ShinCos.Lab - Myanmar
ShinCos.Lab offers trusted Korean skincare made with gentle, nature-inspired ingredients. Hydrate, nourish, and glow naturally every day. ✨ #GlowNaturally
Safe for all skin types and specially advance Korea technology formulated for Myanmar’s climate.
ယူတို့ သဲလေး Cos ပြောပြထားတဲ့ ShinCos.Lab ရဲ့ Facial Foam အကြောင်းလေး...😍😍
22/06/2026
မိုးအုံ့နေလို့ Suncream မလိုဘူးလို့ ထင်နေလား Angel လေးတို့ရေ... ⛈️
ခရမ်းလွန်ရောင်ခြည် UV Rays တွေက တိမ်ထူတဲ့နေ့တွေမှာပါ အသားအရေဆီကို ၈၀% အထိ ဖြတ်သန်းရောက်ရှိနိုင်လို့ မိုးတွင်းမှာလည်း Suncream လိမ်းဖို့ မမေ့ရဘူးနော် 🙆🏻♀️
မိုးရာသီရဲ့ စိုထိုင်းဆကြောင့် အသားအရေ စေးကပ်တာ၊ အဆီပြန်တာတွေအပြင် တိမ်ဖုံးနေပေမဲ့ ညိုညစ်လာတဲ့ အသားအရေကြောင့် စိတ်ညစ်နေရပြီဆိုရင်တော့ မိုးရာသီမှာပါ ShinCos.Lab ရဲ့ Suncream လေးတွေနဲ့ အသားအရေကို အလှဆုံး ထိန်းသိမ်းထားလို့ ရပြီနော်...🌻🌷
ShinCos.Lab ရဲ့ Suncream လေးတွေက SPF 50+ / PA++++ အပြည့်အဝ ပါဝင်တာကြောင့် အသားအရေကို ပျက်စီးစေတဲ့ UVA နဲ့ UVB ရောင်ခြည်တွေကို (၁၂) နာရီကြာအောင် အမြဲကာကွယ်ပေးထားနိုင်လို့ပါရှင်.. အသားထဲ စိမ့်ဝင်လွယ်ပြီး ပေါ့ပါးတဲ့ Texture မို့ မိုးတွင်းမှာ လုံးဝစေးကပ်မှု မရှိပါဘူးနော်…🌧️
ကိုယ့် Skin Type အလိုက် ကြိုက်နှစ်သက်ရာ (၂) မျိုးကို ရွေးချယ်နိုင်ပါတယ်... 🛒
🩵 Hyaluronic Acid B5 3% Suncream (အပြာရောင်)
မိုးတွင်းမှာ အသားအရေ ခြောက်သွေ့တတ်တဲ့သူတွေအတွက် နေရောင်ခြည်ကို ကာကွယ်ပေးရင်း ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးမှာပါ။ Lightweight Texture ဖြစ်လို့ လိမ်းလိုက်ရင် စိမ့်ဝင်လွယ်ပြီး ပြာမသွားဘဲ သဘာဝအတိုင်း Glow ချင်တဲ့သူလေးတွေအတွက် အထူးသင့်တော်ပါတယ်။ 💦
💛 Vita Tree 3% Suncream (အဝါရောင်)
မိုးရာသီရဲ့စိုထိုင်းဆကြောင့် အဆီပြန်တတ်တဲ့သူတွေအတွက် 12-Hour Protection နဲ့ အဆီပြန်တာကို အကောင်းဆုံး ထိန်းညှိပေးမှာပါ။ Brightening Effect ပါဝင်လို့ ညိုညစ်တဲ့ အသားအရေနဲ့ အမည်းစက်တွေကို ကုစားပေးပြီး ဗီတာမင်ဓာတ်ပေါင်းစုံကြောင့် တစ်နေကုန် ကြည်လင်ဝင်းပနေစေမှာပေါ့။ ⭐
ကဲ.. ဒါဆို ရာသီဥတု ဘယ်လိုပဲ ရှိနေပါစေ အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘဲ
ShinCos.Lab ရဲ့ Suncream လေးတွေနဲ့အတူ မိုးရာသီမှာလည်း ယုံကြည်မှုအပြည့်နဲ့ လှနေလိုက်ရအောင် Angel လေးတို့ရေ... ✨
✨ 𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
ရေဓာတ်အပြည့်နဲ့ စိုအိနေစေမယ့် Glass Skin လေးရဲ့ လျှို့ဝှက်ချက် 💧
Hello Sunshine လေးတို့ရေ...
မျက်နှာလေးက ဖန်သားပြင်လေးလို ကြည်တောက်နေပြီး လက်နဲ့တို့ကြည့်ရင်တောင် စိုအိအိလေးဖြစ်နေတဲ့ Glass Skin ပိုင်ရှင်လေးတွေဖြစ်ချင်ကြတယ်ဟုတ်❓💖
ဒီလိုအသားအရေမျိုးရဖို့ဆိုရင် အဓိကလိုအပ်တာက ရေဓာတ်ပါပဲ။ အသားအရေ ခြောက်သွေ့ပြီး ညိုညစ်နေတဲ့ ညီမလေးတို့အတွက် ShinCos.Lab ရဲ့ Hyaluronic Acid B5 3% Series လေးက ဘာလို့ မရှိမဖြစ်ဆောင်ထားသင့်တာလဲဆိုတာ ပြောပြမယ်နော်... ✨
💧 ShinCos.Lab ရဲ့ Hyaluronic Acid B5 3% Series မှာ Molecular Weights မတူညီတဲ့ HA တွေကို ပေါင်းစပ်ပေးထားတာကြောင့် အသားအရေရဲ့ အပေါ်ယံတင်မကဘဲ အနက်ရှိုင်းဆုံးအလွှာအထိ ရေဓာတ်ကို စိမ့်ဝင်သွားစေပြီး အကြာကြီး သိုလှောင်ထားပေးနိုင်ပါတယ်။
🛡️ Skin Barrier ကိုလည်း ကျန်းမာစေလို့ ဒီ Set လေးကို ပုံမှန်သုံးပေးရင် အသားလေး တင်းရင်းလာပြီး Fine Lines လေးတွေကိုပါ လျော့ပါးသက်သာစေမှာပါရှင်…
ဒီ Series မှာ Cleansing ကနေ Eye Cream အထိ အစုံအလင်ရှိတာကြောင့် Full Routine အလိုက် သုံးပေးမယ်ဆိုရင် Glass Skin Goal ကို အမြန်ဆုံး ရောက်ရှိမှာ အသေအချာပါပဲ…
🩵 အသားအရေခြောက်သွေ့တတ်သူလေးတွေအတွက် မရှိမဖြစ် Perfect Set လေးဖြစ်လို့ ရာသီမရွေး အသားခြောက်မှာကို စိုးရိမ်မနေဘဲ အကြည်ဓာတ်လေးနဲ့ Glow နေဖို့ ShinCos.Lab ရဲ့ Hyaluronic Acid Set လေးကို အခုပဲ ဝယ်ယူလိုက်တော့နော် Angel လေးတို့ရေ...🥰
✨ 𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
ShinCos.Lab - Myanmar ShinCos.Lab offers trusted Korean skincare made with gentle, nature-inspired ingredients. Safe for all skin types and specially advance Korea technology formulated for Myanmar’s climate. Hydrate, nourish, and glow naturally every day. ✨
18/06/2026
အသဲလေးတို့ရေ... စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို နှုတ်ခမ်းလေးဆူပြီး လာပြောပြရလို့ စိတ်မကောင်းပါဘူးနော် 🥺👉👈
အခုတလော ကုန်ကြမ်းဈေးနှုန်းလေးတွေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်လေးတွေက အရမ်းအရမ်းကို တက်လာလို့ ShinCos.Lab - Myanmar ရဲ့ ကလေးလေးတွေကို ဆက်ပြီး အရည်အသွေးအပြည့်နဲ့ ဖန်တီးပေးနိုင်ဖို့အတွက်...
ဈေးနှုန်းလေး အနည်းငယ် (တကယ်အနည်းငယ်လေးပါပဲနော်) တိုးမြှင့်ခွင့်ပြုပါလို့ တောင်းပန်ချင်ပါတယ်ရှင် 😭🙏
ဈေးလေး နည်းနည်းတက်သွားပေမယ့် ပေးရတဲ့ဈေးထက် ပိုတန်တဲ့ Quality နဲ့ ပိုမို ကောင်းမွန်တဲ့ Service မျိုးကို အမြဲပေးသွားမှာမို့ အသဲလေးတို့က စိတ်မဆိုးဘဲ ဆက်ပြီး အားပေးကြမယ်မလားဟင်... မွမွ 💋✨
အော်မေ့လို့
၇ လပိုင်းမှ တက်မှာပါနော် အသဲလေးတို့ရေ ..........
အမဲစက်တွေကို Bye-Bye လုပ်ပြီး ဗီတာမင်ဓာတ်တွေနဲ့ အသားဖြူဖြူကြည်ကြည်လေးကို ဖန်တီးလိုက်ရအောင် 💛✨
Hello Sunshine လေးတို့ရေ... 🧚🏻♀️
ဝက်ခြံတွေ ပျောက်သွားပေမယ့် ကျန်ခဲ့တဲ့ အမဲစက် Dark Spots တွေကြောင့် မိတ်ကပ်လိမ်းရင်တောင် ကောင်းကောင်းမဖုံးနိုင်ဘဲ ယုံကြည်မှုတွေ လျော့နည်းနေရပြီလား❓
အသားအရေက ပင်ပန်းနွမ်းနယ်ပြီး ညိုမှိုင်းနေတယ်လို့ ခံစားနေရရင်တော့ ShinCos.Lab ရဲ့ Vita Tree 3% Set လေးက အကောင်းဆုံးဖြေရှင်းချက်ပဲပေါ့။
🍊 Vita Tree 3% Set က ဘာလို့ ဒီလောက် ထိရောက်တာလဲ?
ဒီ Set ထဲမှာ အသားအရေကို ကြည်လင်ဝင်းပစေတဲ့ Vitamin B3, B5, B6, C, E ဆိုတဲ့ ဗီတာမင်ဓာတ်ပေါင်းစုံ ပါဝင်လို့ပါပဲနော် 💁🏻♀️
✨ Brightening Effect က နေလောင်ဒဏ်နဲ့ အမဲစက်တွေကို တဖြည်းဖြည်း မှေးမှိန်သွားစေပြီး အသားအရောင်ကို ညီညာဝင်းပလာစေပါတယ်။
✨ Skin Recovery ဖြစ်စေပြီး အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးကာ ဆဲလ်အသစ်တွေ တက်လာအောင် အားဖြည့်ပေးလို့ အသားအရေလေးက ချက်ချင်းလန်းဆန်းသွားမှာပါ။
✨ Non-Comedogenic Formula ဖြစ်လို့ ချွေးပေါက်ပိတ်ဆို့တာမျိုး လုံးဝမရှိဘဲ အဆီဖုနဲ့ ဝက်ခြံအသစ်တွေ ထပ်မထွက်အောင် ကာကွယ်ပေးတယ်နော်...🥰
ဒါဆို အမဲစက်တွေကင်းစင်ပြီး ကိုရီးယားမလေးတွေလို ဝင်းပကြည်လင်တဲ့ Glow Skin လေးကို ပိုင်ဆိုင်ဖို့ဆိုရင် ShinCos.Lab ရဲ့ Vita Tree 3% Series လေးကိုသာ အခုပဲ ရွေးချယ်လိုက်တော့နော် Angel လေးတို့ရေ... 💛✨
✨ 𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
ShinCos.Lab - Myanmar ShinCos.Lab offers trusted Korean skincare made with gentle, nature-inspired ingredients. Safe for all skin types and specially advance Korea technology formulated for Myanmar’s climate. Hydrate, nourish, and glow naturally every day. ✨
အသားအရေကို ကြည်ကြည်စိုစိုလေးဖြစ်ဖို့ဆိုရင် Shin Cos.Lab ရဲ့ Hyaluronic Acid ပါတဲ့ products လေးကိုရွေးချယ်ဖို့လိုပါတယ်နော်
13/06/2026
မိုးအေးအေးနဲ့ Suncream လိမ်းဖို့ မေ့နေတဲ့ Angel လေးတွေ ရှိလားဟင်? 😉🌧️
Hello Angel လေးတို့ရေ... 🧚🏻♀️
အပြင်မှာ မိုးတဖွဲဖွဲရွာပြီး ကောင်းကင်ကြီး တစ်ခုလုံး အုံ့မှိုင်းနေတဲ့ နေ့မျိုးဆို "ဒီနေ့တော့ နေလည်းမပူဘူး၊ အထဲမှာပဲ နေတာ Suncream မလိမ်းလည်း ဖြစ်ပါတယ်" ဆိုပြီး Skincare Step ထဲက ချန်လှပ်ထားလိုက်မိတယ်ဟုတ်…❓
တကယ်တော့ အပူရှိန်မရှိပေမယ့် အသားအရေကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ ရန်သူက ကောင်းကင်ယံမှာ ရှိနေတုန်းပဲဆိုတာ သတိထားမိကြရဲ့လားရှင်... 🤫
မိုးရွာတဲ့နေ့တွေမှာ Suncream ဘာလို့ မဖြစ်မနေ လိမ်းသင့်တာလဲဆိုရင်...
✨ မိုးတိမ်တွေကို ဖောက်ထွက်နိုင်တဲ့ UV Rays ရှိခြင်း
နေရောင်မရှိလို့ UVB Rays တွေ လျော့နည်းနိုင်ပေမယ့် အသားအရေကို အိုမင်းရင့်ရော်စေပြီး အမည်းစက်တွေ ဖြစ်စေတဲ့ UVA ရောင်ခြည်ကတော့ ရှိနေနိုင်လို့ပါပဲ။
✨ မှန်ပြတင်းပေါက်တွေကို ဖြတ်သန်းနိုင်ခြင်း
အထဲမှာပဲ နေလို့ နေရောင်မထိဘူးလို့ ထင်ရပေမယ့် UVA ရောင်ခြည်တွေက အိမ်တွင်းက မှန်ပြတင်းပေါက်တွေကိုပါ အလွယ်တကူ ဖြတ်သန်းနိုင်တာကြောင့် အထဲမှာနေရင်းနဲ့လည်း အသားအရေ ညိုညစ်တာမျိုး ကြုံရတတ်ပါတယ်ရှင်။
✨ အသားအရေ အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်ခြင်း
"နေပူမှ လိမ်းမယ်" ဆိုတဲ့ အလေ့အထက ရေရှည်မှာ အရေးအကြောင်းတွေနဲ့ တင်းတိပ်၊ အမည်းစက်တွေကို ပိုပြီးဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မိုးအေးအေး၊ မိုးရွာရွာ နေ့စဉ်ပုံမှန် Suncream လိမ်းပေးမှသာ အသားအရေ Barrier ကို အပြည့်အဝကာကွယ်နိုင်မှာပါနော်။
ဒီတော့ မိုးတွင်းမှာ လိမ်းရတာ စေးကပ်မှာ စိုးရိမ်တယ်ဆိုရင်တော့ အသားထဲ စိမ့်ဝင်လွယ်ပြီး ပေါ့ပေါ့ပါးပါးရှိမယ့် Suncream မျိုးကို ရွေးချယ်ပြီး နေ့တိုင်းလိမ်းပေးသင့်ပါတယ်ရှင် ✨🩵
ဒါဆို မိုးရွာလည်း UV Rays တွေက ရှိနေတုန်းမို့ ကိုယ့်ရဲ့အသားအရေလေး အမြဲနုပျိုကြည်လင်နေဖို့အတွက် နေ့စဉ် Skincare Routine မှာ Suncream လေးကို မေ့မထားဘဲ ပုံမှန်လိမ်းပေးလိုက်တော့နော် Angel လေးတို့ရေ... ✨
✨ 𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
Hello Sunshine လေးတို့ရေ... 🧚🏻♀️
မျက်နှာကို Facial Foam နဲ့ သေချာသစ်ရဲ့သားနဲ့ ဘာလို့ အဆီဖုတွေ၊ ဝက်ခြံတွေ ခဏခဏ ထွက်နေရတာလဲဆိုပြီး စဉ်းစားရခက်နေပြီလား…🤔
တကယ်တော့ Facial Foam တစ်မျိုးတည်းက ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ မိတ်ကပ်လက်ကျန်တွေ၊ မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်တွေကို အပြည့်အဝ မသန့်စင်ပေးနိုင်လို့ပါပဲနော်…
ဒါကြောင့် ကြည်လင်တဲ့အသားအရေရဖို့ Double Cleansing ဆိုတဲ့အဆင့်က မရှိမဖြစ်ပါပဲ ✨
ShinCos.Lab ရဲ့ Cleansing Water လေးတွေက 500 ml တောင် ပါဝင်လို့ တန်လွန်းတဲ့အပြင် ကိုယ့်အသားအရေ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ပါတယ်နော်... 🛒
💧Hyaluronic Acid B5 3% (အပြာရောင်)
မျက်နှာသစ်ပြီးရင် အသားခြောက်တတ်သူလေးတွေအတွက် ရေဓာတ်ပြည့်ပြီး စိုအိနေစေမှာပါ။ All Skin Types သုံးလို့ရပါတယ်။
💖 Niacinamide Brightening (အနီရောင်)
အသားအရေညိုညစ်တာတွေကို ဖယ်ရှားပေးပြီး ဖြူဝင်းကြည်လင်လာစေမှာပါ။ Dull & Oily Skin တွေသုံးလို့ရပါတယ်။
💚 AHA/BHA/PHA Centella 3% (အစိမ်းရောင်)
ဝက်ခြံသမားလေးတွေရဲ့အသည်းစွဲပေါ့။ ဆားဝက်ခြံနဲ့ အဆီဖုတွေကို အမြစ်ပြတ် သန့်စင်ပေးပါတယ်။
💙 Hyaluronic Acid B5 (Texture ပျစ်ပျစ်လေး) နုနယ်တဲ့ Sensitive Skin ပိုင်ရှင်လေးတွေအတွက် အသားအရေကို လုံးဝမထိခိုက်စေဘဲ ညင်သာစွာ သန့်စင်ပေးမှာပါ။
ShinCos.Lab Cleansing Water တွေအားလုံးက-
✨ Deep Clean Effect ပါလို့ တစ်ချက်ပွတ်လိုက်ရုံနဲ့ ချွေးပေါက်အတွင်းပိုင်းအထိ အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။
✨ Gentle Formula က မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်က နုနယ်တဲ့နေရာတွေကိုပါ မထိခိုက်စေဘဲ သုံးလို့ရပါတယ်ရှင်။
✨ Vegan & Safe ဖြစ်ပြီး ကိုရီးယားနည်းပညာစစ်စစ်နဲ့ ထုတ်လုပ်ထားလို့ စိတ်ချလက်ချ အားကိုးလို့ရပြီပေါ့။
ဒါဆို မိတ်ကပ်လိမ်းတဲ့နေ့ပဲဖြစ်ဖြစ်၊ ဘာမှမလိမ်းတဲ့နေ့ပဲဖြစ်ဖြစ် ညဘက်တိုင်း ShinCos.Lab Cleansing Water လေးနဲ့ Double Clean လုပ်ဖို့ မမေ့နဲ့နော် 🙆♀️
ဒါမှ နောက်ထပ်လိမ်းမယ့် Skincare တွေက အသားထဲကို ထိထိရောက်ရောက် စိမ့်ဝင်မှာပါလို့ ပြောလိုက်ပါရစေ Angel လေးတို့ရေ... ✨🩵
✨ 𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
ShinCos.Lab - Myanmar ShinCos.Lab offers trusted Korean skincare made with gentle, nature-inspired ingredients. Safe for all skin types and specially advance Korea technology formulated for Myanmar’s climate. Hydrate, nourish, and glow naturally every day. ✨
07/06/2026
မျက်နှာသစ်ရုံနဲ့ မရတဲ့ အကြည်ဓာတ်... ဒီ Peeling Gel တွေထဲမှာ လျှို့ဝှက်ချက်ရှိတယ်နော် 🤫✨
Hello Sunshine လေးတို့ရေ... 🧚🏻♀️
"မျက်နှာကို တစ်နေ့ (၂) ကြိမ် ပုံမှန်သစ်ပါလျက်နဲ့ ဘာလို့ အသားအရေက ညိုညစ်ညစ်ကြီးဖြစ်နေရတာလဲ?" ဆိုပြီး စိတ်ညစ်နေပြီလား❓
တကယ်တော့ မျက်နှာသစ်ဆေးဆိုတာ မျက်နှာပြင်ပေါ်က ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုပဲ အထိရောက်ဆုံးသန့်စင်ပေးနိုင်တာပါ။ ချွေးပေါက်ထဲမှာ ကပ်ငြိနေတဲ့ အဆီပိုတွေနဲ့ အရေပြားပေါ်မှာ အလွှာလိုက်တင်ကျန်နေတဲ့ ဆဲလ်သေတွေကိုတော့ မျက်နှာသစ်ရုံနဲ့တင် အမြစ်ပြတ် မစင်ကြယ်နိုင်ပါဘူးနော်…🙅🏻♀️
✨ ဒါဆို Peeling Gel နဲ့ ပွတ်လိုက်လို့ ထွက်လာတဲ့ အဖတ်လေးတွေက ဘာလဲ?
ShinCos.Lab ရဲ့ Peeling Gel လေးကို မျက်နှာပေါ်တင်ပြီး ခပ်ဖွဖွလေးပွတ်ပေးရုံနဲ့ ထွက်လာတဲ့ အဖတ်လေးတွေကို တွေ့ရမှာပါ.. အဲ့ဒါတွေက Peeling Gel ထဲက ပါဝင်ပစ္စည်းတွေနဲ့ ကိုယ့်မျက်နှာပေါ်က ညစ်ပတ်နေတဲ့ ဆဲလ်သေတွေ၊ အဆီဟောင်းတွေပေါင်းစပ်ပြီး ထွက်လာတာပဲဖြစ်ပါတယ်.. ဒီဆဲလ်သေတွေကို ဖယ်ရှားလိုက်မှသာ အောက်က အသားသစ်လေးက ပေါ်လာပြီး မျက်နှာလေးက ချက်ချင်း ကြည်လင်ဝင်းပသွားတာပေါ့…✨
💖 ShinCos.Lab Peeling Gel တွေက အသားအရေကို ကြမ်းတမ်းနာကျင်စေတဲ့ အမှုန်အမွှားတွေ မပါဘဲ Mild Exfoliation နည်းလမ်းနဲ့ အထိရောက်ဆုံးသန့်စင်ပေးတာကြောင့် သုံးပြီးရင် အသားအရေလေးက ချောမွတ်စိုအိသွားတာကို ခံစားရမှာပါ။
အပြာရောင် Hyaluronic Acid B5 3% Peeling Gel လေးက အသားခြောက်သူလေးတွေအတွက် ရေဓာတ်ဖြည့်ပေးတယ်။ 🩵
အနီရောင် Niacinamide Brightening Peeling Gel လေးက သူ့မှာပါဝင်တဲ့ Niacinamide ရဲ့စွမ်းပကားကြောင့် အသားအရေ ညိုညစ်တာတွေကို ဖြူဝင်းကြည်လင်လာစေပြီး Skin Barrier ကို ပြန်လည်ကျန်းမာစေပါတယ်။ ဒါ့အပြင် ဝက်ခြံနီမြန်းတာတွေကို လျှော့ချပေးပြီး ချွေးပေါက်ကျဉ်းစေတာမို့ မိတ်ကပ်လိမ်းရင်လည်း အဆီပြန်ကင်းပြီး ချောမွေ့နေစေမှာပါနော်။ ❤️
အစိမ်းရောင် Collagen Brightening Peeling Gel လေးက အသားအရေ တင်းရင်းနုပျိုချင်သူလေးတွေအတွက်ပါ။ 💚
တစ်ပတ်ကို (၂) ကြိမ်လောက်ပဲ အချိန်ပေးပြီး ShinCos.Lab Peeling Gel လေးနဲ့ ဆဲလ်သေတွေကို နှုတ်ဆက်လိုက်ရုံပဲနော်👋
ဒါဆိုရင်တော့ Skincare တွေလည်း ပိုစိမ့်ဝင်သလို မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ပိုညက်သွားစေမယ့် လျှို့ဝှက်ချက်လေးက ဒါပါပဲနော်… ✨
✨𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲✨
MadeinKorea
04/06/2026
Hello Angel လေးတို့ရေ... 🧚🏻♀️
"မိုးတွင်းမှာလည်း Suncream တော့ လိမ်းပါရဲ့၊ ဒါပေမဲ့ ဘာလို့ အသားအရေက ကွက်ပြီး ညိုမြဲညိုနေတုန်းလဲ?" ဆိုပြီး ဖြစ်ဖူးကြလားဟင် 🤔
မိုးရာသီမှာ လေထုထဲက စိုထိုင်းဆမြင့်မားတာ၊ မိုးရေစိုတာတွေကြောင့် Suncream ကို စနစ်တကျ မလိမ်းမိရင် သူ့ရဲ့ UV ကာကွယ်မှုအာနိသင်က ထက်ဝက်မက လျော့နည်းသွားတတ်ပါတယ်ရှင်
ဒါကြောင့် မိုးအေးအေး၊ မိုးရွာရွာ နေရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့် ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်ရအောင်နော် 👇
🍃 Skincare အဆင့်ဆင့်ကြား သေချာစောင့်ပြီးမှ လိမ်းပါ
မိုးတွင်းမှာ စိုထိုင်းဆကြောင့် Skincare တွေ အသားထဲစိမ့်ဝင်ဖို့ အချိန်ပိုလိုတတ်ပါတယ်။ Toner သို့မဟုတ် Serum လိမ်းပြီးတာနဲ့ Suncream ကို ချက်ချင်းထပ်လိမ်းလိုက်ရင် Product တွေ အချင်းချင်းရောသွားပြီး UV ကာကွယ်မှုအား လျော့သွားတတ်လို့ပါ။ အဆင့်တစ်ခုနဲ့တစ်ခုကြား (၁) မိနစ်လောက် သေချာစိမ့်ဝင်အောင် စောင့်ပြီးမှ Suncream ကို နောက်ဆုံးပိတ် လိမ်းပေးပါရှင်။
🧖🏻♀️ ရိုးရှင်းတဲ့ Skincare Steps သုံးပါ
မိုးတွင်းမှာ Product တွေ အများကြီး ထပ်လိမ်းရင် ချွေးပေါက်ပိတ်ပြီး Suncream က အသားပေါ်မှာ ကပ်မနေဘဲ မိတ်ကပ်တွေပါ ကွက်ထွက်လာတတ်ပါတယ်။
• Morning Routine မှာ Cleanser > Toner > Lightweight Serum > (လိုအပ်လျှင် ပေါ့ပါးတဲ့ Moisturizer) > Sunscreen ဆိုတဲ့ မရှိမဖြစ် အဆင့်လောက်ပဲ သုံးပေးခြင်းက Suncream ကို အသားထဲ ပိုမိုစိမ့်ဝင်ကပ်ငြိစေပါတယ်။
• Night ဆို Double Cleansing (မိုးတွင်းမှာ ဖုန်နဲ့ ဘက်တီးရီးယား ပိုများလို့ အရေးကြီးပါတယ်) > Toner > Serum > Gel Moisturizer လိုအပ်သလောက်သာ ပေါ့ပေါ့ပါးပါးလိမ်းပေးပါ။
☁️ Water-resistant ဖြစ်တဲ့ Sunscreen ကို သုံးပါ
မိုးတွင်းမှာ အပြင်ထွက်တဲ့အခါ မိုးရေစက်တွေကြောင့် ဖြစ်ဖြစ်၊ စိုထိုင်းဆကြောင့် ထွက်တဲ့ချွေးကြောင့်ဖြစ်ဖြစ် Suncream တွေ အရည်ပျော်ပြီး ကွက်မသွားဖို့ လိုအပ်ပါတယ်။
ShinCos.Lab ရဲ့ Suncream လေးတွေက အသားထဲ စိမ့်ဝင်လွယ်တာကြောင့် အာနိသင်အပြည့်အဝရစေမှာပါနော်…
🛡️ အပြင်မထွက်ခင် (၁၅) မိနစ် ကြိုတင်လိမ်းပါ
Suncream က လိမ်းပြီးပြီးချင်း ချက်ချင်း အာနိသင်မပြပါဘူးရှင်။ အရေပြားပေါ်မှာ UV ကာကွယ်ပေးမယ့် ဒိုင်းအလွှာတစ်ခု ဖွဲ့စည်းနိုင်ဖို့ အချိန်လိုအပ်တာကြောင့် အပြင်မထွက်ခင် (သို့မဟုတ်) ကွန်ပျူတာ၊ ဖုန်းအသုံးမပြုခင် (၁၅) မိနစ်ခန့် ကြိုတင်လိမ်းပေးတာက အထိရောက်ဆုံးဖြစ်ပါတယ်။
ဒါ့အပြင် မိုးတွင်းမှာ လေထုထဲက ဘက်တီးရီးယားတွေ ပိုများတာကြောင့် Skincare မလိမ်းခင် လက်ကို စင်ကြယ်အောင် ဆေးကြောဖို့လည်း မမေ့နဲ့ဦးနော် Angel လေးတို့ရေ…🥰
ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာပြီး မိုးရာသီမှာလည်း UV Rays ဒဏ်ကို ထိထိရောက်ရောက်ကာကွယ်ရင်း အဆီဖုကင်းကင်းနဲ့ ကြည်လင်တောက်ပတဲ့ အလှတရားတွေကို ဆက်လက်ပိုင်ဆိုင်လိုက်ရအောင်ရှင်…🌧️🩵
✨𝐆𝐥𝐨𝐰 𝐍𝐚𝐭𝐮𝐫𝐚𝐥𝐥𝐲, 𝐄𝐯𝐞𝐫𝐲 𝐃𝐚𝐲 ✨
Click here to claim your Sponsored Listing.
Category
Website
Address
Yangon