်ပါသည်။ သတိပြုရန်မှာ အစာအိမ်ထိခိုက်ပြီး ဗိုက်နာတတ်ပါသည်။
Carbocisteine - Adult. Initially 2.25 g in divided doses, then reduced to 1.5 g daily in divided doses as condition improves.
Acetylcysteine ပါဝင်သောဆေးကို သောက်သုံးပါက တနေ့လျှင် 600 mg ကို တစ်ကြိမ်သောက်ပေးရပါမည်။ ရင်ကျပ်ရောဂါရှိသူများနှင့် အစာအိမ်နာ ဗိုက်အောင့်တတ်သူများ သတိဖြင့် သောက်သုံးသင့်သည်။
Acetylcysteine - 600 mg once daily.
Bromhexine ပါဝင်သောဆေးကို သောက်သုံးလျှင် 16 mg tds အထိ သောက်လို့ရပါသည်။ ဆေးပြားတစ်ပြားတွင် 8 mg ပါသဖြင့် နံနက် ၂ နေ့လယ် ၂ ည ၂ အထိ သောက်သုံး၍ ရပါသည်။ Bromhexine ဆေးကို အတော်အသင့် အခြေအနေဆိုးသော ကိုဗစ်လူနာများတွင် 32 mg tds အထိ ပေး၍ ကုသလျှင် လူနာအခြေအနေတိုးတက်ကောင်းမွန်ကြောင်း တွေ့ရှိထားပါသည်။ Bromhexine ဆေးကို ၁၄ ရက်ထက် ပိုမသောက်ရပါ။
The early administration of oral bromhexine reduces the ICU transfer, intubation, and the mortality rate in patients with COVID-19. This affordable medication can easily be administered everywhere with a huge positive impact(s) on public health and the world economy.
✅ လူနုံးခြင်း အတွက်
တနေ့လျှင် ဓာတ်ဆား ၁ လီတာ မှ ၂ လီတာအထိ သောက်သုံးပေးပါ။
အခြားအကြံပြုချက်များ
✅ အိပ်ရေးဝအောင် အိပ်ပါ
✅ အာဟာရပြည့်အောင် စားပါ
✅ အနားယူပါ
✅ အခြားသူများကို မကူးစက်စေရန် Mask တပ်ပါ ၊ ဆပ်ပြာဖြင့် လက်ဆေးပါ ၊ ၆ ပေခွာနေပါ
✅ စိတ်ချမ်းသာအောင်နေပါ
✅ အောက်စီဂျင် ကျလာခြင်း ရှိမရှိ သိရှိရန် စစ်ဆေးပါ
(အောက်စီဂျင်ကျလာလျှင် ကုထုံးပြောင်းလဲရန် လိုပါသည်။)
🚨 Molnupiravir မိုနူပီရာဗာ ဆိုသော ဗိုင်းရပ်စ်သတ်ဆေးသည် အန္တရာယ်ရှိသော လူနာများ High Risk Patients အတွက်သာ သုံးရမည့်ဆေးဖြစ်ပြီး လူတိုင်းသောက်ရန် မလိုအပ်ပါ။ ကိုယ်ဝန်ဆောင်သည်များ လုံးဝသောက်၍ မရပါသဖြင့် ဆေးမပေးမီ ကိုယ်ဝန်ရှိ မရှိ စစ်ဆေးရန် လိုအပ်ပါသည်။
မိဘပြည်သူများ ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ရရှိပိုင်ဆိုင်ကြပါစေ။
Dr. ကျော်သက်စိုး (GP)
အထွေထွေရောဂါကု ဆရာဝန်
၅.၂.၂၀၂၂
05/01/2022
ရင့်ကျက်လာတာနဲ့အမျှ
၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။
၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။
၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။
၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။
၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။
၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။
၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။
၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။
၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။
၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။
၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။
၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။
၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။
၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။
၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။
တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.
04/01/2022
Credit to original writer...
"တတိယအကြိမ်ကာကွယ်ဆေး"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မကြာခဏ ဖြေရတဲ အကြောင်းအရာပါ။
ခုချိန်ထိ ပထမအကြိမ် ကာကွယ်ဆေးကိုတောင် မထိုးကြ မထိုးရသေးသူတွေ ရာခိုင်နှုန်းတော်တော်များများ ရှိနေဆဲပါ။
အဲလိုပဲ ထိုးပြီးသားသူတွေလည်း တော်တော် များလာပါပီ။
သူတို့ သိချင်တဲ့ အကြောင်းအရာပါပဲ။ တကယ်လည်း သိသင့်ပါတယ်။
"သူငယ်ချင်းရေ၊ ငါ့အဖေနဲ့အမေက covishield ၂ ကြိမ် ထိုးပြီးသား။ ခု ၆ လကျော် လောက်ရှိပြီ။ အဲ့ဒါ ရန်ကုန်မှာ ခု Sinopharm က အပြင်မှာ ထိုးလို့ရပြီဆိုတော့၊ B ကာကွယ်ဆေးလို 0, 1, 6 ထိုးသလိုများ ထပ်ထိုးဖို့ လိုမလား အဲဒါလေး မေးကြည့်တာပါ သူငယ်ချင်း".. အေး... သူငယ်ချင်း၊ ထိုးဖို့ လိုပါတယ်။ ၆ လလည်း ကျော်လာပီဆိုတော့ ထိုးဖို့လည်း သင့်ပါတယ်။
"အကယ်၍ အမျိုးအစား မတူတာရော သူငယ်ချင်း။ ပထမ ၂ ကြိမ်တုန်းက covishield ထိုးတယ်။ ခုရက်ပိုင်း ရနေတာက Sinopharm ဆိုတော့လေ" .. အမျိုးအစား မတူတာ ထိုးတာ ပိုကောင်းပါတယ် သူငယ်ချင်း၊ covishield က ၂ ကြိမ်ဆိုတော့ တော်တော်တော့ လုံလောက်ပါတယ်။ ဒါပေမယ့် persistent immunity ရနေမယ်ဆိုတာ မသေချာလို့ နိုင်ငံခြားမှာလည်း ၆ လကြာရင် booster ပြန်ထိုးနေတာပဲလေ။
persistent immunity ဆိုတာကလည်း moderna နဲ့ Pfiza ကပဲ ကိုယ်ခံအားပမာဏ စောင့်ကြည့် သွေးစစ်ကြည့်တော့ ၆ လ ထိတော့ အားကောင်းသေးတယ်၊ မကျသေးဘူးလို့ သိထားတာ။ ကျန်တဲ့ဟာတွေက မကြည့်ထားလို့ ဒေတာ မသိဘူး။
အဲတော့ moderna, Pfiza မဟုတ်တဲ့ဟာတွေက ဘယ်လောက်ကြာရင် ဘယ်လောက်ကျသွားမယ် ဒီတိုင်းပဲ တည်ရှိနေမယ်ဆိုတာမျိုး စတာတွေ တိတိကျကျ သိမထားဘူး။
မသိထားတော့ ခုလို ၆ လလောက်လဲ ရှိပီဆိုတော့ ထိုးသင့်ပါတယ် သူငယ်ချင်း၊ တချို့မှာ ၆ လ မပြည့်သေးရင်တောင် ထိုးသင့်တဲ့ သဘောမျိုးလည်း ရှိသေးတယ်ဆိုတော့လေ
"အေး သူငယ်ချင်း။ အဲဒါမှာ သူတို့ကို ပြီးခဲ့တဲ့ ၅ ရက်လောက်က antibodies စစ်ကြည့်တာ။ 0.8 အောက်ဆို မအောင်ဘူးပေါ့။ သူငယ်ချင်းလည်း သိမှာပါ။ အဲဒါ အဖေကတော့ ၈ ရှိတယ်။ အမေက ၅၂.၅ ဆိုတော့လေ။ အဲဒါကော".. အဲဒါက သူငယ်ချင်း တကယ်တော့ ဘယ်လောက်ရှိရင် immunity က ပိုးမကူးဘူးလို့တော့ တကယ်တမ်း သေသေချာချာ တိတိကျကျတော့ မသိထားဘူးရယ်။
ဥပမာ B ပိုးကာကွယ်ဆေးထိုးပြီး (နှစ်တွေ အတော်ကြာတဲ့အခါ/ ၅ နှစ်ကျော်သွားပြီးမှ ) antibodies (ကိုယ်ခံအား) ၁၀၀၀ ကျော်ရင် ပိုးကို ကာကွယ်တယ်၊ ၁၀၀၀ မကျော်ရင် booster ဗိုင်းရပ်ထိုးရမယ် ဒါမျိုးလေ။ ကိုဗစ်မှာတော့ အဲလို သေချာ မသိသေးဘူး။ ဘယ်လောက်လယ်ဗယ်ဆိုရင်/ ဘယ်လောက်ဂဏန်းဆိုရင် booster ထပ်ထိုးပါ ဘယ်လောက်အောက်ဆို ထိုးဖို့ မလိုသေးဘူးဘာညာလည်း မရှိသေးဘူး။ (official ကတော့ ထိုးဖို့မလိုပါဘူး ဘာညာပြောကြမှာပါ။ ကာကွယ်ဆေးကလည်း မလွယ်သေးတော့ပေါလေ၊ တကယ်လည်း ကာကွယ်ဆေး ထိုးထားဖူးရင်ကို ဆေးရုံတက်ရတာ၊ ပြင်းထန်တာတွေကို သိသိသာသာ လျော့စေတာ အမှန်ပါပဲ)
Immunity % ကလည်း သူ့ရဲ့ သဘောက breakthrough infection နဲ့ သွားတာ။ ဘယ်လောက်ရာခိုင်နှုန်း success rate ဆိုတာက _ ဥပမာ ၉၀% ကာကွယ်တယ် ဆိုတာ ထိုးသူ ၁၀၀ မှာ လူ ၉၀ ကို ကာကွယ်ပြီး လူ ၁၀ ယောက်သာ ဖြစ်တယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘဲ ဒီတစ်ယောက်တည်းမှာကို ကိုယ်ခံအားကို ချိုးဖျက်ပြီး ဗိုင်းရပ်ဖောက်ဝင်နိုင်ချေ ၁၀% ရှိသေးတယ် ဆိုလိုတာ။ မျိုးကွဲဗိုင်းရပ်ဆို ပိုများနိုင်သေးတယ်။ အဲတော့ ကိုယ်ခံအားကို ရနိုင်သလောက် ပြည့်စုံအောင် လုပ်ထားနိုင်မှ တော်ကာကျမှာ။ ဒါကြောင့် မတူတဲ့နောက်တခု ပြောင်းထိုးပီး immunity % တိုးအောင် ကြိုးစားရမှာပါ သူငယ်ချင်း။
(အပေါ်က သူငယ်ချင်းလဲ သိမှာပါ ဆိုတာကလည်း ဓါတ်ခွဲခန်းအဖြေသက်မှတ်ချက်ပေါ့၊ ၀.၈ အောက်ဆို မအောင်ဘူး၊ မရှိဘူး၊ မပေါ်ဘူးပေါ့။ ၀.၈ ကျော်မှ စရေတွက် တာပါပဲ ပြောရမှာပါ။
အောင်တယ်လို့မပြောပဲ ကိုယ်ခံအားက ရှိတော့ နေပြီ။ ဘယ်လောက်ရှိတယ်လို့ပဲ ပြောလို့ရမှာပါ။)
"Moderna တို့ Pfiza တို့က ၆ လကြာရင် ပြန်ထိုးပါလို့ ရှိပြီး ကျန်တာတွေ မသိသေးဘူး အဲလိုပြောတာလား သူငယ်ချင်း" .. မဟုတ်ဘူး။ moderna နဲ့ Pfiza က ၆ လထိ immunity ကောင်းသေးတယ်။ immunity decline _ ကိုယ်ခံအား ကျသွားတာမျိုး ၆လထိတော့ မရှိသေးဘူးဆိုတဲ့ ဒေတာ ရှိတယ်။
၉ လမှာ ဘယ်လိုနေလဲ ၁ နှစ်မှာ ဘယ်လိုနေလဲဆိုတာ စောင့်ကြည့်နေဆဲပါ။ သူတို့ ထိုးထားရင် ပြန်ထိုးဖို့ ဘယ်အချိန်ဆိုတာလဲ မရှိသေးဘူး။ မသိသေးဘူး။ မလိုသေးဘူး။
ခုလို တခြားဟာတွေ အနေနဲ့က သေချာပေါက် decline ရှိတယ်။ ၇၀% ပဲ ရှိတော့တယ်။ ၅၀% ပဲ ရှိတော့တယ် ဆိုတာမျိုးတွေ တွေ့ရတယ်။
ကာကွယ်ဆေးအမျိုးအစားကြောင့်အနေနဲ့က အဲလို ကျသွားတာ ရှိတယ်။ ပြီးတော့ လူပေါ်မှာ ရောဂါအခံစတာတွေပေါ် မူတည်ပြီး ကျမှာတွေကလည်း ရှိသေးတယ်။
အဲဒါကြောင့် moderna, Pfiza မဟုတ်တဲ့ ကာကွယ်ဆေးတွေ အနေနဲ့က ထပ်ထိုးဖို့ လိုတယ်။ သူတို့ကို ယုံမှတ်ပုံအပ်ထားလို့ မဖြစ်ဘူးပေါ့။ ဟို ၂ ခုက မလိုဘူးလား ဆိုတော့ စောင့်ကြည့်ဆဲပဲ ရှိသေးတယ်။ ကျလာတာတွေ့ရင် ထပ်ထိုးခိုင်း ကြရမှာပါပဲ။
ကျန်တဲ့ Covishield, Sinopharm, Sinovac စတာတွေဆိုရင် အကြမ်းမျဥ်း ၆လ လောက်ကြာရင် booster ထိုးမယ်၊ ပီးရင် နောက် ၄ ပါတ်ကြာရင် second time booster ထိုးမယ် ဒါမျိုး သက်မှတ်လာကြတယ်။ Covishield ၂ ကြိမ်ပြီး ၆ လ၊ Sinopharm ၂ ကြိမ်ပြီး ၆ လဆို booster ထိုး ဒါမျိုးပေါ့။ Sinovac ဆို အဲလောက်မစောင့်ဘဲတောင် ထိုးမယ်ပြောတယ် ၃ လ - ၆ လ ကြာ booster ထိုးတဲ့။ အဲဒါကြောင့် ကိုယ်တွေဆီမှာ ရတဲ့ ဆေးများအနေနဲ့က ထပ်ထိုးထားဖို့ သင့်ပါတယ် သူငယ်ချင်း။
"ဒါဆို ထပ်ထိုးဖို့လည်း ကြုံမယ်၊ အခါအခွင့်လည်း သင့်မယ်ဆိုရင် ထပ်ထိုးထားသင့်တယ်ပေါ့နော် သူငယ်ချင်း".. အေး သူငယ်ချင်း၊ ဘာလို့ဆို ကိုယ်ခံအားက ဘယ်ဂဏန်းဘယ်လောက်ဆို မကူးပါဘူးလို့ အတိအကျ မသိနိုင်ဘူးလေ။ ဥပမာ ကိုယ်ခံအားက ၃၀ ရှိတယ်ဆိုပါစို့။ mutation ဖြစ်ထားတဲ့၊ မတူတဲ့ strain မျိုးကွဲ လာရင် ကူးမှာပဲ။ ပီးတော့ ဒီ strain တော့ ဒီ strain ပဲ၊ ဒါပေမယ့် ပိုးပမာဏများများ viral load များများ လာရင်လည်း ကူးမှာပဲ။ ဆိုတော့ ကိုယ်ခံအားကို ရအောင် မြှင့်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ပြီးတော့ ကြာလာတာနဲ့ ကျသွားမလားဆိုတာကလည်း မသိနိုင်ဘူး။ အဲဒါကြောင့် vaccine immunity ကို ရနိုင်သလောက် မြှင့်ဖို့ booster မှာ မတူတာထိုးလိုက်လို့ ပြောတာ သူငယ်ချင်း။
"ဟုတ်ကဲ့ပါသူငယ်ချင်း၊ အဲတော့ ငါလည်း ၁၁ လပိုင်းလောက်က ကိုဗစ်ဖြစ်ခဲ့သေးတယ်။ အဲ့နောက်ပိုင်း covishield လည်း ၂ ကြိမ်ထိုးခဲ့တယ်။ အဲ့နောက်ပိုင်း ဟိုးတခါက စစ်ကြည့်လိုက်တာ antibodies က ၂၅၀ ကျော် ရှိတယ်ပြောတယ် သူငယ်ချင်း။ အဲလိုဆိုရင်ကော ထိုးရမလား။" .. အေး သူငယ်ချင်း၊ အဲတော့ ခုနပြောတဲ့ antibodies က ဘာ antibodies လဲ သူငယ်ချင်း။ G လား Neutralizing antibodies လား။ အဲပေါ်လည်း မူတည်တယ်သူငယ်ချင်း။ လွဲနေမှာ စိုးလို့။
"ငါ ကြည့်လိုက်အုံးမယ် သူငယ်ချင်း။ ပုံတော့ ပို့ထားတာ ရှိတယ်။ ဟော တွေ့ပြီ။ spike antibodies တဲ့။ အဲဒါဆို ဘာကို ပြောတာလဲ။ ဘာကွာလို့လဲ သူငယ်ချင်း".. အေး သူငယ်ချင်း။ antibodies က အကြမ်းမျဥ်း ၂ မျိုး တိုင်းကြတယ်။ G ရယ်၊ Neutralizing antibodies or spike antibodies ပေါ့။(ကိုယ်ခံအား G ရယ်၊ အချွန်လေးတွေကို ဦးတည်စစ်တာရယ် ဆိုပြီးတော့လို့ အရင် ပိုစ့်တွေမှာ ရှင်းပြပြီးသားပါ)။
G က ပိုးဝင်ခဲ့ပြီးလို့ ပေါ်လာတာ၊ အရမ်း ကြာရှည်မခံဘူး။ (အရင်ပိုစ့်တွေမှာ ရှင်းပြခဲ့သေးတယ်) သိပ်လည်း အသုံးမဝင်ဘူး။ ပိုးကူးပြီး ဘယ်ချိန်ကျတယ် ပြင်းထန်ခဲ့ရင် မပြင်းထန်ခဲရင် ဘာညာ သုတေသနလုပ်ဖို့ဘဲ စစ်တာကောင်းတယ်။
N or S ကတော့ ကာကွယ်ဆေးကြောင့် ပေါ်လာတာ။ သူကတော့ ပိုတာရှည်ခံတယ်။ ဗိုင်းရက်ကို ဆဲလ်ထဲ မဝင်နိုင်ခင်မှာတင် အားပျယ်အောင် ရှင်းပစ်တာ။ ပိုစွမ်းအားရှိတယ်ပေါ့။ များများရှိလေ ပိုကောင်းလေပဲပေါ့။ တကယ်တော့ သူလည်း ဘယ် vaccine immunity က ဘယ်အချိန်ဆို ဘယ်လောက်% ကျတယ် သုတေသနလုပ်ဖို့ပဲ စစ်ဖို့ကောင်းတာ၊ vaccine အတွက် vaccine company တွေက research အတွက် သူတို့ဖာသာ စစ်လိမ့်မယ်။ individual တစ်ဦးချင်းစစ်တာက စိတ်ကျေနပ်မှု ရတာပဲ ရှိတယ်။
ဒီကြားထဲ error တွေ ရှိရင် ခက်မယ်။ human error, lab error, multi_level error တွေ ရှိနေမှာ စိုးရိမ်ရတော့ အဖြေအပေါ်မူတည်ယုံကြည်ပြီး မနေရဲဘူး။ အဆင်ပြေရင် ထိုးသင့်တဲ့ဘက် ပိုရှိတယ် သူငယ်ချင်း။
"အေး သူငယ်ချင်း။ ဟို ၂ ယောက်ကတော့ ၈ တို့ ၅၀ တို့ ဆိုတော့ ထိုးသင့်တယ်ပေါ့ကွာ။ ငါအနေနဲ့က ၂၅၀ ဆိုတော့ နေလိုက်ရအုံးမလားပေါ့။"..အေး သူငယ်ချင်း။ မှန်ပါတယ်။ သူငယ်ချင်းက ၁၀၀ ကျော်ရုံမက ၂၅၀ ကျော်ဆိုတော့ အားကောင်းပါတယ်။ ဒါပေမယ့် ခုန ပြောသလို ကိုယ်တွေ မသိနိုင်တဲ့ အချက်က ဘာ error တွေ ရှိခဲ့မလဲ။ ယုံရပါ့မလား။ ပြီးတော့ သူငယ်ချင်း အဲဒီစစ်တုန်းက အဖြေက ခုလို လကြာလာတဲ့အခါ အဲ့တုန်းက ၂၅၀ ကျော် ခုထိ ရှိနေအုံးမလား၊ လျော့ သွားမလား။ တဖြေးဖြေးလျော့မလား ခပ်မြန်မြန်လျော့မလား မသိနိုင်ဘူး။ ၁ လကြာရင် ပုံမှန် ရှိနေမလား၊ ၂ လ ကြာရင်ရော ပုံမှန်ရှိနေမလား အဲလို မသိနိုင်ဘူး။ moderna, Pfiza ကတော့ ၆ လထိ မကျသွားဘူး။ ကျန်တာက မကျဘူးနဲ့ မထုတ်ပြန်ထားတဲ့အပြင် ကျတယ်လို့လည်း သိရသေးတယ်။ အဲတော့ ၁ လ ၂ လလောက်နေရင်ဖြစ်ဖြစ်၊ ၆လပြည့်ဖြစ်ဖြစ် ထပ်စစ်ကြည့်ထား။
ဒါမှမဟုတ် ဒီရက်ပိုင်း ထပ်စစ်ကြည့်ပြီး ကျသွားလားကြည့်၊ မကျသေးရင် စောင့်မယ်ဆို စောင့်လို့ရတယ်။ အဲလို လုပ်ပေါ့။
"ခုတော့ ထပ်စစ်ဖို့က မလွယ်တော့ဘူး။ မစစ်ဘဲနဲ့ဘဲ ထပ်ထိုးသင့်လား။".. အင်း ပြောရရင် သဘောကတော့
ခုနပြောသလို အချိန်အကွာအဝေး ကာလတစ်ခုရှိရင်တော့ ထပ်ထိုးသင့်တယ်။ ဥပမာ ၆ လပေါ့။ ဘာလို့ဆို ထိုးပြီး ကိုယ်ခံအားကိုယ်၌က ရာခိုင်နှုန်း ၈၀% ဝန်းကျင်ဆိုတော့ ကျသွားရင် အဆင်မပြေဘူး။ ခုန quantitative စစ်တဲ့ ကိန်းဂဏန်းကလည်း စစ်တဲ့အချိန်ကိုပဲ ကိုယ်စားပြုတာကိုး။ နောက်တစ်လနေရင် ၂၅၀ မဟုတ်တော့ဘဲ ၁၅၀ ဖြစ်သွားမလား။ ၅၀ လောက်ထိ ထိုးဆင်းသွားမလား မပြောနိုင်ဘူးရယ်။ ထပ်စစ်ကြည့်မှသာ သိနိုင်တာကိုး။ အဲတော့ ခဏခဏလည်း စစ်မနေနိုင်ဘူးလေ။ စစ်လို့ ကျတဲ့အချိန် ထိုးစရာ ကာကွယ်ဆေးက ရှိနေပါမယ်လို့လဲ မသေချာတော့ စဥ်းစားရတာပေါ့ကွာ။
နောက်တစ်ခုက တစ်ချို့နိုင်ငံတွေဆို ဘယ်ကာကွယ်ဆေးမှ အသိအမှတ်ပြုတယ်ဆိုတာက ရှိသေးတာကိုး။ vaccine card မှာ ဒီဆေးဒီဆေးထိုးထားတယ်ဆို အိုခေ။ ထပ်လည်း မစစ်ဘူး၊ Q လည်း မဝင်ရဘူး။ နိုင်ငံအနှံ့ သွားလာ ရတယ်။ ပြည်တော်ဝင်လည်း မ Q ရဘူး။ အဲ့ဆေးတွေ မဟုတ်တဲ့ နံမည်နဲ့ vaccine card ဆို မထိုးထားရသေးသူတွေလို Q လည်း အပြည့် ဝင်ရတယ်၊ နှာခေါင်းလည်း စစ်ခံရတယ်။ ဒီလိုမျိုး ခွဲခြား အသိအမှတ်ပြုတာတွေ ရှိနေတော့ သိပ်တော့ များများ စဥ်းစားစရာ မလိုပါဘူး။ ထပ်ထိုးသင့်ပါတယ်။
သူတို့တွေဆီမှာကို covishield ၂ ကြိမ်ထိုးထားရင် ၆ လကြာ moderna ထပ်ထိုး၊ ပြီး ထပ် ၄ ပါတ်ကြာ second booster moderna ထပ်ထိုး။ တနည်း အပြည့် ပြန်ထိုးခိုင်းတာပါပဲ။
Sinopharm ၂ ကြိမ်ပြီးထားလည်း ၆ လပဲ။
Sinovac ဆို ၆လတောင် မစောင့်ခိုင်းဘူး။ ၃ လ ၆ လ ကြာ ထပ်ထိုး၊ ဒါမျိုး ပြောတယ်။
အဲတော့ ရတယ်ဆို အပြည့်ပြန်ထိုး။ မရရင် တစ်ကြိမ်တော့ booster အနေနဲ့ ထပ် ထိုးသင့်ပါတယ်။
ကိုဗစ်ကလည်း ပြီးမယ့်သဘော မတွေ့ရသေးတော့ နောက်ဆို ဘယ်နှစ်လကြာ ထပ်ထိုးဆိုပြီး ပုံမှန် ဖြစ်သွားနိုင်တာပေါ့ သူငယ်ချင်းရာ။
အဲတော့ မြန်မာပြည်အနေနဲ့ကတော့
Covishield ၂ ကြိမ်ဆို ၆ လလောက်ကြာရင် sinopharm ပြောင်းထိုး။
Sinopharm ၂ ကြိမ်ဆို ၆ လလောက်ကြာရင် Covishield ပြောင်းထိုး။
Sinovac ၂ ကြိမ်ဆို ၃ လကျော်ကတည်းက တခြားဟာ ပြောင်းထိုးပေါ့။
ဒီလိုပဲ ပြောရမှာပါသူငယ်ချင်း။
"အဲတော့ side effects ရော ဘယ်လို နေမလဲ သူငယ်ချင်း".. ဘေးထွက်ဆိုးကျိုးကတော့ အရင်ထိုးခဲ့စဥ်ထက် ထူးခြားပြီး ပိုမရှိပါဘူးသူငယ်ချင်း။
ထိုးတဲ့နေ့ ဝန်းကျင်သာ ပို ဆင်ခြင်စရာ ဆင်ခြင်ပေါ့။ ဥပမာ သွေးတွေ အရမ်းတိုးမနေစေနဲ့။ ဆီးချိုတွေ အရမ်းတက်မနေစေနဲ့။ စသည်ပေါ့။
နို့မို့ဆို သွေးအရမ်းတိုးပြီး ညနေ ဦးနှောက်သွေးကြောပိတ် လေဖြတ်မယ့်ဟာ နေ့လည်က ထိုးခဲ့တဲ့ ကာကွယ်ဆေးကြောင့်လို့ တိုက်ဆိုင်ပြီး ပြောစရာ ဖြစ်တက်တာပေါ့။
မနက်ကာကွယ်ဆေးထိုးတယ်၊ ညကျ ပုံမှန်သောက်နေကျမို့ အရက် များများသောက်တယ်။ အခန့်မသင့်တော့ အဲ့ည သွေးပေါင်တွေတက် နောက်မနက် လေဖြတ်ရော။ တရားခံကျ ကာကွယ်ဆေးဆိုပြီး အပြစ်တင်ခံရတက်တာပေါ့။
အဲလို မဖြစ်ရအောင် ဆင်ခြင်ရမှာပေါ့။
ထူးပြီးတော့ ဘေးထွက်ဆိုးကျိုး ပြင်းထန်တာ မရှိပါဘူး။
ထိုးစဥ် ရက်ပိုင်းမှာသာ ကျန်းမာရေး ပိုဂရုစိုက်ဖို့ပါပဲ။
