Honey Care For You

Honey Care For You

Share

Photos from Honey Care For You's post 19/04/2026

Local ထုတ်ဆို အထင်မကြီးတဲ့ထဲ honey က်ိုယ်တိုင်လဲ ပါပါသေးတယ်🥲!!!

လက်ထဲရောက်တော့ လှည့်မကြည့်ပဲ ပစ်ထားသေးတာ တစ်ပတ်လောက်က
ဆိုင်မှာ Customers တွေကြိုက်တဲ့ Local Products တွေလဲ အများကြီး တင်ထားပေမယ့် အကုန်လုံး ကိုက်တယ် ​တော့ ပြောမရဘူးလေနော်

ဒီ Serum ကလဲ ခပ်ချေချေပဲ Brand ဘက်က ပြောတာ 3ရက်နဲ့ အသားကြည်ကိုကြည်ရမယ် သုံးကြည့်ပါအစ်မတဲ့

နာမည်ကိုက 3 Days Renewal Serum ဆိုတော့ ကဲ သုံးမယ်ကွာ ဆိုပြီး
ပထမတစ်ရက်မှာတင် ကြည်တောက်သွားလို့ Amazing တွေထဖြစ် နောက်ရက်တွေကျ တခြား Serum တွေပါပစ်ပြီး ဒါပဲ သုံးနေတော့တာ🥹

တွေ့တဲ့ သူတိုင်းကလဲ မျက်နှာလေး ပိုကြည်လာတယ်ပြောကြလို့ ကျေနပ်
ရှိေနတဲ့ဝက်ခြံအမာရွတ်လေးတွေက ၃ရက်အတွင်းမှာတင် တကယ်ပါးသွားတာ

Local ထုတ်လဲ မိုက်တယ်ဟဆိုပြီး ဖြစ်သွားတာမို့ အားနည်းချက်တွေပြင်ဆင်ရင်း ဒီလို Product လေးတွေ ထွက်လာတာ အများကြီး ဂုဏ်ယူရမှာပါပဲ

ဆိုတော့ အများကြီးမပြောချင်ပါဘူး သင်္ကြန်ပြီးလို့ အသားတွေညစ်နေရင် သုံးကိုသုံးကြည့်သင့်တဲ့ Serum ထဲ ဒါလေးတော့ ထည့်ထားလိုက်ပါ
Brightening Products မို့ ဝက်ခြံပြုံထွက်နေရင်တော့ ခနစောင့်ပါဦး ကျန်ခဲ့တဲ့ အမာရွတ်တွေ အတွက်ဆို သုံးလို့ရပါတယ်

User Review သက်သက်ပဲမို့ ကိုယ်နဲ့ကိုက်မယ်ထင်ရင်သုံးကြည့်ပေါ့နော် နောင်တမရစေလောက်ဘူး Ingredient တွေလဲ ဘူးမှာပြထားပါတယ်နော်

Where To Buy -
The Skinic Shop - Inkey List Myanmar

06/01/2026

Moisturizer တစ်ဘူးက အဲ့လောက်တောင် ကောင်းစရာလိုလို့လားပဲ မေးချင်တယ်🥹💕

လိမ်းနေရင်းနဲ့ကို ထပ်ထပ်လိမ်းချင်တဲ့ feeling သူနဲ့မှပဲ ကြုံဖူးတော့တယ် ကုန်သွားမှာတောင် နှမြောမိတဲ့အထိပဲ

Texture က လုံးဝ 10/10 ပဲ စိုစိုအိအိလေးနဲ့ အေးစက်ပြီး Fresh ဖြစ်သွားတဲ့ feeling လေးရလို့
ဒီက အသားအရေတွေ အရမ်းကြိုက်ကြမှာ မြင်ယောင်သေးတယ်

Soothing ဖြစ်စေတဲ့ Barrier Cream ကိုလေ ခုလို ရွေးချယ်စရာများလာတာ တော်တော်မိုက်တယ်နော်

တခြားဟာတွေ ခနထားဦး Moisturizer က နေ့တိုင်းကို ကျားမ မရွေး မဖြစ်မနေ လိမ်းသင့်ပါတယ်...

Photos from Honey Care For You's post 11/02/2025

အရင်က သိပ်အဖက်မလုပ်ဖူး🥴‼️မလိုဘူးပဲထင်တာ

ဒီရက်ထဲ အရေခွံတွေ လန်လို့မှ Handcream က အိတ်ထဲမပါမဖြစ် ဖြစ်နေတယ်

ဒီ Vaseline Handcream, Foot Cream လေးတွေကို korea ဘက်ကပဲထုတ်တာ

သူတို့က အသားအရေ တော်တော်ဂရုစ်ိုက်ကြတာမျိုးနော် တခြားန်ိုင်ငံဘက်မှာ မထုတ်ကြသေးဘူး

အသားအရေခြောက်တာအပြင် လက်သည်း ခြေသည်းကျန်းမာရေးအတွက်ပါ သုံးလို့ရတယ်

စျေးကလဲ ထောင်ဂဏန်းပဲဆိုတော့ သုံးပျော်ပါတယ်

လိမ်းရတာ ပူပူထူထူကြီးတွေ ဖြစ်မနေဘူး ယောက်ျားလေးတွေပါ အဆင်ပြေပါလိမ့်မယ်ရှင်

With Love💕

08/02/2025

စကားနဲ့မပြောဘူး ပုံပဲကြည့်လိုက်တော့😂💯

ခုံရှင်းရင်းထွက်လာလို့ နည်းနည်းညစ်ပေနေတာ လေး သည်းခံကြည့်ပေးပါ

✅Dry To Combination Skin တွေ

✅ဝက်ခြံ အသားအရေတွေ

✅Suncream လိမ်းပြီး ပူတာ ပြာတာ မကြိုက်တဲ့သူတွေ ကြိုက်မယ့်ကောင်ပါ

✨မတည့်မှာကြောက်ရင် Mini ထွက်ပါတယ်

✨Oily Skin ဆို Aqua အပြာရောင်လေး ထပ်ထွက်ထားပါသေးတယ်

နာမည်ကတော့ Beauty Of Joseon ပါရှင် 💕

08/01/2025

ကိုယ်ပဲကြိုက်ရင် ကိုယ်ပဲပိုက်ဆံကုန်နေမှာစိုးလို့
စေတနာလေးနဲ့ Review လာပေးတာပါ😝

video ထဲမှာတင် စစသုံးပေးတဲ့ ခရီးက ပြန်လာလို့ ပျက်စီးနေတဲ့ skin နဲ့

သုံးသုံးပြီးချင်း Skin က တင်းရင်းစိုအိသွားတာ သိသာသလားလို့နော်🤭

Medicube Age R Booster Pro 💗

လို့ခေါ်ပါတယ် ဒီစက်ကလေးက

Photos from Honey Care For You's post 04/01/2025

𝟮𝟬𝟮𝟱 အတွက် ဆန္ဒတွေထဲက တစ်ခုကတော့ ပေးကမ်းနိုင်တဲ့ လက်တစုံဖြစ်ချင်တယ်🤍✨

ဖြည်းဖြည်းချင်းလဲ အကောင်အထည်ဖော်နေပါတယ်

honey ဒီတခေါက် ခရီးသွားရင်း လမ်းတလျှောက်တွေတဲ့ ခွေးလေး ကြောင်လေးတွေ အတွက် အစာကျွေးခဲ့ပါတယ်

ရှမ်းပြည်ဘက်က ခွေးလေးတွေကတော့လေ လမ်းဘေးခွေးလေးတွေကအစ အရမ်းလဲ ချစ်ဖို့ကောင်းပြီး ဖော်ရွေတဲ့ကောင်လေးတွေ

တချို့ဆို အရမ်းဆာနေကြတာ သနားလို့ စိတ်လဲမကောင်း😢

ကိုယ့်ကြောင့် တနပ်စာလေးတော့ အကူအညီရမလားလ်ို့လေ
တနပ်ချင်းကျွေးတဲ့သူတွေများလာရင်တောင် သူတ်ို့လေးတွေ အဆင်ပြေမယ်ထင်ပါတယ်

တစ်ပါးသူကို ပေးကမ်းဖို့ကလဲ စိတ်ရှိတိုင်း မရပါဘူး ကိုယ်တိုင်ပြည့်စုံနေမှ ရလာတာမျိုးပါ

တိရစ္ဆာန်ပဲကျွေးကျွေး လူပဲလှူလှူ နိမ့်ကျတယ် ကြီးမြတ်တယ်မရှိ
အလှူတ်ိုင်း မွန်မြတ်ပါတယ်ရှင်🙏

2025 မှာ မေတ္တာထားသမျှ ကြိုးစားသမျှတွေ စေတနာရောင်ပြန်ဆယ်ဆမကအကျိုးပေးပါစေလ်ို့

Reader တွေက်ိုလဲ New Year Wish လေးဆုတောင်းပေးပါတယ်နော်🤍

27/12/2024

10 သိန်းတန် ကလိစရာလေး ရလ်ို့ပျော်🤪💗

Review တင်ပေးရမလား?



DISCLAIMER: No Copyright Infringement caption intended. We do not own the music in this video. Music belongs to the rightful owner.

Photos from Honey Care For You's post 24/12/2024

𝗕𝗹𝗮𝗰𝗸 𝗥𝗼𝘂𝗴𝗲 က Icy To Fog လေးလဲ Hot နေလို့ ပြောပြဦးမယ်🤫

တကယ်တော့ Launch မလုပ်ခင်ထဲက လက်ထဲရောက်နေတာ🙊

Texture က ပေါ့ပေါ့ပါးပါးပဲမို့ Daily ဆိုးဖြစ်တဲ့ထဲ ထည့်ထားမိပြီး ပုံကိုမရိုက်မိတာ

smooth ဖြစ်ပြီး နှုတ်ခမ်း line တွေက အစ blur လုပ်ပေးတာကတော့ ဒီ icy to fog လေးရဲ့ ထူးခြားချက်ပဲ

ပြီးတော့ ဖုံဖုံကြီးလဲ မဟုတ်ပဲ
ဆိုးထားမှန်း လုံးဝ မသိသာပဲ ပေါ့ပါးတာပေါ့နော် အဲ့တာလေးတော့ တော်တော်ကြိုက်မိ

Black Rouge လေးတွေ ထုံးစံအတိုင်း Long Lasting တော့ အရမ်းမျှော်လင့်လို့မရဘူး
အစာစားပြီးရင် ပျက်ပါတယ်

သူ့စျေးနဲ့သူကတော့ ဆိုးပျော်ပါတယ် Daily Office သွား ကျောင်းသွား အဆင်ပြေမယ့် Lipstick လေးတွေပါ နှုတ်ခမ်းသား မထိခိုက်ဘူး

ဝယ်မယ်ဆို အရောင်ရင့်လေးတွေတော့ပို Recommend တယ်
( ကိုယ့်အကြိုက်ပါ ဟီး )

နောက်သိချင်တာလေးတွေ ရှိရင်လဲ မေးထားခဲ့လို့ရပါတယ်နော်
Trend နေတဲ့ ပစ္စည်းတွေတော်တော်များများ
ကိုယ်တွေ လက်ထဲက မလွတ်တာမို့🙊

With Love🤍,

Photos from Honey Care For You's post 17/12/2024

ဒီလို product မျိုး Local မှာ မတရားရှိစေချင်တဲ့ ဆန္ဒပြည့်သွားပါပြီ😩❤️‼️

Dry Towel တွေ ဒီမှာသာ သိပ်ခေတ်မစားတာနော် နိုင်ငံခြား Website တွေမှာ အရမ်းစျေးကြီးပေး ဝယ်ရတာ

ခုတော့ The Mix By Su က အသစ်ထွက်လာတာလေး
စျေးကလဲ 2 သောင်းကျော်ပဲ ရှိတယ်

ဆ်ိုင်ရောက်လာတာနဲ့ Customer တွေနဲ့ အပြိုင်လုထားတာ🫢

honey က ပုံမှန်ဆို ဆံပင်ရှည်ပြီးထူလို့ ခေါင်းလျှော်ပြီး ဆံပင်က တော်ရုံ မခြောက်ဖူး
ခေါင်းလျှော်ဖို့ တော်တော်ကြီးကို အားယူရတယ်

ဒီ Towel က ရေစုပ်ယူအားကောင်းပြီး ဆံပင်တော်တော်လေး ခြောက်သွားစေတယ်

Dryer တွေ အကြာကြီး မမှုတ်ရတော့လို့ ဆံသားပျက်စီးတာလဲ သက်သာပါတယ်

Towel သားလေးကလဲ နူးညံ့လို့ ဘက်စုံသုံးလို့ရတယ်

ဆံပင်ရှည်တဲ့ မိန်းကလေးတွေ အတွက်တော့တော်တော်လေး အသုံးဝင်မှာမို့

Sharing လေး လုပ်ပေးလိုက်ပါတယ်နော်💕

With Love🫧

The Mix By Su Microfiber Hair Towel✨

Photos from Honey Care For You's post 14/12/2024

2025 မှာ ပြန်ဝယ်ဖြစ်မယ့်ထဲ သူထိပ်ဆုံးက ပါပါတယ်🥹🎄💕

ဝက်ခြံတွေ ပေါက်လိုက် ပျောက်လိုက်သံသရာကလေ သူနဲ့မှ လွတ်တာ‼️

တခြား Skincare တွေ သုံးရင် ပျောက်ပေမယ့်ပြန်ပြန်ပေါက်လာတာမျိုးလေ
သူနဲ့မှ လုံးဝ အမြစ်ပျက်သွားသလိုပဲ

Ampoule အေးအေးကျဲကျဲလေး ကျားမမရွေး အသားအရေမရွေး အကုန် သုံးလို့ရတယ်

Centella နဲ့ မတည့်ရင်တော့ သတိထားပေါ့ ဒါပေမယ့် အဲ့တာတွေကလဲ Brand အလိုက် Formula အလိုက် ကွာပါသေးတယ်

အရမ်းကြိုက်လို့ မနက်ရော ညရော မလိမ်းရမနေနိုင်ပဲ

နောက်မှ တခြားအရောင်တွေလဲ ဖြည်းဖြည်းချင်းစမ်းမယ်🥹💕
အရမ်းပေါက်နေတာ မဆန်းပါဘူး

အတုအပတော့ သတိထားပါ ကြော်ငြာတွေ တက်တက်လာရင် အတိုင်းသားတွေ့နေရတယ်
အတုတွေလဲ အရမ်းပေါပါတယ်‼️

Review တွေ မရေးတာကြာလို့ မေ့မသွားအောင်

ဆယ်ကျော်သက်ကစလို့ Pregnancy,Sensitive Skin အကုန်အဆင်ပြေမှာလေး ညွှန်းပေးလိုက်ပါတယ်နော်🙊💕

With Love🫧

Photos from Honey Care For You's post 26/11/2024

ပုံမြင်ပြီး လန့်မသွားနဲ့ဦး🫠‼️
Peeling Solution ကို အကျိုးရှိရှိ အသုံးချဖို့ honey sharing လာလုပ်ပေးတာပါ❤️

Peeling က သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပါ

အပေါ်ယံ Dead Cell တွေ ဖယ်ပေးတာမို့ အသားအရေ ပြဿနာ မျိုးစုံအတွက် အရမ်းထိရောက်ပါတယ်နော်

တော်တော်များများ မျက်နှာပဲ သုံးကြတာ honey တော့ မိန်းကလေးတွေ အတွက်လေ body ပါသုံးပေးဖို့ Recommend လုပ်ပါတယ်နော်

ဟိုနားဒီနား မဲတဲ့နေရာတွေနဲ့ buttocks မှာသုံးလဲ တအားသိသာပါတယ်နော်🫢🍑

✅သူ့ကိုငါးမိနစ်ထက်ပိုမထားပါနဲ့

✅သုံးပြီးရင်တော့ Moisture များများ ပြန်သုံးပေးဖို့ သတိထားပါ

✅သူက chemical peeling အမျိုးအစားဖြစ်ပြီး physical peeling ဖြစ်တဲ့ facial scrub/body scrub တွေနဲ့ တွဲသုံးစရာတော့ မလိုပါဘူး
အလှည့်ကျ သုံးပေးရင်ရပါပြီ

ပုံလေးတွေအောက် ဆက်ဖတ်သွားဦးနော်👇👇

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon