Hair Lounge By Moe Pwint

Hair Lounge By Moe Pwint

Share

Expert hands, Flawless results

17/04/2026

“နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ
အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။
မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို
ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့
လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့
ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်
အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။
မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ
အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့
အောင်မြင်မှုကို ရယူနိုင်ကြပါစေ။
အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင်
ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့
ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ
အသက်ရှင်နေထိုင်နိုင်ကြပါစေလို့
အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ

20/03/2026

ကျမclient တိုင်းနီးပါးမေးကြတဲ့မေးခွန်းများ••••

❓ “အမဆံပင်ကအရမ်းထူတာပဲ… မကျွတ်ဘူးလား?”
✔ ကျွတ်ပါတယ်.. ဒါပေမယ့်
ကျွတ်သလောက် ပြန်ပေါက်ပါတယ်
(ဆံပင်အတိုလေးတွေထိုးထိုးထောင်ထောင် ပြန်ပေါက်နေတာ သေချာကြည့်ရင်တွေ့မှာပါ)

❓ “အမဆံပင်မဲနက်နေတာ ဆေးအမဲဆိုးထားတာလား?”
✔ မဆိုးထားပါဘူး
အရောင်ဆိုးတာလည်း မကြိုက်သလို
Natural black hair ကိုပဲကြိုက်တာပါ

❓ “ဖြောင့်စင်းပြီးပြောင်နေတာ Rebond လုပ်ထားတာလား?”
✔ မလုပ်ထားပါဘူး
ဘာ chemical မှမထိထားတဲ့ Virgin straight hair ပါ

❓ “အမဆံပင်လိုဖြစ်ချင်ရင် ဘာလုပ်ရမလဲ?”
✔ အရေးကြီးဆုံးက – ဆံပင်ကိုမပျက်အောင်ထိန်းပါ

✨ မဖြစ်မနေဆိုရင် –
• Chemical (ဖြောင့်/ကောက်/ဆိုး) လုပ်ချင်ရင် brand ကောင်းကောင်း သုံးပါ
• ဆိုင်ကောင်းကောင်းရွေးပါ
• ကိုယ့်ဆံပင်အမျိုးအစားကို ကိုယ်နားလည်ပါ
• ကိုယ်နဲ့သင့်တော်တဲ့ products သုံးပါ

✨ Plus…
၂လတစ်ကြိမ် salon treatment လုပ်ပေးနိုင်ရင်
👉 Luxury & Healthy Hair Look ကို အပြည့်အဝရနိုင်ပါတယ်ရှင် 💖



“Healthy hair is not about doing more…
It’s about doing the right things.”

08/03/2026

Hair Lounge မှာရနိုင်တဲ့ Services တွေပါရှင်

✅ Hair Straightening
✅ Hair Rebonding
✅ Repair Hair Clinic Treatment
✅ Botox Treatment
✅ Keratin Treatment
✅ Collagen Treatment
✅ Protein Treatment
✅ Hair Extensions

Home-Based Private Salon ဖြစ်ပါတယ်ရှင်။
Client တစ်ဦးချင်းစီကို အကောင်းဆုံး service ပေးနိုင်ဖို့ တစ်နေ့လျှင် Client (၁) ဦးသာ လက်ခံပြီး service ပေးပါတယ်။

ဒါကြောင့် Page Messenger (or) ဖုန်း မှတဆင့် ကြိုတင် Booking ပြုလုပ်ပေးပါရှင်။

တစ်နေ့တစ်ဦးသာ service ပေးတဲ့အတွက် ဒီနေ့ booking လုပ်ပြီး ဒီနေ့ချက်ချင်း service မပေးနိုင်တဲ့အခါများလည်းရှိနိုင်ပါတယ်။ ချစ်ခင်စွာနဲ့ နားလည်ပေးပါဦးနော်။ 🙏

Booking Only – One by One Service

Hair Lounge By Moe Pwint

🏠 1364, Htuparyon 10th Street (East), Thaketa Township, Yangon

☎️ 09-785 212 781
☎️ 09-691 833 158








01/02/2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့
(ဩဝါဒပါတိမောက် အခါတော်နေ့)
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (တနင်္ဂနွေနေ့)

ဤနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်နေ့ ဖြစ်ပါသည် ။ ဥပုသ်သီလဆောက်တည်နိုင်ရန်
သတိပေး နှိုးဆော်အပ်ပါသည်။

ဤအခါတော်နေ့၏ မြတ်နိုးဖွယ် သြဝါဒမှာ -
"အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင်၊
ဖြူအောင်စိတ်ကိုထား"
ဤသုံးပါးသော အဆုံးအမတော်အတိုင်း
ကျင့်ကြံ နေထိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

သဒ္ဓါတရား တိုးပွား၍
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🙏 🙏

#တပို့တွဲလပြည့်နေ့ #ဩဝါဒပါတိမောက် #ဥပုသ်နေ့

27/01/2026

Hair Lounge တွင် မရနိုင်သော Service များ

• ဆံပင်ကောက်
• ဆံပင်ဆေးဆိုး
• ဆံပင်ညှပ်
• ခေါင်းလျှော်

လိုအပ်ပါက အခြားဆိုင်များတွင် သွားရောက်အသုံးပြုနိုင်ပါသည်ရှင် 🤍

Services Not Available at Our Hair Lounge

• Hair perming
• Hair coloring
• Hair cutting
• Hair washing

Please kindly visit other salons for these services. Thank you for your understanding.🤍

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

1364, Htuparyon 10th Street (East) Thaketa Township
Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00