EMK for Kids
E M K for 💚KIDS💚
09/09/2025
၆ လအထက် သီးစုံအရသာ
တစ်ဘူး ၁၀၀၀၀ နဲ့ ယူပါရှင်
Expired Date 3-10-2025 ပါရှင့်
9 ဘူးပဲရှိပါမယ်ရှင့်
18/08/2025
6 လအထက် Nestle Cereal အရသာ ၅ မျိုးရပါဦးမယ်ရှင့်
တစ်ဘူး ၁၄၅၀၀ ပါရှင့်
09/08/2025
လောလောဆယ် instock ရှိနေသေးတဲ့ Nestle Cereal တွေပါ
6 month+ အရသာ ၆မျိုးရပါမယ်
ဒါပေမယ့် stock အရမ်းနည်းနေပြီမို့ ယူမယ်ဆို မြန်မြန်ယူမှရပါမယ်ရှင့်
လမ်းခရီးအစစ်အဆေး အရမ်းကြပ်နေတော့ နောက်တစ်ခါ ပစ္စည်းဝင်ဖို့ကလဲ ကြာဦးမှာမို့ လိုအပ်ရင် ယူထားကြပါရှင့်
🛑တစ်ဘူး ၁၅၀၀၀ ကျပ်ပါရှင့်
19/07/2025
မေမေတို့ရေ
EMK မှာ ၆လအထက် အရသာ ၆မျိုး ရပါဦးမယ်ရှင့်
စျေးကတော့ ၁ဘူး ၁၄၀၀၀ ကျပ်ပါရှင့်
မင်မင့်သားလေးစားဖို့ မှာရင်းနဲ့ မေမေတို့ကိုလဲ စျေးသက်သက်သာသာရစေချင်လို့ ထိုင်းOfficial Store ကနေ ကိုယ်တိုင်သွင်းထားတာမို့ ပစ္စည်းစစ်မှန်ပြီး စျေးနှုန်းအားဖြင့်လဲ ချိုသာပါတယ်ရှင့်
လက္ကားစျေး သီးသန့်ရှိပါတယ်ရှင့်
Stock လဲ သိပ်မကျန်လို့ မြန်မြန်မှာမှရပါမယ်နော်
10/07/2025
EMK for Kids ကို အမြဲအစဉ်တစိုက် အားပေးနေကြသော မေမေများရှင့်
ယခုတလော ဖြစ်ပေါ်နေသော Delivery ကိစ္စအဆင်မပြေမှုအတွက် မင်မင်တို့ဆိုင်မှ အများကြီး အားနာ စိတ်မကောင်းဖြစ်ရပါတယ်ရှင့်။ ယခုအသုံပြုလျက်ရှိသော Ninja Van service မှာလဲ မင်မင်တို့ဆိုင်နည်းတူ ကျန် အခြားခြားသော online shop များတွင်လဲ ပုံစံတူ ပြသနာများဖြစ်ပေါ်နေကြောင်းစုံစမ်းသိရှိတဲ့အတွက်ကြောင့် နောင်ရှေ့လျှောက် အဆင်ပြေမည့် service partner များဖြင့် ပို့ဆောင်ပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်ရှင့်။
အဆင်မပြေမှုများအတွက် ထပ်ပြီးတောင်းပန်ပါတယ်ရှင့်။
06/07/2025
၆လ+ အရသာ ၅ မျိုးနဲ့
၁နှစ်+ အရသာ ၂ မျိုး instock ရှိပါမယ်ရှင့်
လက္ကားသမားများလို့ ပစ္စည်းကုန်လဲ မြန်လို့ ယူမယ်ဆို မြန်မြန်လေးမှာပေးပါရှင့်
ဒီဟာကုန်ရင် နောက်အခေါက်ပစ္စည်းဝင်တာ နဲနဲကြာမှာမို့ပါရှင့်
02/07/2025
Nestle Cerelac ဒီ ၈ မျိုးလုံး ပစ္စည်းပြန်ဝင်ထားပါပြီနော်
လက်လီ/လက္ကားရပါတယ်ရှင့်
13/06/2025
Baht စျေးတက်နေပေမယ့် မင်မင်တို့ စျေးမတက်သေးပဲ ရောင်းပေးနေပါတယ်ရှင့်
6months+ အရသာ ၆မျိုး ရပါဦးမယ်ရှင့်
💥14000 ks
08/06/2025
မင်မင်တို့ Page မှာ ဒီအရသာ ၈ မျိုးလုံး instock ရပါတယ်နော်
💥14000Ks💥
လက္ကားစျေးသီးသန့်ရှိပါတယ်ရှင့်
အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင့်
03/06/2025
6months+ ဒီအရသာ ၆ မျိုး ရပါမယ်ရှင့်
စျေးမတက်ချင်ပေမယ့် စိတ်မကောင်းစွာနဲ့ ၅၀၀ လောက်တော့ တက်ပါရစေနော် မေမေတို့ရေ
🌹တစ်ဘူး ၁၄၀၀၀ ကျပ်ပါ🌹
လက္ကားစျေး သီးသန့်ရှိပါတယ်ရှင့်
Ninja Van နဲ့ အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့်
02/06/2025
12Months+ Nestle Cerelac (Thailand) အရသာ ၂ မျိုး ရောက်ပါပြီရှင့်
🍀ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးမှု၊ သွေးအားကောင်းဖို့ ဦးနှောက်ဖွံ့ဖြိုးမှုမှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုနဲ့ အမြင်အာရုံအတွက်ပါ အထောက်အကူပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ DHA, Omega 3,6, Iron, Minerals, Protein, Vitamins နဲ့ အခြားဓါတ်တွေ အများကြီးတွေ ပါဝင်ပါတယ်
🍀ရေနွေးလေးရှိရုံနဲ့ အလွယ်တကူဖျော်ကျွေးလို့ရတာမို့အခုလို မီးပျက်နေတဲ့ကာလမှာ အဆင်ပြေစေမှာပါ
💥၁ဘူး ၁၄၀၀၀ ကျပ်💥
လက္ကားစျေးသီးသန့်ရှိပါတယ်
Ninja Van နဲ့ အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်
26/05/2025
🦟 ကလေးများနဲ့ မိုးရာသီ သွေးလွန်တုပ်ကွေး အန္တရာယ် 🦟
🦟 မိုးရာသီရောက်ပြီဆိုရင် မိဘတွေက ကလေးတွေအတွက် သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိထားလာရပါပြီ။ သွေးလွန်တုပ်ကွေးက ဘယ်ရာသီမှာမဆို ဖြစ်နိုင်ပေမယ့် ရေဝပ်လွယ်တဲ့ မိုးတွင်းမှာတော့ အဖြစ်အများဆုံးပါ။
🦟 သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ တရားခံက သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ အေးဒီးစ်ခြင်ကျားပဲ ဖြစ်ပါတယ်။ ဒီခြင်ကျားက နေ့ဘက်တွေမှာ ကိုက်လေ့ရှိပါတယ်။ အထူးသဖြင့် နေထွက်ပြီးမှ ၂နာရီနဲ နေဝင်ခါနီး၂နာရီက သူတို့ အသောင်းကျန်းဆုံး အချိန်ပါ။
🦟 ဒီခြင်တွေက ရေကြည်ရေသန့်တွေမှာ ပေါက်ပြီး သူတို့ ပေါက်ဖို့ ရေတွေအများကြီး ရှိစရာမလိုပါဘူး။ လမ်းပေါ်မှာ တာယာစုတ်၊ ရေသန့်ဗူးခွံတွေမှာ ရေနည်းနည်းလောက်ရှိရင်ကိုပဲ ဥဥပြီး အကောင်ပေါက်နိုင်ပါတယ်။
