Hiv General Knowledge

Hiv General Knowledge

Share

Hiv sti tb ရောဂါများနှင့် ပတ်သက်ပြီး အခမဲ့စစ်​ဆေးကု့သပေးပါသည်

26/10/2024

hiv ကာလသား tb
အခမဲ့စစ်ဆေးကု့သလ်ိုပါက
09774536393(viber)သို့ဆက်သွယ်နိုင်ပါသည်

25/08/2024

HIVပိုးအကြောင်း

HIV နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်တွေ
HIV နဲ့ AIDS ဆိုတာ လူတော်တော်များများနဲ့ ပတ်ဝန်းကျင်က ကြောက်လန့်တတ်တဲ့ ရောဂါအခြေအနေထဲမှာ ပါပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါတွေလို မဟုတ်ပဲ ဆေးကို ပုံမှန်သောက်သုံးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်၊ နေ့စဉ် စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပြောင်းလဲမယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

HIV နဲ့ ပတ်သက်ပြီး လူတွေအမေးများကြတဲ့ မေးခွန်းတွေ၊ သိထားသင့်တဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

၁။ HIV ဘယ်လိုကူးစက်တတ်လဲ။
လူတွေ ထင်ထားသလို တံတွေးကနေတစ်ဆင့်၊ အသားချင်း၊ ပစ္စည်း အသုံးအဆောင် မျှဝေသုံးစွဲရုံနဲ့ မကူးစက်နိုင်ပါဘူး။ အဓိက သွေး၊ လိင်အင်္ဂါမှ ထွက်တဲ့အရည်ဟာ ကိုယျခန်ဓါ သွေးလမ်းကြောင်းထဲ ဝင်မှသာ ကူးစက်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရွိတဲ့ မိခင်မှတစ်ဆင့် ကိုယ်ဝန်ဆောင်နေတဲ့ သန္ဓသေားကို ကူးစက်ခြင်းတွေဟာ အဓိကအကြောင်းရင်းတွေပါပဲ။

၂။ HIV ကူးစက်ခံရပြီးနောက် လက္ခဏာ ပြတတ်လား။
ပုံမှန်လူတွေမှာ HIV ပိုးကူးစက်ခံရပြီး ၂ပတ် မွ ၆ပတ်အတွင်း အပြင်းဖျားနာခြင်း၊ ပါးစပ်တွင်းမှာ အနာပေါက်ခြင်း၊ ကိုယ်ခန္ဓာအနှံ့ အင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားအရိုးအဆစ် နာကျင်ကိုက်ခဲခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာတော့ ဘယ်လိုလက္ခဏာမှ မျပပဲ အကောင်းပကတိအတိုင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ္ကို သံသယရွိတဲ့ အပြုအမူမျိုး၊ အကာအကြယ္မပါပဲ လိင်ဆက်ဆံမှုမျိုး ကျူးလွန်မိပါက ၆လပြည့်တိုင်း သွေးစစ်ကြည့်တာ အကောင်းဆုံးပါပဲ။

၃။ HIV နဲ့ AIDS က အတူတူပဲလား။
လုံးဝမတူပါဘူး။ HIV ဆိုတာ AIDS ခုခံအားကျဆင်းမှုရောဂါကို အဓိကဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲ ပိုးဝင်ရောက်ပြီး ကုသမှုမခံယူတဲ့အခါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာမယ်။ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်ပြီး နောက်မှာ AIDS ရောဂါဟာ နောက်ဆုံးအခြေအနေနဲ့ ဖြစ်လာနိုင်ပါတယ်။

၄။ HIV ကို အမြစ်ပြတ်ကုသလို့ ရလား။
လက်ရှိမှာတော့ HIV ဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ် ပျောက်ကင်းစေတဲ့ ဆေးဝါးတွေ မထွက်ပေါ်လာသေးပါဘူး။ ART ဆေး (Antiretroviral Therapy) ကိုသာ နေ့စဉ် နေ့တိုင်း အချိန်မှန် သောက်ပေးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အနေအထိုင်ကို ဆင်ခြင်မယ်၊ အကောင်းဘက်ကို ပြောင်းလဲမယ်ဆိုရင် သွေးထဲမှာ ရွိတဲ့ ရောဂါပိုးကို ထိန်းထားနိုင်တဲ့အပြင် စစ်ဆေးလို့ မရတဲ့ (Undetectable) ပိုးကောင်ရေအလွန်နည်းတဲ့ အခြေအနေထိ ရောက်နိုင်ပြီး ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်မှာပါ။

၅။ HIV ရွိ၊ မရွိ လူတိုင်း စစ်ဆေးဖို့ အရေးကြီးပါတယ်။
က်ား၊ မ၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် စောစောစစ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိခဲ့ရင်လည်း စောစီးစွာ သိနိုင်တဲ့အတွက် ART ဆေးဝါးနဲ့ ပိုးကို ထိန်းထားနိုင်ပြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ ခ်စ္သူ၊ လိင်ဆက်ဆံဖော်တွေကိုလည်း ကိုယ့်ဆီကနေ ရောဂါပိုးမကူးစက်စေနိုင်ဖို့ ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ ၆လတစ်ကြိမ်စစ်ဆေးဖို့လိုပါတယ်။

