K-Recipe Myanmar
We, K recipe make the proper skincare products which solve your skin problems better than anyone else.
16/08/2026
ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လျှို့ဝှက်ချက်ကတော့...
အမြဲတမ်း မျက်နှာလေး ကြည်ကြည်လင်လင်နဲ့ ဝင်းပနေတဲ့သူတွေကို ကြည့်ပြီး "သူတို့ ဘာတွေများ လိမ်းနေတာပါလိမ့်" ဆိုပြီး အားကျနေရတုန်းပဲလား?
တကယ်တော့ ကြည်လင်တောက်ပတဲ့ Glow Skin လေးကို ပိုင်ဆိုင်ဖို့အတွက် လျှို့ဝှက်ချက်က အရမ်းရိုးရှင်းပါတယ်။ ဒါကတော့ K-Recipe Cleansing Foam လေးနဲ့ ပုံမှန် မပျက်မကွက် မျက်နှာသစ်ပေးဖို့ပါပဲနော်!
ဘာလို့ K-Recipe Cleansing Foam ကို ရွေးချယ်ရတာလဲ?
အညစ်အကြေးများကို အဓိက သန့်စင်ပေးခြင်း
ချွေးပေါက်ထဲအထိ နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးလို့ အဆီဖုနဲ့ ဝက်ခြံတွေကို ကင်းဝေးစေပါတယ်။
အသားအရေကို ကြည်လင်တောက်ပစေခြင်း
မွဲခြောက်နေတဲ့ အသားအရေကို သန့်စင်ပေးပြီး သဘာဝအတိုင်း ဝင်းပကြည်လင်လာစေပါတယ်။
အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း
မျက်နှာသစ်ပြီးရင် တင်းခြောက်ကျန်ခဲ့တာမျိုး မရှိဘဲ စိုစိုအိအိလေးနဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။
ကြည်လင်လှပတဲ့ အသားအရေရဲ့ ပထမဆုံး ခြေလှမ်းကို K-Recipe နဲ့အတူ စတင်လိုက်ရအောင်…
K-Recipe Cleansing Foam လေးကို မှာယူချင်တယ်ဆိုရင်တော့ Chat Box သို့ အသေးစိတ် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်ရှင့်။
09/08/2026
ချစ်တို့ရဲ့ အဓိက ပြဿနာက A လား၊ B လား၊ C လား?
မိုးအေးအေးလေးနဲ့ ရာသီဥတုက သာယာပေမဲ့ အသားအရေလေးကတော့ မသာယာတော့ဘူး ဆိုသူများ ရှိကြလားရှင်။
မိုးရာသီမှာ ရေငွေ့ပျံနှုန်းနဲ့ စိုထိုင်းဆတွေ များတာကြောင့် အသားအရေ ပြဿနာတွေက အမျိုးမျိုး ပြလာတတ်ပါတယ်။ ဒီထဲမှာမှ ချစ်တို့ရဲ့ အဓိက အခက်အခဲဆုံး ပြဿနာက ဘာဖြစ်မလဲ? (A, B, C) ထဲက တစ်ခုခုကို Comment မှာ ရွေးပေးသွားခဲ့ပါဦးနော်
06/08/2026
K-Recipe Fan လေးတို့အတွက် သတင်းကောင်း!
မိုးရာသီမှာ အသားအရေ ကြည်လင်တောက်ပနေဖို့အတွက် K-Recipe Cleansing Foam လေးကို စောင့်မျှော်နေကြတဲ့ ချစ်တို့ရေ... 🫧
ခုဆိုရင် Ga Mone Pwint (ကမ္ဘာအေး) မှာရှိတဲ့ Revlon ကောင်တာမှာ K-Recipe Cleansing Foam လေးကို ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်!
K-Recipe Cleansing Foam လေးရဲ့ အဓိက အားသာချက်များ -
• ချွေးပေါက်ထဲအထိ အညစ်အကြေးတွေကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးနိုင်ခြင်း
• မျက်နှာသစ်ပြီးရင် တင်းခြောက်မသွားဘဲ စိုစိုအိအိလေး ဖြစ်စေခြင်း
• မွဲခြောက်မှုကို ဖယ်ရှားပေးပြီး သဘာဝအတိုင်း ဝင်းပကြည်လင်စေခြင်း
အိမ်မှာတင် မှာယူချင်သူများအတွက်:
Page Chat Box ကနေလည်း စုံစမ်းမှာယူနိုင်သလို၊
ကိုယ်တိုင် သွားရောက် ဝယ်ယူချင်သူများအတွက်:
Ga Mone Pwint (ကမ္ဘာအေး) က Revlon ကောင်တာမှာ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်!
03/08/2026
✨ မျက်နှာသစ်တိုင်း အသားအရေလေး စိုပြေကျန်းမာနေဖို့ K-Recipe Cleansing Foam လေး ရှိတယ်နော်! ✨
မျက်နှာသစ်ပြီးရင် အသားအရေက ခြောက်သွေ့တင်းကျပ်မနေဘဲ နူးညံ့စိုပြေနေဖို့ဆိုရင် K-Recipe Cleansing Foam လေးက အကောင်းဆုံး အဖော်မွန်ပါပဲ။
💡 ဘာကြောင့် K-Recipe ကို ရွေးချယ်သင့်တာလဲ?
1️⃣ ချွေးပေါက်အတွင်းထိ အညစ်အကြေးများကို စိစစ်သန့်စင်ပေးတယ်၊
2️⃣ ပျက်စီးနေတဲ့ Skin Barrier ကို ပြန်လည်ကျန်းမာစေတယ်၊
3️⃣ အသားအရေ နီမြန်းယားယံတာတွေကို သက်သာစေတယ်၊
4️⃣ ရေဓာတ်ကို အပြည့်အဝ ထိန်းသိမ်းပေးလို့ သစ်ပြီးတိုင်း စိုအိနေစေတယ်။
120ml ပမာဏနဲ့ Made in Korea စစ်စစ်ဖြစ်တာကြောင့် sensitive skin တွေကအစ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်နော်! 🇰🇷✨
မိမိရဲ့ Daily Skincare Routine မှာ K-Recipe Cleansing Foam လေးကို ထည့်သွင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ပါ။
📩 အသေးစိတ်မေးမြန်းလိုပါက Chat Box ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။
31/07/2026
မိုးတွင်းမှာ မျက်နှာသစ်တဲ့အခါ ဒီ အချက်လေးကို အထူး သတိထားပါ ချစ်တို့ရေ .
မိုးရာသီမှာ စိုထိုင်းဆ (Humidity) မြင့်မားပြီး လေထုထဲမှာ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေ ပိုများတတ်တာကြောင့် အသားအရေ ပြဿနာတွေ အဖြစ်များဆုံး အချိန်ပဲ ဖြစ်ပါတယ်။အထူးသဖြင့် ဝက်ခြံ ခဏခဏထွက်တာ၊ အဆီပြန်တာနဲ့ အသားအရေ ညစ်နွမ်းတာမျိုးတွေ မဖြစ်ရအောင် မိုးတွင်းမှာ မျက်နှာသစ်တဲ့အခါ ဒီ အချက်လေးတွေကို အထူးသတိထားပေးဖို့ လိုပါတယ်နော်။
၁။ မျက်နှာခဏခဏ မသစ်ပါနဲ့
မိုးတွင်းမှာ စိုစွတ်စွတ်ကြီးဖြစ်ပြီး မျက်နှာခဏခဏ အဆီပြန်တယ်ဆိုပြီး တချို့က တစ်နေ့ကို ၃-၄ ကြိမ်လောက် မျက်နှာသစ်တတ်ကြပါတယ်။ ဒါဟာ အသားအရေကို ပိုပြီး ခြောက်သွေ့စေကာ ခန္ဓာကိုယ်က အဆီတွေကို ပိုထုတ်ပေးဖို့ အချက်ပြလိုက်သလို ဖြစ်သွားလို့ အဆီပိုပြန် လာစေပါတယ်။
တစ်နေ့ကို ၂ ကြိမ် (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်) ပဲ ပုံမှန်မျက်နှာသစ်ပေးရင် လုံလောက်ပါတယ်နော်။
၂။ Cleanser (မျက်နှာသစ်ဆေး) ကို စနစ်တကျ ရွေးချယ်ပါ
ရာသီဥတုအလိုက် သုံးနေကျ Cleanser ကို လိုအပ်ရင် ပြောင်းလဲပေးဖို့ လိုပါတယ်။
အဆီပြန်/ဝက်ခြံသမားများအတွက် Salicylic Acid (BHA) သို့မဟုတ် Tea Tree ပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါနော်.
၃။ အမြှုပ်/မျက်နှာသစ်ဆေးတွေ မျက်နှာပေါ်မှာ ကြာကြာမထားပါနဲ့
မျက်နှာသစ်တဲ့အခါ ပြောင်စင်သွားအောင်ဆိုပြီး ဆပ်ပြာမြှုပ်တွေကို မျက်နှာပေါ်မှာ စက္ကန့် ၃၀ ခထက်ပိုပြီး ပွတ်တိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ အသားအရေရဲ့ သဘာဝအဆီလွှာ (Skin Barrier) ကို ပျက်စီးစေပြီး အသားပတ်တာ၊ နီမြန်းတာတွေ ဖြစ်စေနိုင်ပါတယ်။
၅။ မိုးရေစိုပြီးပြန်လာရင် ချက်ချင်း မျက်နှာသစ်ပါ
မိုးရေထဲမှာ လေထုထဲက ဓာတုပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေနဲ့ ဖုန်မှုန့်တွေ ရောပါလာတတ်ပါတယ်။ ဒါကြောင့် မိုးမိပြီး ပြန်လာတဲ့အခါ မျက်နှာကို ဒီအတိုင်း ပစ်မထားဘဲ တတ်နိုင်သမျှ မြန်မြန် ပြန်လည်စင်ကြယ်အောင် သစ်ပေးဖို့ လိုအပ်ပါတယ်နော်။
ဒါလေးတွေ ကို အထူးသတိထားကြပြီး ကျန်းမာလှပတဲ့ အသားအရေကို ရယူလိုက်ပါနော်။
28/07/2026
မိုးတွင်းမှာ မျက်နှာကြီး ပြာနှမ်းပြီး စေးကပ်ကပ်ဖြစ်နေလို့ စိတ်ညစ်နေပီလား?
မိုးတွင်းအတွက် အကောင်းဆုံး Skin Care Routine ကတော့ "Less is More" ပါပဲရှင်။ မိုးရာသီရဲ့ စိုထိုင်းဆ (Humidity) ကြောင့် အသားအရေက အဆီတွေပိုထွက်၊ လေထုထဲက ဖုန်မှုန့်တွေနဲ့ပေါင်းပြီး မျက်နှာက ညိုညစ်ညစ်နဲ့ စေးကပ်ကပ်ကြီး ဖြစ်နေတတ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ Layer တွေအများကြီးနဲ့ လေးလံတဲ့ Skincare တွေကို ခေတ္တနားပြီး "Lightweight Skin Care Routine" ဆီသို့ အတူတူ ပြောင်းလဲလိုက်ရအောင်...
24/07/2026
ချစ်တို့ရော... ဒီမိုးတွင်းမှာ ဘယ် Ingredient ပါတဲ့ Skincare ကို အဓိက သုံးနေကြလဲ??
မိုးတွင်း Skin Care ပစ္စည်းဝယ်တော့မယ်ဆိုရင် ဒီ Ingredient တွေ ပါတာ ရှာဝယ်ပါနော်။
၁။ Centella Asiatica (Cica)
အသားအရေရဲ့ Barrier (အကာအကွယ်လွှာ) ကို ပြန်လည်ပြုပြင်ပေးပြီး မိုးတွင်းမှာ ဖြစ်တတ်တဲ့ အသားအရေ နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို ချက်ချင်း အေးမြသက်သာစေပါတယ်။
၂။ Tea Tree
Antibacterial ဂုဏ်သတ္တိ အပြည့်ပါလို့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပြီး ဝက်ခြံရောင်ရမ်းမှုကို အမြန်ဆုံး လျော့ကျစေပါတယ်။
၃။ Green Tea (လက်ဖက်စိမ်း)
အစွမ်းထက် Antioxidant ပါဝင်လို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကနေ ကာကွယ်ပေးပြီး Skin Aging (အရေးအကြောင်းဖြစ်ခြင်း) ကို နှောင့်နှေးစေပါတယ်။
၄။ Niacinamide (Vitamin B3) ဝက်ခြံအမာရွတ်၊ တင်းတိပ်နဲ့ အမည်းစက်တွေကို မှေးမှိန်စေပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ မိုးတွင်းမှာ အဆီပြန်တာကို အကောင်းဆုံး ထိန်းညှိပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
၅။ Hyaluronic Acid ရေဓာတ်အပြည့်အဝဖြည့်တင်းပေးတယ်။ ရေဓာတ်ကို အဆပေါင်းများစွာ ဖြည့်တင်းပေးနိုင်လို့ မိုးတွင်းမှာ အသားအရေ ညိုညစ်မသွားဘဲ အမြဲတမ်း စိုပြေဝင်းပပြီး အိအိလေး ဖြစ်နေစေဖို့ မဖြစ်မနေ သုံးပေးသင့်ပါတယ်။
15/07/2026
မျက်နှာသစ်ပြီးရင် အသားအရေ တင်းကျပ်ခြောက်ကပ်သွားတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးဆိုတာ သိပြီးပြီလား? ❌
မျက်နှာသစ်ပြီးချိန်မှာ အသားခြောက်ပြီး တင်းအစ်နေတာဟာ အညစ်အကြေးတွေ ပြောင်စင်သွားတာမဟုတ်ဘဲ အသားအရေရဲ့ သဘာဝ အစိုဓာတ်နဲ့ အကာအကွယ်လွှာ (Skin Barrier) ပျက်စီးသွားတာကြောင့် ဖြစ်ပါတယ်။ ဒါက အသားအရေကို ပိုပြီး နီမြန်း၊ ယားယံတာမျိုးဖြစ်လွယ်စေပြီး အဆီပိုတွေ ပိုထွက်လာစေပါတယ်။
ဒါကြောင့် Skincare ပညာရှင်တွေက Cleansing Foam ရွေးချယ်တဲ့အခါ pH Balanced ဖြစ်ပြီး အစိုဓာတ် ထိန်းညှိပေးနိုင်တဲ့ အမျိုးအစားကိုပဲ အကြံပြုကြတာပါ။
🌿 ဘာကြောင့် K-Recipe Cleansing Foam ကို ရွေးချယ်သင့်လဲ?
💚Gentle but Deep Cleansing: ချွေးပေါက်ထဲအထိ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်ပေမယ့် အသားအရေကို ခြောက်သွေ့မသွားစေဘဲ နူးညံ့အိစိုနေစေပါတယ်။
💚Skin Barrier Friendly: အသားအရေရဲ့ pH balance ကို မျှတအောင် ထိန်းညှိပေးလို့ အရေပြားရဲ့ အကာအကွယ်လွှာကို အားကောင်းစေပြီး ဝက်ခြံနဲ့ အဖုအပိန့်တွေ ထွက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
💚Soothing Effect: နီမြန်းလွယ်တဲ့ အသားအရေကို အေးမြသက်သာစေပြီး သစ်ပြီးတိုင်း လန်းဆန်းကြည်လင်မှုကို ခံစားရစေပါတယ်။
💡 Beauty Tip:
ညအိပ်ရာမဝင်ခင် Double Cleansing (Cleansing Oil or Water + K-Recipe Cleansing Foam) လုပ်ပေးခြင်းက နောက်က သုံးမယ့် Skincare Step တွေကို အသားထဲ စိမ့်ဝင်မှု အကောင်းဆုံး ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
ကျန်းမာပြီး စိုပြေတဲ့ Skin Barrier လေးကို ပိုင်ဆိုင်ဖို့ သင့်ရဲ့ နေ့စဉ် Skin Care Routine မှာ K-Recipe ကို ထည့်သွင်းအသုံးပြုဖို့ မမေ့နဲ့နော်။ 💚
07/07/2026
Finally, Back in Stock! 🥳 မျှော်နေကြတဲ့ K-Recipe Cleanisng Foam ပြန်ဝင်ပါပြီ✨
မျက်နှာသစ်ပြီးရင် အသားခြောက်ကပ်ပြီး တင်းကျပ်သွားတာမျိုး မကြိုက်တဲ့သူတွေအတွက် K-Recipe Cleansing Foam က အကောင်းဆုံး ရွေးချယ်မှုပါပဲ။
💡 ဘာကြောင့် K-Recipe Cleansing Foamကို သုံးသင့်တာလဲ?
💚Acne & Sebum Control: မျက်နှာပေါ်က ပိုလျှံနေတဲ့ အဆီတွေကို ထိန်းချုပ်ပေးပြီး ဝက်ခြံနဲ့ အဆီဖု ဖြစ်ပွားမှုကို သိသိသာသာ လျော့နည်းစေပါတယ်။
💚Skin Brightening: မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည် ကြည်လင်တောက်ပလာစေပါတယ်။
💚Rich Foamy Texture: အမြှုပ်အိအိလေးတွေက အသားအရေကို ပွတ်တိုက်မိခြင်းကြောင့် ဖြစ်တဲ့ ယားယံမှုကို ကာကွယ်ပေးပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။
စောင့်နေရတာ ကြာပြီဖြစ်တဲ့K-Recipe Cleansing Foam ကို အခုပဲ Instock ပြန်ရပြီမို့ အမြန်ဆုံး Chat box မှာ လာမှာယူနိုင်ပါပြီရှင်။ 🛍️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon