Hla Store
Cosmetic �Clothes� and Snacks�
လက်ကျန်ဖြတ်💍
ရျမ်းမစျေးခြင်းတဆက်ဝယ်ရင်
လက်ဆောင်ထဲ့
ပေးထား😍
25/02/2025
Mirror hair serum 😍
ဆံသားတွေဖွာလို့ဆံသားတွေကြမ်းလို့လိမ်းစရာ hair serum လေးပြောပြပေးပါဦး ဈေးလည်းသက်သာတာလေးဆိုပြီးလာလာမေးတဲ့သူတွေအတွက်ပါ။
mirror ကတော့ hair mask မှာထဲကတော်တော်လေးကိုနာမည်ကောင်းရထားပြီးသား local brand ဖြစ်တာမလို့တော်တော်များများသိကြမှာပါ။
အခုကတော့ mirror ရဲ့ new product ဖြစ်တဲ့ hair serum လေးပါ။ဒါလေးက dan" လက်ထဲရောက်နေတာသုံးလလောက်ရှိပြီ။
သုံးလအတွင်းသုံးရသလောက်တော့အတော်လေးကိုအဆင်ပြေပါတယ်။ price to performance ratio ကောင်းတယ်။
dan" ဆံသားကနဂိုထဲကဆံလုံးကြီးပြီးခပ်ဖွာဖွာရှိပါတယ်၊အခုဆိုအရောင်ပါချွတ်ထားတော့ပိုဖွာခြောက်ကြမ်းဖြစ်နေမှာခန့်မှန်းလို့ရမယ်ထင်ပါတယ်။
ဒီ hair serum လေးတခြား hair serum အများစုလိုပါပဲ။ silicone based ဖြစ်တာမလို့လူးလိုက်တဲ့အခါဆံသားရှုပ်တာ၊ဆံသားကြမ်းပြီးဖွာတဲ့ပြသာနာတွေကိုဖြေရှင်းပေးနိုင်တယ်။လိမ်းပြီးတာနဲ့ soft & silky ဖြစ်စေတယ်။
texture ကလည်းလုံးဝမစေးကပ်တာမလို့လူးရတာအရမ်းသက်တောင့်သက်သာရှိတယ်။အနံ့ကတော့ cherry ပန်းအနံ့လေးမလို့လူးရတဲ့ feeling လည်းကောင်းတယ်။အနံ့တော့အကြာကြီးမစွဲဘူး။
dan" အတွက်တော့ 2 pumps လောက်ဆိုရင်ကိုလုံလောက်ပြီ။ blow dry မလုပ်ခင်လူးလည်းအဆင်ပြေသလို၊ blow dry လုပ်ပြီးမှလူးလည်းအဆင်ပြေတယ်။ dan" ကတော့ဆံပင်တိုတဲ့သူဆိုတော့သူ့ကိုလူးပြီး air dry လုပ်ရတာပိုကြိုက်ပါတယ်။
သူက silicone based ဖြစ်ပေမယ့် volume အများကြီး add မလုပ်ပေးဘူး။အနေတော်လေးပဲ၊အရမ်းကြီးပြားကပ်သွားတာမျိုးမဖြစ်ဘူး။
နောက်ပြီးသူကဆံသားကိုပါ repair လုပ်ပေးဖို့ argan oil, jojoba oil, saffron extract နဲ့ vitamin e တို့လည်းအနည်းငယ်ပါသေးလို့သေချာလေးပုံမှန်သုံးသွားရင်ဆံသားကိုအတိုင်းအတာတစ်ခုထိပြုပြင်ပေးနိုင်တယ်။
ဆိုတော့ချုံပြောရရင် 50ml ပါတစ်ဘူးကို 12500mmk နဲ့ကတော့အတော်လေးကိုတန်ပါတယ်။ဒီဈေးနဲ့ texture, performance နဲ့ scent အကုန်လုံးပြောစရာမရှိသလောက်ပါပဲ။
tip အနေနဲ့ကတော့သူ့ရဲ့ပေါင်းဆေးနဲ့တွဲသုံးရင်အာနိသင်ကပိုသိသာပါတယ်လုံးဝပျော့အိစင်းပဲ။
caution : ဒါလေးကနှပ်ဆီမဟုတ်ပဲဆံသားသီးသန့်လူးရတဲ့ hair serum သက်သက်ပဲနော်။ဦးရေပြားကိုနှပ်ဆီတွေလိုသွားနှပ်လို့မရပါဘူး။
🛒 : Mirror Hair Mask
disclaimer : dan's diary × mirror
22/02/2025
Local made ထဲမှဖြစ်ပြီး စျေးတန်တန်နဲ့ quality လဲ ကောင်း အနံ့ လဲ မွှေး တဲ့အပြင် တစ်ဘူးဆို အကြာကြီး အသုံးခံ တဲ့ 💙💙
💙hair mask နဲ့ serum ပြပါဆို 💙💙 mirror💙
ပါဘဲရှင်
hair mask ရဲ့ အနံ့လေးက တခြား mask တွေလို အနံ ပြင်း"စူး" ကြီး မဟုတ်ဘဲ သင်း"လေးနဲ့ မွှေးတဲ့ အနံ့ မျိုး ခေါင်းလျှော်တဲ့ အချိန်တိုင်း သူ့ကိုမသုံးရ မနေနိုင်အောင်ကို မွှေးပါတယ်
သုံးပြီးသွားတဲ့ အချိန်မှာ ဆံသားလေး တွေ အိစင်း ပျော့ပြောင်းတောက်ပြောင် စေပါတယ်
ဆံသားညှိခြင်း မရှိလို့ ခေါင်းဖီးရ လွယ်ကူစေပါတယ် ဆံပင်ကျွတ် သက်သာစေပါတယ်
💙hair serum 💙 လေးက ခေါင်းလျှော်ပီး
တိုင်း dryer မမှုတ်ခင် လိမ်းပေးမယ်ဆိုရင်
dryer ရဲ့အပူကြောင့် ဆံသားပျက်ဆီးမှာ
အဖျားနှစ်ခွ ဖြစ်မှာစိုးရိပ်စရာမလိုတော့ပါဘူး😊
အနံ့လေး ကလဲ မွှေးပြီး fresh ဖြစ်စေပါတယ် တစ်ဘူးဆို အကြာကြီးအသုံးခံလို့ butget လဲ save ဖြစ်စေပါတယ် 💵
Price 💸 hair mask 240ml 💸 14500
💸 hair mask 450ml💸 23000
💸hair serum 50 ml. 💸 14000
Shop address
No.(105/107)/corner of 122st and Myayargone st/Mingalar Taung Nyunt Tsp
online ကနေ မှာယူလို့ရ သလို ဆိုင် လာယူ
လို့လဲရပါတယ်ရှင့် ဆိုင်လာယူမယ်ဆို အဆင် ကောင်လေး ချောချောလေးကို တွေ့ရမာဖြစ်ပါတယ်ရှင့်😝
2မျိုးပေါင်း 1set ယူမယ်ဆို လက်ဆောင်လေးရပါမယ်ရှင့် 🎁
Click here to claim your Sponsored Listing.
Category
Website
Address
Yangon