Nu Nu Aye online shop

Nu Nu Aye online shop

Share

အဆီကျအသားကြည်စေတဲ့ဆေးပါ

23/01/2023

ခြေဖျားအေးတာဘာကြောင့်လဲ....??
=========================
ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။

ဒီလို သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။

ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

ဒါတင်မက ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။

ခေါင်းအစခြေအဆုံး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းပါ။ ဂရင်းတီးထဲကို ပျားရည်လေးနည်းနည်း ထည့်ပြီး သောက်လို့ရသလို အသင့်သောက် ဂရင်းတီးအိတ်ငယ် လေးအိတ်လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင် ကြိုပြီး နွေးသွားတဲ့အခါမှာ ခြေထောက်စိမ်ပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်ကို ခြေအိတ်ခပ်ထူထူထဲ ထည့်ပြီး ခြေထောက်ကို စွပ်ကာ နှိပ်နယ်မယ်ဆိုရင်လည်း ခြေထောက်ကို အလျင်အမြန် နွေးသွားစေမှာပါ။ နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်း ခြေထောက်သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။

ခြေအေးလက်အေးဖြစ်တာက သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။

Credit

Photos from စွဲငြိ/ဟင်းချက်နည်းများ's post 29/04/2022
Photos from မြန်မာ OG ဒေါက်တာ's post 24/03/2022
Photos from Let Me Share - Irene Pretty's post 19/01/2022
Photos from 𝐓𝐡𝐚𝐭 𝐠𝐢𝐫𝐥 𝐓𝐨𝐭𝐞 𝐓𝐨𝐭𝐞's post 12/01/2022
26/12/2021

Crd: ဆရာ မင်းကျော်ဝင်း

ကိုယ်တွင်းသံချေးများကိုချောကလက်နဲ့ချေးချွတ်ပါ

အခုရက်ပိုင်းအတွင်းမှာအသိမိတ်ဆွေအတော်များများအနိစ္စရောက်ကုန်ကြပါတယ်။အသက်အရွယ်မရွေးသေနေကြတာစိတ်မကောင်းစရာဖြစ်သလိုကြောက်စရာလည်းကောင်းပါတယ်။အထူးသဖြင့်ကင်ဆာရောဂါတွေနဲ့သေနေကြတာအများဆုံးပဲ။နှလုံး၊အသည်း၊ကျောက်ကပ်ရောဂါတွေနဲ့လည်းသေကြတာပါပဲ။

အဲဒီရောဂါတွေဘာကြောင့်အလွယ်တကူဖြစ်နေကြရတာလဲ။ကျနော်တို့ရဲ့ဝမ်းဗိုက်ထဲကကလီစာတွေမှာအလွန်ကြောက်စရာကောင်းတဲ့ဖစ်စဉ်တစ်ခုဖြစ်နေတာကိုကျနော်တို့သတိမထားမိကြဘူး။အဲဒါကတော့သံချေးတက်ကြတဲ့ဖြစ်စဉ်ဘဲဖြစ်တယ်။cellတွေသံချေးတက်ပြီဆိုရင်အဲဒီcellတွေကအချိန်မရွေးကင်ဆာcellအဖြစ်ပြောင်းသွားပြီးအဖုအကျိတ်ဖြစ်သွားနိုင်ပါတယ်။ဖြစ်တဲ့နေရာကအင်္ဂါတွေမှာကင်ဆာရောဂါဖြစ်လာစေတော့တာပါပဲ။ကင်ဆာမဖြစ်လာခဲ့ရင်လည်းအဲဒီအင်္ဂါကပျက်စီးသွားနိုင်ပါတယ်။နှလုံး၊အဆုတ်၊ပန်ခရိယပ်၊အသည်း၊သရက်ရွက်၊အစာအိမ်၊အူမကြီး၊ဆီးအိမ်၊ဆီးကျိတ်၊အသည်းစသည်ပျက်စီးပြီးအသက်အန္တရာယ်ပေးနိုင်ပါတယ်။

အဲဒီလိုရောဂါတွေမဖြစ်အောင်ကျနော်တို့ဘာလုပ်ကြရမလဲ။လုပ်စရာကတစ်ခုပဲရှိပါတယ်။ကိုယ်တွင်းမှာတက်နေတဲ့သံချေးတွေကိုချေးချွတ်ဖို့ပြဲဖစ်ပါတယ်။ကိုယ်တွင်းကသံချေးတွေကိုချွတ်ဖို့တစ်ခုတည်းသောလက်နက်က Antioxidant ပါပဲ။အာဟာရထဲမှာအင်တီအောက်ဆိဒင့်အားအကောင်းဆုံးကတော့အလွန်ခါးတဲ့ချောကလက်ဖြစ်ပါတယ်။အညိုရောင်ရင့်ရင့်ချောကလက်ထဲမှာသံချေးတွေကိုဖယ်ရှားပေးနိုင်တဲ့အင်တီအောက်ဆိဒင့်တွေအများကြီးပါပါတယ်။ဒါကြောင့်အဲဒီချောကလက်အခါးကိုမကြာခဏစားပေးဖို့လိုပါတယ်။

ချောကလက်ဆိုတာကိုကိုးပင်ကရတဲ့သဘာဝကိုကိုးအမှုန့်တွေနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။Cocoa ကစွမ်းလှချည်လား၊သူ့ထဲမှာဘာတွေပါလို့လဲ။အင်မတန်မှကိုအကျိုးပြုတဲ့ပစ္စည်းတွေပါပါတယ်။ပညာရှင်တွေသုတေသနပြုလုပ်ထားချက်တွေအရကိုကိုးမှုန့်နြဲ့ပုလုပ်ထားတဲ့ချောကလက်ခါးကအောက်ပါအကျိုးကျေးဇူးတွေကိုပေးနိုင်ကြောင်းသိရပါတယ်။

(၁)အိုမင်းရင့်ရော်မှုကိုဟန့်တားပေးခြင်း

(၂)သွေးတိုးကိုချပေးနိုင်ခြေင်း

(၃)သက်စောင့်ဓာတ်မျိုးစုံကြွယ်ဝခြင်း

(၄)သွေးတွင်းသကြားLevelကိုထိန်းညှိပေးခြင်း

(၅)နှလုံးနှင့်ဦးနှောက်သို့သွေးရောက်အောင်ကူညီခြင်း

(၆)စိတ်ကျရောဂါမဖြစ်အောင်ထိန်းပေးခြင်း

(၇)နှလုံးရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

(၈)စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း

(၉)နှလုံးမပျက်စီးအောင်စောင့်ရှောက်ပေးခြင်း

(၁၀)ကော်လက်စတြောLevelကိုထိန်းညှိပေးခြင်း

(၁၁)အသားရေကိုနုပျိုလှပစေခြင်း

(၁၂)ရုပ်ရည်သန့်ပြန့်စေခြင်း

(၁၃)sexual functionများကိုနှိုးဆွပေးခြင်း

(၁၄)ကိုယ်အလေးချိန်ချပေးခြင်း

(၁၅)မှတ်ဥာဏ်ကောင်းစေခြင်း

(၁၆)ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း

(၁၇)သွေးအားကောင်းစေခြင်း

(၁၈)ဦးနှောက်လုပ်ဆောင်ချက်များကိုမြှင့်တင်ပေးခြင်း

(၁၉)ရောင်ကိုင်းမှုကိုလျှော့ချပေးခြင်း

(၂၀)အယ်ဇိုင်းမားကိုကာကွယ်ပေးခြင်း

(၂၁)အစာကြေခြင်း

(၂၂)သွေးကြောအတွင်းသွေးမခဲအောင်လုပ်ပေးခြင်း

(၂၃)ဒေါသစိတ်ကိုထိန်းပေးခြင်း

(၂၄)လေမဖြတ်အောင်ကာကွယ်ပေးခြင်း

(၂၅)စိတ်ခံစားမှုကောင်းစေခြင်း စသည်ဖြင့်များစွာသောအကျိုးကျေးဇူးတွေကိုရရှိစေတယ်လို့သုတေသနပညာရှင်များတွေ့ရှိကြပါတယ်။

Credit. ဆရာ မင်းကျော်ဝင်း

17/08/2021

ကြက်ဆီထမင်း

အရသာအမှန်ဆုံးနည်း!
ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင် 😍😍😍 အားလပ်ရက် တနင်္ဂနွေနေ့မှာ မိသားစုဆုံတုန်းလေး ကြက်ဆီထမင်း လုပ်စားကြမယ်လေ👨‍👩‍👦‍👦🆗
ကြက်ဆီထမင်းဆိုရင် တော်တော်များများ နှစ်သက်ကြသလို စားတဲ့အခါ အရသာရှိလွန်းလို့ ကလေး၊ လူကြီးအကုန် စားလို့အဆင်ပြေပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကုန်ကြေးကျလည်းသက်သာ၊ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့ ကြက်ဆီထမင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပျော်ရွှင်တဲ့ တနင်္ဂနွေဖြစ်ပါစေ 🙏🙏🙏

ပါဝင်ပစ္စည်းများ
👇👇👇👇👇👇
ကြက်သားအတွက် - ကြက်တစ်ကောင်လုံး ၈၀ ကျပ်သားခန့်
ဆား လဘက်ရည်ဇွန်း ၃ ဇွန်း
ဂျင်း လက်တစ်ဆစ် (အပြားလိုက်လှီးထားပါ)
ရေ (ကြက်သားမြုပ်အောင်ထည့်ပါ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
ထမင်းအတွက် - ဆန် ၂ ခွက်
နှမ်းဆီ ထမင်းစားဇွန်း ၁ဇွန်းခွဲ
ဂျင်း ၁ ပြား (ညက်အောင်ထောင်းထားပါ)
ကြက်သွန်နီ ဥသေး ၂ ဥ (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ အကြီး ၂ မွှာ (ထောင်းထားပါ)
ရေ (ဆန် ၂ ခွက်အတွက် ပေါင်းအိုးမှာ ချက်ရန် လိုအပ်သော ပမာဏ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
ဘိတ်ချဉ်အတွက် - ကြက်သွန်ဖြူ ၂ ဥ (အခွံခွာထောင်းထားပါ)
ငရုတ်သီးစိမ်း ၄ တောင့် (ညှပ်ထားပါ)
ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ဆော့စ်အချိုအတွက် - ကြက်ပြုတ်ရည် ၁ ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
သကြား ထမင်းစားဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက် ၁ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
တွဲဖက်စားစရာ - သခွားသီး ၂ လုံး
နံနံပင် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ကြက်အရေခွံ‌တွေကို ကြက်သားမပြုတ်ခင် ကြက်ဆီလုပ်ဖို့ သက်သက်ခွာထားပါမယ်။ ခွာပြီးရင် ကြက်တကိုယ်လုံး အတွင်းရော အပြင်ပါ မကျန် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အကျိအချွဲပြောင်အောင် ပွတ်ပေးပါ။
၂။ ပြီးရင်တော့ ဒန်အိုးထဲမှာ ကြက်သားကိုထည့်၊ ဆား ၂ ဇွန်းနဲ့ လှီးထားတဲ့ ဂျင်းပြားလေးတွေထည့်၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ လောက်တည်ထားပေးရပါမယ်။
၃။ ဖယ်ထားတဲ့ ကြက်အရေခွံတွေကို အပူပေးထားတဲ့ အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီထွက်လာအောင် လှိမ့်ပေးပါ၊ ဆီထွက်လာရင် အရေခွံတွေကို ဖယ်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာရင် ရေဆေးထားတဲ့ ဆန်ထည့်ပြီး လှိမ့်ပေးပါ။
၄။ ပြီးရင်တော့ ပေါင်းအိုးထဲ လှော်ထားတဲ့ဆန်ကို ထည့်၊ သတ်မှတ်ထားသော ရေချိန်အတိုင်း ကြက်ပြုတ်ရည်ကို ထည့်၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ထမင်းချက်သလို ချက်ပေးပါ။
၅။ ကြက်သားကို အိုးထဲက ဆယ်ပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး နောက်ထပ်အိုးသစ်တစ်ခုထဲ ၁၅ မိနစ်လောက် တည်ပေးပါ။ ပြီးရင်တော့ အနေတော်လေးလှီးပြီး ထမင်းနဲ့ အတူ သခွားသီး၊နံနံပင်တို့နဲ့ တည်ခင်းပေးပါ။
၆။ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ငံပြာရည်၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဘိတ်ချဉ်ဖျော်၊ ကြက်ဖဆော့စ် ဒါမှမဟုတ်လည်း ကြက်ပြုတ်ရည်၊ သကြားနဲ့ ပဲငံပြာရည်အနောက်ကို ဒယ်အိုးထဲ အပူပေးပြီး ရောမွှေထားတဲ့ ဆော့စ်အချိုနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါပြီ။

💗💗💗 ကြက်ဆီထမင်းလုပ်စားနည်းက စာရှည်သွား‌တော့လုပ်ရတာခက်မယ်၊ ရှုပ်မယ်ထင်ကြပေမဲ့ တကယ်တန်းလုပ်ကြည့်ရင် လွယ်ပါတယ်။ မိသားစုများတဲ့ အိမ်တွေဆိုရင် တစ်ယောက်နည်းနည်းနဲ့ ဝိုင်းလုပ်ကြရင် ပျော်စရာလည်းကောင်းသလို စားလို့လည်း တကယ့်ကို ခံတွင်းမြိန်စေပါတယ်။

❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
Credit

#ကြက်ဆီထမင်းချက်နည်း

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nu Nu Aye online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.