Your's Bee

Your's Bee

Share

We sell and deliver your dream.

10/06/2025

🌕🍓 မင်္ဂလာပါ Bee တို့ရေ 💫🌞🐝

ဒီနေ့ ကတော့ နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ ဖြစ်ပြီး၊ အင်္ဂလိပ်အယူအရဆိုရင်တော့ Strawberry Full Moon နေ့လေးပဲဖြစ်ပါတယ်နော်။ ဒီလိုထူးခြားပြီး လှပတဲ့နေ့လေးမှာ ကိုယ်ချစ်တဲ့သူနဲ့ပတ်သက်တဲ့ ဆန္ဒတွေ၊ ငွေကြေးကံကောင်းဖို့ ဆုတောင်းတွေပြုလုပ်ပြီး manifest လုပ်လို့ရပါတယ်လို့ Iowa က နည်းလမ်းလေးတွေ လာရောက်မျှဝေပေးလိုက်ပါတယ်ရှင့်!

Energy တွေ သန့်စင်ဖို့ နည်းလမ်းလေးတွေ
* ဆားရေနဲ့ ရေချိုးခြင်း - ကိုယ့်ရဲ့စွမ်းအင်တွေကို သန့်စင်ပြီး လန်းဆန်းစေနိုင်ပါတယ်။

* ပန်းရောင်ဆားမီးအိမ် (Pink Salt Lamp) - ထွန်းညှိပြီး အိမ်ထဲက မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားနိုင်ပါတယ်။

* Chakra crystals လေးတွေနဲ့ Chakra Healing - ဒီနေ့မှာ ပြုလုပ်ပေးလို့ရပါတယ်နော်။ ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်ဗဟိုချက် (Chakra) တွေကို ဟန်ချက်ညီအောင် ထိန်းညှိခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ကိုယ်လိုချင်တာတွေ ဖြစ်လာအောင် Manifest လုပ်နည်း

* ကရဝေးရွက်လေးတစ်ရွက်ပေါ်မှာ သင်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရေးပြီး မီးရှို့လိုက်ပါ။ ဒါက သင့်ရဲ့ဆန္ဒတွေကို စကြဝဠာဆီ ပို့ဆောင်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်ဖြစ်လာဖို့ စိတ်ထဲကနေ အပြည့်အဝ ယုံကြည်ဖို့က အရေးကြီးဆုံးပဲနော်။

ဒီနေ့လေးမှာ အထူးသဖြင့် အချစ်ရေးနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေအတွက် ပိုပြီး ဆုတောင်းသင့်ပါတယ်နော်။
အားလုံးပဲ Strawberry Moon ရဲ့ လှပတဲ့စွမ်းအင်တွေနဲ့အတူ ကိုယ်ဖြစ်ချင်တာတွေအားလုံး ဆုတောင်းပြည့်ဝကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်! ✨

09/06/2025

Bee တို့ရေ ဒီနေ့က Magic Box လေးကို ဝယ်ယူမယ်ဆိုရင် ဆားမီးအိမ် ဝယ်ယူသူတိုင်း 5% discount ရမယ့် နောက်ဆုံးနေ့လေးဖြစ်တာမို့ လက်မနှေးပဲ အမြန်လာရောက်ဝယ်ယူကြနော် 😁😁😁

Hello Bee တို့ရေ မင်္ဂလာပါ 🐝💫🌞

Your's Bee ရဲ့ Budget Friendly Pink Salt Lamp လေးတွေကို instock ကုန်တဲ့အထိအားပေးကြသူများနဲ့အတူ preorderတွေပါ မှာယူပီး အားပေးကြသူများ အားလုံးတို့ကိုလည်း Your's Bee မှ အထူး အထူး ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏

* Budget Friendly Pink Salt Lamp * ‌လေးတွေကိုတော့ preorder နဲ့ပဲ လောလောဆယ်မှာယူနိုင်မှာဖြစ်ပီး ၊ * Magic Box * လေးတွေကိုတော့ Instock ဝယ်ယူအားပေးလို့ရနိုင်ကြောင်းနဲ့ ၊ * Budget Friendly Pink Salt Lamp * ဝယ်ယူထားသူတွေအနေနဲ့ * Magic Box * ကို ဝယ်ယူအားပေးမယ်ဆိုရင် June 2nd, 2025 - June 9th, 2025 အထိကို 5% discount နဲ့ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ✌️☺️

09/06/2025

Hello Hello Bee တို့ရေ မင်္ဂလာပါ!

ဒီနေ့မှာတော့ Iowa ကနေ သတင်းကောင်းလေး လာရောက်မျှဝေပေးပါရစေရှင်။ 😍

အားလုံးစောင့်မျှော်နေကြတဲ့ Your's Bee ရဲ့ **Budget Friendly Pink Salt Lamp** လေးတွေ Instock ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ! 🥳

Preorder မှာယူထားကြတဲ့ ချစ်မိတ်ဆွေတစ်ဦးချင်းစီကိုလည်း chatbox မှာ အကြောင်းကြားပေးပါမယ်နော်။

Instock မှ ဝယ်ယူချင်တဲ့ customer များလည်း အခုပဲ chatbox မှာ လာရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းပါးလိုက်ပါတယ်ရှင်။

သင့်အိမ်လေးကို နွေးထွေးတဲ့ အလင်းရောင်နဲ့ လန်းဆန်းစေဖို့ Your's Bee ရဲ့ Budget Friendly Pink Salt Lamp လေးတွေက အသင့်ရှိနေပါပြီ! ✨

06/06/2025

မင်္ဂလာပါ Bee တို့ရေ 🌞🐝💫
ဒီနေ့ ဇွန်လ ၆ ရက် (၆/၆) က portal ပွင့်တဲ့နေ့လေးမို့ Iowa ကိုယ်တိုင်လည်း အိမ်မှာ ပန်းရောင်ဆားမီးအိမ်လေးထွန်းပီး Energy Cleansing လုပ်ရင်း၊ ကရဝေးရွက်နဲ့ မီးရှို့ဆုတောင်းတာ၊ ပြီးတော့ ကျေးဇူးတရားတွေ ပွားများတာမျိုးလေးတွေ လုပ်ဖြစ်ခဲ့ပါတယ်နော်။

ဒီလိုမျိုး ကိုယ်တိုင် လုပ်ဆောင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေရင်းနဲ့ ဒီ ၆/၆ portal ရဲ့ ကောင်းခြင်းမင်္ဂလာတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ စွမ်းအင်တွေ၊ ပျော်ရွှင်ခြင်းတွေ၊ ငြိမ်းချမ်းခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဒီနေ့လေးမှာ ဘယ်သူတွေ ကိုယ့်လိုပဲ အိမ်တွင်း Energy Cleansing လုပ်ဖြစ်ခဲ့လဲ၊ ဘာတွေ ဆုတောင်းဖြစ်ခဲ့လဲဆိုတာ Comment မှာ မျှဝေခဲ့ပါဦး။ 🙏✨

04/06/2025

Hello Bee တို့ရေ မင်္ဂလာပါ 🌞💫🐝

ဒီနေ့မှာတော့ Iowa က Your's Bee ရဲ့ ပထမဆုံး product ဖြစ်တဲ့ Magic box ထဲမှာပါတဲ့ 7 chakra crystals လေးတွေထဲက တစ်ခုဖြစ်တဲ့ Crown Chakra healing ဖြစ်ဖို့အတွက် ထည့်သွင်းပေးထားတဲ့ Amethyst (ခရမ်းစွဲ) ကျောက်လေးတွေကို ကမ္ဘာကြီးရဲ့ ဘယ်နေရာတွေမှာ ရှာဖွေတူးဖော်ရရှိတယ်ဆိုတာကို knowledge sharing အနေနဲ့ ပြောပြပေးမှာဖြစ်ပါတယ်။

🌿🔮 Amethyst – The Crystal of Calm & Clarity 🔮🌿
Crown Chakra Stone | Peace • Wisdom • Spirituality

✨ Where Does Amethyst Come From?
Amethyst ကျောက်တွေကို အဓိကအားဖြင့် ဥမင်လိုဏ်ခေါင်းတွေ၊ မီးတောင်ကျောက်လွှာတွေရဲ့ အခေါင်းပေါက်တွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ Amethyst ရဲ့ လှပတဲ့ ခရမ်းရောင် အလင်းရောင်ဟာ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒီအထူးအလှတရားဟာ ကမ္ဘာအနှံမှ တဖြည်းဖြည်း မြေပေါ်ရောက်လာတတ်ပါတယ်။

📍 Natural Sources of Amethyst:

ဘရာဇီး (Brazil)
ဘရာဇီးဟာ Amethyst ရဲ့ အဓိက ထုတ်လုပ်သူကြီး တစ်နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် Rio Grande do Sul ပြည်နယ်က မီးတောင်ကျောက်တွေထဲမှာ Amethyst geode (Amethyst ပုံဆောင်ခဲတွေ အပြည့်ပါတဲ့ ကျောက်အခေါင်း) ကြီးတွေကို အများအပြား တွေ့ရှိရပါတယ်။ ဘရာဇီး Amethyst တွေဟာ အရွယ်အစားကြီးမားတတ်ပေမယ့် အရောင်ကတော့ အနည်းငယ် ဖျော့တတ်ပါတယ်။

ဥရုဂွေး (Uruguay)
ဥရုဂွေးဟာ ဘရာဇီးနဲ့ ကပ်လျက်တည်ရှိပြီး Amethyst ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဥရုဂွေးက Amethyst တွေဟာ အရွယ်အစား သေးငယ်တတ်ပေမယ့် အရောင်ပိုရင့်ပြီး ပိုလှပတဲ့ ခရမ်းရောင်မျိုးကို ပိုင်ဆိုင်ကြပါတယ်။

ဇမ်ဘီယာ (Zambia)
အာဖရိကတိုက်မှာရှိတဲ့ ဇမ်ဘီယာဟာလည်း ကမ္ဘာ့ Amethyst ထုတ်လုပ်မှုရဲ့ ထိပ်တန်းနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဇမ်ဘီယာက Amethyst တွေဟာ အရောင်ရင့်ပြီး အရည်အသွေးမြင့်မားတယ်လို့ နာမည်ကြီးပါတယ်။

ရုရှား (Russia)
သမိုင်းကြောင်းအရ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသက Amethyst တွေဟာ အရည်အသွေးအကောင်းဆုံးနဲ့ အလှပဆုံးလို့ သတ်မှတ်ခြင်းခံခဲ့ရဖူးပါတယ်။ အထူးသဖြင့် နက်ရှိုင်းတဲ့ ခရမ်းရောင်နဲ့ အနီရောင်၊ အပြာရောင်အရိပ်တွေ လွှမ်းနေတဲ့ Amethyst တွေကို တွေ့ရှိရပါတယ်။

အခြားတွေ့ရှိရတဲ့ နိုင်ငံများ
* ဘော်လီးဗီးယား (Bolivia)

* မက်ဆီကို (Mexico)

* ကနေဒါ (Canada) - အထူးသဖြင့် Thunder Bay, Ontario မှာ မြောက်အမေရိကရဲ့ အကြီးဆုံး Amethyst သတ္တုတွင်းရှိပါတယ်။

* အမေရိကန် (United States) - အရီဇိုးနား၊ မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ မိန်ပြည်နယ်တွေမှာ တွေ့ရပါတယ်။

* သီရိလင်္ကာ (Sri Lanka)

* မဒါဂတ်စကား (Madagascar)

* ဩစတြေးလျ (Australia)

* အိန္ဒိယ (India)

* မော်ရိုကို (Morocco)

* နိုင်ဂျီးရီးယား (Nigeria)

* တောင်ကိုရီးယား (South Korea)

* အာဂျင်တီးနား (Argentina)

* စပိန် (Spain)

* အာဖဂန်နစ္စတန် (Afghanistan)

Amethyst ကျောက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ နေရာအနှံ့အပြား တွေ့ရှိရပေမယ့် အရည်အသွေးနဲ့ အရောင်အသွေးကတော့ ဒေသအလိုက် ကွဲပြားမှု ရှိပါတယ်။

🧘‍♀️ Why We Love It:
Amethyst များကို စိတ်ကြည်လင်အေးချမ်းစေတဲ့ လက္ခဏာတွေနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ Meditation, Healing, Protection စတဲ့ Intentions တွေအတွက် အထူးသင့်တော်ပါတယ်။

’sBeeCrystals

03/06/2025

Hello Bee တို့ရေ မင်္ဂလာပါ 🐝💫🌞

ဒီနေ့မှာတော့ Iowa က Iowa တို့ Your's Bee ရဲ့ magic box ထဲမှာ ဘာ crystal အမျိုးအစားလေးတွေကို ဘယ် chakra အတွက် ထည့်သွင်းပေးထားတယ်ဆိုတာလေးနဲ့ Chakra ဆိုတာဘာလဲ ဆိုတာလေးကို Iowa သိသလောက်လေး knowledge sharing လုပ်ပေးမှာဖြစ်ပါတယ်။

Chakra ဆိုတာ ဘာလဲ? 💫
Chakra ဆိုတာ စွမ်းအင်ဗဟိုချက် (Energy Centers) လို့ အလွယ်ဆုံး မှတ်သားနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အလွန်အရေးကြီးတဲ့ စွမ်းအင်ပွိုင့် 7 ပွိုင့်နေရာတွေပဲ ဖြစ်ပါတယ်။
ဒီ Chakra တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ တည်ရှိပြီး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာ ကျန်းမာရေးတွေအပေါ် သက်ရောက်မှုရှိပါတယ်။
Chakra တွေ ကောင်းမွန်စွာ လည်ပတ်နေမယ်ဆိုရင် စိတ်ရော၊ ကိုယ်ပါ ကျန်းမာပြီး ဟန်ချက်ညီနေပါလိမ့်မယ်။ Chakra တွေ တစ်ခုခု ပိတ်ဆို့နေတာ (သို့) မညီမျှတာမျိုး ဖြစ်လာရင်တော့ ကျန်းမာရေး ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အဓိက Chakra ၇ ခု ရှိပါတယ်။ တစ်ခုချင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင်အရောင်၊ သင်္ကေတနဲ့ ကိုယ်စားပြုတဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။

✨ သင့်ရဲ့ စွမ်းအင်တွေကို ချိန်ညှိဖို့ အသင့်တော်ဆုံး ကျောက်မျက်ရတနာတွေ! ✨

1. Amethyst – Crown Chakra

2. Lapis Lazuli – Third Eye Chakra

3. Amazonite – Throat Chakra

4. Green Aventurine – Heart Chakra

5. Tiger Eye – Solar Plexus Chakra

6. Carnelian – Sacral Chakra

7. Garnet – Root Chakra

သင့်ရဲ့ Chakra တွေကို ချိန်ညှိပြီး ပိုမိုမျှတတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ ဒီကျောက်မျက်ရတနာလေးတွေကို ဆောင်ထားခြင်းဖြင့် အထောက်အကူပြုနိုင်ပါတယ်။ ဘယ်ကျောက်လေးကို သင် အလိုအပ်ဆုံးဖြစ်မလဲဆိုတာလေးကို comment မှာ ပြောသွားပေးပါဦးနော် 😁

02/06/2025

Hello Bee တို့ရေ မင်္ဂလာပါ 🐝🌞💫

Your's Bee page မှာ အခုဆို follower အသစ်လေးတွေလည်း အများကြီး တိုးလာတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်။ 🙏 ကျွန်မတို့ရဲ့ follower အသစ်လေးတွေကို Iowaတို့ ရဲ့ ပထမဆုံး product ဖြစ်တဲ့ Magic Box လေးနဲ့ ပြန်လည်မိတ်ဆက်ပေးချင်ပါတယ်ရှင် ✌️

Magic Box က ဘာလဲ 🎁🎁🎁

Magic Box ဆိုတာကတော့ ကိုယ်ရဲ့ ဆန္ဒ အိမ်မက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပေးနိုင်ဖို့ manifesting လုပ်ရာမှာ အသုံးပြုလို့ရမယ့် ပစ္စည်းလေးတွေနဲ့အတူ Chakra တွေ Balance ဖြစ်နေဖို့အတွက် အထောက်အပံ့ပေးမယ့် ပစ္စည်းလေးတွေ ပါဝင်တဲ့ Box လေးတစ်ခုပဲ ဖြစ်ပါတယ်ရှင်။ 🤗

Magic Box ထဲမှာ ပါဝင်တဲ့အရာတွေကတော့
* ကရဝေးရွက်
* သစ်ကြံပိုးမှုန့် / သစ်ကြံပိုးချောင်း
* လေးညှင်းပွင့်
* 7 Chakra crystal
* Soft pen စတဲ့ ပစ္စည်းလေးတွေ ပါဝင်တာပဲ ဖြစ်ပါတယ်ရှင်။

*အထူးဈေးနှုန်းနဲ့ ဝယ်ယူလိုက်ပါ* ☺️

ဈေးနှုန်းအနေနဲ့ဆိုရင် ၁၁,၀၀၀ ကျပ်ပဲ ကျသင့်မှာပါရှင်။ ✌️
ပန်းရောင်ဆားမီးအိမ် ဝယ်ယူထားတဲ့ သူတွေအတွက်ဆိုရင်တော့ 10% discount လည်း လျှော့ပေးဦးမှာမို့ အမြန်လေး လာရောက်ဝယ်ယူလိုက်တော့နော်။ ☺️💫

02/06/2025

Hello Bee တို့ရေ မင်္ဂလာပါ 🐝💫🌞

Your's Bee ရဲ့ Budget Friendly Pink Salt Lamp လေးတွေကို instock ကုန်တဲ့အထိအားပေးကြသူများနဲ့အတူ preorderတွေပါ မှာယူပီး အားပေးကြသူများ အားလုံးတို့ကိုလည်း Your's Bee မှ အထူး အထူး ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏

* Budget Friendly Pink Salt Lamp * ‌လေးတွေကိုတော့ preorder နဲ့ပဲ လောလောဆယ်မှာယူနိုင်မှာဖြစ်ပီး ၊ * Magic Box * လေးတွေကိုတော့ Instock ဝယ်ယူအားပေးလို့ရနိုင်ကြောင်းနဲ့ ၊ * Budget Friendly Pink Salt Lamp * ဝယ်ယူထားသူတွေအနေနဲ့ * Magic Box * ကို ဝယ်ယူအားပေးမယ်ဆိုရင် June 2nd, 2025 - June 9th, 2025 အထိကို 5% discount နဲ့ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ✌️☺️

01/06/2025

Hello Bee တို့ရေ မင်္ဂလာပါ!
ဒီနေ့မှာတော့ Iowa က အိမ်လေးမှာ positive vibe လေးတွေရရှိပြီး စိတ်ကြည်လင်လန်းဆန်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် Iowa တို့အခေါ် Aura Cleansing and Prosperity Spray ပြုလုပ်နည်းလေးကို မျှဝေပေးပါမယ်နော်။

Aura Cleansing and Prosperity Spray: Positive Vibe တွေနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့
ပါဝင်ပစ္စည်းများ:
* ကရဝေးရွက် အနည်းငယ်
* သစ်ကြံပိုးခေါက် အနည်းငယ်
* နာနတ်ပွင့် အနည်းငယ်
* လေးညှင်းပွင့် အနည်းငယ်
* ပန်းရောင်ဆား (Pink Salt) အနည်းငယ်

ပြုလုပ်နည်း:
* ရေပွက်ပွက်ဆူနေတဲ့ အိုးလေးထဲကို ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ပြုတ်ပါ။
* ရလာတဲ့ အရည် လေးတွေကို အအေးခံထားပါ။
* အအေးခံပြီးရင် ဖြန်းလို့ရတဲ့ ပုလင်းလေးထဲ ထည့်လိုက်ပါ။
အသုံးပြုနည်း:
ဒီ Aura Cleansing and Prosperity Spray လေးတွေကို အိမ်ရှေ့၊ အိမ်နောက်၊ အိမ်တံခါးဝနဲ့ အိမ်တစ်အိမ်လုံးကို အဆင်ပြေတဲ့အချိန်တိုင်း ဖြန်းပေးပါ။ Iowa ဆိုရင် အိမ်မှာ နေ့တိုင်းဖြန်းတယ်နော်။ သူ့ရဲ့ရနံ့လေးက တကယ်ကို စိတ်ကြည်လင်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ အိပ်ခါနီးလေး ဖြန်းပြီးအိပ်ကြည့်ပါ၊ တကယ်အိပ်ပျော်စေမှာပါပဲ။ ✌️
ဒီ Aura Cleansing and Prosperity Spray လေးက စိတ်အေးချမ်းသာပြီး ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ စမ်းလုပ်ကြည့်ဖြစ်ရင်လည်း ပြန်ပြောပြခဲ့ပါဦးနော်!

01/06/2025

Hello Bee တို့ရေ မင်္ဂလာပါရှင် 🌞🐝💫

ပျော်ရွှင်စရာ ဇွန်လဖြစ်ပါစေ။ ဒီလထဲမှာ ငြိမ်းချမ်းမှု၊ အောင်မြင်မှုနဲ့ ရယ်မောပျော်ရွှင်မှုတွေ ရရှိပါစေ ပျော်ရွှင်စရာတွေ ကြုံတွေ့ရပီး အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပါစေ စီးပွားရေးတွေ တိုးတက်ပါစေ လို့ Your's Bee မှ ဆုတောင်းလိုက်ပါတယ်ရှင် 🤗🤗🤗

#‌YoursBee

31/05/2025

June လအတွက် ✌️💫

Hello June 🌷
အိပ်မက်များနှင့်သုတဝေဖြာ
💌ချစ်မေတ္တာဖြင့်
💜မြတ်မွန်သာ

မှတ်ချက်။ လွတ်လပ်စွာ share နိုင်ပါတယ်။ ‼️
ခွင့်မတောင်းဘဲ စာတစ်ပိုင်းတစကူးယူဖော်ပြခြင်းကတော့Copy Right and Ethics ကိုချိုးဖောက်တာဖြစ်ပါတယ်။

31/05/2025

Hello Bee တို့ရေ မင်္ဂလာပါ 🌞🐝🤗
မနက်ဖြန်က Juneလ 1ရက်နေ့မို့ Iowa က knowledge sharing အနေနဲ့ သစ်ကြံပိုးမှုန့် သစ်ကြံပိုးခေါက်(အချောင်း)တို့နဲ့ ငွေကြေးကံကောင်းစေအောင်ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို follower အသစ်လေးတွေရော follower အဟောင်းလေးတွေအတွက်ရော မျှဝေပေးပါ့မယ်နော် ✌️

ငွေကြေးဝင်ဖို့အတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်

၁။ အိမ်တံခါးဝမှာ သစ်ကြံပိုးမှုန့် မှုတ်ခြင်း
ဒီနည်းလမ်းကတော့ အရမ်းလူသိများပြီး လုပ်ရလွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။
* ဘယ်လိုလုပ်မလဲ။ လစဉ် ပထမဆုံးရက် (ဥပမာ- ဇွန်လ ၁ ရက်နေ့) မှာ သစ်ကြံပိုးမှုန့် အနည်းငယ်ကို လက်ဖဝါးထဲထည့်ပြီး အိမ်တံခါးမကြီးရဲ့ အပြင်ဘက်ကို ထွက်ပါ။ ပြီးရင် သစ်ကြံပိုးမှုန့်ကို အိမ်ထဲကိုရောက်အောင် မှုတ်သွင်းလိုက်ပါ။
* ဘာကြောင့်လဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အိမ်ထဲကို ငွေကြေးနဲ့ ကံကောင်းခြင်းတွေ ဝင်ရောက်လာမယ်လို့ ယုံကြည်ကြပါတယ်။ မှုတ်သွင်းတဲ့အခါ "ငွေတွေ အိမ်ထဲကိုဝင်ပါစေ၊ ပေါများကြွယ်ဝပါစေ" စတဲ့ ဆန္ဒပြုစကားမျိုးကိုလည်း ရေရွတ်နိုင်ပါတယ်။

၂။ ပိုက်ဆံအိတ်ထဲ သစ်ကြံပိုးခေါက် ထည့်ခြင်း
* ဘယ်လိုလုပ်မလဲ။ သစ်ကြံပိုးခေါက် သေးသေးလေး ဒါမှမဟုတ် သစ်ကြံပိုးခေါက်အပိုင်းအစ တစ်ခုကို သင့်ပိုက်ဆံအိတ် ဒါမှမဟုတ် ပိုက်ဆံထည့်တဲ့ နေရာမှာ ထည့်ထားပါ။
* ဘာကြောင့်လဲ။ ဒီလိုလုပ်ခြင်းက ငွေကြေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ပိုက်ဆံအိတ်ထဲက ငွေတွေ မကုန်ခမ်းအောင် ထိန်းထားပေးတယ်လို့ ယုံကြည်ကြပါတယ်။

၃။ ရေချိုးတဲ့အခါ သစ်ကြံပိုးခေါက်/မှုန့် အသုံးပြုခြင်း
* ဘယ်လိုလုပ်မလဲ။ ရေချိုးတဲ့အခါ ရေထဲကို သစ်ကြံပိုးမှုန့် အနည်းငယ် (ဒါမှမဟုတ်) သစ်ကြံပိုးခေါက်အနည်းငယ် ထည့်ပြီး ရေစိမ်ချိုးတာ ဒါမှမဟုတ် လောင်းချိုးတာမျိုး လုပ်နိုင်ပါတယ်။
* ဘာကြောင့်လဲ။ ဒါက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စွမ်းအင်တွေကို သန့်စင်စေပြီး ငွေကြေးနဲ့ပတ်သက်တဲ့ အတားအဆီးတွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်ကြပါတယ်။

၄။ ဖယောင်းတိုင်နဲ့ အသုံးပြုခြင်း
* ဘယ်လိုလုပ်မလဲ။ အစိမ်းရောင် ဒါမှမဟုတ် ရွှေရောင် ဖယောင်းတိုင်တစ်တိုင်ယူပြီး အပေါ်ကနေ သစ်ကြံပိုးမှုန့်ကို ဖြူးပါ။ ပြီးရင် ဖယောင်းတိုင်ကို ထွန်းညှိပြီး ငွေကြေးကံကောင်းခြင်းတွေ ရရှိဖို့ ဆုတောင်းပါ။
* ဘာကြောင့်လဲ။ ဖယောင်းတိုင်မီးက ဆုတောင်းတွေကို စကြာဝဠာဆီ ပို့ဆောင်ပေးတယ်လို့ ယုံကြည်ကြပြီး သစ်ကြံပိုးက အဲဒီဆုတောင်းတွေကို အားဖြည့်ပေးတယ်လို့ ဆိုပါတယ်။

၅။ စီးပွားရေးလုပ်ငန်းခွင်မှာ အသုံးပြုခြင်း
* ဘယ်လိုလုပ်မလဲ။ သင့်ဆိုင် (ဒါမှမဟုတ်) ရုံးခန်းရဲ့ ဝင်ပေါက်နားမှာ သစ်ကြံပိုးခေါက် ဒါမှမဟုတ် သစ်ကြံပိုးမှုန့်ကို ပန်းကန်လုံးလေးတစ်ခုထဲထည့်ပြီး တင်ထားနိုင်ပါတယ်။ ဒါမှမဟုတ် စားပွဲပေါ်မှာ တင်ထားနိုင်ပါတယ်။
* ဘာကြောင့်လဲ။ လုပ်ငန်းကို ဝင်ငွေတိုးစေပြီး ဖောက်သည်တွေ ပိုမိုလာရောက်စေတယ်လို့ ယုံကြည်ကြပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ Iowa လေ့လာမှတ်သားထားတဲ့နည်းလမ်းလေးတွေကို မျှဝေပေးတာမို့ အမှားအယွင်းတစ်ခုခုများပါခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးကြပါလို့ ✌️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No 47 Thurain Yeik Mon Housing, Hlaing Yangon
Yangon