Peace of Mind

Peace of Mind

Share

Financial Advisor

28/03/2025

ယနေ့ မတ်လ (၂၈) ရက် ယနေ့ နေ့လယ် (၁) နာရီမထိုးမီအချိန်ခန့်တွင် မြန်မာနိုင်ငံတစ်ဝှမ်း နေရာတော်တော်များများတွင် မြေငလျင်လှုပ်ခတ်ခဲ့ပြီး (၃)မိနစ်ဝန်းကျင်ခန့်ကြာမြင့်ခဲ့ပါတယ်။

ဘဘာဝဘေးအန္တရာယ်နဲ့မတော်တဆမှုတွေဆိုကြိုတင်ခန့်မှန်းဆလို့မရတဲ့အပြင် နောက်ဆက်တွဲ ငလျင်အန္တရာယ်တွေကိုလည်း ကြိုတင်မခန့်မှန်းနိုင်သေးတဲ့အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

02/03/2025

"အသက်အာမခံ ဆိုတာ သေမှ ရမှာလေ" ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေဟာ ... ဘဝအတွက် တကယ်ကိုမှ သိမ်နုပ်တဲ့ အယူအဆ တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းသာ အဲ့လောက်ပဲဆို ကျွန် တော်တို့ လို အသက်အာမခံကိုယ်စားလှယ် ဆိုတာ ရှိလာဖို့လည်း မလိုတော့သလို အသက်အာမခံစနစ် ဆိုတာလည်း နိုင်ငံတကာ မှာ နှစ်ရာချီ ရပ်တည်နေနိုင် လိမ့်မှာလည်း မဟုတ်ပါဘူး။

ဒါဆို အဲ့ဒီ အယူအဆ က မမှန်ဘူးလားဆိုတော့ ၂၀% လောက်တော့ မှန်ပါတယ်။ ကျန်တဲ့ ၈၀% ကို ကျွမ်းကျင်တဲ့ အသက်အာမခံကိုယ်စားလှယ်တွေကသာ အဖြေပေးနိုင်ပါလိမ့်မယ်။

ကျွန် တော် ကြိုးစားပြီး ဖြေကြည့်ပါမယ်။

✔️ အသက်အာမခံဆိုတာ ဝင်ငွေရှာဖွေနိုင်စွမ်း မရှိတော့တဲ့ ထာဝစဥ်မသန်စွမ်းဆိုတဲ့ အခြေအနေမှာပါ လက်ကျန်ဘဝကို ရှေ့ဆက်ဖို့ လုံလောက်တဲ့ ငွေကြေးအထောက်အပံ့ ပေးစွမ်းနိုင်ပါတယ်။

✔️ အသက်အာမခံထားသူ မရှိတော့တဲ့ အနေအထားမျိုးမှာလည်း သူ့အပေါ် မှီခိုနေရသူတွေကို ကောင်းမွန်စွာ ငွေကြေးအထောက်အပံ့ ပေးစွမ်းနိုင်ပါတယ်။

✔️ အထက်ပါ အခြေအနေတွေ တစ်ခုမှ ဖြစ်ပေါ်ခြင်း မရှိသည့်တိုင် ထည့်ဝင်ထားတဲ့ လစဥ်ကြေး/နှစ်စဥ်ကြေးတွေ ကို ဘဏ်မှာ စုဆောင်းထားသလို အာမခံသက်တမ်းအဆုံးမှာ ပြန်လည်ထုတ်ယူနိုင်ပါသေးတယ်။ အရှုံးမရှိတဲ့ ငွေစုနည်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

✔️ လက်ရှိ ပြဌာန်းချက်များအရ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာပါ အသက်အာမခံထည့်ဝင်ကြေးများဟာ အခွန်ကင်းလွတ်ခွင့်ရှိနေတဲ့အတွက် ဝင်ငွေလမ်းကြောင်းပြဖို့မလိုတဲ့ ငွေဖြူဖြစ်သွားစေနိုင်တဲ့အစွမ်း ရှိတာမျိုးဖြစ်လို့ ငွေပြန်ထွက်လာတဲ့အချိန် နာမည်ပေါက်ပိုင်ဆိုင်မှု ပစ္စည်းတစ်ခု (ဥပမာ-ကား တိုက်ခန်း၊ မြေ၊ အစသဖြင့်) ဝယ်ယူကြတဲ့အခါ အခွန်ကင်းလွတ်ခွင့် ထပ်ရစေမှာပါ။

✔️ အသက်သေဆုံးခြင်းနဲ့ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းကိုသာ သာမန်အသက်အာမခံက ကာကွယ်ပေးတာဖြစ်ပေမယ့်၊ ဒီထက်ပိုတဲ့ အပိုဆောင်းအကာအကွယ်တွေကိုလည်း ပေါင်မုန့်ပေါ်မှာ ယိုထပ်သုပ်သလို ပိုပြည့်စုံသွားအောင် ထပ်ပေါင်းထည့်နိုင်ပါသေးတယ်။

ဥပမာ- မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း အကာအကွယ်၊ ပြင်းထန်ရောဂါ အကာအကွယ်မျိုး တွေကိုပါ အခြေခံအသက်အာမခံပေါ် ထပ်ဆင့်ပြီး ထားရှိခြင်းဖြင့် ပိုမိုကျယ်ပြန့်တဲ့ အကာအကွယ်များကိုပါ တပါတည်း ရရှိစေပါတယ်။

ဘဏ်မှာ ငွေစုတာမျိုးနဲ့ ဘယ်လိုကွာလဲ ဆိုတဲ့ မေးခွန်းကိုပါ တပါတည်းဖြေပေးရရင်
တစ်လ (၈) သောင်းကျပ် ပုံမှန် ဘဏ်မှာ ငွေစုခြင်းဟာ ၁ နှစ်ပြည့်တဲ့အခါ ၁၀ သိန်းနီးပါစုငွေရရှိနိုင်တာခြင်း တူပေမယ့် မိမိဆက်မစုနိုင်တော့တဲ့ ဝင်ငွေမရှိတော့တဲ့ အခြေအနေတွေဖြစ်တဲ့ သေဆုံးခြင်းနဲ့ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း ဆိုတဲ့ အခြေအနေမျိုးမှာ ဘဏ်က ပြန်ထုတ်ပေးမှာ (၁၀) သိန်းလောက်သာဖြစ်ပြီး၊ အာမခံစုဆောင်းခြင်းအနေနဲ့ ငွေစုခဲ့မယ်ဆိုရင်တော့ အာမခံပေးထားတဲ့အခြေအနေတွေ ဆုံးရှုံးသွားတာ ဖြစ်လို့ အာမခံလျော်ကြေး သိန်း (၁၀၀) ကို ချက်ခြင်းခံစားနိုင်စေမှာပါ။ သိန်း (၁၀၀၀) အာမခံထားထားခဲ့ရင်လည်း သိန်း (၁၀၀၀) ချက်ခြင်း ခံစားနိုင်စေမှာပါ။
အကယ်၍ အပိုဆောင်းအကာအကွယ်များပါ ထပ်ဆောင်းထားရှိမယ်ဆိုရင်တော့ Personal Accident လို မတော်တဆထိခိုက် ဒဏ်ရာရတဲ့အခါမျိုးတွေနဲ့ ပြင်းထန်ရောဂါ (ဥပမာ- ကင်ဆာရောဂါ) လိုမျိုး စွဲကပ်လာရင် ဆေးရုံတက်စရိတ်နဲ့ ဆေးဝါးကုသစရိတ်တွေကိုပါ ကာမိစေမှာပါ။

နောက်ထပ် အမေးများတဲ့မေးခွန်းတစ်ခု ဖြစ်တဲ့ အာမခံစနစ် နဲ့ MLM စနစ် ဘာကွာလဲဆိုတဲ့ မေးခွန်းအတွက် အတိုချုံးအဖြေပေးရရင် တံတိုင်းခြင်းရော၊ သမိုင်းခြင်းပါ မတူတဲ့ စနစ်နှစ်ခုလို့ပဲ အတိုချုပ် ဖြေပေးပါရစေ။ အသေးစိတ်ကို ကျွန်တော်နဲ့ Detail ဆွေးနွေးလို့ ရပါတယ်။

နှစ်ရှည် ငွေစုဆောင်းခြင်း ငွေကြေးအကာအကွယ် ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရမှုမေးခွန်းအတွက် အဖြေပေးရရင်တော့ သက်ဆိုင်ရာအသက်အာမခံကိုယ်စားလှယ်နဲ့ အသက်အာမခံ Company ရဲ့ နောက်ခံသမိုင်းကြောင်း ကို သေသေချာချာ လေ့လာကြည့်ပါလို့ အကြံပေးပါရစေ။

နိဂုံးချုပ် ပြောရရင် အသက်အာမခံဆိုတာ စနစ်တကျ ငွေကြေးစုဆောင်းခြင်း တစ်မျိုး ဖြစ်သလို၊ မိမိရဲ့ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ငွေကြေး ကြိုတင်စီမံခြင်းအပြင်၊ မိမိ တန်ဖိုးထားရတဲ့မိသားစုအတွက် မယိုင်မလဲအောင် ထိန်းကျောင်းပေးနိုင်မယ့် စနစ်တစ်ခု ဖြစ်တာကြောင့် ချစ်ခြင်းမေတ္တာတရားရဲ့ ပြယုဒ်တစ်ခုလို့ပါ တင်စားသတ်မှတ်နိုင်ပါကြောင်း ... ။

လူတိုင်းကို လုံခြုံချမ်းမြေ့စေချင်သော စေတနာဖြင့် မျှဝေအပ်ပါတယ်။

Credit with THANKS: ဒေါက်ဇေ

28/02/2025

အိုးအိမ်တိုက်တာပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေဆိုတာ ကြိုးစားမှုများစွာနဲ့ တည်ဆောက်ခဲ့ရသလို မိသားစုတစ်စုရဲ့အဖိုးထားရတဲ့အရာလည်းဖြစ်ပါတယ်။

မီးဘေးကြောင့် တန်ဖိုးထားရတဲ့အရာတွေက အချိန်ခဏတွင်းပျက်စီးသွားနိုင်တာမို့ “မဖြစ်ခင်ကကြိုတင်ကာကွယ်ပါ”ဆိုတဲ့အတိုင်း အနာဂတ်အတွက်ကြိုတင်ပူပန်ပြီး KBZMS ရဲ့ မီးအာမခံနဲ့အတူ ပိုင်ဆိုင်မှုများအတွက် လုံခြုံစိတ်ချမှုကိုရယူလိုက်ပါ။

မီးအာမခံနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက cb ဒါမှမဟုတ် 09 421719157 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


#ယုံကြည်အားထားအာမခံစွမ်းအား


#မီးအာမခံ

28/02/2025

အသက်အာမခံထားခြင်း ဆိုတာ ဝန်ထုတ်ဝန်ပိုး မဟုတ်ပါ ဘူး ... သင့်အတွက် လိုအပ်သော အရာတခု ပါ။

အသက်အာမခံ ၀ယ်ယူထားခြင်းက လိမ္မာပါးနပ်ပြီး အကျိုးရှိစေတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောလေ့ရှိကြပါတယ်။

ယခုအခါ မှာ တိုးတက်လာတဲ့ အသိအမြင်တွေနဲ့အတူ အာမခံလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကလည်း ပိုမို ထင်ရှားလာပါတယ်။

အကယ်၍ မိတ်ဆွေဟာ အသက်အာမခံထားခြင်းကို ရင်းနှီးမြုပ်နှံမှုအနေနဲ့ စဉ်းစားမယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာ ၅ မျိုး ရှိပါတယ်။

(၁) ငယ်ရွယ်တဲ့ အချိန်မှာပဲ စတင်ရင်းနှီးမြုပ်နှံမှု ပြုပါ။

အသက်ငယ်လေ အာမခံ၀ယ်ရတာ စျေးသက်သာလေ, ငယ်ရွယ်ကျန်းမာလေ ပိုကောင်းတဲ့ Insurance Policy Rate တွေ ရနိုင်လေ ဖြစ်လို့ ငယ်စဉ်အချိန်မှာ စတင်မြုပ်နှံပါ။

(၂) အခွန်ကင်းလွတ်ခွင့် မြင့်မားခြင်း။

အသက်အာမခံ ၀ယ်ယူထားခြင်းကြောင့် မိမိတို့ ရှာဖွေထားတဲ့ ဝင်ငွေများထဲမှ အခွန်အခများစွာ ပေးဆောင်နေရခြင်းကိုလည်း လျော့နည်းသွားစေပါတယ်။

(၃) အသက်အာမခံ ဝယ်ယူထားဖို့ အကောင်းဆုံးအချိန်ကတော့ ယခု လက်ရှိအချိန် ပါ။

မသေချာမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူ့ဘဝမှာ အခု အချိန်လေးက အသေချာဆုံးပါ။ အတော်များများကတော့ ကျန်းမာကြံ့ခိုင်နေတဲ့အခါ ဒါတွေက အပိုငွေသုံးစွဲခြင်းလို့ ထင်မြင်တတ်ကြ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နာမကျန်းဖြစ်လာတဲ့အခါ အနည်းဆုံး စိတ်အေးနေစေဖို့လို့ တွေးမယ်ဆိုရင် ဒါက ထိုက်တန်တဲ့ ရင်းနှီးမှုလေးပါ။

(၄) ဘဝနေဝင်ချိန်တွေမှာ အားရှိနေစေမယ့်အရာ

ကြာကြာသုံးလို့ရမယ့် များပြားတဲ့ အသက်ပြည့်စုဆောင်းငွေပမာဏဆိုတာ နောင်ရေး ကြိုတင်တွေးတတ်တဲ့ လူတိုင်းအတွက် အိပ်မက်တခုပါ။
မှန်ကန်တဲ့ အသက်အာမခံစုဆောင်းခြင်းနဲ့ဆို အဲဒီပန်းတိုင်ကို ရောက်ရှိနိုင်ပါတယ်။ အသက်အာမခံ ဝယ်ယူပြီး ဘ၀ရဲ့ရင့်ကျက်တဲ့အချိန်တွေအတွက် ကြိုတင်စီမံခြင်းလို့ ပြောနိုင်ပါတယ်။

(၅) ကိုယ်ချစ်ခင်ရတဲ့ သူတွေရဲ့ နောင်ရေးအတွက်ပါ စိတ်အေးရခြင်း။

ဘ၀မှာ ရှောင်လွှဲမရတဲ့ အကြောင်းအရာတွေနဲ့ တွေ့ကြုံခဲ့မယ်ဆို အရင်ဆုံးစိတ်ပူမိတာ မိသားစုတွေကိုပါ။အထူးသဖြင့် ကိုယ့်ကိုမှီခိုနေရလေ စိုးရိမ်ပူပန်မှုတွေတိုးလေပါဘဲ။
ဒါတွေကို လျော့ကျဖို့ အတွက်ဆို မှန်ကန်စိတ်ချရတဲ့ အသက်အာမခံ ဝယ်ယူထားခြင်းက အထောက်အကူကောင်းစွာ ရစေပါတယ်။

ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ မိသားစုကို ဘယ် အခြေအနေမျိုး မှာမဆို စောင့်ရှောက်နိုင်စေပါတယ်။ ဆုံးရှုံးသွားတဲ့ ဝင်ငွေ၊ ကလေးကျောင်းစားရိတ် စသည့် ဘဏ္ဍာရေးကို လုံခြုံမှုပေးစေပါတယ်။

မိတ်ဆွေတို့အနေနဲ့
မိမိ ဘဝ နဲ့ မိသားစုအနာဂတ် အတွက် အာမခံနဲ့ ကြိုတင်အဖြေရှာ ဆွေးနွေးချင်တယ် ဆိုရင် cb ဒါမဟုတ် 09 421719157 ကို ဆက်သွယ်ပေးပါ။

Crd Kyaw Kyaw

04/02/2025

ကျန်းမာရေးအာမခံ/အသက်အာမခံ ဆိုတာ
ကျန်းမာနေတဲ့အချိန်မှာ ပဲ ဝယ်လို့ရတာပါရှင့် ☺️

ဦးကြီးရေ ကျွန်တော်က အားကစားလည်း ပုံမှန်လုပ်တယ်ဗျာ၊ အစားအသောက်လည်း ဂရုစိုက်တယ်၊ ဆေးလိပ်လည်း မသောက်တတ်ဘူး။ အဲ့လိုဆိုရင် ပြင်းထန်ရောဂါအာမခံလိုမျိုးတော့ ကျွန်တော်ဝယ်ဖို့မလိုဘူးထင်တယ်နော်။

ငါ့တူ ကျန်းမာရေးကို ဂရုစိုက်တာကြားရတော့ ဝမ်းသာတယ်ကွာ။ ဒါပေမဲ့ ကျန်းမာပါ‌ပေ့ဆိုတဲ့ သူတွေတောင်မှ ကင်ဆာတို့ နှလုံးရောဂါတို့ ဖြစ်တတ်တာကိုး။ တချို့ရောဂါတွေဆိုတာက ဘဝနေထိုင်ပုံနဲ့မဆိုင်ဘူးငါ့တူ။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်၊ တခြားထင်မထားတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်ကွ။

ကျွန်တော်အဲ့လိုမျိုး မစဉ်းစားမိခဲ့ဘူးဗျာ။ ဆိုလိုတာက ကျန်းမာနေရင်တောင် အာမခံနဲ့ဆို ပိုစိတ်ချရတဲ့သဘောပေါ့နော်။

ဒါပေါ့ ငါ့တူရာ။ အရာရာကို မင်းမထိန်းချုပ်နိုင်ရင်တောင် ကြိုတင်ပြင်ဆင်လို့ရပါတယ်။

“ချစ်ခြင်းများစွာဖြင့်” အစီအစဉ်ဟာ ဦးကြီးနဲ့ တူမောင်တို့ နှစ်ဦးကြားက အမေးအဖြေကဏ္ဍပုံစံနဲ့ အာမခံဆိုင်ရာ ဗဟုသုတတွေနဲ့ ယုံတမ်းစကားတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ (၆) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။

"Uncle, I exercise regularly, eat healthy, and don’t smoke. I don’t think I need critical illness insurance."

"So glad to hear that, but even the healthiest people can still get cancer or heart disease. Some of these illnesses don’t come from lifestyle choices alone,genetics and unexpected factors play a big role too."

"I never thought of it that way. So, even if I stay healthy, insurance is still a safety net?"

"Exactly! You can’t control everything, but you can prepare for anything."

Tune in to our "With Lots of Love" program, featuring conversations between U Gyi (Uncle) and Tu Maung (Nephew) about the facts and myths of insurance. Catch it every Sunday at 6 PM. Stay tuned!

01/02/2025

🌅ပူပြင်းခြောက်သွေ့တဲ့ ကာလကြီးကို
ဖြတ်သန်းဖို့ ပြင်ဆင်ရင်း

🔥မီးအာမခံထားဖို့ စဥ်းစားနေပြီဆိုရင်
ကျွန်မကို ဆက်သွယ်နိုင်ပါတယ်ရှင်
09 421719157

ရန်သူမျိုး(၅)ပါးထဲမှာအကြောက်ဆုံးအန္တရာယ်လို့မေးကြတဲ့အခါ အချိန်ခဏလေးအတွင်းမှာ ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးသွားနိုင်တဲ့ မီးဘေးအန္တရာယ်လို့ပြောကြမှာပါပဲ။

