Kumudra Mental Wellness

Kumudra Mental Wellness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kumudra Mental Wellness, Health/Beauty, Yangon.

20/09/2026

Free YOGA Session for ALL✅✅✅

🧘‍♀️ စိတ်ကျန်းမာရေးအတွက် Yoga နဲ့အတူ နွေးထွေးစွာ အနားယူကြမယ် 🌿

နေ့စဉ်ဘဝမှာ အလုပ်တာဝန်တွေ၊ စိတ်ဖိစီးမှုတွေ၊ မပြီးဆုံးသေးတဲ့အတွေးတွေကြားထဲ ကိုယ့်ကိုယ်ကို အနားပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။

တစ်ခါတလေ စိတ်ကို ပြန်လည်တည်ငြိမ်စေဖို့ အများကြီး မလိုအပ်ပါဘူး။
ခဏတာ ရပ်နားပြီး အသက်ရှူသံကို သတိထားကာ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ့်စိတ်ကို နူးညံ့စွာ နားထောင်ပေးရုံနဲ့လည်း လုံလောက်ပါတယ်။ 🌱

🧘‍♀️ Yoga ဟာ ခန္ဓာကိုယ်ကို လှုပ်ရှားပေးရုံသာမက—

🌿 စိတ်ဖိစီးမှုတွေကို လျော့ပါးစေရန်
🌿 စိတ်တည်ငြိမ်အေးချမ်းမှုကို အားပေးရန်
🌿 ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေကို ပိုမိုသတိပြုနိုင်ရန်
🌿 ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့
အထောက်အကူပြုနိုင်ပါတယ်။

💚 ကျွန်မတို့ရဲ့ Kumudra Mental Wellness Yoga Session မှာ အတူတူပါဝင်ပြီး ကိုယ့်အတွက် အေးချမ်းတဲ့အချိန်လေးတစ်ခု ဖန်တီးကြရအောင်။

ပေါ့ပါး တဲ့ Stretching , Relaxing လေးတွေ လုပ်မှာမို့ Yoga ကို အရင်က မလုပ်ဖူးသေးသူဖြစ်စေ၊ လုပ်
နေကျသူဖြစ်စေ join နိုင်ပါတယ်....

ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်ယူတာဟာ အားနည်းခြင်းမဟုတ်ပါဘူး။
ဒါဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်အတွက် ပေးနိုင်တဲ့ နူးညံ့ပြီး တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုပါ။ 🤍
Session လေးကို မေတ္တာဖြင့် ဦးဆောင်ပေးမဲ့ Instructor ကတော့ Teacher Thaw Da (Yangon Private Yoga) ဖြစ်ပါတယ်ရှင်..

🚩Session Details
📆- 25 Sep 2026 , 7-8 pm
✅Free Registration 🌟🌟🌟
📍Venue : Zoom

📩 ပါဝင်လိုပါက - Cbမှာ “Yoga”လို့ပို့ပေးပါ Zoom link လေး ပြန်ပို့ပေးပါမယ်ရှင်..

အတူတူ အသက်ရှူကြမယ်၊ လှုပ်ရှားကြမယ်၊ ကိုယ့်အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက်ကြမယ်။ 🤍

🔸Note : အစားစားချိန်နှင့် တစ်နာရီခွာပြီး Session လေး Join ပေးပါ ..
🔸ပေါ့ပါးတဲ့ အဝတ်လေးတွေ ဝတ်ဆင်ပေးပါ
🔸ဆူညံမှုကင်းတဲ့ Private နေရာလေးမှာ နေပေးပါ

16/09/2026

ဒီနေ့ နေမကောင်းလို့ ခေါင်းကိုက်တယ်ဆို နားလို့ရတယ်.....

ဒီနေ့ စိတ်မကောင်းလို့ စိတ်ကိုက်တယ် လုပ်လို့မရဘူး....

တကယ်တော့ စိတ်ဒဏ်ရာတွေ ရဲ့ အကျိုးဆက်က စိတ်နေမကောင်းတာ၊ ဝမ်းနည်းလွယ်နေတာ ၊ Trigger တစ်ခုခု ရတိုင်း တစ်ခုမကတဲ့ ခံစားချက်တွေ လွှမ်းခြုံလို့ Overwhelm ဖြစ်သလို ၊ ဒေါသထွက်တဲ့ ခံစားချက်တွေ၊ စိတ်အတက်အကျတွေမြန်တာ၊ ပူပန်စိတ်တွေတက်လာတာ၊ ဆိုးဝါးတဲ့ ခံစားချင်တွေ အကြောက်တရားတွေဟာ Flash Back တွေ ရတိုင်း တိုင်း ပြန်ရင်ဆိုင်ရတဲ့ အချိန်တွေဟာ စိတ်လေးနေမကောင်းနေတာပါပဲ။

ဒါတွေကို စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်​နေဆဲဖြစ်တဲ့ လူတွေမှာ အဖြစ်များတတ်ပါတယ်။

ဒီထက် ပိုပြီး ညဘက်အိပ်မပျော်တာ၊ အစာမကြေတာ၊ ရင်ဘတ် ထုံကြင်တာ၊ ကြည့်ကြပ်တဲ့ လေးလံတဲ့ ခံစားချင်တွေ လေးပင်မှုတွေ ထမ်းပိုးရလို့ ခန္ဓာကပါ လေးပင်နေတာ ၊ ပူနေတာ၊ ကြိမ်းနေတာ၊ အရေပြားမှာ ဖျင်းဖျင်းနေတဲ့ Sensation တွေ ခံစားရတာ တွေ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေက ရိုးရိုးနေမကောင်းတာ မဟုတ်တဲ့ စိတ်နေမကောင်းတာရဲ့ အကျိုးဆက်လေးတွေပါ ။ ခြေ လက်မသယ်ချင် မလှုပ်ချင် Low mood နဲ့ လမ်းထိပ်က ဈေးဆိုင်သွားဖို့​တာင် ရုန်းကန်နေတာ တွေ ဟာ စကားထဲ မဟုတ်တဲ့ လက်တွေ​့ရင်ဆိုင်ရတာတွေပါ။

လူတစ်ယောက်က ဒီလို ဖင့်နွှဲနေရင် သူပျင်းလို့ မဟုတ်နဲ့ စိတ်ရဲ့ လေးပင်မှု ဆိုတာလေးတွေရှိနေလို့ပါ ၊ စိတ်ကျတယ် ခံစားရတာတွေ ရှိနေလို့ ပါ။ တချို့ Procrastinatiom တွေ ဖြစ်နေတာက ဒီလူ မတော်လို့ထက် စိတ်အတက်အကျ မြန်နေချိန်တွေ ၊ စိတ်ကျချိန်တွေမှာ Productive မဖြစ်နိုင်နေတာပါ။ တစ်ဦးနဲ့ တစ်ဦးတော့ မတူကြပါဘူး။ တချို့ ကတော့ Anxious ဖြစ်လေ အလုပ်တွေ ဖိလုပ်လေနဲ့Productive ဖြစ်တာတွေလည်း ရှိပါတယ်။

"သူလည်း Stress ရှိတာပဲ သူကျ လုပ်နိုင်တယ်"
လို့ ပြောလို့ မရပါဘူး။

တစ်ဦးနဲ့ တစ်ဦးဟာ အလွန်တရာ ကွာခြားတဲ့ စိတ်ရဲ့ ခံနိုင်ရည် Resilience တွေဟာ လုံးဝကို တူညီကြပါဘူး။ ဘဝအတွေ့အကြုံ ကွာခြားကြသလိုကို ကွာခြားပါတယ် ။ ဒီနေရာထိ နှိုင်းယှဉ်မှုတွေကို မပြုမိဖို့ လိုပါတယ် ။ ဒီအကြောင်းကို များစွားသော Psychologist တွေ နဲ့ သုတေသနပညာရှင်တွေကလည်း “Different people have different levels of resilience” ဆိုပြီး ဖော်ပြခဲ့ကြပါတယ်...

အပြင်ပန်းကိုကြည့်ပြီး ဝေဖန်တာက အကျိုးမ
ရှိပါဘူး။ အတွင်းက အနာကဘယ်လောက်နက်တယ်ဆိုတာ ခံစားရသူကိုယ်တိုင်သာ နားလည်တဲ့ အရာပါ။ တခါတရံ ခံစားရသူမှာပါ သူကိုယ်တိုင်မသိတဲ့ အနေအထားတွေက ရှိနေသေးတာပါ။

ဒါကြောင့် လူတစ်ယောက် စိတ်နေမကောင်းရင် အရင်ဆုံးအပြစ်မတင်ပဲ နောက်ကွယ်က အကြောင်းတွေဟာ အများကြီး ရှိနေနိုင်တာလေး သတိချပ်မိဖို့ပါ။

စိတ်ဟာ အလွန်ဆန်းကြယ်တယ် ။
လူတွေဟာ အလွန် ခြားနားတယ်။
မဝေဖန်ပဲ နားလည်ရင် ကမ္ဘာကြီးပိုလှပါမယ်။

"နေ့ရက်တွေက ခက်ခဲတဲ့အခါ မည်သူတွေ ပျက်ကွက်သည် ဖြစ်စေ ကိုယ့်ကိုယ်ကို ပွေ့ဖက်ပေးဖို့ မမေ့ပါနဲ့ ။ "




#စိတ်လေးနေမကောင်းတဲ့အခါ

15/09/2026

Kumudra Mental wellness မှ Counsellor များရဲ့ ကျွမ်းကျင်မှုအတွက် ရည်ရွယ်ပြီး မွန်းမံသင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.... ✨

လူတွေမှာ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုတွေများလာတာနဲ့ အမျှ ကိုင်တွယ်ဖြေရှင်းရာမှာ နည်းလမ်းအမှားတွေဆီ ရောက်သွားတာတွေကရှိနေပါတယ်... Substance Use and Addiction ဟာ လူတွေ ရွေးချယ်မိလေ့ရှိတဲ့ Coping ပုံစံ ဖြစ်တဲ့အတွက် လူတွေမှာတွေ့ရများတတ်သလို တကယ်ပဲ (Addiction ) စွဲလမ်းသွားတဲ့ အခါမှာ ရင်ဆိုင်ရခက်ခဲတဲ့ အခြေအနေတစ်ခု၊ ကိုယ်တိုင်သာမက မိသားစုနဲ့ ပတ်ဝန်းကျင်ထိခိုက်ရာ ပျက်ဆီးကြောင်း အထိ ဖြစ်တတ်တာလည်းရှိပါတယ်... ⚠️

ဒီလိုအခြေအနေတွေကို တိုင်ပင်ဆွေးနွေးရတဲ့ Counsellor တို့အနေနဲ့ Theraoeutic ကျကျ ထိရောက်တဲ့ နည်းလမ်းတွေ Healthy Coping Stretegy များနဲ့ ကိုင်တွယ်နိုင်ဖို့ လိုအပ်လှတယ် .... လူတွေမှာ Behavior Change ကအခက်ဆုံးပါပဲ... 💡

ဒီအရာလေးကို ဖြေရှင်းဖို့ ရာ Counsellor တို့ ရဲ့ Competency မြင့်မားဖို့ရာအတွက် ရည်ရွယ်ပြီးကျမတို့ Kumudra ရဲ့ 🎯

"Integrative Approach in Handling Substance use and Addiction "
အတန်းလေးရှိနေပါတယ် .. 🎓

ဒီအတန်းမှာ ဘာတွေသင်ရမလဲ ? 📚

🔸 Understanding Substance use/ Abuse
🔸 Addiction and Addictional Cycle
🔸 Factors contributiom to Addiction
🔸 Withdrawal Syndrome
🔸 Addiction Management in integratove Approach
🔸 Common Element Treatment Approach
🔸 Person Center Counselling in handling Addiction
🔸 Recovery Process

စတဲ့ Topic တွေ ကို Role Play , Worksheet, Practical Activity များနဲ့ သင်ယူရမှာပဲ ဖြစ်ပါတယ် ……. 📝📑

“Training Agenda” 🗓️

Part 1 : Underdstanding Sunstance abuse and Addiction
Part 2 : CETA Approach in Substance abuse
Part 3 : Introduction to MI (Motivational Interview)
Part 4 : Person Center Approach in handling Addiction
Part 5 : Recovery Process, Support System and Supervision

သင်တန်းဦးဆောင်သူကတော့ CETA Approach , Petson Center Approach နဲ့အတူ Addiction Client များနဲ့ ထိတွေ့မှုရှိပြီး Addiction Client များကို ကုသရေးဆ်ိုင်ရာ နေရာများတွင် ပြုစုစောက်ရှောက်မှုများကိုအတွေ့အကြုံရှိသူ Myanmar Counsellor Pathway ရဲ့ Lead Counsellor တစ်ဦးဖြစ်တဲ့ Kumudra Mental Wellness ရဲ့ FOUNDER Ma Khin Moh Moh Kyaw ပဲဖြစ်ပါတယ်... 👩‍🏫⭐

✅ ဘယ်သူတွေတက်ရောက်နိုင်လဲ ?
Counselling/ MHPSS/ Harm Reduction နှင့် ပက်သက်ပြီးအလုပ်လုပ်နေသူ ၊ Addiction နှင့်ပက်သက်ပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ် ... 🤝

🗓️ Date: 13,14,20,21,30 October
⏰ Time: 6-8 Pm
📍 Venue: Zoom
💰 Registartion Fees - 150,000/-

🔗 Registration Link : https://forms.gle/Y4WuL1RFKrDBuZZJ7

✅ သင်တန်း ရက်ပြည့် တက်ရောက်မှသာ Certificate ပေးအပ်သွားမှာဖြစ်ပါတယ် 📜

🌟Limited Seat Only 🌟

Scholarship တစ်ဦးကိုလည်း ရွေးချယ်ပေးမှာမို့ kumudramentalwellness ကို CV ,Motivation Letter တို့နဲ့ အတူ အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ 🎓📩

15/09/2026

မင်္ဂလာပါရှင် 🌸

Kumudra Mental Wellness ရဲ့ Phone Line Emotional Support Program လေးနဲ့ မိတ်ဆက်ပေးပါရစေ 📞✨

Online Counselling/Consultation တွေကို လက်လှမ်းမီဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်သူတွေအတွက် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် အထောက်အပံ့ ရရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ် 💚

Counselling သင်တန်းဆင်းထားတဲ့ Certified Volunteer Counsellors များက Structured Call များကို လက်ခံဆွေးနွေးပေးသွားမှာဖြစ်ပြီး လိုအပ်ပါက ညွှန်းဆိုမှုများကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာပါ ✅

အောက်ပါ ဖုန်းနံပါတ်များနှင့် အချိန်ဇယားများအတိုင်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ် ⬇️

💬 "တစ်ယောက်တည်း မခံစားပါနဲ့... မျှဝေခံစားကြပါမယ်" 💚

📢 Ph No Update ရရှိနိုင်မယ့် အချိန်ဇယားများ ☎️

🗓️ Monday
• 9:00 AM – 6:00 PM
📞 +95 9444923409 (Ph)
• 06:30 PM – 08:30 PM
📞 +95 9766595429 (Ph)

🗓️ Tuesday
• 12:00 PM – 6:00 PM
📞 +95 943093286 (Ph)

🗓️ Thursday & Friday
• 12:00 PM – 8:00 PM
💚 971 52 323 3297 (Viber / Botim)

🗓️ Sunday
• 9:00 AM – 12:00 PM
📱 +66 (0)624674367 (Ph, Viber, Signal, Telegram)

15/09/2026

Last Call လေးပါနော်။

Kumudra ရဲ့ the Bridge Program - Beginner Counselor Competency Training (Batch 5) ကနေ ကြိုဆိုလိုက်ပါတယ်....

Counsellor တစ်ဦးရဲ့ Journey ကို စတင်တဲ့ အခါမှာ ကိုယ်မလျှောက်ရသေးတဲ့လမ်း ဖြစ်တဲ့ အတွက် သင်ယူထားတဲ့ Theoretical Knowledge တွေကို လက်တွေ့မှာ ပြန်ပြီး အသုံးချဖို့ရာ စိတ်မဝံ့မရဲလေးတွေ ဖြစ်တတ်ပါတယ်။

🤔သုံးလိုက်တဲ့ Skills တွေ မှန်ရဲ့လား ...?
🤔Ethical မှ ဖြစ်ရဲ့လား ...?

ဆိုတဲ့ မရေရာ မသေချာမှုလေးတွေဟာ တက်သစ်စ Counsellor တစ်ဦးမှာရှိတတ်တဲ့ ဒွိဟ လေးတွေပါ။

🔸ဒီ ပူပန်မှုလေးတွေကို လျော့ကျစေဖို့
🔸ကိုယ့်ရဲ့ Theroetical Knowledge တွေကို စနစ်တကျ ဟန်ချက်ညီညီသုံးတတ်ဖို့
🔸လိုအပ်နေသေးတဲ့ Skills တွေ ဖြည့်ဖို့ရာ အထောက်အပံ့ဖြစ်စေဖို့
🔸Competency ဖြစ်စေပြီး Counsellor / Client ရဲ့ Safety နဲ့ Healthy Boundary တွေ ထားတတ်စေဖို့

သင့်ရဲ့ Counsellor's Journey အတွက် လမ်းပြကြယ်လေးလို ဖြစ်မယ့်

👉ဒီ Beginner Counsellor Class လေးက ကူညီပေးပါလိမ့်။

Effective & Time saving ဖြစ်အောင်

✅Weekend class ၄ ရက်တာ သင်တန်းအဖြစ် စီစဉ်ပေးထားပြီး ပါဝင်မယ့် Topic တွေကတော့

🔸Part - 1 Importance of Intake Session
🔸Part - 2 Suicidal Prevention and Intervention
🔸Part - 3 Supervision and how supervision help Effective and therapeutic counselling sessions
🔸Part - 4 Proper documentation and Ethical Note Taking
🔸Part - 5 Group Supervision

များကို theory နဲ့ လက် တွေ့ အစီအစဉ်များဖြင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

✅သင်တန်းသားများ ပြင်ဆင်ရန်

🔸Note/ Pen
🔸Pre Reading Documents
🔸Your questions
🔸Active Participation in Role Play

✅ဘယ်လိုသူတွေ တက်သင့်လဲ ?

🔸Counselling Journey ကို စတင်တော့မဲ့ Counsellor များ။
🔸Intake session/ Sucidal Prevention ကို အသေးစိတ် လေ့လာချင်သူများ။
🔸Documentation နဲ့ Case Management ကို စိတ်ဝင်စားသူ Counsellor များ။
🔸 Counselling အလုပ်ကို စနစ်တကျ ကျင့်ဝတ်ညီညီ လုပ်လိုသောသူများ။
🔸Counsellor တစ်ဦးဖြစ်ဖို့ ရည်ရွယ်ချက် ရှိလို့ Counsellor တစ်ဦး ဘယ်လိုတွေ အလုပ်လုပ်ရလဲ ဆိုတာ Counseling Professional ရဲ့ Deeper Meaning တွေ သိလိုသူများ။
🔸MHPSS provider / Focal Person များအနေနဲ့ Case Management ဆိုင်ရာ တွေ လေ့လာလိုသူများ။
🔸BCT, ICT, ACT နဲ့ အခြား Counselling သင်တန်းဆင်းပြီးသူများ

👉သင်ကြားပေးမည့် Trainer ကတော့ Counseling experience နှင့် သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ် ရှိပြီဖြစ်သော Ma Moh ကိုယ်တိုင် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။💌

✅REGISTER at Page CB
(10 Participants only)
🔸Name
🔸Org
🔸Email

or

✅ https://forms.gle/mAcjQSZwVVFfgZ1R7

✅Training Fees - 100,000/- ကျပ်

🫶Scholarship 2 ဦးလည်း ပညာဒါန ရွေးချယ်ပေးမှာဖြစ်လို့ 🫶
[email protected] သို့ CV ပို့ လျှောက်ထားနိူင်ပါပြီ။

!!Be a Compentent Counsellor.
Your Competency is our Priority.!!

Topic : Part 1
Date : 19 September, 2026 (Saturday)
Time : 6pm -8Pm
Venue : Zoom

Topic :Part 2
Date : 20 September, 2026 (Sunday)
Time : 6pm - 8pm
Venue : Zoom

Topic :Part 3
Date : 26 September, 2026 (Saturday)
Time : 6pm - 8pm
Venue : Zoom

Topic : Part 4,5
Date : 27 September, 2026 (Sunday)
Time : 6pm - 8pm
Venue : Zoom

🚩Training Hour အပြည့် တက်ပြီးမှသာ Certificate ပေးအပ်မှာဖြစ်ပါတယ်🚩

15/09/2026

လာမဲ့ စနေနေ့ညနေမှာ ဖွင့်မဲ့ Beginner Counsellor Competency Skills Training Batch 5 လေး Registration Form ပိတ်ရက်လေးက မနက်ဖြန်ပါရှင် ...✅✅✅

14/09/2026

Living with the Chaos (ပရမ်းပတာများနှင့် နေထိုင်ခြင်း)

လက်ရှိအချိန်က ကျမတို့အားလုံးအတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေအများဆုံးကာလလို့ပြောရင်ရနိုင်မယ် ထင်ပါတယ်… မမျှော်လင့်ထားတဲ့ ပြောင်းအလဲများတာတွေကို ညှိယူရတာပင်ပန်းလာတဲ့ကာလလည်း ဖြစ်ပါတယ်....

ငွေကြေး၊ အလုပ်အကိုင် ရှားပါးတာတွေအပြင် ကုန်စျေးနှုန်း မြင့်တက်လာတာ၊ ပစ္စည်းတွေရှားပါးတာ၊ လျှပ်စစ်မီး လုံလုံလောက်လောက်မရရှိတာ၊ စား၀တ််နေရေးခက်ခဲတာ၊ ကျန်းမာရေးစရိတ်မြင့်မားလာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကနေ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ၊ စိတ်ရှုပ်ထွေးတာတွေ၊ စိတ်ပူပန်ရတာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို နေ့စဥ်ရက်ဆက် ဖြစ်စေတဲ့ အတွက် လူတွေမှာ ပူပင်သောကတွေနဲ့ ရင်ဆိုင်နေကြရပါတယ်……လုပ်တိုင်း မဖြစ်တဲ့ အခြေအနေမှာ မိမိ ကိုယ်ကို အလိုမကျမှုတွေလည်း ရှိနိုင်သလို ထွက်ပေါ်လာတဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေကပါ ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု တွေဆီ ဦးတည်လို့လာနေပါတယ်……

ဒါ့အပြင် ကျမတို့ တစ်ဦးချင်းမှာ ရှိနေတတ်တဲ့ မိသားစု ပြဿနာ၊ လုပ်ငန်းခွင်အခက်အခဲ၊ ဆုံးရှုံးမှုတွေ၊ ဆက်ဆံရေး ပြဿနာတွေ နဲ့ အတူ အနာဂတ််အတွက်မသေချာမရေရာမှုတွေ ကနေ ဖြစ်လာတဲ့ စိုးရိမ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ အပြစ်ရှိစိတ်တွေ စတဲ့ စိတ်ခံစားချက်တွေပါ အတူဆုံလာတဲ့အခါ ပိုပြီး ရှင်သန်ရခက်တဲ့ နေ့ရက်တွေ ဖြစ်လို့လာတတ်ပါတယ်……

ဒါတွေက တခဏတာအတွက်မှာ မသိသာလှပေမဲ့ ရက်ရှည်လများ ဖြစ်လာတဲ့အခါ စိတ်မရှည်တော့တာ၊ ဒေါသဖြစ်လွယ်လာတာ၊ စိုးရိမ်ပူပန်မှုတွေက တိုးလာနေပြီး ကျမတို့ တည်ဆောက်ထားတဲ့ ခံနိုင်ရည် အားကို ပိုပြီး နည်းလာစေပါတယ်…ဘက်ထရီ အားကုန်သလို တနေ့တနေ့ ကျမတို့ ရဲ့ Mental Energy ကို ကျကျ လာစေပါတယ်…လုပ်ချင်ကိုင်ချင်စိတ်တွေကုန်ခမ်းလာတာ၊ တက်ကြွမှု စိတ်အားထက်သန်မှုတွေ လျော့နည်းလာတာတွေ ဖြစ်လာတတ်ပါတယ်…..
ရုပ်ပိုင်းဆိုင်ရာမှာလည်းပဲ ရင်တလှပ်လှပ်တုန်တာ၊ မောပန်းလွယ်တာ၊ အစားအသောက်ပျက်တာတွေ အပြင် ညဘက်အိပ်ရခက်တဲ့ အခြေအနေတွေကြုံနေကြရပါတယ်….

ဖြစ်နေတဲ့ အခြေအနေနဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေကို သတိကပ်ရင်း ဒီအခြေနေကို ကျန်းကျန်းမာမာ ဖြတ်ကျော်နိုင်အောင် ကြိုးစားကြဖို့ အရေးကြီးပါတယ်…

🍀 Being Mindful (သတိပြုမိဖို့ရာ ပထမ)
ကိုယ်ဖြစ်နေတဲ့ခံစားချက်တွေကို သတိပြုပေးပါ။ စိတ်တွေပူနေတယ်၊ ဒေါသတွေ ထွက်နေတယ် စသဖြင့် အသိအမှတ်ပြုခြင်းက စိတ်သက်သာမှုတွေကို ဖြစ်စေနိုင်ပါတယ်…မမျှော်လင့်တဲ့ အခြေအနေတွေက စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေကို အများဆုံး ဖြစ်စေပါတယ်…..

🍀Avoid Social Media (သတင်းတွေနဲ့ အဝေးမှာနေပါ)
လိုအပ်တဲ့၊ သိသင့်တဲ့ သတင်းအချက်အလက် ကလွဲလို့ ရုတ်တရက် မြင်ရတွေ့ရတဲ့ အနိဌာရုံ သတင်းတွေက စိတ်ထိခိုက်မှုတွေ ပင်ပန်းမှုတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်…ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ…

🍀Being in the present (လက်ရှိအချိန်မှာ နေထိုင်ပါ)
စိတ်ဟာ အတိတ်နဲ့ အနာဂတ်ကို ရောက်တဲ့အခါ ပူပန်၀မ်းနည်းမှုတွေ လွှမ်းမိိုးတတ်ပါတယ်…လက်ရှိအချိန်မှာ ကြိုးစားနေထိုင်တာက ကျမတို့မှာရှိတဲ့ ပူပန်မှုတွေကို လျော့နည်းစေနိုင်ပါတယ်...

🍀Practice Breathing and relaxation Technique ( စိတ်အေးအောင်ကြိုးစားပါ)
အသက်ကို ပုံမှန်ရှုသွင်း ရှုထုတ်လုပ်တဲ့ လေ့ကျင့်ခန်းလေးတွေက ကိုယ့်ကို ပိုပြီးတည်ငြိမ်စေနိုင်ပါတယ်…....စိတ်လှုပ်ရှားပူပန်မှုတွေကို လျော့ကျစေနိုင်ပါတယ်…
စိတ်အေးလေ အခက်အခဲတွေကို ရင်ဆိုင်နိုင်လေပါ….....Yoga ကလည်း အရမ်းကောင်းမွန်တဲ့ နည်းတွေထဲက တစ်ခုပါပဲ....

🍀 Focus on what you do (မိမိအလုပ်ကိုသာအာရုံစိုက်ပါ)
ကိုယ် လက်ရှိဘာတွေလုပ်နေလဲ? စျေးရောင်းသူဆိုလည်း ရောင်းတဲ့ဆီ အာရုံစိုက်တာမျိုး၊ စာသင်နေသူဆိုလည်း သင်ကြားမှုကို အာရုံစိုက်တာမျိုး စတဲ့ လက်ရှိလုပ်နေတာတွေအပေါ် အာရုံစိုက်ပါ……

🍀 Thinking about the Positive Impact of your work (ကောင်းတာလေးတွေ ရှာဖွေမယ်)
ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ ကောင်းမွန်တဲ့ ရလာဒ်တွေအကြောင်း တွေးပေးပါ…ဘယ်သူတွေအတွက် အကျိုးရှိစေလဲ….. ဆိုတာလေးတွေးပြီး ကိုယ်လုပ်နိင်တာလေးတွေ အတွက် အသိအမှတ်ပြုပေးပါ…..

🍀 Live for today(ဒီနေ့အတွက်သာ နေပေးပါ)
တနေ့စာ တနေ့သာ နေပေးပါ၊ မသေချာမရရာမှုတွေက လူကို စိတ်ပင်ပန်းစေပါတယ်… ဒီနေ့ အတွက် မှာ ဘာတွေလုပ်မလဲ ဆိုတဲ့ ဒီနေ့မှာ လုပ်မဲ့ အရာများကိုသာ စိတ်ထဲထားခြင်းက မလိုလားအပ် တဲ့ အတွေးတွေကို လျော့နည်းစေပြီး စိတ်သက်သာရာရစေနိုင်ပါတယ်……

🍀 Religious Activity (ယုံကြည်ရာဘာသာရေး ကို စွဲစွဲ မြဲမြဲလုပ်ပါ)
မိမိကိုးကွယ်ယုံကြည်ရာ ဘာသာရေး ကို စွဲစွဲမြဲမြဲ ပြုလုပ်ခြင်းက စိတ်ရဲ့ အေးချမ်းမှုများကို ဖြစ်စေပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးခြင်း၊ အကြောက်တရားနဲ့ စိုးရိမ်မှုများကို နည်းပါးစေနိုင်ပါတယ်……

🍀Self care (မိမိကိုယ်ကို ဂရုစိုက်ခြင်း)
အစားအသောက်ပုံမှန်စားသောက်တာ၊ အိပ်ချိန််မှန်အောင် ဂရုစိုက်တာက စလို့ စိတ်အပန်းပြေမဲ့အရာများပြုလုပ်ပေးပါ….သီချင်းနားထောင်တာ၊ အပင်စိုက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ စတာတွေ လုပ်ပေးပါ....

🍀Gratitude (ရှိနေသေးသော အရာတွေအတွက် ကျေးဇူးတင်စိတ်ထားရှိပါ)
ဆုံးရှုံးမှုများ၊ အဆိုးများထဲမှ ကျန်နေသေးတဲ့အရာတွေအတွက် အသိအမှတ်ပြု ကျေးဇူးတင်စိတ်ထားရှိခြင်းက ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ခံစားရစေနိုင်ပါတယ်…စိတ်ကျေနပ်မှုလေးတွေရရှိစေနိုင်ပါတယ်….

ဒီလို အလေ့အကျင့်လေးတွေကမှ ကိုယ့်ကို စိတ်မသက်သာစေဘူး…ဘာကို စိုးရိမ်လို့စိုးရိမ်မှန်း မသိ၊ ကြောက်မှန်းမသိ ထိန်းရခက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာဖို့လိုပါတယ်…

မိုးရွာခြင်းကို မရပ်တန့်နိုင်မှီမှာ မိုးရေထဲ အတူ ကနိုင်အောင် ကြိုးစားကြပါစို့……….

(2025 ကရေးတဲ့စာလေး အခုထိ အကျုံးဝင်နေသေးလို့ ပြန်မျှဝေလိုက်ပါတယ်)




Kumudra

14/09/2026

Partner အပေါ် မှီခိုမိလွန်းနေလို့ကိုယ့်ကိုယ်ကို မကြိုက်တော့ဘူးလား????

"𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚"

လူတိုင်းဟာ ချစ်ခြင်း၊ နားလည်ပေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို လိုအပ်ကြပါတယ်။ Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် အားကိုးမှီခိုခြင်းဟာလည်း သဘာဝကျတဲ့အရာပါပဲ။

ဒါပေမယ့် မိမိရဲ့ ပျော်ရွှင်မှု၊ စိတ်လုံခြုံမှုနဲ့ ကိုယ့်တန်ဖိုးကို လူတစ်ယောက်တည်းအပေါ်မှာ အလွန်အကျွံ မှီခိုထားမိတဲ့အခါ Emotional Dependency ဆိုတာဖြစ်လာပါတယ်။

𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚 ဆိုတာဘာလဲ?
Emotional Dependency ဆိုတာ မိမိရဲ့ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားနိုင်မှုတို့ကို အခြားလူတစ်ယောက်အပေါ် အလွန်အကျွံမှီခိုနေတာဖြစ်ပါတယ်။

🔺ကိုယ့်တန်ဖိုးကို တဖက်လူဆီကရှာတာ
🔺ကိုယ့်ကိုယ်ကို မပေးနိုင်တဲ့ အဖြေကို တဖက်လူဆီက လိုချင်တာ
🔺အခြားသူက ပျော်အောင် လုပ်ပေးမှပျော်ရတာ

“သူမရှိရင် ငါမပျော်နိုင်ဘူး”
“သူငါ့ကို မချစ်တော့ရင် ငါဘာမှမဟုတ်တော့ဘူး”
“သူ့ကို မဆုံးရှုံးနိုင်ဘူး၊ ဘယ်လိုဆက်ဆံဆက်ဆံ ငါခံမယ်”ဆိုတဲ့ အတွေးတွေက Emotional Dependency ရဲ့ လက္ခဏာတွေပါပဲ။

𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚 ရှိတဲ့ သူတွေဟာ
🔸 သူငယ်ချင်းတွေ၊ Partner ဆီက အမြဲတမ်း အာရုံစိုက်ပေးမှုနဲ့ အတည်ပြုပေးမှုကို လိုအပ်နေတတ်တယ်

🔸 စာပို့ပြီး ပြန်မလာရင် အလွန်အမင်း စိုးရိမ်တတ်တယ် Overthinking ဖြစ်လာတယ်

🔸 တစ်ယောက်တည်းနေရမှာကို အလွန်
ကြောက်ရွံ့တတ်တယ်

🔸 Partner ကို မဆုံရှုံးရအောင် ကိုယ့်
လိုအပ်ချက်တွေကို အမြဲဖိနှိပ်ထားတတ်တယ်

🔸 မကောင်းတဲ့ ဆက်ဆံမှုတွေကိုတောင် “သူမရှိရင် မနေနိုင်ဘူး” ဆိုပြီး လက်ခံနေတတ်တယ်

🔸 Relationship ထဲမှာ ကိုယ့် Identity၊ ဝါသနာနဲ့ ကိုယ့်ဘဝကို ပျောက်ဆုံးသွားတတ်တယ်

🔸သူရှိနေမှ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ မှီခိုမှုမျိုးပါ

🔸မေတ္တာတွေ၊ ပံ့ပိုးမှုတွေ၊ အသိအမှတ်ပြုမှု​တွေကို ကိုယ့်ကိုယ်ကို မပေးနိုင်တဲ့အခါ သူတပါးပေးမှ ကိုယ်က အဆင်ပြေနေတာမျိုးပါ။

Relationship တစ်ခုမှာ လူတစ်ယောက်က မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ အားလုံးကို Partner တစ်ယောက်တည်းအပေါ် မှီခိုထားတဲ့အခါ Partner အပေါ်မှာ ဖိအားများစွာ ဖြစ်စေနိုင်ပါတယ်။ မွန်းကြပ်ပြီး စိတ်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးလာစေတယ်။ အရာရာ သူ့တာဝန်လို ခံစားလာရစေတယ်။ Toxic Relationship တွေကို ဖန်တီးမိစေပါတယ်။

ဒါက မိတ်ဆွေ သူငယ်ချင်းဆက်ဆံရေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ မိတ်ဆွေတွေဆုံးရှုံးသွားမှ ကိုယ်က Dependency ဖြစ်တာကိုသိရတယ်။

ကိုယ့် partner (သို့) မိတ်ဆွေ သူငယ်ချင်းက -

အမြဲ ကိုယ့်ကို Connect လုပ်စေချင်နေတယ်....အာရုံစိုက်စေချင်တယ်....ကိုယ်ကလည်း အမြဲ Connect လုပ်ချင်နေတယ်..... စာတွေ အမြဲ သွားပို့မိနေတယ်။ သူတို့ မလုပ်ရင် ဒီအပြောင်းအလဲမှာ ကိုယ်က မခံနိုင်ဘူး။ ပူပန်စိတ်တွေ တက်လာတယ်။
ဆိုတဲ့ မမြင်ရတဲ့ Emotional Burden တွေ ဖြစ်လာနိုင်ပါတယ်။

ဒီကနေ...