🦟 မိုးရာသီမှာ ဒီလက္ခဏာတွေရှိနေရင် ကလေးမှာ သွေးလွန်တုပ်ကွေးရှိနေလားဆိုပြီး သံသယဖြစ်ဖို့ လိုပါတယ်။ ဒါတွေကတော့
🔹ရုတ်တရက် အဖျားကြီးတာ
🔹ခေါင်းကိုက်တာ
🔹မျက်လုံးအောင့်တာ
🔹ကိုယ်လက်တွေနာတာ
🔹ပျို့အန်တာ
🔹အရေပြားမှာ အနီစက်တွေ ထွက်တာ စတာတွေပဲ ဖြစ်ပါတယ်။
❗ ဒီလို လက္ခဏာတွေရှိနေရင် ကလေးဆရာဝန်နဲ့ ပြသပြီးကုသမှု ခံယူသင့်ပါတယ်။ ❗
🦟 သွေးလွန်တုပ်ကွေးမှာ အဆင့်တွေရှိပြီး အပေါ်ကလောက်ပဲဆိုရင် အိမ်မှာစောင့်ကြည့်လို့ ရပါတယ်။ သွေးလွန်တုပ်ကွေးက ၂ ရက်ကနေ ၇ ရက်အတွင်းမှာ ပျောက်သွားတတ်ပြီး ဒီကြားထဲမှာတော့
ကလေးကို
🔹အနားယူခိုင်းတာ
🔹ရေများများတိုက်တာ
🔹အာဟာရရှိတာတွေ ကျွေးတာ
🔹ရေပတ်ဝတ်တိုက်တာတွေ လုပ်ပေးနိုင်ပါတယ်။
ဆေးတွေကိုတော့ ဆရာဝန်ညွှန်မှပဲ တိုက်သင့်ပါတယ်။
🦟 ဒီလိုနဲ့ စောင့်ကြည့်နေပြီး ကလေးက
🔸ရုတ်တရက် ဗိုက်အောင့်တာ
🔸ဆက်တိုက်အန်တာ
🔸အသက်ရှူမြန်လာတာ
🔸မှိန်းနေတာ
🔸နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ
🔸ကော်ဖီရောင်အန်တာ၊ ဝမ်းမည်းမည်းတွေသွားတာ
🔸ဖြူဖျော့အေးစက်လာတာ စတဲ့လက္ခဏာတွေ ပေါ်လာတာနဲ့ ရှော့ဝင်တာဖြစ်နိုင်လို့ နီးစပ်ရာဆေးရုံကို အမြန်သွားသင့်ပါတယ်။
🦟 သွေးလွန်တုပ်ကွေးက အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တာကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာ အကောင်းဆုံးပါ။ သွေးလွန်တုပ်ကွေးအတွက် အကောင်းဆုံး ကာကွယ်နည်းက ခြင်ကိုက်မခံရအောင် နေတာပါ။
ဒါကြောင့်
✅ကလေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ။
✅ခြင်ထောင်နဲ့ သိပ်ပါ။
✅ကလေးနဲ့ ခပ်လှမ်းလှမ်းမှာ ခြင်ဆေးဖျန်းတာ၊ ✅ခြင်ဆေးထွန်းတာတွေ လုပ်နိုင်ပါတယ်။
✅ခြင်မကိုက်ဆေးလည်း လိမ်းပေးနိုင်ပါတယ်။
✅ခြင်မဝင်အောင် အခန်းပြတင်းပေါက်တွေ ပိတ်ထားပါ။ ဒါမှမဟုတ် ခြင်လုံဇကာတပ်ပါ။
✅နေထွက်စအချိန်နဲ့ နေဝင်ခါနီးအချိန်တွေမှာ ကလေးကို အိမ်ထဲမှာပဲ ထားပါ။
✅ခြင်ပေါက်ဖွားမှု နည်းစေဖို့ အိမ်နီးပတ်ဝန်းကျင်မှာ ရေမဝပ်အောင် ဂရုစိုက်ပါ။
🦟 သွေးလွန်တုပ်ကွေးက ကလေးတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်ထားဖို့ လိုသလို ဖြစ်လာရင်လည်း စနစ်တကျ ကုသဖို့ လိုပါတယ်။
Dr Htet Htet Zaw Win
Click here to claim your Sponsored Listing.
Category
Website
Address
Yangon