မီးလောင်စလေးတစ်ခုရဲ့စတင်မှုကြောင့် ကိုယ့်ရဲ့ အနှစ်နှစ်အလလများစွာ ကြိုးစားမှုတွေနဲ့တည်ဆောက်ထားရတဲ့ ပိုင်ဆိုင်မှုတွေသာ ပျက်စီးသွားခဲ့ရင် ပြန်တည်ဆောက်ဖို့ခက်ခဲရပါတယ်။

မမျှော်လင့်ထားတဲ့အန္တရာယ်တွေကြောင့် ဆုံးရှုံးမှုတွေကနေ ပြန်လည်ထူထောင်နိုင်ဖို့အတွက်ဆိုရင်တော့ KBZMS ရဲ့ Fire Insurance နဲ့အတူ မိသားစုအသိုက်အမြုံလေးရဲ့ပိုင်ဆိုင်မှုများအတွက် နေ့စဉ်စိတ်ချမ်းသာမှုကိုရယူလိုက်ပါ။

အသေးစိတ်သိရှိလိုပါက 09-9500 77000 သို့ဆက်သွယ်၍ဖြစ်စေ၊ www.kbzms.com သို့ဝင်ရောက်၍ဖြစ်စေ လေ့လာစုံစမ်းမေးမြန်းနိုင်ပါတယ်။


#ယုံကြည်အားထားအာမခံစွမ်းအား

Photos from Peace of Mind's post 01/02/2025

Page နဲ့မဆိုင်ပေမယ့်
ကိုယ့်page ထဲဝင်ပြီး ha ha တွေပေး ချိန်းခြောက်သွားတဲ့ လူလိမ်အကြောင်းကို အများသ်ိအောင်ပြောချင်လို့ပါ။

ထုံးစံအတိုင်း ၇သိန်းတန်လောက်ရှိတဲ့ သံဗီဒိုကို ၃သိန်းနဲ့ရောင်းမယ်ဆိုပြီး post တင်ပါတယ်။ ကိုယ်က ဗီဒိုဝယ်ဖို့ရှာနေတာမို့လို့ တန်လိုက်တာဆိုပြီး သွားပြီး ဖုန်းခေါ်လိုက်ပါတယ်။ သူ မအားလို့ messenger မှာ hi ပေးပါတဲ့။

ပစ္စည်းကိုလာကြည့်မယ်ပြောတော့ သူ မအားလို့လာကြည့်လို့မရပါဘူးတဲ့။ ယူမယ်ဆို ပို့ပေးပါမယ်တဲ့။ ငွေကြိုလွှဲဖို့ ပြောပါတယ်။ အဲ့ဒါနဲ့ ကိုယ်လဲသဘောပေါက်လိုက်ပြီ လူလိမ်ဆိုတာ။

အဲ့ဒါဆိုရင်တော့ sorry နော်လို့ပြောလိုက်တာ ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောပြီး ကိုယ့်ရဲ့ပုံတွေပါ သူက save ပြီး ချိန်းခြောက်သွားတယ်။

အဲ့ဒီ accက တင်တဲ့ အရောင်းpostတွေကို သွားမပတ်သက်မိဖို့ မိတ်​ဆွေ​တွေကို sharing လုပ်​ပေးတာပါရှင့်။

22/01/2025

ဒီနေ့ ကားအာမခံနဲ့ပတ်သက်ပြီး appointment လေး တစ်ခု လုပ်ဖြစ်ခဲ့ပါတယ် 🚌🚍🚎

အဲ့ဒီမှာ customer တွေရဲ့ concern နဲ့ pain point လေးတွေလဲ ကြားခဲ့ရပါတယ်။ သေသေချာချာလေးလဲ ဆွေးနွေးပေးခဲ့ပါတယ်။

လူကြီးမင်းတို့အနေနဲ့လဲ အာမခံနဲ့ ပတ်သက်ပြီး အလိုမကျဖြစ်နေတာမျိုး ၊ သိချင်နေတာမျိုး ရှိတယ်ဆိုရင် ညို့ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင့် 😊
☎️ 09 421719157

🌺 အားလုံး သောကကင်းဝေး အေးချမ်းကြပါစေ 🌺

18/12/2024

☎️ 09 421719157

အနာဂတ်တွေကိုကြိုတင်မှန်းဆလို့မရပေမယ့်
မတော်တဆမှုတွေအတွက်တော့ ကြိုတင်ပြင်ဆင်လို့ရပါတယ်။

သင့်ရဲ့နေ့စဉ်ဘဝမှာ မျှော်လင့်မထားတဲ့ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာတွေနဲ့ကြုံရတဲ့အခါ အပြည့်အဝကာကွယ်မှုပေးနိုင်တဲ့ အာမခံရှိလားဆိုရင်တော့ KBZMS ရဲ့ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ)က သင့်ဘဝရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်အတိုင်းအတွက် လုံခြုံစိတ်ချရမှုကိုရရှိစေမှာပါ။

18/12/2024

တွေးကြည့်ဖူးလား 🥀

18/12/2024

ကားအာမခံနဲ့ ပတ်သက်ပြီး အထင်မှားတတ်တာလေးတစ်ခု ရှိပါတယ်

အာမခံ ထားထားတဲ့ကား မတော်တဆ ထိခိုက်ပျက်စီးတဲ့အခါ အာမခံကုမ္ပဏီက ကားပြုပြင်ဖို့အတွက် ၎င်းတို့နဲ့ချိတ်ဆက်ထားတဲ့ ကားဝပ်ရှော့ကို ညွန်လေ့ရှိကြတာကြောင့် အာမခံထားသူအနေနဲ့ အာမခံကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့ ကားဝပ်ရှော့မှာပဲမဖြစ်မနေပြုပြင်ရမယ်လို့ အထင်မှားသွားတတ်ကြပါတယ်။

အမှန်တကယ်မှာတော့ မိမိကားကို မိမိနှစ်သက်ရာ ကားဝပ်ရှော့မှာ စိတ်တိုင်းကျပြုပြင်နိုင်ပြီး ပြုပြင်ခ ဘောက်ချာကို အာမခံကုမ္ပဏီသို့ တိကျမှန်ကန်စွာ ပြန်လည် တင်ပြပြီး ကျသင့်ငွေကို အာမခံကုမ္ပဏီထံမှပြန်လည်ထုတ်ယူနိုင်ပါတယ်။

သတိပြုစရာတစ်ခုက ဒီလိုဘောက်ချာတင်ပြပြီးပြန်လည်ထုတ်ယူတဲ့အခါမှာ ပြုပြင်ခက ကားအပျက်အစီးအခြေအနေအရ ကုန်ကျနိုင်တဲ့ ပမာဏထက် များစွာကွာဟပြီး ပိုမိုကျသင့်နေရင်တော့ အာမခံကုမ္ပဏီက ဆုံးဖြတ်တဲ့ သင့်တင့် ပမာဏတစ်ခုကိုသာပြန်လည်ရရှိတာမျိုးဖြစ်နိုင်ပါတယ်။
Crd

ကားအာမခံနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက
☎️ Ma Nyo : 09 421719157

#ကားအာမခံ


#အာမခံ

14/12/2024

ငွေကြေးစီမံမှုများအတွက် ဆွေးနွေးရန်
☎️ 09 421719157 ကို ဆက်သွယ်နိုင်ပါတယ်။

ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ မိသားစုတစ်ခု တည်ထောင်တော့မယ်လို့ ဆုံးဖြတ်ထားပြီဆို အနာဂတ်အတွက် မပူပင်ရအောင် သေချာစီမံထားဖို့တော့ လိုအပ်မယ်နော်။ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေအတွက်ရော၊ မျှော်လင့်မထားတဲ့အရာတွေအတွက်ပါ ပြင်ဆင်ပြီး စိတ်အေးချမ်းစွာနေနိုင်ဖို့ဆို “လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝ” တွေပေးနိုင်မယ့် အသက်အာမခံ ရယူထားဖို့တော့ လိုတာပေါ့။

As a newlywed couple, you need to plan for the future when you decide to start a family. To be prepared for financial matters and the unexpected scenarios, and to have peace of mind, you need to have a life insurance that will provide ”where will better take you”.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00