Angel May

Angel May

Share

Comestic/စာရေးကိရိယာ/ ကလေးကစားစရာ အရုပ်မျ?

Photos from ချမ်းမြေ့အိမ်စတိုး's post 03/06/2023

Lebelage Products လေးတွေ မင့်ဆီ အစုံရနော် 💚💛💙
မင် share ထားတဲ့ ချမ်းမြေ့အိမ် ပေ့ချ် အသစ် လေးကို လာ join ပေးကြပါအုံးရှင့်☺
အမြဲအားပေးကြသော ကာကာလေး လေးတွေအားလုံး ကျေးဇူးအများကြီးတင်ပါတယ်ရှင်🤝🤝🤝

Photos from ချမ်းမြေ့အိမ်စတိုး's post 20/05/2023

မင့်ရဲ့ Page အသစ်လေးကို like & follow ပေးပါအုံး ချစ်သောကာကာလေးတို့ရေ💙💙💙
https://m.facebook.com/story.php?story_fbid=270519625476520&id=100075554544033&sfnsn=mo&mibextid=RUbZ1f

15/05/2023

Instock ✅✅

အချိန်တိုင်း မျက်နှာသစ်ချချင်နေတာပဲ နော်
ပူလွန်းလို့ 😒😒
Dr.Face makeup remover cleansing wipes
တစ်ရှုးလေးတထုတ်ပဲ လိုတယ်..
ချွေးတေထွက်
မျက်နှာလည်း အဆီတေဝင်းလာပြီဆိုရင်
ဘယ်အချိန်ပဲဖြစ်ဖြစ်
ဘယ်နေရာဖြစ်ဖြစ်
အေးပြီး လန်းသွားအောင်
မျက်နှာလေးသန့်စင်မလား ?
မိတ်ကပ်တွေပဲ ဖျက်ချင်လား ?
လိုသလို အသုံးပြုလို့ရတဲ့
Dr.Face Cleansing wet tissue ထုတ်လေး 💗
tea tree နဲ့ လုပ်ထားတာမို့
ဝက်ခြံရှိတဲ့အသားအရေအတွက်လည်း ဘက်တီးရီးယားပိုးတွေသေစေလို့
အရမ်းသင့်တော်ပါတယ်
စိတ်ချလက်ချ သုံးလိုက်နော် 😍
တထုပ် - ၆၈၀၀ ကျပ်
အရွက် ၃၀ ပါဝင်တယ်
Made in Korea

Photos from Angel May's post 14/05/2023

Axis-Y Serum (5ml) ရောက်ပါပြီရှင့်
ဝက်ခြံ အမာရွတ် အမဲစက်တွေအတွက် အရမ်း နာမည်ကြီးပြီး Review Rating 10/10 ရနေတဲ့ AXIS -Y Dark Sport Correcting Glow Serum လေးပါ

ဝက်ခြံ / အဆီဖုပြဿနာပြီးရင် ဒုတိယ အမေးအများဆုံးကတော့ အမဲစက်နဲ့ အမာရွတ်ပါပဲ
AXIS -Y ရဲ့ Dark Spot Correcting Glow Serum လေးက ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်

သူ့ရဲ့ ingredients list ကိုကြည့်ရင်

- ဝက်ခြံ နဲ့ ယောင်ယမ်း နီမြန်းတာတွေကို သက်သာစေတဲ့ Calendula & Papaya 😍

- အသားအရေ ကြည်လင်စေပြီး skin elasticity ကိုပြုပြင်ပေးတဲ့ Sea Buckthorn & Rice 😍

- အသားရောင်မညီတာ အမဲစက်နဲ့ အမာရွတ်တွေ ပျောက်ကင်းစေဖို့ နဲ့ skin barrier ကိုကြံခိုင်စေဖို့ အဓိကကျတဲ့ Niacinamide 5% 😍

- ရေဓာတ်ဖြည့်ပေးပြီး skin ကို refresh ဖြစ်စေမဲ့ Squalene 😍

Plant Extract ၆ မျိုးကိုအဓိကထားပြီးထုတ်လုပ်ထားတာဖြစ်လို့ cruelty free & vegan friendly လဲ ဖြစ်ပါတယ်

Texture က lightweight ဖြစ်ပြီး စေးကပ်တာမျိုးလဲ မရှိလို့ light serum လို့တောင် ခေါ်ကြတယ်... EWG Certified ရထားလို့ sensitive skin တွေပါ သုံးလို့ရတယ်နော်

How to use ?

Toner သုံးပြီးတဲ့အခါ မျက်နှာတပြင်လုံးလိမ်းလို့ရသလို အမဲစက် အမာရွတ်ရှိတဲ့နေရာကိုပဲ spot treatment အနေနဲ့လဲသုံးလို့ရပါတယ်

28/04/2023

နွေရာသီမှာ အဆီပြန်သမားတွေ ရှောင်သင့်တဲ့
Skincare products များ🍂

ဟိုတလောက နွေရာသီမှာ အဆီပြန်သမားတို့အတွက် အကျိုးရှိစေမယ့် skincare products တွေဆိုပြီး ပြောခဲ့ပြီဆိုတော့ ခုတခေါက်ကတော့ ရှောင်ကြဉ်သင့်တာတွေအကြောင်းပေါ့နော်။ ပူအိုက်လောင် summer မှာ ကြည့်လိုက်ရင် မျက်နှာကအဆီတွေရွှဲပြီး ညစ်နေတာမျိုး, ဝက်ခြံအဆီဖုတွေထွက်ပြီး ချွေးပေါက်ကျယ်လာတာမျိုး မဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာပေးဖို့ မှာပါရစေ။ တခုသတိချပ်စေချင်တာကတော့ ဒီအချက်တွေကို Nyi က အဆီပြန်သူတွေအတွက်ပဲ ရည်ရွယ်ပြီး ရေးထားတာဖြစ်လို့ တချို့သော skin types တွေနဲ့ မကိုက်ညီတာမျိုးတော့ ဖြစ်နိုင်ပါတယ်နော်။ ဒါဆိုရင် ကြည့်လိုက်ရအောင်...

1. Heavy & Greasy products🌴

နံပါတ် 1 အနေနဲ့ မဖြစ်မနေရှောင်ရမှာကတော့ ခြုံငုံပြီးသွင်းပြောရရင် heavy & greasy products တွေပါ။ တနည်းအားဖြင့် disgusting ဖြစ်စရာ skincares တွေပေါ့။ ဒါတွေကို အဆီပြန်သူကအစ အသားခြောက်သူအဆုံး ရာသီဥတုမရွေး avoid လုပ်သင့်တယ်လို့ Nyi မြင်တယ်ပေါ့နော်။ ဘာလို့လဲဆို skincare ပါးဝနေတဲ့သူဆို သိတယ်, moisturizing ဖြစ်တာနဲ့ greasy ဖြစ်တာနဲ့ လုံးလုံးမတူသလို skincare ကောင်းတခုဟာလဲ well functioning ဖြစ်ဖို့ greasy ဖြစ်စရာမလိုဘူး။ Heavy ဖြစ်တာကတော့ ထားတော့, ဘယ်လို texture မျိုးမဆို ကိုယ့် skin type အတွက် too much ဖြစ်နေရင် heavy ပြောခွင့်ရှိတယ်။ ဒီမှာ အဆီပြန်တတ်သူတို့အတွက် အကြုံးဝင်မှာက ကိုယ့်အသားအရေအတွက် heavy ဖြစ်တဲ့ ပျစ်နှစ် skincares တွေ, စေးကပ် skincares တွေရှောင်ပေးဖို့ပဲနော်။ နွေရာသီမှာ လိုက်နာသင့်သော အရေးကြီးဆုံးအချက်ပါ။

2. Sleeping masks🌴

Sleeping mask ဘာလေးကောင်းလဲ? ဘာလေးသုံးသင့်လဲ? ဆိုသူတွေ ခဏနားလို့ရပါပြီ။ တချို့သော skin types များအတွက်တော့ even summer မှာတောင် အကျိုးရှိနိုင်သေးပေမဲ့ ကိုယ်ကအဆီပြန်တဲ့သူဆိုရင် ဝက်ခြံအဆီဖုထွက်တတ်ရင် ဒီရာသီမှာ sleeping masks တွေရှောင်ပေးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် sleeping masks အများစုက ညဘက်မှာ skin repair ကိုလျှော့ချနိုင်အောင် formulate လုပ်ထားတာဖြစ်တဲ့အတွက် ခုလိုရာသီနဲ့ဆို အဆီပြန်ပြီး အဖုထွက်တတ်တဲ့သူတွေအတွက် a little too much ဖြစ်မှာသေချာတယ်။ Nyi ကိုယ်တိုင်လဲ skincare မြင်ရင်မနေနိုင် သုံးစရာတွေပုံနေတဲ့ကြားက လက်လွန်ပြီးဝယ်ထားတဲ့ sleeping masks တချို့ရှိပေမဲ့ at this time, ခေါက်သိမ်းထားတယ်ပေါ့နော်။ အကုန်လုံးအတွက်တော့ မဟုတ်ပေမဲ့ အဖုပေါက်နေတယ် အဖုထွက်တတ်တယ်ဆိုရင် လိုက်နာပေးစေချင်ပါတယ်။

3. Facial oils🌴

ပြောနေဖို့တောင် မလိုပါဘူး။ To be honest with you! 5ချက်ပြည့်ချင်လို့ ထည့်ရေးထားတယ်ပေါ့နော်။ နဂိုထဲက အဆီပြန်အသားအရေတွေဆိုရင် skincare ဝယ်တဲ့အခါ oil free ဖြစ်တာမျိုးဆိုပြီး တခုပ်တရပြော‌ဝယ်ကြတယ်မလား? ဒါကြောင့်လဲ ခုလိုနွေရာသီမျိုးမှာ facial oils တွေရှောင်ဖို့အတွက် တကူးတကကြီး ပြောနေဖို့မလိုလောက်ဘူးလို့ Nyi အနေနဲ့ ယူဆတယ်။ ဈေးကွက်ထဲမှာ lightweight ဖြစ်တဲ့ oils တွေ, non-comedogenic products တွေရှိပေမဲ့လဲ ဘာပဲပြောပြော ပူလောင်အိုက်စပ်လွန်းလို့ water based skincare တောင် မနဲကပ်အောင် လိမ်းနေရတဲ့အချိန် facial oils တွေကိုတော့ တတ်နိုင်ရင် လုံးဝမသုံးစေချင်ပါဘူးနော်။ Oils သီးသန့်တင်မဟုတ်ဘဲ oils content များလွန်းတဲ့ products တွေကိုလဲ ရှောင်စေချင်ပါတယ်။ ချွင်းချက်မရှိ အဆီပြန်သူတိုင်း အဖုထွက်တတ်သူတိုင်း လိုက်နာ‌သင့်တဲ့အချက်ပါ။

4. Non foaming cleansers🌴

ဒီအချက်ကတော့ နဲနဲဒွိဟဖြစ်စရာရှိမယ်။ Let's be clear! Nyi ကိုယ်တိုင် ဒီအချက်ကို ဒီထဲမှာထည့်ရေးထားပေမဲ့ Nyi ရဲ့အဆီပြန်တဲ့ combination skin အတွက် မနက်ခင်းမှာ သုံးဖြစ်တာက အမြုပ်ထွက်အားနည်းတဲ့ cleanser မျိုးပါ။ ပြောချင်တဲ့အဓိပ္ပာယ်က အမြုပ်မထွက်တဲ့ cleanser တွေသည်လဲ အသားအရေအမျိုးအစားမရွေး including အဆီပြန်သူကအစ morning cleanser အနေနဲ့ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာအဓိကဆိုလိုချင်တာကတော့ ညဘက်သုံးမယ့် cleanser အနေနဲ့ပေါ့နော်။ အဆီပြန်တဲ့သူမှန်ရင် ခုလို summer မှာ ပုံမှန်ထက်ပိုပြီး cleansing နိုင်တဲ့ foaming cleanser မျိုးသုံးသင့်ပါတယ်။ အရမ်း gentle ဖြစ်တာသုံးနေရင် ပြောင်းသုံးသင့်တယ်ပေါ့နော်။ သေချာတာကတော့ ညဘက်မှာ အမြုပ်မထွက်တဲ့ non foaming cleanser တွေသုံးတာ ရှောင်ပေးဖို့ပါပဲ။ အဖုမထွက်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးအချက်တွေထဲက တခုဖြစ်ပါတယ်။

5. Stick balms🌴

Kdrama တခွင်ပြဲပြဲစင် Kahi balm ကစလို့ ထွက်လာလိုက်တဲ့ stick balm တွေ။ Moisture type, sunscreen type, anti-aging type စသဖြင့် စုံလို့ပါပဲ။ Visually မြင်ရတာ ကြည့်ပျော်ရှုပျော် ပနံတင့်ကောင်းတင့်နိုင်ပေမဲ့ user experience မှာတော့ သိပ်ပြီးအဆင်ပြေနိုင်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် stick balm ပုံစံဖြစ်ဖို့ရာအတွက် wax တွေ emollient တွေထည့်သွင်းအသုံးပြုရလို့ အသားခြောက်တဲ့သူတွေအတွက်တော့ ကိစ္စမရှိပေမဲ့ အဆီပြန်သူတွေအတွက်တော့ over-moisturizing & greasy look ဖြစ်ဖို့ လက်ယှက်ခေါ်နေသလိုပါပဲ။ နောက်ဆက်တွဲအနေနဲ့ အဆီပြန်ရုံမက ဝက်ခြံအဆီဖုပြဿနာပါ တသီကြီးလိုက်လာမယ်ပေါ့နော်။ လုံးဝရှောင်ဖို့မပြောချင်ပေမဲ့ သတိထားပြီးသုံးပါ။ Product ရွေးတဲ့အခါ ingredients တွေအပြင် သူ့သုံးပြီးတဲ့အခါ skin ပေါ်မှာကျန်ခဲ့မယ့် finish ကို ထည့်စဥ်းစားပါ။ အဆီပြန်သူက matte finish နဲ့အကိုက်ဆုံးဖြစ်ပါလိမ့်မယ်။

ဒီလောက်ပါပဲ။ ဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်မှ ပြန်တွေ့ကြမယ်နော်🫶

Photos from Angel May's post 02/04/2023

Sakura Serum ဆိုတာ ဘာတွေကောင်းစေတာ

အသားအရေ စိုပြေတင်းရင်းစေဖို့ Serum အသုံးပြုတဲ့အခါ အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို အပြည့်အဝပေးနိုင်ဖို့က အရေးကြီးဆုံးပါ။

Galanz Sakura White Q10 Serum လေးမှာ အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ပမာဏ၊ Multivitamin တွေ လုံလောက်စွာ ပါဝင်တဲ့အတွက်

အသားအရေ ခြောက်သွေ့ခြင်း
အသားအရေ မညီညာခြင်း
အရွယ်မတိုင်ခင် အသားအရေ အိုမင်းရင့်ရော်ခြင်းများကိုလျော့ပါးသက်သာစေပါတယ်။

လေးပတ်အတွင်း စိုပြေတင်းရင်းမှုနဲ့ ဝင်းပမှုကို ရရှိနိုင်ဖို့
Galanz Sakura White Q10 Serum...ချမ်းမြေ့အိမ်စတိုး မှာ အသင့်ရှိသော နော်

#ချမ်းမြေ့အိမ်စတိုး

31/03/2023

Instock✅

လက်မလည်လို့ လူကြိုက်များတဲ့ Hygiene Wash လေးတွေ အလုံအလောက် ပြန်ရောက်ပါပြီရှင့်..🙋

အမျိုးသမီးလေးတွေအတွက် နေ့စဥ်စောင့်ရှောက်မှု အဖော်လေး Feminine Hygiene Wash💜 လေးက အားပေးသူလေးတွေကြောင့် Stockတွေ ပြတ်သွားတဲ့အထိ လက်မလည်အောင်ဖြစ်သွားတာကနေ ခုဆို ရောင်းသူရော ဝယ်သူလေးတွေအတွက်

ပစ္စည်းအလုံအလောက်ပြန်ဝင်ကြောင်း သတင်းကောင်းလေး🎉ပါးလိုက်ပါရစေရှင့်🙋

တစ်ဆင့်ပြန်လည်ဖြန့်ဖြူးပေးတဲ့ ဆိုင်ရှင်မမတွေကလည်း Stock လေးတွေစုံတုန်း Order လေးတွေတက်ပါဦးနော်..

Good Virtues Co Myanmar ထုတ်ကုန်လေးတွေကို ချစ်ခင် နှစ်သက်ပြီး အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...🙏🙏

12/03/2023

မင့်ဆီ instock ပါရှင့်

ရေမွှေးရနံ့ မခံနိုင်တဲ့သူတောင် ကြိုက်သွားပီတဲ့ 🥳

ရနံ့ သင်းသင်းအေးအေးလေး ကြိုက်တဲ့သူတွေ အတွက် Miracle Perfume 🌴🍋

Lotion-18500/ ကျပ် ( 200 ml )
Perfume- 25500/ ကျပ် ( 30 ml )

Photos from Cara Myanmar's post 08/03/2023

Instock ရောက်ထားပြီ ✅✅✅

Photos from Angel May's post 07/03/2023

Vaselin healthy Even Tone lotion လိုသလောက် ရမယ်ရှင်
1ဗူး 3800 ks
​ဖြူချင်သူလေးအတွက်
သူနဲ့တွဲသုံးလို့ရတာလေးတွေ တွဲပေးထားပါတယ်❣❣❣

#ချမ်းမြေ့အိမ်စတိုး

Photos from Grace's Glow up Guide's post 19/02/2023

instock pr

Photos from ချမ်းမြေ့အိမ်စတိုး's post 09/02/2023
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ် ၂/၁၂၊ဗိုလ်ချုပ်လမ်း၊ လှိုင်သာယာ ၃ထိပ်မှတ်တိုင်
Yangon
7214