"ဟုတ်ပါပီ သူငယ်ချင်း၊ ဒီလောက်ဆို တော်တော် knowledge and facts ရပါပီ။ ပြန်ပြီး ပြောပြလိုက်အုံးမယ် သူငယ်ချင်း။ ကျေးဇူးပါ သူငယ်ချင်း။ ရန်ကုန်က တစ်ခုခု မှာစရာ ရှိတာ မှာပါ သူငယ်ချင်း။ အားမနာနဲ့နော်".. အိုခေပါ သူငယ်ချင်း။ မှာစရာလည်း မရှိပါဘူး သူငယ်ချင်း။ ကျေးဇူးတင်ပါတယ်။ သိချင်တာရှိလည်း မေးပါ အားမနာပါနဲ့ သူငယ်ချင်း။ အဲဒါဆို ဖုန်းချလိုက်ပြီနော် သူငယ်ချင်း။
မိတ်ဆွေသူငယ်ချင်း အထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ပြောဖြစ်တာပါ။ အားလုံးအတွက် တစုံတရာ အကျိုးရှိမယ်ယူဆလို့ ရေးသား ပိုစ့်တင်ပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုဗစ်လူနာတွေကို ပရဟိတကူညီပေးနေသူတွေ စတဲ့ risk များတဲ့ သူတွေ တတိယအကြိမ်ကို ပိုထိုးဖို့ သင့်ပါတယ်။
ရနိုင်ရင်တော့ပေါ့လေ_ ရနိုင်ရင်ပေါ့။
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာလို့ ဘေးဘယာတွေ ဝေးကွာကာ ချမ်းမြေ့သာယာသော ဘဝများကို ရရှိထိန်းသိမ်းပိုင်ဆိုင်နိုင်ကြပါစေ။
Credit
24/12/2021
Merry Christmas ပါ။
စိတ်ရောကိုယ်ပါ ကျန်းမာဘေးကင်း ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။
31/12/2020
Happy New Year... 🎉
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။
25/12/2020
Jingle bell jingle bell jingle all the way...
ခရစ္စမတ် ဘိုးဘိုးကြီးလည်း COVID ကြောင့် Stay Home နေရတဲ့ကာလမှာ ကျွန်တော်တို့ အဖွဲ့လည်း အိမ်ထဲမှာနေရတာ ကြာတာကြောင့် စိတ်ဓါတ်ကျပြီး စာတောင် မရေးဖြစ်တာ အတော်ကြာနေပါပြီ။
သို့သော်လည်း ကျွန်တော်တို့ရဲ့ စာဖတ်သူများ နေကောင်းကြရဲ့လား သိချင်မိတာရယ် ခရစ္စမတ် အခါတော်နေ့မှာ ဆုမွန်ကောင်းတောင်းပေးချင်တာရယ်ကြောင့် ဒီပို့စ်လေး တင်လိုက်ပါတယ်။
Merry Christmas and a Happy New Year!!!
Wish you happy, healthy, wealthy and prosperous year ahead!!!
See you guys.
We'll be back soon.
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon
00110