• Anxiety - ပူပန်စိတ်တွေများလာတာ
• Jealousy - မနာလိုစိတ်ဝင်လာတတ်တာ
• Overthinking - အတွေးလွန်တတ်တာ
• Fear of abandonment - ထားခဲ့ ခံရမှာကြောက်တာ / ပစ်ပယ် ခံရမှာ ကြောက်တာ
• Controlling behaviour - တဖက်သားကို ချုပ်ကိုင်လိုတဲ့ အပြုအမူတွေ ဖြစ်လာတာ
• Frequent conflicts - မကြာခဏ ပဋိပက္ခဖြစ်တာ တွေ ဖြစ်လာနိုင်ပါတယ်။

Relationship ဟာ ချစ်ခြင်းထက် ကြောက်ရွံ့ခြင်းနဲ့ မဆုံးရှုံးချင်တဲ့စိတ် ပိုများလာတဲ့အခါ Healthy Relationship ကို ထိန်းသိမ်းဖို့ ခက်ခဲလာတတ်ပါတယ်။

𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚 ဖြစ်ရတာ အားနည်းလို့ မဟုတ်ပါဘူး ။
🔸ငယ်စဉ်က ကိုယ်လိုတဲ့ ချစ်ခြင်းမေတ္တာမျိုးမရခဲ့တာ။ ဒီကွက်လပ်ကို တဖက်လူနဲ့ ပြန်ဖြည့်မိသွားတာပါ။
🔸ငယ်စဉ်က ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ပုံမှန်မရတဲ့အခါ စိတ်မလုံခြုံမှုကို ခံစားခဲ့ရတာ။

🔸ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက လျော့နည်းပြီး သူတပါးရဲ့ အသိအမှတ်ပြုမှုပေါ်မူတည်တဲ့အခါ။

🔸ထားခဲ့ခံရဖူးတဲ့အတွက် ထားခဲ့ခံရမှာကြောက်တာ၊ Toxic Relationထဲ နေရမှာထက် တစ်ယောက်ထဲ ဖြစ်မှာကြောက်တာ။ ဒီလိုလူတွေက Relationship တွေ တစ်ခုပြီးတစ်ခု ထားတတ်ကြပါတယ်။

🔸ကိုယ့်ရဲ့ Support System အားမကောင်းတဲ့ အခါ အနားမှာရှိနေတဲ့ တစ်ဦးထဲကို မှီခိုသွားတာ။ ကိုယ်မှိခိုသူက မကောင်းတဲ့သူဖြစ်တဲ့အခ့ ကိုယ်က ဒီနွံထဲက ရုန်းထွက်ရခက်နေတ်တ်ပါတယ်။

🔸ငယ်စဉ်ကရခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ။

🔸 ဘဝရဲ့ ရည်မှန်းချက်တွေ ဖြစ်ချင်တာတွေ ပျောက်ဆုံးတဲ့အခါမိမိကိုယ်ကို ပျောက်ဆုံးလာတာတွေ။ ဒါတွေကလည်း အကြောင်းရင်းတွေပါပဲ။

ဒါကြောင့် မိမိကိုယ်ကို ငယ်ဘဝမှာ ဘယ်လို Unmet Needs တွေ ရှိနေလဲ??? ဆန်းစစ်ဖို့လိုပါတယ်။

𝑯𝒆𝒂𝒍𝒕𝒉𝒚 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑တွေမှာ

"သူကို ချစ်ပေမဲ့ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေပါဘူး"
တစ်ယောက်ကိုတစ်ယောက် ချစ်တယ်၊လေးစားတယ်၊ ယုံကြည်တယ်၊ Healthy Boundaries ရှိတယ်
၊ ကိုယ်ပိုင် Identity ရှိတယ်၊ ကိုယ်ပိုင်ဘဝနဲ့ ရည်မှန်းချက်တွေ ရှိတယ်

𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚 က

“သူမရှိရင် ငါဘာမှမဖြစ်နိုင်ဘူး။”

အမြဲတမ်း ကြောက်ရွံ့နေတာ၊ မဆုံးရှုံးချင်တဲ့စိတ်နဲ့ ဆက်ဆံလိုတာ၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတာ၊ Partner အပေါ် အလွန်အကျွံ မှီခိုမိတာ၊ ကိုယ့်ပျော်ရွှင်မှုကို Partner တစ်ယောက်တည်းအပေါ် ထားရှိတာ တွေ ဖြစ်တတ်ပါတယ်။

🌟 𝑯𝒆𝒂𝒍𝒕𝒉𝒚 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 တစ်ခုတည်ဆောက်
နိုင်ဖို့ဆိုရင် 𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒆𝒑𝒆𝒏𝒅𝒆𝒏𝒄𝒚 ကို လျှော့ချဖို့လိုအပ်ပါတယ်။

🌱ကိုယ်က Emotional Dependency ဖြစ်နေတာကို အရင်ဆုံးလက်ခံဖို့လိုပါတယ်။

🌱Change the pattern - သူတပါးကို အာရုံစိုက်နေရာကနေ ကိုယ့်ကိုယ်ကို အာရုံစိုက်ဖို့ကြိုးစားရပါမယ်။

🌱 တစ်ယောက်တည်းနေရတာကိုလည်း သက်တောင့်သက်သာရှိအောင် သင်ယူပါ။ မိမိ ကိုယ်ကိုရပြန်ပြီး ချိတ်ဆက် Connect လုပ်ဖို့ရာ နှစ်သက်တဲ့အရာတွေ လုပ်ဖို့လိုပါတယ်။

🌱 ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်တာဝန်ယူပါ။

🌱 ကိုယ့်ဝါသနာ၊ သူငယ်ချင်းနဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို မပျောက်ဆုံးစေပါနဲ့။

🌱 Healthy Boundaries ထားတတ်ဖို့ သင်ယူပါ။

🌱 ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့ Self-awareness တိုးတက်အောင်လုပ်ပါ။

🌱 ချစ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။

မိမိကိုယ်တိုင် ကြိုးစားလို့ အဆင်မပြေတဲ့အခါလိုအပ်ခဲ့ရင် ကျွမ်းကျင်သူ Professional Help ကို ယူပြီး ကြိုးစားလို့ရပါတယ်။

14/09/2026

ကိုယ်တိုင်ရင်ဆိုင် ကြုံတွေ့ခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေအတွက် ခက်ခဲတဲ့ကာလမှာ နားထောင်ပေးမယ့် နေရာလေးတစ်ခုတော့ လိုအပ်တတ်ပါတယ်... 🌿

"ကိုယ်ဟာ အရင်လို မဟုတ်တော့ဘူး... မပျော်တော့ဘူး..." 🌧️
"ဘာကြောင့်မှန်းလည်း မသိဘဲ ဘဝကြီးက နေမပျော်စရာ ဖြစ်နေတယ်..." 💭
"အဓိပ္ပာယ်တွေ ပျောက်ဆုံးပြီး လမ်းပျောက်သလို ခံစားနေရတယ်..." 🧭

ဒီလို စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်နေရမှုတွေအတွက် အမှန်တကယ် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေပြီလားဆိုတာ တိတိကျကျ သိရှိနိုင်ဖို့ Kumudra Mental Wellness ရဲ့ Consultation Session လေးတွေက သင့်အတွက် ရှိနေပါတယ်... ✨

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို အချိန်မီ ရရှိနိုင်ဖို့နဲ့ လုံခြုံစိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။ 🤝💛

📅 Available Days:
• Tuesday | Thursday | Saturday | Sunday

⏰ Time:
• မိမိအဆင်ပြေမယ့် အချိန်ကို Page Messenger (CB) မှတစ်ဆင့် ကောင်ဆယ်လာနှင့် ညှိနှိုင်းရယူနိုင်ပါသည်။ 💬

📍 Venue:
• Online (via Zoom) 💻

📞 Contact Phone:
• 09 427705624 📱

(အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ပေ့ချ်မက်ဆင်ဂျာသို့ မက်ဆေ့ပို့၍ မေးမြန်းနိုင်ပါသည်။ 📩)

13/09/2026

Kumudra ရဲ့ the Bridge Program - Beginner Counselor Competency Training (Batch 5) ကနေ ကြိုဆိုလိုက်ပါတယ်....

Counsellor တစ်ဦးရဲ့ Journey ကို စတင်တဲ့ အခါမှာ ကိုယ်မလျှောက်ရသေးတဲ့လမ်း ဖြစ်တဲ့ အတွက် သင်ယူထားတဲ့ Theoretical Knowledge တွေကို လက်တွေ့မှာ ပြန်ပြီး အသုံးချဖို့ရာ စိတ်မဝံ့မရဲလေးတွေ ဖြစ်တတ်ပါတယ်။

🤔သုံးလိုက်တဲ့ Skills တွေ မှန်ရဲ့လား ...?
🤔Ethical မှ ဖြစ်ရဲ့လား ...?

ဆိုတဲ့ မရေရာ မသေချာမှုလေးတွေဟာ တက်သစ်စ Counsellor တစ်ဦးမှာရှိတတ်တဲ့ ဒွိဟ လေးတွေပါ။

🔸ဒီ ပူပန်မှုလေးတွေကို လျော့ကျစေဖို့
🔸ကိုယ့်ရဲ့ Theroetical Knowledge တွေကို စနစ်တကျ ဟန်ချက်ညီညီသုံးတတ်ဖို့
🔸လိုအပ်နေသေးတဲ့ Skills တွေ ဖြည့်ဖို့ရာ အထောက်အပံ့ဖြစ်စေဖို့
🔸Competency ဖြစ်စေပြီး Counsellor / Client ရဲ့ Safety နဲ့ Healthy Boundary တွေ ထားတတ်စေဖို့

သင့်ရဲ့ Counsellor's Journey အတွက် လမ်းပြကြယ်လေးလို ဖြစ်မယ့်

👉ဒီ Beginner Counsellor Class လေးက ကူညီပေးပါလိမ့်။

Effective & Time saving ဖြစ်အောင်

✅Weekend class ၄ ရက်တာ သင်တန်းအဖြစ် စီစဉ်ပေးထားပြီး ပါဝင်မယ့် Topic တွေကတော့

🔸Part - 1 Importance of Intake Session
🔸Part - 2 Suicidal Prevention and Intervention
🔸Part - 3 Supervision and how supervision help Effective and therapeutic counselling sessions
🔸Part - 4 Proper documentation and Ethical Note Taking
🔸Part - 5 Group Supervision

များကို theory နဲ့ လက် တွေ့ အစီအစဉ်များဖြင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

✅သင်တန်းသားများ ပြင်ဆင်ရန်

🔸Note/ Pen
🔸Pre Reading Documents
🔸Your questions
🔸Active Participation in Role Play

✅ဘယ်လိုသူတွေ တက်သင့်လဲ ?

🔸Counselling Journey ကို စတင်တော့မဲ့ Counsellor များ။
🔸Intake session/ Sucidal Prevention ကို အသေးစိတ် လေ့လာချင်သူများ။
🔸Documentation နဲ့ Case Management ကို စိတ်ဝင်စားသူ Counsellor များ။
🔸 Counselling အလုပ်ကို စနစ်တကျ ကျင့်ဝတ်ညီညီ လုပ်လိုသောသူများ။
🔸Counsellor တစ်ဦးဖြစ်ဖို့ ရည်ရွယ်ချက် ရှိလို့ Counsellor တစ်ဦး ဘယ်လိုတွေ အလုပ်လုပ်ရလဲ ဆိုတာ Counseling Professional ရဲ့ Deeper Meaning တွေ သိလိုသူများ။
🔸MHPSS provider / Focal Person များအနေနဲ့ Case Management ဆိုင်ရာ တွေ လေ့လာလိုသူများ။
🔸BCT, ICT, ACT နဲ့ အခြား Counselling သင်တန်းဆင်းပြီးသူများ

👉သင်ကြားပေးမည့် Trainer ကတော့ Counseling experience နှင့် သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ် ရှိပြီဖြစ်သော Ma Moh ကိုယ်တိုင် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။💌

✅REGISTER at Page CB
(10 Participants only)
🔸Name
🔸Org
🔸Email

or

✅ https://forms.gle/mAcjQSZwVVFfgZ1R7

✅Training Fees - 100,000/- ကျပ်

🫶Scholarship 2 ဦးလည်း ပညာဒါန ရွေးချယ်ပေးမှာဖြစ်လို့ 🫶
[email protected] သို့ CV ပို့ လျှောက်ထားနိူင်ပါပြီ။

!!Be a Compentent Counsellor.
Your Competency is our Priority.!!

Topic : Part 1
Date : 19 September, 2026 (Saturday)
Time : 6pm -8Pm
Venue : Zoom

Topic :Part 2
Date : 20 September, 2026 (Sunday)
Time : 6pm - 8pm
Venue : Zoom

Topic :Part 3
Date : 26 September, 2026 (Saturday)
Time : 6pm - 8pm
Venue : Zoom

Topic : Part 4,5
Date : 27 September, 2026 (Sunday)
Time : 6pm - 8pm
Venue : Zoom

🚩Training Hour အပြည့် တက်ပြီးမှသာ Certificate ပေးအပ်မှာဖြစ်ပါတယ်🚩

Category

Website

Address

Yangon