ကျန်တော်တို့ဆေးခန်းမှာတော့ hiv ကာလကား tb အခမဲ့စစ်ဆေးကု့သပေးပါသည်ဗျ။ condom နဲ့ ချောဆီများလည်း အခမဲ့ပေးပါသည်
Prep လဲ အခမဲ့ ထုပ်ပေးပါသည်ဗျ

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph 09774536393 (viber) ဆက်သွယ်နိုင်ပါတယ်။

အဆင်မပြေတာကို ဆွေးနွေးတိုင်ပင်လို့
ရပါတယ် ခင်ဗျ

#သတိပေးချက် စေန တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်မြားတှငျဆေးခနျးပိတျပါတယျ။

23/08/2024

ဆေးစစ်တဲ့ အကြောင်းလေးပြောပြပေးပါမယ် ။

ကာလသားရောဂါကုတဲ့ ဆေးခန်းမှာ ဒီ VDRL ဆေး စစ်တာ ကို ခဏခဏ ကြားဖူးကြပါလိမ့်မယ်

VDRL ရဲ့ အရှည်က Venereal Disease Research Laboratory (VDRL) ဖြစ်ပါတယ်။

ဆစ်ဖလစ်ရောဂါ(syphilis)ရှိ မရှိ စစ်ဆေး တဲ့ ဓါတ်ခွဲစစ်ဆေး ခြင်းဖြစ်ပါတယ်။

အခြားသော ကာလသားရောဂါ ( လိင်မှ တဆင့်ကူးစက် နိုင်သောရောဂါများ ) ကို မစစ်ဆေးနိုင်ပါဘူး။ ဆစ်ဖလစ်ရောဂါရှိ မရှိ ပဲ စစ်ဆေးနိုင်ပါသည်။

VDRL ဘယ်လိုစစ်ဆေးလဲ

သွေးနမူနာကို ယူပြီး စစ်ဆေးရပါတယ်။
စစ်ဆေးချိန်ကမကြာပါဘူး။ အဖြေကို နာရီ ပိုင်းအတွင်း ရနိုင်ပါတယ်

ဓါတ်ခွဲ စမ်းသပ်တဲ့သူရဲ့ ကျွမ်းကျင်မှူ လိုအပ်ပြီး ဓါတ်ခွဲခန်း တစ်ခုနှင့်တစ်ခု အဖြေ အနည်းငယ်ကွာခြားတတ်ပါတယ်။

VDRL အဖြေ ကိုဘယ်လို ပုံစံမျိုးထုတ်ပေးကြလဲ

ပိုးရှိမရှိအဖြေကို အများအားဖြင့် positive/Negative (Dilution)နဲ့ အဖြေပေးကြပါတယ်။

ဥပမာ ၊ 2 Dilution , 4 Dilution ,32 Dilution ,64 Dilution စသည်ဖြင့်

ဘယ်အချိန်မှာ စပြီး သွေးအဖြေ စပေါ်တတ်လဲ

ရောဂါပိုးဝင်ရောက်ပြီး ၄ ပတ်အကြာမှာ စပြီးသွေးထဲမှာ စစ်ဆေးလို့ တွေ့ပါတယ်။

ရောဂါကိုကုသပြီး ရင် (ဒါမှမဟုတ်)ရောဂါပိုး ဝင်တဲ့အချိန် ကြာလာရင် VDRL test dilution လျော့သွားပါတယ်

VDRL ဆေးစစ်ရုံနဲ့ ဆစ်ဖလစ်ရောဂါလို့သေချာပီလား

VDRL စစ်ဆေးချက် Positive က တချို့အခြေအနေတွေမှာ အဖြေမှားပြီးပေါ်တတ်ပါသေးတယ်။
ဥပမာ- ကိုယ်ဝန်ဆောင်များ၊ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူများ ၊ သွေးလေးဖက်နာရောဂါ ၊ ကာကွယ်ဆေးထိုးပြီးချိန်

ဒါကြောင့် TPHA လို့ခေါ်တဲ့ ဓါတ်ခွဲစစ်ဆေးခြင်းထပ်မံလုပ်ဆောင်ပြီး အတည်ပြုကြရပါတယ်

VDRL positive ဖြစ်ရင် နိုင်ငံခြား သွားလို့မရတော့ဘူးလား

ဒါကတော့ အမေးအများဆုံးမေးခွန်းပါပဲ
နိုင်ငံတော်တော်များများကလက်ခံကြပါတယ်။
တချို့ သင်္ဘောလိုင်းတွေ ၊ နိုင်ငံတွေကတော့ လက်မခံပါဘူး။

ဒါဆိုရင် ဆရာဝန်စီကနေ ကုသမှူ ပြီးစီးကြောင်း ၊ ရောဂါ မရှိတော့ကြောင်း ထောက်ခံချက်ယူလို့ရပါတယ်။

တော်တော်များများနိုင်ငံတွေက ဆရာဝန်ထောက်ခံချက်ပါရင်လက်ခံကြပါတယ်
သေချာတော့မေးကြည့်ဖို့လိုတယ်နော်
အရေးကြီးတာက အန္တရာယ်ရှိသော လိင်ဆက်ဆံမှု တိုင်းမှာ ကွန်ဒုံးကို စနစ်တကျသုံးပါ

ရောဂါဖြစ်လာရင် ဆေးမြီးတိုတွေနဲ့ မကုပါနဲ့

တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာကုသပါ ။ တိုင်ပင်ပါ ။
အခမဲ့ ဆွေးနွေး ကု့သလိုပါက 09671138383 or viber သို့ ဆက်သွယ်နိုင်ပါတယ်

19/08/2024

HIV အခြေခံသဘောတရား

HIV နှင့် AIDS မှာ မတူပါ။ HIV ဆိုသည်မှာ သွေးတွင် HIV ပိုး ရှိခြင်းသာဖြစ်ပြီး ကာယကံရှင်မှာ ရောဂါလက္ခဏာများ ခံစားရခြင်း မရှိပါ။ AIDS ဆိုသည်မှာ သွေးတွင် HIV ပိုးရှိရုံသာမက ရောဂါလက္ခဏာများပါ ခံစားနေရသော အခြေအနေကို ခေါ်ပါသည်။

HIV ဆိုတာ ဘာလဲ

HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတို ကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည် မှာ HIV ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား သော ရောဂါ လက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆို တာဖြစ် ပါတယ်.. HIV ဗိုင်းရပ်စ် ဟာ Retroviridae အုပ်စု ဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲ နှစ်မျိုး ရှိပါတယ်.. HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက် လွယ်ပြီး တစ်ကမ္ဘာ လုံး ပျံ့နှံ့ ကူးစက် နေတဲ့ အမျိုး အစား ဖြစ်ပါတယ်.. HIV-2 ကတော့ ကူးစက် မှုနှုန်း နည်းပါး ပြီး အဓိက အားဖြင့် အနောက် အာဖရိက မှာ အတွေ့ များပါတယ်

ကူးစက်နိုင်သောနည်းလမ်းများ
၁။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း။
(က) လိင်တူဆက်ဆံခြင်း။
(ခ) လိင်ကွဲဆက်ဆံခြင်း။
၂။ မသန့်ရှင်းသော အပ်မှတစ်ဆင့် ကူးစက်ခြင်း။
(က) မူးယစ်ဆေးဝါး အကြောထဲထိုးခြင်း။
(ခ) ဆေးထိုးခြင်း။
(ဂ) ဆေးမင်ကြောင် ထိုးခြင်း။
(ဃ) နားဖောက်ခြင်း။
(င) တရုတ်အပ်စိုက်ခြင်း။
၃။ သွေးမှတစ်ဆင့် ကူးစက်ခြင်း။
(က) သွေးသွင်းခြင်း။
(ခ) ဆံပင်ညှပ်ခြင်း။
(ဂ) ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း။
(ဃ) လူနာ၏သွေးနှင့် ပွန်းပဲ့နေသော အရေပြားထိမိခြင်း။
၄။ မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်ခြင်း
(က) ကိုယ်ဝန်ဆောင်စဉ် ကူးစက်ခြင်း
(ခ) ကလေးမွေးဖွာစဉ် ကူးစက်ခြင်း။
(ဂ) မိခင်နို့မှတစ်ဆင့် ကူးစက်ခြင်း။

မကူးစက်နိုင်သော နည်းလမ်းများ
ခန္ဓာကိုယ်ပြင်ပတွင် လျင်မြန်စွာ သေကျေပျက်စီးသဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။
၁။ လက်ဆွဲနှုတ်ဆက်ခြင်း
၂။ ဖက်ရမ်းခြင်း။
၃။ အလုပ် အတူတူလုပ်ခြင်း။
၄။ အစား အတူတူစားခြင်း။
၅။ ခရီး အတူတူသွားခြင်း။
၆။ ကျောင်း အတူတူတက်ခြင်း။
၇။ ရေကူးခြင်း။
၈။ နှာစေးချောင်းဆိုးခြင်း။
၉။ အစားအစာများ။
၁၀။ အသုံးအဆောင်ပစွည်းများ (ဥပမာ- အိမ်သာ၊ ပန်းကန်ခွက်ယောက်၊
တယ်လီဖုန်း။)
၁၁။ ခြင်၊ ယင်၊ ကြမ်းပိုး။
၁၂။ ပါးကို နမ်းခြင်း။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ၏ ရောဂါလက္ခဏာများ

၁။ လူကြီး
အသက် ၁၂ နှစ်အထက် ရှိသူများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင် ဖော်ပြထားသည့် အဓိက လက္ခဏာ အနည်းဆုံး နှစ်ခုနှင့် သာမညလက္ခဏာ တစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟု သတ်မှတ်ပါသည်။
(က) အဓိကလက္ခဏာ
၁။ ခန္ဓာကိုယ်အလေးချိန် မူလထက် ဆယ်ရာခိုင်နှုန်းထက်ပို၍ လျော့နည်းသွားခြင်း။
၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက်ပိုကြား၍ ဖြစ်ပွားခြင်း။
၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။
(ခ) သာမညလက်ခဏာ
၁။ တီဘီရောဂါမဟုတ်ဘဲ တစ်လကျော်ကြာ ချောင်းဆိုးခြင်း၊
၂။ ခန္ဓာကိုယ်အနှံ့ အရေပြားယားယံပြီး ရောင်ရမ်းခြင်း။
၃။ မကြာခဏ ခါးပတ်ရေယုန်၊ သို့မဟုတ် ဆင်ရေယုန်ခေါ်အပြင်း စားရေယုန်ရောဂါ ဖြစ်ခြင်း။
၄။ ရိုးရိုးရေယုန် ကာလကြာရှည်စွာ ခန္ဓာကိုယ်အနှံ့ဖြစ်ပွာခြင်း။
၅။ ပါးစပ်နှင့် လည်းချောင်းတွင် မှက္ခရုပေါက်ခြင်း။
၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။
၂။ ကလေး
အသက် ၁၂ နှစ်အောက်ရှိ ကလေးများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင်ဖော်ပြထားသည့် အဓိကလက္ခဏာ အနည်းဆုံးနှစ်ခုနှင့် သာမည လက္ခဏာတစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟုသတ်မှတ်ပါသည်
(က) အဓိကလက္ခဏာ
၁။ ခန္ဓာကိုယ်အလေးချိန် လျော့နည်းခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်ကြီးထွားနှုန်း ထူးထူး ခြားခြား နှေးကွေးခြင်း။
၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက် ပိုကြာ၍ ဖြစ်ပွားခြင်း။
၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။
(ခ) သာမညလက်ခဏာ
၁။ ရက်တာရှည် ချောင်းဆိုးခြင်း။
၂။ ခန္ဓာကိုယ်အနှံ့အရေပြားယားယံပြီး ရောင်ရမ်းခြင်း။
၃။ သာမန်ကူးစက်ရောဂါများ မကြာခဏဖြစ်ခြင်း။ (ဥပမာ- နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း။)
၄။ မိခင်၏သွေးထဲတွင် HIV ပိုးရှိခြင်း။
၅။ ပါးစပ်နှင့်လည်ချောင်းတွင် မှက္ခရုပေါက်ခြင်း။
၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။

HIV ပိုးနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်

HIVပိုးသည်ခန္ဓာကိုယ်ထဲသို့ရောက်ရှိပြီးနောက်သွေးထဲရှိCD4ခေါ်သွေးဖြုဥတစ်မျိုးကိုအဓိကထား ဖျက်ဆီးပစ်ပါသည်။ထိုCD4သွေးဖြူဥသည်ခန္ဓာကိုယ်၏ခေါင်းဆောင်ငယ်တစ်ဦးသဖွယ်တာဝန် ထမ်းဆောင်ပါသည်။ရောဂါပိုးတစ်မျိုးခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာကြောင်းသိရှိသည်နှင့်ထိုCD4 သွေးဖြူဥများက ခန္ဓာကိုယ် ရောဂါခုခံအား စနစ်အတွင်းရှိရောဂါပိုးကို တိုက်ခိုက်ဖျက်ဆီးမည့်
အခြားသော သွေးဖြူဥများကို တပ်လှန့်နှိုးဆော်ပြီး ရောဂါပိုးကို နှိမ်နင်းနိုင်အောင် အကူအညီပေးပါသည်။ထို့ကြောင့်ခန္ဓာကိုယ်ထဲတွင်သွေးဖြူဥအရေအတွက်ကျဆင်းလျော့နည်းနေပါကပြင်ပမှရောဂါပိုးဝင်ရောက်မှုကိုမကာကွယ်နိုင်ဘဲ ကူးစက် ရောဂါများ ပိုမိုဖြစ်ပွားတက်ပါသည်။

CD4 သွေးဖြူဥ

သာမန်လူကောင်းတစ်ယောက်တွင်ပုံမှန် CD4 သွေးဖြုဥ အရေအတွက်မှာ 800 မှ 1050/ml အတွင်းရှိပါသည်။CD4အရေအတွက်၅ဝဝအောက်ရောက်ပါက ခုခံအား စတင်ကျဆင်းပြီဟု ယူဆပါသည်။ ၂၀၀ အောက်ရောက်ပါက ခုခံအား သိသိသာသာကျဆင်းပြီးAIDS အဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်ပါသည်။
CD4သွေးဖြုဥအရေအတွက်ကို တိုင်းတာစမ်းသပ်ရာတွင် HIV ပိုးအပြင် အခြားသော အကြောင်း အမျိုးမျိုးကြောင့်လည်း အရေအတွက် လျော့နည်းခြင်း၊ များပြားခြင်းများလည်း ဖြစ်တက်ပါသည်။

AIDS ရောဂါ ကုသနည်းများ
AIDS ရောဂါ ကုသနည်းမှာ
၁။ အဓိက ကုထုံးများနှင့်
၂။ တွဲဖက်ကုထုံးများ ဟူ၍ နှစ်မျိုးရှိသည်။

အဓိကကုထုံးများ

၁။HIV ပိုးကို နှိမ်နင်းနိုင်သော ဆေးဝါး Anti-retroviral drug (ARV) များ ပေးခြင်း။
AIDSရောဂါကိုအမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်သောဆေးဝါးများမပေါ်ပေါက် သေးသော်လည်း သွေးထဲရှိAIDSပိုးပမာဏကိုသိသိသာသာလျှော့ချ၊သို့မဟုတ်လုံးဝနီးပါး မရှိအောင် ပြုလုပ်ပေးနိုင်သည့် ဆေးဝါးAnti-retroviral drug(ARV) အမျိုးနှစ်ဆယ်ကို တွေ့ရှိပြီး AIDS ရောဂါကို ကုသရာတွင် အနောက်နိုင်ငံများ၌ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက် ရှိပါသည်။၎င်းဆေးဝါးများကို ပုံမှန်မှီဝဲခြင်းဖြင့် AIDSအဆင့်သို့မရောက်အောင် လူနာအများစုတွင် တားဆီးနိုင်ပြီး AIDS ကြောင့် သေဆုံးနှုန်းကို ကျဆင်းစေပါသည်။သွေးထဲတွင် HIV ပိုးရှိသော်လည်း ၎င်းဆေးဝါးများကို မှီဝဲခြင်းကြောင့် ရောဂါရှိပြီးနောက်အနှစ် ၂၀ တိုင် မည်သည့်ရောဂါ ဝေဒနာမှ မခံစားရဘဲ သာမန်လူ တစ်ယောက်လို သွားလာလုပ်ကိုင်နေသူများစွာ အနောက်နိုင်ငံများတွင် ရှိပါသည်။ ထို့ကြောင့် HIV သည် သေမိန့်မဟုတ်၊ ဆီးချို၊သွေးတိုး ရောဂါများကဲ့သို့ နာတာရှည်ရောဂါ တစ်ခုသာဖြစ်သည်ဟု တချို့က
ကြွေးကြော်ကြပါသည်။အနေအထိုင် ဆင်ခြင်ခြင်း၊ Anti-retroviral drug (ARV) ဆေးဝါးများ မှီဝဲခြင်းဖြင့်နှစ်ပေါင်းများစွာဆက်လက် အသက်ရှင်နေနိုင်ပါသည်။သို့သော် ၎င်းဆေးဝါးများသည် စျေးကြီးပါသည်။အိန္ဒိယမှလာသောဆေးဝါးများကိုမှီဝဲပါကတစ်လလျှင် သုံးသောင်းမှ ခုနှစ်သောင်းကျပ် အထိဆေးအမျိုးအစားအပေါ်မူတည်၍ ကျသင့်ပါသည်။ ဆေး၏ ဘေးထွက် ဆိုးကျိုးများလည်း ရှိပါသည်။
====================================================
၂။အခြားသော ဆင့်ပွား ကူးစက်ရောဂါများကို ကုသခြင်း။
ဝေဒနာရှင်များသည်အခြားကူးစက်ရောဂါများ(ဥပမာ -တီဘီ၊ မှက္ခရု၊ ဝမ်းလျှော ဝမ်းပျက်ရောဂါများ) ဆင့်ပွားရရှိတတ်ပါသည်။သက်ဆိုင်ရာသင့်တော်မည့်ဆေးဝါးများပေးခြင်းဖြင့်စောစီးစွာကုသမှုပေးရပါသည်။
====================================================
၃။ဆင့်ပွား ကင်ဆာရောဂါများကို ကုသခြင်း။
ဝေဒနာရှင်များသည်သာမန်လူများထက်ကင်ဆင်ရောဂါပိုမိုဖြစ်ပွားလေ့ရှိပါသည်။အများဆုံးဖြစ်ပွားသည့်ကင်ဆာရောဂါအမျိုးအစားမှာအရေပြားကင်ဆာ(Kaposisarcoma)နှင့်(Lymphoma)ပြန်ရည်ကျိတ်ကင်ဆာရောဂါများဖြစ်သည်။သက်ဆိုင်ရာကင်ဆာရောဂါကုဆေးများပေးခြင်းဖြင့်ကုသမှုပေးရပါသည်။
====================================================
၄။လူနာအား ပြုစုစောင့်ရှောက်ခြင်း
ရောဂါသည် အလွယ်တကူ မကူးစက်နိုင်ပါ။ ထို့ကြောင့်သာမန် လူမှုဆက်ဆံခြင်း၊ လူနာအားအစာကျွေးခြင်း၊ နေရာရွှေ့ပေးခြင်း၊ ပွန်းပဲ့ဒဏ်ရာမရှိသောအရေပြားအား ကိုင်တွယ်ခြင်း၊ ရေချိုးခြင်းကို ထုံးစံအတိုင်း ပြုလုပ်ပေးနိုင်ပါသည်။ အိမ်သုံး ပန်းကန် ခွက်ယောက် များကို လူနာနှင့်မိသားစု ပေါင်းသုံးနိုင်ပါသည်။ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ မျက်နှာသုတ်ပဝါများကို လူနာနှင့် မျှဝေမသုံးသင့်ပါ။ လူနာ၏ ခန္ဓာကိုယ်မှထွက်သော အရည်စွန်းပေသွားသော အဝတ်အစားနှင့် အိပ်ရာခင်းတို့ကိုအရောင်ချွတ်ဆေးမှုန့် အရည် (Bleach) တွင် မိနစ် ၃၀ စိမ်ပြီးမှ လျှော်ဖွပ်ရပါမည်။ ၎င်းအဝတ်အစားများကိုကိုင်တွယ်ရာတွင်လည်းကောင်း ပြုစုသူ၏ လက်တွင် ထိခိုက်ဒဏ်ရာ ရရှိပါကလည်းကောင်း လက်အိတ်ကိုအသုံးပြုရပါမည်။ရေချိုးခန်း အိမ်သာများကို အမြဲသန့်ရှင်းအောင် အရောင်ချွတ်ဆေးမှုန့်ရည် (Bleach) ဖြင့် ဆေးကြောခြင်းဖြင့် အတူနေ မိသားစုအားလုံး သုံးစွဲနိုင်ပါသည်။
ဌက်ပျောဘူးပုလင်းနှစ်ပုလင်းစာရေထဲသို့အရောင်ချွတ်ဆေးမှုန့်ထမင်းစားဇွန်းတစ်ဇွန်း ထည့်မွှေခြင်းဖြင့်အသင့်အသုံးပြုရန်၅ရာခိုင်နှုန်းအရောင်ချွတ်ဆေးမှုန့်အရည်ကို ရနိုင်ပါသည်။လူနာ၏ အညစ်အကြေးများစွန်းပေနေသောတစ်သျှူးစက္ကူများ၊ပတ်တီး၊ ဂွမ်းများကို ပလတ်စတစ် အိတ်တွင် ထည့်၍ ကြိုးနှင့်ချည်ပြီး မီးရှို့ပါ။ပြုစုသူများသည် လူနာ အသုံးပြုပြီးသော ဆေးထိုးအပ်များကို
မထိခိုက်စေရန် သတိထားပါ။ ဆေးထိုးအပ်များကို ပုလင်းထဲသို့ ထည့်ကာစွန့်ပစ်ပါ။

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph 09671138383 နှင့် viber သို့ဆက်သွယ်နိုင်ပါတယ်။

22/07/2024

HIVသည် လူ့ကိုယ်ခံအားကိုကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ HIV ပိုးကူးစက်ခံရပါက ၎င်းပိုးသည် ပြင်ပပစ္စည်းများ၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော သွေးဖြူဥဆဲလ်များကို ဖျက်စီးပစ်သည်။ ထိုအခါ ကူးစက်ခံရသူတွင် ကိုယ်ခံအားကျဆင်းပြီး ပြင်ပမှရောဂါများ အလွယ်တကူဝင်ရောက်နိုင်သည်။ ထိုသို့ ကိုယ်ခံအား ဖျက်ဆီးခြင်း ခံရခြင်းကို ခုခံအားကျဆင်းမှုရောဂါ (AIDS) ဟုခေါ်ပါသည်။

#ကူးစက်နိုင်သည့်နည်းလမ်းများ

HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်း၊ (မိန်းမကိုယ်ဖြင့်လည်းကောင်း၊ စအိုဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း ကွန်ဒုံးကဲ့သို့သော အကာအကွယ် ပစ္စည်း မသုံးပဲ လိင်ဆက်ဆံခြင်း)
သွေးမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ. သွေးကိုသွင်းမိခြင်း၊ ရောပိုးရှိသူနှင့် ချွန်ထက်မြက်စူးရှတတ်သော အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း၊ (ဥပမာ- ဘရိတ်ဓား။ ဆေးထိုးအပ်။ ဆေးမှင်ကြောင်ထိုးခြင်း)
ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ ရောဂါပိုးရှိသော မိခင်မှတဆင့် ၎င်း. ကလေးထံသို့ သားဖွားစဉ် (သို့) ကလေး နို့ရည်တိုက်ကျွေးခြင်း၊

#သတိပြုရမည့်အချက်များ

HIV ပိုးသည် ခြင်။ ကြမ်းပိုး ကိုက်ခြင်းမှတဆင့် မကူးစက်နိုင်ပါ၊
HIV ပိုးသည် နှာချေခြင်း။ ချောင်းဆိုးခြင်း မှတဆင့် မကူးစက်နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် အိမ်သာတစ်ခုတည်းကို အတူတကွအသုံးပြုခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် ပွေ့ဖက် နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးစက်နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် အစားအသောက်အတူစားခြင်း၊ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ၊

/AIDS ရောဂါကို ကုသနိုင်ပါသလား

HIVဗိုင်းရပ်စ်ပိုးအား အရှင်းပျောက်အောင်ကုသနိုင်ခြင်း မရှိသေးပါ၊သို့သော် HIV ဗိုင်းရပ်စ် ပိုးအား ARTကုထုံးဆေးဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်၊ထို့ပြင် HIVဗိုင်းရပ်စ်ပိုးအား ကာကွယ်ရန်အတွက်လည်း PREPခေါ် HIVကာကွယ်ဆေးလည်း ရရှိနေပြီဖြစ်သည်၊HIVပိုးရှိသူနဲ့ ထိတွေ့ ဆက်ဆံမှုရှိခဲ့ပါလျှင်လည်း PEPဆေးအား(အရေးပေါ် HIVကာကွယ်ဆေး) သောက်သုံးခြင်းဖြင့်လည်း အချိန်မီကာကွယ်တားဆီးရန် လိုအပ်ပါသည်။

#ခန္ဓာကိုယ်အတွင်းသို့ HIVပိုးဝင်ရောက်ခြင်းမှဘယ်လို တားဆီးနိုင်သလဲ၊

လိင်ဆက်ဆံသောအခါတိုင်းတွင် ကွန်ဒုံး ကို အသုံးပြုခြင်း၊
ဆေးထိုးအပ် (သို့) သင့်အရေပြားကို ထိုးဖောက်နိုင်သော အခြားပစ္စည်း ကိရိယာများကို ကောင်းမွန်သေချာစွာ ပိုးသန့်ပြီးမှ သုံးစွဲပါ၊ မလိုအပ်သော အရေပြားထိုးဖောက်ခြင်းကို ရှောင်ပါ၊ ဥပမာ- ဆေးမင်ကြောင်ထိုးခြင်း၊
သွေးသွင်းရန် အသုံးပြုမည့် သွေးကို HIV ပိုးမရှိကြောင်း သေချာစေရန် စစ်ဆေးရမည်၊ တခြားသူများ၏ သွေး (သို့) ကိုယ်အရည်များနှင့် ထိတွေ့ရသော အလုပ်ကို သင်လုပ်ကိုင်ရပါက လက်အိတ်များစွတ်ခြင်းဖြင့် ကာကွယ်ပါ၊
ကိုယ်ဝန်ဆောင် မိခင်များသည် မိမိတွင် HIV ပိုးရှိကြောင်း သိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှု ခံယူရမည်၊ သားဖွားပြီးနောက် ကလေးကို မိခင်နို့ရည်မတိုက်ပဲ အထူးဖော်စပ်ထားသော နို့မုန့်များကိုသာ တိုက်ကျွေးရမည်၊

ိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ

အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ရောဂါပိုးရှိသူဟာ သာမန်လူတွေလိုဘဲ ကျန်းမာသန်စွမ်းနေနိုင်ပါတယ်။
ရောဂါပိုး ရှိ၊ မရှိ ကို သွေးစစ်ကြည့်မှသာ သိနိုင်ပါတယ်။
HIV ပိုးဝင်ပြီး အင်တီဘော်တီ လုံလုံလောက်လောက်ထက်ဖို့ရာ အချိန် သုံးလကြာတဲ့အတွက် ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာတွင် သွေးထပ်စစ်ရန် လိုအပ်ပါတယ်။

ောဂါလက္ခဏာများကတော့

ကြာရှည်ဖျားခြင်း၊
ကိုယ်အလေးချိန် သိသိသာသာလျော့ကျခြင်း၊
မကြာခဏ ဝမ်းပျက်ခြင်း၊
အကြိတ်ရောင်ခြင်း၊
ရေယုန်ပေါက်ခြင်း၊
ပါးစပ်အတွင်း မက်ခရု ပေါက်ခြင်း၊

#လိင်တူဆက်ဆံသူများအကြား အသုံးပြုလေ့ရှိသည့် လိင်ဆက်ဆံနည်းများ

များသောအားဖြင့် လိင်တူဆက်ဆံသူတွေ ကြားမှာ အသုံးပြုလေ့ရှိတဲ့ လိင်ဆက်ဆံနည်းတွေကတော့ -

ပါးစပ်ခြင်း နမ်းစုပ်ခြင်း၊
လိင်အင်္ဂါကို ပါးစပ်နှင့် ဆက်ဆံခြင်း၊ (69 ပုံစံဖြင့် ဆက်ဆံခြင်း)
စအိုနှင့် ဆက်ဆံခြင်း၊
အချင်းချင်း လက်ဖြင့် အာသာဖြေသည့်နည်းဖြင့် ဆက်ဆံခြင်း၊
အုပ်စုအလိုက် ဆက်ဆံခြင်း၊
လိင်တံတု (သို့) လိင်ကစားစရာများနှင့် ဆက်ဆံခြင်း၊ စသည့်နည်းတွေကို အသုံးပြုလေ့ရှိ ကြပါတယ်။

ရောဂါအကြောင်းဆွေးနွေးတိုင်ပင်လိုလျင် ph09671138383or viber ဆက်သွယ်နိုင်ပါတယ်။

#သတိပေးချက် စနေ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်မြားတှငျဆေးခနျးပိတျပါတယျ။

14/07/2024

လိင်ဆလိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့
ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်
HIV နှင့် AIDS ရောဂါမှ အချက်အလက် စစ်ဆေးထားပါသည်။

အိပ်၊ စား၊ ကာမ ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ္သူကမွ သူ့နောက်က ကပ်ပါလာနိုင်တဲ့ HIV လို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။
၁။ ကြန္ဒုံး အသုံးပြုခြင်း
ဒါကေတာ့ အမြဲတမ်းလိုလို ကြားနေတတ်တဲ့ အရာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကြန္ဒုံးကို စနစ္တက် အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မွန္ကန္စြာ အသုံးပြုမယ်ဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။ ကွန်ဒုံးနဲ့ ပတ်သက်ပြီး စိတ္ခ်ရတဲ့ ကြန္ဒုံးကို ရွေးချယ်ဝယ်ယူတဲ့အခါ
သက်တမ်း ကုန်ဆုံးနေတဲ့ ရက်လွန် ကွန်ဒုံးတွေကို မဝယ်ယူရပါဘူး
ကြန္ဒုံးကို အရမ်းပူလွန်းတဲ့ နေရာတွေမှာ မထားရပါဘူး၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း မရွိရပါဘူး
ဘောင်းဘီအိတ်ကပ်၊ ပိုက်ဆံအိတ်၊ လွယ်အိတ်တွေထဲမှာ အကြာကြီး သိမ်းပြီး ဆောင်တာမျိုးတော့မလုပ်ပါနဲ့

ကွန်ဒုံးအသုံးပြုရတာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒီနည်းလမ်းကတော့ ကြိုတင်ကာကွယ်တဲ့ ဆေး (PrEP) နဲ့ အရေးပေါ် ကာကွယ်ဆေး (PEP) တို့ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးတွေက ရွာရခက္သလို အတုအပေတြ ပေါနိုင်ပါတယ်။ အရေးပေါ် ကာကွယ်ဆေး (PEP) ကေတာ့ ဆေးရုံကြီးတွေမှာ သွားရောက် စစ်ဆေးပြသပြီး လိုအပ်မှသာ ဆရာဝန္က ထုတ်ပေးမှာဖြစ်ပါတယ်။
PrEP ဆေးဆိုတာဘာလဲ။
ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
အဓိကကေတာ့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။
နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရကြ ရှိဖို့ လိုအပ်ပါတယ်။
နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
မူးဝေတာ၊ အော့အန်တာ အစရွိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစြဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
၃လျခား တစ်ခါ HIV ပိုးရွိ၊ မရွိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။
Advertisement
PEP ဆေးကို ဘာအတွက် သောက်တာလဲ။
Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။
ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကြယ္မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။
လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။
အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အေစာဆုံး သောက်ပေးရပါမယ်။
PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရွိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။
ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ဒီဆေးတွေက သေချာသောက်မယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရွိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးက ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။

hivစစ်ဆေးခြင်း၊prepဆေးကို ကျွန်းတော်တို့ဆေးခန်းတွင်အခမဲ့လာရောက်စစ်ဆေး ရယူနိုင်ပါတယ်။
မိမိမွာ စိုးရိမ်ပူပန်မှုမဖြစ်စေဖို့ hivစစ်ဆေးရန်မကြောက်ပါနဲ့။ မှန်ကန်တဲ့စစ်ဆေးမှုပြုလုပ်ပါ။
ကျွမ်းကျင်ဆရာဝန်များနဲ့တိုင်ပင်ဆွေးနွေးပါ။
လူကြီးမင်းတို့ဘက်ကနေငွေကြေးတပြားတချပ်မှပေးစရာမလိုပဲ လုံခြုံစိတ်ချရတဲ့ ကျွန်တော်တို့ဆေးခန်းနဲ့ လက်တွဲဆောင်ရွက်ပါ။

ရန်ကုန်၊မန္တလေးနဲ့ တခြားမြို့ကြီးများတွင် ကျန်းမာရေးစောင့်ရှောက်မှုများအခမဲ့ပေးနေပါတယ်
ဆက်သွယ်ရန် 09774536393 or viber သို့ ဆက်သွယ်န်ုင်ပါသည်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon