Dr.Neuro

Dr.Neuro

Share

Neuro Science

Photos from Dr.Neuro Lecture Room's post 21/11/2025

ကလေးများတွင် ဖြစ်တတ်သော အတက်ရောဂါနှင့်တူသော ဖြစ်တတ်သော အခြေအနေများ စောင့်ကြည့်ခွဲခြားနိုင်ရန်ပါ

Photos from Dr.Neuro Lecture Room's post 12/11/2025

အတက်ရောဂါဟာ မွေးရာပါနဲ့ ဆေးသောက်မှ ပျောက်တယ်ဆိုတာ ဟုတ်ပေမယ့်
ဖြစ်စေသော အကြောင်းဖယ်လိုက်ရင် ဆေးသောက်စရာမလိုဘဲ ရှောင်ရှားလို့ရကြောင်း သတိပေးစာလေးဖြစ်ပါတယ်။

Photos from Dr.Neuro Lecture Room's post 08/11/2025

အသိ အစ်မတစ်ယောက်
မျက်လုံးတဘက် ကျနေတာကို သတိထားမိလို့မေးပေမယ့် ဘာမှ မဖြစ်ဘူးဆိုပြီး ပေါ့နေခဲ့တာရယ်၊ အပျိုကြီးမို့ ရင်သားအကျိတ်ရှိနေတာ သိသိနဲ့ သေချာဆေးမကုဘဲ ကင်ဆာပြောင်းသွားကာ မျက်စိဖြစ်စဉ်ဟာ ဦးနှောက်ကိုပျံ့နံ့တဲ့ နောက်ဆက်တွဲ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။

ဒါကြောင့် သတိထား ဆင်ခြင်နိုင်အောင်ပါ

Photos from Dr.Neuro Lecture Room's post 05/11/2025

ကိုယ်နေဟန် မမှန်ရင် သတိထားစရာများ

30/10/2025

နားထင်တဝိုက် ခေါင်းကိုက်ခြင်း အကြောင်း
တစေ့တစောင်း

***Causes of BiTemporal Headaches

***နားထင်နှစ်ဖက် ခေါင်းကိုက်ခြင်း အကြောင်းအရင်းများ

1. Tension Headaches စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု)

2. Migraines ခေါင်းတစ်ခြမ်းကိုက်ခြင်း

3. Temporal Arteritis နားထင်သွေးကြောမကြီးရောင်ရမ်းခြင်း

4. Cervicogenic Headache နာတာရှည် မျက်နှာတခြမ်း နာကျဉ်စေခြင်း အထူးသဖြင့် လည်ပင်းကျောရိုးနှင့် လည်ပင်းကြွက်သားများကြောင့်ဖြစ်ရာမှ ခေါင်းကိုက်ခြင်း

5. Temporomandibular Joint (TMJ) Disorders နားထင်မေးရိုးအဆစ်များ ရောင်ရမ်းခြင်းအပါအဝင် ရောဂါများ

6. Cluster Headaches အလွန်ပြင်းထန်သော ခေါင်းတခြမ်းကိုက် ရောဂါ

7. Infections ‌ပိုးဝင်ခြင်း

8. Tumors အကျိတ်ဖြစ်ခြင်း

9. Medications overuse အကိုက်အခဲပျောက်ဆေးများအလွန်သုံးခြင်း

Dr. Neuro
31. 10. 2025

Photos from Dr.Neuro's post 28/10/2025

"Functional neurologic disorder (FND)"

"လုပ်ငန်းလုပ်ဆောင်နိုင်သည့် အာရုံကြောဆိုင်ရာ ရောဂါ"

What is functional neurologic disorder?

Functional neurologic disorder (FND) ဆိုတာ အာရုံကြောဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။ ထိုအခြေအနေဟာ ဦးနှောက်ဖွဲ့စည်းပုံ ပြောင်းလဲခြင်းထက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ပြောင်းလဲမှုနဲ့ ပိုသက်ဆိုင်ပြီး တခြား အာရုံကြောရောဂါများမှာတွေ့ရတဲ့ အခြေအနေများနှင့်လည်း ဆင်တူပါတယ်။ တွေ့ရှိရတဲ့ လက္ခဏာများဟာ ရိုးရှင်းပြီး အကြောင်းအရင်းအတိအပ မရှိပေ။

FND ရဲ့ လက္ခဏာများ ကတော့
အတက်ရောဂါလက္ခဏာများ၊ လှုပ်ရှားမှုနှင့် သက်ဆိုင်သော ပြဿနာများ၊ မှတ်ဉာဏ်အစွမ်းနှင့်ပတ်သက်သော ပြဿနာများ၊ မူးဝေခြင်း၊ စကားပြောရာတွင် အခက်အခဲရှိခြင်း၊ စကားထစ်ခြင်း၊ အမြင်နှင့် အကြားအာရုံတို့တွင် ပြဿနာရှိခြင်း၊ နာကျဉ်မှုနှင့်ပတ်သက်ပါက နာတာရှည်
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လှုပ်ရှားမှုအလွန်နှေးကွေးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း၊ ထုံခြင်း နှင့် သိမှုအာရုံမရှိခြင်း တို့ဖြစ်ပါတယ်။

လက္ခဏာများစွာ ရှိတတ်ပြီး နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုနဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါတယ်။ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ပေါ်လာပြီး
ခန္ဓာကိုယ် အစိတ်အပိုင်း မည်သည့်နေရာ၌မဆို ဖြစ်နိုင်ပါတယ်။

လက္ခဏာများဟာ ရုတ်တရက်ပေါ်လာတတ်ပြီး၎င်းတို့ကို အာရုံစိုက်ပါက ပို၍ဆိုးလာကာ တခြားအာရုံပြောင်းပါက လျော့နည်းစေပါတယ်။

ဒါကြောင့်မို့ ရောဂါရှာဖွေလည်း တွေ့မှာမဟုတ်ပေ။ သို့သော် အဓိကကျတဲ့ ဦးနှောက်အစိတ်အပိုင်းထိခိုက်တာတွေ မရှိပါဘူး ဆိုတာကို ဖယ်ရှားဖို့အတွက်ကတော့ သေချာအောင် ကွန်ပျူတာဓာတ်မှန်ရိုက်တာ၊ သံလိုက်ဓာတ်မှန်ရိုက်တာမျိုးတွေ လုပ်ရပါမယ်။

သုတေသနပြုချက်တော်တော်များများကတော့ FND ဖြစ်တဲ့ လူများရဲ့ ဦးနှောက်အစိတ်အပိုင်းတွေထဲကမှ စိတ်ခံစားမှုအပြုအမူနဲ့ ပတ်သက်တဲ့ limbic ဆိုတဲ့ နေရာလေးမှာ လုပ်ဆောင်မှုကိုများစေတာကြောင့် ခံစားချက်နဲ့ စိတ်ဖိစီးမှုကို တုံ့ပြန်ထိန်းချုပ်တဲ့နေရာမှာ ပုံမမှန်တာ ပိုတိုးတာ ပိုလျော့တာ စတဲ့ပြဿနာများ ကြုံနိုင်ပါတယ်။ သာမာန်လူများကဲ့သို့ ဦးနှောက်အတွင်းပေးပို့တဲ့ ချိတ်ဆက်မှုများမှာ အားနည်းချို့ယွင်းနေတာ တွေ့ရပါတယ်။

FND အမျိုးအစားများစွာ ရှိပါတယ်။ မတူညီ ကွဲပြားသော ပုံစံများလည်း ရောယှက်နေနိုင်ပါတယ်။ တချို့က ခဏတဖြုတ်ဘဲ ဖြစ်ပြီး တချို့မှာ လက္ခဏာများကို အချိန်ကြာမြင့်စွာ နှစ်များစွာ ခံစားရတတ်ပါတယ်။

အတွေ့ရအများဆုံး အမျိုးအစား 2 ခုကတော့ စိတ်ကြောင့်ဖြစ်သော အတက်ရောဂါမဟုတ်သော အတက်များ functional or dissociative seizures (also known as psychogenic nonepileptic seizures ( PNES )နှင့် လုပ်ငန်းလုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုဆိုင်ရာ ရောဂါများ functional movement disorder တို့ဖြစ်ပါတယ်။

1. Functional or dissociative seizures
စိတ်ကြောင့်ဖြစ်သော အတက်ရောဂါမဟုတ်သော အတက်များ

၎င်း၌ဖြစ်သော အတက်ရောဂါမှာ ပုံမှန်အတက်ရောဂါရှိသူများမှာဖြစ်စေတတ်တဲ့ ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းအချက်ပေးမှုများကြောင့်
ဖြစ်တာမဟုတ်ပေ။

ထိုသူများဟာ လုပ်ရှားမှု၊ အာရုံ၊ အပြူအမူတွေဟာ အတက်ရောဂါများဖြစ်တာနှင့်တူပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ် ခဏတာ မေ့နိုင်ပါတယ်။ ဖြစ်ပြီးနောက် သတိသေချာမလည်ဘဲ ဝေဝါးဝါးဖြစ်နေတာ၊ အာရုံစူးစိုက်မှုမရှိတာ သို့သော် ထိုအာရုံစူးစိုက်မှုဟာ အတက်ရောဂါလှုပ်ခါရမ်းခြင်းနဲ့တော့မတွဲနေတတ်ပါဘူး။သူတို့ရဲ့ အတွေးအခေါ်နှင့် ခံစားမှုများဟာ ပတ်ဝန်းကျင်
နှင့် ကင်းလွတ်သွေဖယ်နေတာတွေ့ရပါတယ်။

လက္ခဏာများကတော့
ဖြစ်စဉ်တွင် မျက်လုံးအတင်းပိတ်ထားခြင်း၊ ဘေးဘက်တဘက်တချက် ခေါင်းခါရမ်းခြင်း၊ ကျောကော့တက်အနေအထားဖြစ်ခြင်း၊ အချိန်အလွန်ကြာခြင်း၊ အသက်ရှူပြင်းခြင်း၊ သတိအသိရှိလျက်နှင့် တကိုယ်လုံးလှုပ်ခြင်း တို့ဖြစ်ပါတယ်။

2. Functional movement disorder
လုပ်ငန်းလုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုဆိုင်ရာ ရောဂါများ

ထိုအထဲတွင် လှုပ်ရှားမှုနှင့်ဆိုင်သော မည်သည့်အနေအထားမဆို ဖြစ်နိုငိပါတယ်။ အချိန်ရဲ့ တဝက်လောက်က တစ်မျိုးထက်ပိုသော ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ဖြစ်နေတတ်ပါတယ်။

လက္ခဏာများကတော့
လက်တုန်ခြေတုန်ဖြစ်ခြင်း၊ ကြွက်သားများရုတ်တရက်ထထပြီး အကြောဆွဲသလိုဖြစ်ခြင်း၊ပုံစံမမှန် ဖြေးဖြေးနှေးနှေး လှုပ်ရှားခြင်း၊ လမ်းလျှောက်ရာ၌ လျှောက်တဲ့ပုံစံ၊ ကိုယ်နေဟန်ထား၊ အနေအထားထိန်းညှိမှု အဆင်မပြေဖြစ်ခြင်း၊ ကြွက်သားရုတ်တရက်လှုပ်ရှားခြင်း၊ တောင့်တင်းခြင်း၊ လက်ခြေအားနည်းခြင်း၊ လှုပ်မရခြင်း၊ အသံထွက် အကြောဆွဲခြင်း တို့ဖြစ်ပါတယ်။

နားလည်နိုင်မှုခက်ခဲတဲ့အတွက် ထိုလက္ခဏာရှိသူများဟာ ၎င်းးတို့ရဲ့ မိသားစု၊ သူငယ်ချင်းများ၊ ကျန်းမာရေးစောင့်ရှောက်သူများပါ စဉ်းစားရခက်ပါတယ်။
ထို့ကြောင့် ဆေးပညာရှင်များ သမားတော်များဟာ ထိုလူနာများကို အပိုလုပ်တယ်၊ သရုပ်ဆောင်ကြတယ်ဆိုပြီး ရောဂါ နာမည်တပ်တဲ့အတွက် ခံစားရသူများဟာ စိတ်ဒါဏ်ရာ ရကြရပါတယ်။

ထို့ကြောင့် FND ပါလို့ စောစီးစွာသိခြင်းဟာ လက္ခဏာများကို လျော့စေပြီး အမြန်ကောင်းဖို့ ကူညီပေးရာရောက်ပါတယ်။

*ဘယ်သူတွေ အဖြစ်များတတ်ပါလဲ?

အမျိုးသမီးတွေ ဖြစ်ပါတယ်။ ကလေးနှင့် အရွယ်ရောက်ပြီးသူများမှာပါ တွေ့ရပါတယ်။ အသက်အရွယ်အားဖြင့် အများစုကအသက် 30 နောက်ပိုင်းအဖြစ်များပါတယ်။ အတက်ဆင်တူဖြစ်တဲ့ PNES ကတော့ အသက် 20 ဝန်းကျင်တွေမှာ ပိုအဖြစ်များပါတယ်။

အဓိက အခြေခံ အချက်ကတော့ ဇီဝဖြစ်စဉ်နဲ့ဆိုင်သလို လူမှုပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။
အရွယ်ရောက်ပြီးသူများအတွက် ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာရယ် ကလေးဘဝ တွေ့ကြုံခဲ့ရတဲ့ ဘဝဖြစ်စဉ် အဖုံဖုံနဲ့လည်းဆိုင်ပါတယ်။ FND ဖြစ်တဲ့လူတိုင်းမှာတော့ ဒီအချက်တွေ အမြဲတွေ့ရတာတော့လည်းမဟုတ်ပါဘူး။

ကလေးတွေမှာဆိုရင် မိသားစုထဲမှာပြဿနာရှိနေ
တာ၊ အနိုင်ကျင့်ခံရတာ၊ နားလည်ရိပ်မိပြီးသားအပေါင်းအသင်းတွေရဲ့ဖိအားများတာ၊ ယုံကြည်မှုအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တာတွေ
‌ပါဝင်ပါတယ်။

ဒါကြောင့် FND ဖြစ်တဲ့လူများဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ထိခိုက်ဒဏ်ရာဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ စိတ်ဖိစီးမှုများခြင်းများနဲ့ အတွေ့ရများပါတယ်။

တချို့တွေ့ရှိချက်များကလည်း မျိုးရိုးလိုက်တာနဲ့ တွဲသလို ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များဟာလည်း ထိုလူကိုFND ဖြစ်ဖို့ အခွင့်အရေးပိုများစေပါတယ်။

*How is functional neurologic disorder diagnosed and treated?
*Diagnosing FND
ရောဂါဘယ်လိုရှာဖွေကြမလဲ။
တိကျပြတ်သားတဲ့ တစ်ခုတည်းသော စစ်ဆေးမှုအဖြေဆိုတာတော့ မရှိပါဘူး။
လူတစ်ယောက်ရဲ့ ရောဂါရာဇဝင်နဲ့ ဖြစ်နေတဲ့လက္ခဏာတွေဟာ အရေးကြီးသလို ကိုယ်ခန္ဓာစမ်းသပ်မှုလုပ်တဲ့ လုပိငန်းစဉ်ဟာ အရေးပါသွားပါတယ်။

စမ်းသပ်မှု 2 ခုက တော့ အသုံးများပါတယ်။
Hoover’s sign လို့ခေါ်တဲ့ မလှုပ်ရှားနိုင်သော ခြေထောက်ကို စမ်းသပ်တာနဲ့ လက်တုန်တာအတွက် Entrainment လို့ခေါ်တဲ့ စမ်းသပ်မှုတွေနဲ့ လုပ်ကြည့်လို့ရပါတယ်။

ဒါကြောင့် တကယ်ဖြစ်နိုင်ခြေရှိတဲ့ ရောဂါများကို ရာဇဝင်မေး၊ ဖြစ်ဖူးတဲ့ရောဂါရှိမရှိမေး၊ မိသားစုရာဇဝင်မေး ခြင်းဖြင့် တကယ့်ရောဂါကို ပယ်သတ်ပြီးမှ FND လို့ နာမည်တပ်လို့ရပါမယ်။ တခါတလေ တချို့သော FND လူများဟာ အခြားရောဂါများနဲ့ ဆက်စပ်နေတတ်ကြပါတယ်။ ဒါကြောင့် ထိုအခါမျိုးမှာ သေချာရှာဖွေစမ်းသပ်မှုလုပ်ဖို့လိုပါတယ်။

ဒါကြောင့် EEG ဦးနှောက်လျှပ်စစ်လှိုင်းရှာဖွေခြင်းနှင့် EMG ကြွက်သား လှုပ်ရှားမှု ရှာဖွေခြင်း စတဲ့ စစ်ဆေးမှုများနဲ့ အမှန်တကယ် ရောဂါရှိမရှိ ပယ်သတ်နိုင်အောင် စစ်ရပါတယ်။ ဘယ်လို အခြေအနေမျိုးမှာလဲဆိုတော့ လက်တုန်ခြေတုန်ဖြစ်နေခြင်း၊ လက်ခြေအားနည်းနေခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်းနှင့် အမြင်အာရုံ ပြဿနာများမှာ ဖြစ်ပါတယ်။

*Treating FND
ဘယ်လိုကုကြမလဲ?

ခိုင်မာသော ဆရာဝန် နဲ့ လူနာကြား အပြန်အလှန်ဆက်သွယ်ကုသခြင်းကသာ ကုသမှုကို ထိရောက်စေပါတယ်။

ဒါမှသာ လူနာရဲ့ ရောဂါကို နားလည်ပေးနိုင်ပြီး ကုသမှုထိရောက်နိုင်မှာဖြစ်ပါတယ်။
လိုအပ်တဲ့ အထူးပြု နယ်ပယ်အသီးသီးမှ ဆရာဝန်များ ပူးပေါင်းညှိနှိုင်းတိုင်ပင်ကုပေးခြင်းဖြင့်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

ခုလက်ရှိ အဓိက ကုနေတဲ့ ကုထုံး 2 ခုကတော့
ကိုယ်ခန္ဓာလည်းကု စိတ်လည်းကုဖြစ်ပါတယ်။ဆေး ဝါးများနဲ့ လည်း ထိန်းညှိနိုင်ပါတယ်။

*Psychotherapy: စိတ်ကုထုံး
သေချာ ဆေးကုသခွင့်လိုင်စင်ရပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးထားသော ကျန်းမာရေးဝန်ထမ်းများနှင့်သာ မိမိရဲ့ အနှုတ်လက္ခဏာဆောင်သော၊ ဘေးဖြစ်စေတတ်သောစိတ်လှုပ်ရှားပူပန်မှုများ၊ အပြုအမူများ၊ အတွေးအခေါ်များကို ‌ဆွေးနွေးတိုင်ပင်ရပါမယ်။

*Cognitive behavior therapy (CBT) သိရှိမှုနှင့် အပြုအမူထိန်းသိမ်းတဲ့ ကုထုံး

*Relaxation and mindfulness exercises စိတ်ဖိစီးမှုလျှော့ချခြင်း၊ တရားထိုင်ခြင်း တို့ဖြင့်လည်း ကုသနိုင်ပါတယ်။

*Medications: ဆေးတွေအနေနဲ့ကတော့ နာတာသက်သာအောင်၊ စိတ်ပူပန်မှုလျော့နည်းအောင်၊ စိတ်ဓာတ်မကျအောင်၊ အိပ်ပျော်အောင် ၊ ခေါင်းမကိုက်အောင် ပေးထားလို့ရပါတယ်။

ဒီထဲမှာ မလိုအပ်ဘဲ အတက်ကျဆေး လုံးဝမသောက်သင့်ပါဘူး။ ဘာလို့ဆို တကယ်အတက်ရောဂါမဟုတ်တဲ့ အတွက်ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရှာဖွေလို့မရနိုင်တဲ့ရောဂါတစ်မျိုး
ဖြစ်ပြီး သရုပ်ဆောင်နေတယ် အတုလုပ်ပြောတယ်၊ လုပ်ပြတယ် ဆိုကာ လူနာများကို မပစ်ပယ်ထားပဲ လိုအပ်တဲ့ ကုသမှုများ ပေးသင့်ပါကြောင်း အသိပညာမျှဝေလိုက်ပါတယ်။

29. 10. 2025
Dr. Neuro

Photos from Dr.Neuro Lecture Room's post 24/10/2025

အကြောင်းအရင်းလေးတွေ သိခြင်းဖြင့်
ကုသရှောင်ရှားနိုင်ဖို့ပါ

Photos from Dr.Neuro's post 20/10/2025

"Dementia"

"မှတ်ဉာဏ်လျော့နည်းလာခြင်း"

Dementia ဆိုတာ တွေးခေါ်မှု၊ မှတ်သားနိုင်မှု၊ ကျိုးကြောင်းစီစဉ်နိုင်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်အခြေအနေ၊ ပြုမူလှုပ်ရှားမှုများကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ ထို့ကြောင့် နေ့စဉ်ဘဝရဲ့လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေပါတယ်။

အဖြစ်အများဆုံး ရောဂါကတော့ Alzheimer’s disease အယ်လ်ဇိုင်းမား ရောဂါဖြစ်ပါတယ်။

အခြား သိသာထင်ရှားသော အကြောင်းအရာများကတော့
1. Vascular dementia သွေးကြောပိတ်ခြင်းနှင့်ဆက်စပ်ပြီး နောက်ဆက်တွဲ ဖြစ်သော Dementia

2. Dementia with Lewy bodies Lewy bodiesဟုခေါ်သော Dementia ဖြစ်စေသော ပရိုတင်းပစ္စည်း ဦးနှောက်ထဲတွင် စုပုံလာခြင်း

3. Frontotemporal dementia ဦးနှောက်ရှေ့နှင့်ဘေးတွင်ရှိသော အစိတ်အပိုင်းနှင့် ဆက်စပ်သော
Dementia

4. Mixed dementia အမျိုးအစားများရောနေသော Dementia

5. Dementia due to Parkinson’s disease ပါကင်ဆန်ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးမှ ဖြစ်ပေါ်လာသော Dementia

6. Dementia-like conditions due to reversible causes ကုသပါကပြန်လည်ကောင်းမွန်နိုင်သော ရောဂါများ ( ရှေ့ 16.10.2025 တွင်ရေးထားပေးပြီးသော အချက်များ)

Who gets dementia? ဘယ်သူတွေ ဖြစ်နိုင်ပါလဲ

အသက် 65 နှစ်အထက်ဖြစ်တဲ့ လူကြီးများရဲ့ 5-8% ဟာ တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာများကြောင့် Dementia ဖြစ်နေကြပါတယ်။ 5 နှစ်ကြီးလာတိုင်းကြီးလာတိုင်း ဖြစ်နိုင်ခြေက 2 ဆထိမြင့်တက်လာပါတယ်။

ခန့်မှန်းခြေအရ အသက် 85 နှစ် နင့် အထက် ရှိသူများရဲ့ 50% ဟာ Dementia ဖြစ်တတ်ကြပါတယ်။

Alzheimer’s disease အယ်လ်ဇိုင်းမား ရောဂါနှင့် ဆက်စပ်သော dementias များမှာ လူမျိုးလိုက်ပြီး ဖြစ်နိုင်ခြေတွေ မတူကြပါဘူး။
အောက်ပါတို့ဖြစ်ပါတယ်။
Blacks: 14%
Hispanics: 12%
Non-Hispanic whites: 10%
American Indian and Alaska Natives: 9%
Asian and Pacific Islanders: 8%

2060 မှာ CDC ရဲ့ ခန့်မှန်းချက်အရ 14 သန်းသော လူများဟာ dementia ဖြစ်နိုင်ပါတယ်။ ဒီအရေအတွက်ဟာ US လူဦးရေရဲ့ 3.3% လောက်ရှိပါတယ်။

ပုံမှန် အသက်ကြီးလာလို့ တချို့သော အကြောင်းအရာလေးများ မေ့ခြင်းဟာ သဘာဝအရ ဦးနှောက်ဆဲလ်လေးတွေ သေဆုံးသွားခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ယုံမျှနှင့် နေ့စဉ်ဘဝကို မထိခိုက်တတ်ပါဘူး။ ဒါကြောင့် တချို့သောမေ့ခြင်းများကို dementia လို့ ရောဂါနာမည်တပ်လို့မရပါဘူး။

ဥပမာ ပြောရမယ်ဆိုရင် သော့အိမ်မှာကျန်ခဲ့တာမျိုးဟာ ရိုးရိုးမေ့ခြင်းသာဖြစ်ပြီး သော့ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမေ့သွားခြင်းမျိုးက dementia စဖြစ်နေပြီဆိုတာကို ရည်ညွှန်းပါတယ်။

ဒါကြောင့် Dementia ဟာ သဘာဝ အသက်ကြီးလို့ မေ့ခြင်းမဟုတ်ဘဲ ရောဂါဖြစ်ပါတယ်။

Dementias ကို 3 မျိုး ခွဲခြားလို့ရပါတယ်။

1. Primary (diseases and conditions in which dementia is the main illness) မှတ်ဉာဏ်လျော့နည်းလာခြင်းကိုယ်တိုင်က အဓိကရောဂါနှင့်စခြင်း

2. Secondary (dementia due to another disease or condition) တခြားအကြောင်းအရင်း အမျိုးမျိုးကြောင့် မှတ်ဉာဏ်လျော့နည်းလာခြင်း

3. Reversible dementia-like symptoms caused by other illnesses or causes
အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်ပြီး ကုသပါက ပြန်လည်ကောင်းမွန်နိုင်သော မှတ်ဉာဏ်လျော့နည်းလာခြင်း

1. Primary dementia

*Alzheimer’s disease: အယ်လ်ဇိုင်းမား

အဖြစ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။ အမျိုးအစားအားလုံးရဲ့ 60-80% ရှိပါတယ်။
မူမမှန်သော ပရိုတင်းများ(tau and amyloid proteins) ဦးနှောက်ဆဲလ်များတွင်စုပုံလာခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းတို့ကြောင့် ဦးနှောက်ဆဲလ်များကြား ဆက်သွယ်ဆောင်ရွက်နိုင်မှု ပျက်စီးစေပါတယ်။ ဦးနှောက်ဆဲလ်များတနေရာမှ စပြီးသေဆုံးတာနဲ့ တပြိုင်နက် တခြားနေရာမှ ဦးနှောက်ဆဲလ်များပါ ပျံ့နံ့ သေဆုံးသွားကြပါတယ်။
လက္ခဏာများကတော့ short-term memory loss ခုပြောခုမေ့၊ ခုလုပ်ခုမေ့ ဖြစ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူအနေအထိုင် ပြောင်းလဲလာခြင်း၊ ဟိုးအရင်အရမ်းကြာနေသော မှတ်ဉာဏ်များ မှတ်မိလာခြင်း၊ စကားပြောရခက်ခဲလာခြင်းနှင့် အချိန်ကြာလာပါက လမ်းလျှောက်ရခက်ခဲသည်အထိဖြစ်လာနိုင်ခြင်းတို့ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် 10% သော အသက် 65 နှစ်အထက်ရှိသူများနှင့် 50% ရာခိုင်နှုန်းသော အသက် 85 နှစ်အထက်ရှိသူများဟာ ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်ပါတယ်။

*Vascular dementia: သွေးကြောပိတ်ခြင်းနှင့်ဆက်စပ်ပြီး နောက်ဆက်တွဲ ဖြစ်သော Dementia

ဒုတိယ အဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။
လေဖြတ်ဖူးခြင်း၊ သွေးကြောအဆီများဖုံးခြင်း တို့ဟာ ဖြစ်စေသော အကြောင်းအရင်းများဖြစ်ပါတယ်။
မှတ်ဉာဏ်ပြဿနာများ၊ ဇဝေဇဝါဖြစ်ခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မလုပ်နိုင်ခြင်း တို့ဖြစ်ပါတယ်။
ဒီလို ရုတ်တရက် မှတ်ဉာဏ်ပြဿနာများ ဖြစ်လာခြင်းသည် ယခင် လေဖြတ်ခြင်းမှာ ဖြစ်သော ဧရိယာကြီးမားတာနဲ့ ဆိုင်ပြီး ဖြေးဖြေးချင်း အဆင့်ဆင့် မှတ်ဉာဏ်ပြဿနာများ ဖြစ်လာခြင်းသည် မသိသာသော လေဖြတ်အသေးစားလေးများ အထူးသဖြင့် သွေးကြောသေးလေးတွေပိတ်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

ဖြစ်စေသော အကြောင်းအရင်းများကတော့ သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်း၊ သွေးတွင်းကိုယ်လက်စထရောလ်များခြင်း ဖြစ်ပါတယ်။ 15% to 25% သော မှတ်ဉာဏ်လျော့နည်းလာသူများဟာ အထက်ပါအကြောင်းကြောင့်ဖြစ်ခြင်းဖြစ်ပါတယ်။

*Lewy body dementia: Lewy bodiesဟုခေါ်သော Dementia ဖြစ်စေသော ပရိုတင်းပစ္စည်း ဦးနှောက်ထဲတွင် စုပုံလာခြင်း

၎င်း ပရိုတင်းဟာလည်း စုပုံပါများလာတဲ့ အခါဦးနှောက်ဆဲလ်များကို သေစေပါတယ်။
လက္ခဏာများကတော့ လှုပ်ရှားမှုနှင့် ကိုယ်နေဟန်ထိန်းခြင်းပြဿနာများ၊ အိပ်ခြင်းနှင့်ဆိုင်သောပြောင်းလဲမှုများ၊ မှတ်ဉာဏ်ပြဿနာများ၊ အစီအစဉ်ရေးဆွဲခြင်း၊ ပြဿာနာဖြေရှင်းခြင်းတို့၌ ကောင်းမွန်စွာ မလုပ်နိုင်ခြင်း၊ အမြင်အာရုံ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မရှိတာကို အရှိလုပ်တတ်ခြင်း တို့ဖြစ်ပါတယ်။ ဖြစ်ပွားမှုနှုန်းက
တော့ 5- 10% ရှိပါတယ်။

*Frontotemporal dementia (FTD): ဦးနှောက်ရှေ့နှင့်ဘေးတွင်ရှိသော အစိတ်အပိုင်းနှင့် ဆက်စပ်သော Dementia

ဦးနှောက်တွင်းရှိ frontal အရှေ့ခြမ်းနှင့် temporal ဘေးခြမ်း အစိတ်အပိုင်းများတွင် ပုံမမှန်သော ပရိုတင်းများ စုပုံလာခြင်းကြောင့် ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း၊ ဘာသာစကားပြောဆိုရာတွင် ပြောခြင်း၊ နားလည်ခြင်း နှင့် ပုံမှန်သုံးနေကျ စကားလုံးများကို မေ့ခြင်းနှင့် လှုပ်ရှားမှုတွင် ဟန်ချက်ညီလှုပ်ရှားမှု မလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ Dementia အားလုံးရဲ့ 5-6% ဖြစ်တတ်ပါတယ်။ အသက် 45-64 ထိဖြစ်တတ်သော အသက်ငယ်ငယ်နှင့် ဖြစ်သော အမျိုးအစား တွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါတယ်။

*Mixed dementia: အမျိုးအစားများရောနေသော Dementia

အမျိုးအစား နှစ်ခုနှင့် အထက်ပေါင်းပြီး ဖြစ်နေတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ Alzheimer’s disease နဲ့ vascular dementia ပေါင်းဖြစ်ခြင်းဖြစ်ပါတယ်။ အသက် 80 အထက်မှာ ပိုတွေ့ရတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပါက ခွဲခြားရခက်ခဲတတ်ပါတယ်။ ခုလို ပေါင်းဖြစ်နေတဲ့ လူတစ်ယောက်ဟာ တစ်မျိုးထဲ ဖြစ်တဲ့ လူထက်ပို၍ မှတ်ဉာဏ်လျော့နည်းတာ မြန်တာတွေ့ရပါတယ်။

2. Dementia due to other diseases and conditions တခြားအကြောင်းအရင်း အမျိုးမျိုးကြောင့် မှတ်ဉာဏ်လျော့နည်းလာခြင်း

* Huntington’s disease:
Gene တစ်ခု ပုံမမှန်ခြင်းကြောင့် မျိုးရိုးကြောင့် ဖြစ်တာဖြစ်ပါတယ်။ အဓိက ထိတဲ့နေရာကတော့ ကိုယ်နေဟန်လှုပ်ရှားမှုကိုထိန်းချုပ်ခြင်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာများ၊ ဆုံးဖြတ်ချက်ချတဲ့နေရာများ၊ မှတ်ဉာဏ်နဲ့ ဆက်စပ်မှုနှင့် ကိုယ်ရည်ကိုယ်သွေး စသည်တို့ကို ထိခိုက်စေခြင်းဖြစ်ပါတယ်။

* Parkinson’s disease:
တုံတောင့်တင်းရောဂါ ရဲ့ နောက်ဆုံးအဆင့်များရောက်တဲ့အခါ ဒီလို ဖြစ်စဉ်တွေနဲ့ ကြုံတွေ့ရပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်လျော့နည်းလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စကားပြောရခက်ခဲခြင်း၊ မရှိတာကို အရှိလုပ်ခြင်းနှင့် ရှိသည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်း တို့ တွေ့ရပါတယ်။

*Creutzfeldt-Jakob disease:
Prion ဟုခေါ်သော မူမမှန် ပရိုတင်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ရှားပါးတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ စဉ်းစားတွေးတောခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ အစီအစဉ်ရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း၊ အမူအကျင့်များ ပြောင်းလဲလာခြင်းတို့ဖြစ်ပါတယ်။ ဇဝေဇဝါဖြစ်ခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်တတ်ပါတယ်။

*Wernicke-Korsakoff syndrome:

ဗီတာမင် B1 ချို့တဲ့ ခြင်းကြောင့် ဖြစ်သော ရောဂါတစ်မျိုး
ဖြစ်နိုင်ခြေအများဆုံးကတော့ အရက်အလွန်အကျွံ သောက်လို့ဖြစ်ပါတယ်။ အဟာရမပြည့်စုံခြင်း၊ နာတာရှည် ရောဂါတစ်မျိုးမျိုး ခံစားနေရသူများမှာလည်း တွေ့ရတတ်ပါတယ်။
ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း၊ ကြွက်သားလှုပ်ရှားမှုများ စုပေါင်းလုပ်ဆောင်နိုင်မှုမရှိခြင်း၊ သိတဲ့အသိကို ပြန်လည်သုံးသပ်စဉ်းစားရာ၌ခက်ခဲခြင်း၊ အသစ်အသစ်များသင်ယူ၍မရခြင်း၊
အရာဝတ္ထုများကို မမှတ်မိခြင်း တို့တွေ့ရပါတယ်။

*Traumatic brain injury:
ဦးခေါင်းကို ခဏခဏ အထိုးခံ၊ အရိုက်ခံရခြင်းကြောင့် ဖြစ်ခြင်း
ဘောလုံးသမားများ၊ လက်ဝှေ့သမားများ၊ စစ်သားများ၊ ယာဉ်မတော်တဆမှုရှိခဲ့ဖူးသူများမှာ အတွေ့ရများပါတယ်။ အချိန်ကာလကြာမှ ဖြစ်တတ်ပြီး မှတ်ဉာဏ်၊ အပြုအမူ၊ စိတ်အနေအထား၊ ပြောဆိုမှုတို့မှာ ပြောင်းလဲမှု၊ ခက်ခဲမှု ပြဿနာများ ဖြစ်တတ်ပြီး ခေါင်းကိုက်တာနဲ့လည်း တွဲတွေ့ရတတ်ပါတယ်။

3. Dementias due to reversible causes
Some conditions can cause dementia-like
အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်ပြီး ကုသပါက ပြန်လည်ကောင်းမွန်နိုင်သော မှတ်ဉာဏ်လျော့နည်းလာခြင်း

( ရှေ့ 16.10.2025 တွင်ရေးထားပေးပြီးသော အချက်များ)

Dementia ရဲ့ ဘုံတူညီတဲ့ အဓိက လက္ခဏာ များကတော့
1. လောလောလတ်လတ် ဖြစ်စဉ်များ၊ သတင်းစကားများမေ့ခြင်း
2. မေးခွန်း တစ်ခုကို အချိန်တိုအတွင်း ထပ်ခါထပ်ခါမေးခြင်း၊ ဖြေခြင်း
3. သုံးနေကျ အရာဝတ္ထုများကို နေရာမှားထားခြင်း၊ ပုံမှန်မဟုတ်သောနေရာမှာထားခြင်း
4. လ၊ နှစ်၊ ရာသီ တို့ကို မေ့နေခြင်း
5. စကားအမှန်ပြောထွက်လာဖို့ ခက်ခဲခြင်
6. စိတ်အခြေအနေ၊ ကိုယ်အမူအရာ၊ စိတ်ဝင်စားမှု ပြောင်းလဲလာခြင်း

ပိုဆိုးလာတဲ့ အခြေအနေများကတော့ မှတ်မိနိုင်မှုပိုမိုကျဆင်းလာခြင်း၊ စကားလုံးအမှန်ကို ရွေးချယ်သုံးနိုင်မှု ခက်ခဲလာခြင်း၊ မပြောနိုင်ခြင်း၊ နေ့စဉ်လုပ်ဆောင်မှုများ၌ အခက်တွေ့လာခြင်း ဥပမာ - သွားတိုက်ခြင်း၊ ကော်ဖီဖျော်ခြင်း၊ တီဗီအဝေးထိန်းခလုတ် remote control ကို ကိုင်တွယ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ သမားရိုးကျစဉ်းစားတွေးခေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများ လျော့နည်းလာခြင်း၊ အိပ်ခြင်းနှင့် ပတ်သက်သောပြောင်းလဲမှုများ၊ စိတ်ပူပန်မှုပိုတိုးလာခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ လုပ်ကိုင်ရာ၌တွန့်ဆုတ်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ သံသယများခြင်းတို့အပြင် နေ့စဉ် စားခြင်း၊ အိမ်သာသွားခြင်း၊ ရေချိုးခြင်းတို့တွင် အကူအညီများ ပို၍လိုအပ်လာပါတယ်။ မရှိတာကို အရှိလုပ်ခြင်းတွေပါ ဖြစ်လာပါတယ်။

* Diagnosis and Tests

ရောဂါဘယ်လို ရှာကြမလဲ။ ခက်ခဲမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရာများသလို ပူးတွဲလည်း တွေ့ရှိတတ်လို့ ဖြစ်ပါတယ်။
ဒါကြောင့် ရောဂါရာဇဝင်ဟာ အရေးကြီးပါတယ်။ ဘယ်လိုအဆင့်ဆင့် ဖြစ်ပေါ်လာပါသလဲ၊
ရောဂါရာဇဝင်၊ လက်ရှိသောက်နေသောဆေးဝါးများ၊ မျိုးရိုးရှိမရှိ စသည်တို့ မေးရပါတယ်။
Memory နဲ့ ဆိုင်သော မေးခွန်းများ၊ လိုအပ်သော ဆေးစစ်မှုများ၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ ပါဝင်ပါတယ်။

* Management and Treatment
Is dementia treatable?
ဘယ်လိုကုကြမလဲ
အဓိကက ပျောက်နိုင်လား၊ ပြန်ကောင်းမှာလား၊ ကုလို့ရလား ဒါကိုအရင်ခွဲရပါမယ်။
First, it’s important to understand the terms “treatable,” “reversible” and “curable.”

အတော်များများကို ကုသနိုင်ကြပါတယ်။ လက္ခဏာများကို လျော့နည်းစေအောင် ကူညီနိုင်ပါတယ်။
အများစုကတော့ အရှင်းမပျောက်ပါဘူး၊၊လူကောင်းလိုပြန်လည်မကောင်းမွန်ကြပါဘူး။ တချို့ အကျိုးကျေးဇူးရှိယုံလောက်ပဲ ပေးနိုင်ကြပါတယ်။

ဆေးတွေကတော့ အဖြစ်အများဆုံး Alzheimer's disease နှင့် dementia အတွက် ရည်ရွယ်ထုတ်ထားတာဖြစ်ပါတယ်။ အတော်သင့် အကျိုးကျေးဇူးလည်းရပါတယ်။

Cholinesterase inhibitors, including donepezil , rivastigmine and galantamine.
NMDA receptor antagonist memantine,
Anti-amyloid antibody aducanumab တို့ဖြစ်ပါတယ်။

မှတ်ဉာဏ်လျော့နည်းလာမှုကို ငြိမ်အောင်၊ တိုးတက်အောင် အနည်းငယ်မျှ လုပ်ဆောင်ပေးနိုင်ပါတယ်။ အရှင်းပျောက်အောင်မကုနိုင် ၊ ရောဂါပိုဆိုးမှုကို မတားနိုင်သော်လည်း ဖြစ်စဉ်ကိုတော့ နှေးသွားစေပါတယ်။

တခြားလိုအပ်သော စိတ်တိုစိတ်ဆတ်မှုများ၊ စိတ်ဓာတ်ကျခြင်းနှင့် အိပ်ခြင်းနှင့်ပတ်သက်သော ပြဿနာများအတွက် သင့်တော်တဲ့ ဆေးဝါးများ ပေးထားလို့ရပါတယ်။

Dementia ဖြစ်နေတဲ့ လူတွေမှာ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိတဲ့အတွက် စောင့်ရှောက်မှု ပေးနေသောသူများက အထူးဂရုစိုက်ရပါမယ်။ ဥပမာ-
ရေဓာတ်ခမ်းခြောက်ခြင်း၊ အဟာရနည်းခြင်း၊ အိပ်ယာနာဖြစ်ခြင်း၊ ချော်လဲမှုကြောင့် ထိခိုက်မှုများရှိခြင်း၊ အရိုးကျိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အဆုတ်ရောင်ရမ်းခြင်း (အဘယ်ကြောင့်ဆိုသော် အစာသီးခြင်းကြောင့် ဖြစ်တတ်ပါတယ်)၊ ပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။

*ဘယ်လိုကာကွယ်ကြမလဲ?

တကယ်တော့ ကာကွယ်လို့မရပါဘူး။ သို့သော် အချို့သော အမျိုးအစားတွေမှာ ကျန်းမာရေးအလေးပေးသော လူနေမှုစတိုင်လ်နေခြင်းဖြင့် ဖြစ်စေသော အကြောင်းအရာများကို လျော့နည်းစေပါတယ်။

သွေးတွင်း အဆီမများအောင် ဂရုစိုက်ခြင်း၊ သွေးပေါင်မတက်‌အောင်ထိန်းထားခြင်း၊ အချိုလျှော့စားခြင်း၊ ကိုယ်အလေးချိန်သင့်တင့်အောင်ထားရှိခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အစားအစာများကို မျှတအောင်စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ တရားထိုင်ခြင်း တို့လုပ်ပေးခြင်းဖြင့်
ဖြစ်ပွားမှုကို အနည်းနဲ့အများ ကာကွယ်သွားနိုင်ကြောင်း အသိပညာမျှဝေလိုက်ပါတယ်

20. 10. 2025
Dr. Neuro

Photos from Dr.Neuro Lecture Room's post 18/10/2025

သတိထားရမည့်အချက်များ

Photos from Dr.Neuro's post 16/10/2025

"Reversible Causes of Dementia"

"ပြန်လည်ကောင်းမွန်နိုင်သော မှတ်ဉာဏ်လျော့နည်းလာခြင်း အကြောင်းများ"

အစ်ကို တစ်ယောက်က ပြောတယ် ၊ မှတ်ဉာဏ်လျော့နည်းလာခြင်း Dementia အကြောင်း ရေးစေချင်တယ်။ ကာကွယ်လို့ရတဲ့နည်းလမ်း ရှိလားတဲ့။ ဒါကြောင့် ပြန်လည်ကောင်းမွန်နိုင်သော အကြောင်းအရာများကို ပြောဖို့သတိရသွားတာနဲ့ ခု
‌ခေါင်းစဉ်လေးကို ရေးတာဖြစ်ပါတယ်။

Dementia အကြောင်း သီးသန့်က နောက်မှ ထပ်ရေးပေးပါမယ်နော်။ literature များတာမို့ အချိန်နည်းနည်းယူပြီးမှ ရေးပေးပါမယ်နော်။

တချို့သော ရောဂါများဟာ မှတ်ဉာဏ်လျော့နည်းလာခြင်းနှင့် အစပြုတာရှိသလို နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်လာတာတွေလည်းရှိတတ်ပါတယ်။ ဖြစ်စဉ်တွေ တူပေမယ့် အသက်ကြီးလာလို့ ရှောင်လွှဲလို့မရတဲ့ ရောဂါများနှင့် ကုထုံးအတိအကျမရှိသော ရောဂါများရှိတတ်သော်လည်း မှတ်ဉာဏ် ရုတ်တရက်ချို့ယွင်းလာတာ၊ အဲ့တာကိုသတိထားမိတာ၊ ဖြေးဖြေးချင်းဖြစ်လာတာတွေဟာ ရှာဖွေစမ်းသပ်ရင်း တွေ့ရှိပြီး ကုသလိုက်တဲ့အခါအကောင်းပကတိအတိုင်း ပြန်ရစေသော ရောဂါများးလည်း ရှိပါတယ်။

အောက်ပါတို့ကတော့ ပြန်ကောင်းနိုင်သော
‌အကြောင်းအရာများဖြစ်ပါတယ်။

1.Normal pressure hydrocephalus (NPH)
ဦးနှောက်အတွင်းရှိ CSF အရည်များ ဦးနှောက်အခန်းများအတွင်းပြည့်လာခြင်း
ဖြစ်စေသောအကြောင်းအရင်းများကတော့ ဦးနှောက်ပိုးဝင်ခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ ဦးနှောက်အတွင်းသွေးထွက်ခြင်း နှင့် အရင်ဦးနှောက်ခွဲစိတ်မှုလုပ်ထားဖူးခြင်း တို့ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပါက ကိုယ်နေဟန်ချက် မမှန်ခြင်း၊ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုခက်ခဲခြင်း၊ စိတ်အတက်အကျများလွယ်ခြင်း၊ ခဏခဏလဲခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့နဲ့ တွေ့ရတတ်ပါတယ်။
ကုထုံးကတော့ ဦးနှောက်ထဲမှ CSF အရည်ကြည်များကို ပိုက်လေးနဲ့ ထုတ်ပြီး လည်ပင်းသွေးကြောအတွင်းသို့ လမ်းကြောင်းဖွင့် ထည့်ပေးခြင်းလုပ်ရပါတယ်။

2.Vitamin deficiency: ဗီတာမင် ချို့တဲ့ခြင်း

အထူးသဖြင့် အစားအသောက်ထဲတွင် ဗီတာမင် ဘီ1,ဘီ6၊ ဘီ 12၊ ကော့ပါးဓာတ်နှင့် ဗီတာမင် E တို့ ချိုတဲ့သူများတွင် အတွေ့ရများပါတယ်။

3.Infections: ပိုးဝင်ခြင်း

ရောဂါပိုးများထဲတွင် HIV, ကာလသားရောဂါ
Syphilis, Lyme ရောဂါတို့မှာ မှတ်ဉာဏ်နည်းပါးလာသော လက္ခဏာတွေနဲ့ ဆင်တူတတ်သလို အချိန်ကြာမြင့်စွာ မကုဘဲထားပါကလည်း ဖြစ်နိုင်ပါတယ်။


4.Metabolic and endocrine conditions:
ကိုယ်တွင်းဖြစ်စဉ်နှင့် ဟော်မုန်းနှင့်ဆိုင်သော အခြေအနေများ

မှတ်ဉာဏ်လျော့နည်းလာခြင်းနှင့် ဆင်တူတဲ့အ
‌ခြေအနေများဖြစ်သော Addison’s disease, Cushing’s disease, low blood sugar သွေးတွင်းအချိုဓာတ်နည်းခြင်း(hypoglycemia) exposure to heavy metals သတ္တုပစ္စည်းများနှင့်ထိတွေ့မှုများခြင်း အာဆင်းနစ်၊ မာကျူရီ(like arsenic or mercury), high calcium levels (hypercalcemia, often due to hyperparathyroidism) ပါရာသိုင်းရိုက်ဟော်မုန်းများလို့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်း ကယ်လ်စီယမ်များခြင်း၊ အသည်းခြောက်ခြင်း၊ လည်ပင်ကြီးရောဂါဖြစ်ခြင်း အထူးသဖြင့် သ်ိုင်းရွိုက်ဟော်မုန်းနည်း
ဖြစ်ခြင်း

5.Medication side effects:
ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

တချို့သောဆေးများဟာ တချို့သော သူများအတွက် ပို၍ဖြစ်စေတတ်ပါတယ်။

အိပ်ဆေးများ၊ စိတ်ပူပန်မှုလျော့အောင်ပေးသော စိတ်ငြိမ်ဆေးများ၊ စိတ်ဓာတ်မကျအောင်ပေးသောဆေးများ၊ အတက်ကျဆေးများ၊ ပါကင်ဆန်ရောဂါအတွက်ဆေးများ၊ မူးယစ်ဆေးများ၊ မူးယစ်စေသောဓာတ်ပါတဲ့ အကိုက်အခဲပျောက်ဆေးများ တို့ဖြစ်ပါတယ်။ ဒီလို အခြေအနေဖြစ်လာပါက သောက်နေသောဆေးများကို သေချာ စိစစ်ပြန် ကြည့်ရပါမယ်။

6. Other causes:
အခြားအကြောင်းအရင်းများဖြစ်တဲ့
ဦးနှောက်အကျိတ်ဖြစ်ခြင်းနှင့် ဦးနှောက်ပြင်
ပ ဦး‌နှောက်နှင့် ၎င်း၏အမြေှပါးကြား သွေးခဲခြင်း subdural hematoma တို့ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအချင်းအရာများ သိရပြီးပါက မှတ်ဉာဏ်လျော့နည်းလာသည်ဟုခံစားရပါက သက်ဆိုင်ရာဆရာဝန်နှင့် အမြန်တိုင်ပင်ပြသပြီး ထိုအခြေအနေကို ကာကွယ်ကုသကျော်လွှားနိုင်ပါမယ်ဆိုတာ အသိပညာမျှဝေလိုက်ပါတယ်။

16.10.2025
Dr. Neuro

11/10/2025

" အကိုက်အခဲပျောက်ဆေးဓာတ်မတည့်၍ shock ရခြင်း"

"Diclofenac shock"

ဘာလို့ ဒီခေါင်းစဉ်လေးကို ရေးဖြစ်လဲ ဆိုတော့ မိုးရာသီ နှာစေး ချောင်းဆိုး ဖျားကျ တယ်။ အဖျားတွေက တော်တော်နဲ့ မကျဘဲ ရက်ကြာတတ်တယ်။ ဒါနဲ့ အရပ်အခေါ် တင်ပါးဆေး သို့မဟုတ် အသားဆေး ထိုးမှ သက်သာတယ်ပြောပြီး ထိုးနေကြလို့ရယ်၊ ဆေးထိုးမှ သက်သာတယ်ထင်တဲ့ အစဉ်အလာ ရှိကြတဲ့ သူတွေ ရယ်အတွက် ရည်ရွယ်ပါတယ်။

📱ဖုန်းတစ်ခု ဝင်လာပါတယ်။ သမီးရေ အသိတစ်ယောက် သွေးပေါင်တွေတအားကျပြီး ဆရာမလေးက drip ပုလင်းတစ်လုံးချိတ်ပြီး ဆေးရုံ လွှဲပေးလိုက်တာ ၊ ဆေးရုံပေါ်ရောက်တော့ drip ပုလင်း 6 ပုလင်း ထပ်ချိတ်ရတယ်။ လူကနုန်းနေပြီး စကားတောင်ပြောရအားမရှိဖြစ်သွားတယ်။
ချွေးတွေ ထွက်တာ သုတ်လို့မနိုင်ဘူး။ အဲ့ဒီ ပုလင်းကြီးတွေ ချိတ်ပြီးမှ တော်တော် သက်သာသွားတယ်။ အဲ့တာဘာဖြစ်တာလဲဟင်တဲ့။

Me : ချွေးတွေ တအားထွက်ပြီးမှ ဖြစ်တယ်ဆိုတော့ အဖျားကျဆေးထိုးလိုက်လို့လားဟင်

📱ဟုတ်တယ် အဲ့ဆေးထိုးပြီးမှ ဖြစ်သွားတာ။ ဖျားနေတာ 2-3 ရက်ရှိပြီ။ ဆေးစားတာမသက်သာလို့ အဖျားကျဆေး ထိုးလိုက်တာတဲ့။

Me : အဲ့ဆိုရင်တော့ အဖျားကျဆေး Diclofenac ဖြစ်ဖို့များတယ်။ အဲ့ဆေးနဲ့ ဓာတ်မတည့်ဘဲ shock
ရသွားတာဖြစ်မယ်။ တော်သေးတယ်။ ဆရာမလေးရှိပြီး drip ချိတ် ဆေးရုံသွားဖြေဆေးထိုးတော့ အချိန်မှီပြီး အဆင်ပြေသွားတယ်နော်။ ဒါကြောင့်မို့ ထိုးပေးတဲ့ ဆေးကို သေချာမှတ်ထားနော်။ ဆေးရုံဆေးခန်းသွားတဲ့အခါ အဲ့ဒါနဲ့ မတည့်ဘူးဆိုတာပြောပြပေးရပါမယ်။

Diclofenac ဆိုတာ အကိုက်အခဲပျောက်ဆေး တစ်မျိုးပါ။ အဖျားကျဆေးနှင့် မည်သည့်အကြောင်းကြောင့် နာကျဉ်စေသော ရောဂါများမှာ အသုံပြုကြပါတယ်။ သောက်ဆေး၊ ထိုးဆေး ( အသားဆေူ၊ အကြောဆေး၊ အရိုးတွင်းထိုးဆေး ) အနေနဲ့ သုံးကြပါတယ်။ တခြား အကိုက်အခဲပျောက်ဆေးများနှင့် ယှဉ်လျှင် ဓာတ်မတည့်မှု ဖြစ်ခဲသော်လည်း ထိုဆေးကြောင့်ပဲ anaphylaxis or shock လည်းရတတ်ပါတယ်။

ဖြစ်စေသော အကြောင်းမှာ IgE ကြောင့်ဖြစ်သောအချိန်အနည်းငယ်ကြာမှ ဖြစ်တတ်သောဓာတ်မတည့်မှုဖြစ်စဉ် ကြောင့်ဖြစ်ပါတယ်။

အရင်အကိုက်အခဲပျောက်ဆေးများနှင့် မတည့်သောသူများ၊ ဆေးများနှင့် ဓာတ်မတည့်တတ်သူများ၊ asthma ရင်ကျပ်ရောဂါရှိထားသူများနှင့် autoimmune ရောဂါရှိသူများမှာ တွေ့ရတတ်ပါတယ်။ ဖြစ်ပွားတတ်တဲ့နှုန်းကတော့ သေချာတိုင်းတာ၍မရပေ။

ဓာတ်မတည့်မှုဖြစ်စဉ်ဟာ ယားယံခြင်း၊ အပိန့်ထွက်ခြင်း၊ အရေပြားရောင်ရမ်းခြင်းမှစ၍ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ပျို့အန်ခြင်း အသက်ရှူကျပ်ခြင်း၊ အသက်ရှူလျှင်အသံမြည်ခြင်း၊ လေပြွန်ပိတ်ခြင်း၊ နှလုံးခုန်မြန်ခြင်း ၊သွေးပေါင်ချိန်ကျခြင်း၊ shock ရခြင်းတို့အထိဖြစ်တတ်ပါတယ်။

ဆေးစား ဆေးထိုးပြီး ထိုကဲ့သို့ ဖြစ်လာပါက သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပြသရပါမည်။

အဓိကကတော့ ထိုသို့ဖြစ်ပေါ်လာပါက စားနေထိုးနေသောဆေးကို ရပ်လိုက်ပါ။
Adrenaline လို့ခေါ်တဲ့ ဖြေဆေးကို အမြန်ထိုးရပါမည်။ လိုအက်ပါက အောက်ဆီဂျင်ပေးရပါမယ်။ Burmeton ထိုးဆေးထိုးပေးရမှာဖြစ်သလို shock ရပြီး ချွေးတွေတအားထွက်ပါက သွေးကြောတွင်း ဆေးသွင်းခြင်း drip ပုလင်းများ ဆောင်ထားပြီး အမြန်သွင်းပေးရပါမည်။

ဒါကြောင့်မို့ ဖြစ်ခဲသော်လည်း ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ဖို့ လိုကြောင်းနှင့်မိမိဖြစ်စဉ်မှတ်ထားပြီး ဆေးရုံဆေးခန်းသွားတဲ့အခါ ပြောပြဖို့လိုအပ်ကြောင်း အသိပညာမျှဝေလိုက်ပါတယ်။

11. 10. 2025
Dr. Neuro

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon