1986-1987-1988 I.F.L Japanese full time
To connect teachers and students
13/11/2025
၁၃-၁၁-၂၀၂၅ (ကြာသာပတေးနေ့)
၁၅-၉-၂၀၂၅ နေ့ကကွယ်လွန်သွားသောဆရာမဒေါ်ခင်စိန်စိန်အောင် (Daimond Sensei)ကထိက(ငြိမ်း) ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံ အားရည်စူးပြီးလစဉ် ၅,၀၀၀ ကျပ်ဖြင့် တစ်နှစ်စာ ၆၀,၀၀၀ ကျပ်ကိုလှုဒါန်းခဲ့ပြီးဖြစ်ပါသည်။
အောင်မြေဇေယျ (ကမာနက် )ပဲခူးကျောင်းအတွက် (နိုဝင်ဘာလ )အလှူငွေကို (13. 11. 2025 )နေ့တွင်ဘက်စုံသုံးအလှူငွေအဖြစ် (260000) k (နှစ်သိန်းခြောက်သောင်းကျပ်တိတိ )ကိုလှူဒါန်းခဲ့ပါသည်။
အလှူရှင်စာရင်းကိုလည်းအောက်တွင်ဖော်ပြထားပါသည်။
(17. 3. 2025 )နေ့တွင်ကွယ်လွန်သွားသောကိုမြတ်သူနှင့် (15. 9. 2025 )နေ့တွင်ကွယ်လွန်သွားသောဒေါ်စိန်စိန်အောင်(ဂျပန်ဘာသာကထိက (ငြိမ်း )ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံ )တို့ကိုရည်စူး၍ကျန်ရစ်သူ သူငယ်ချင်းများနှင့်တပည့်များကတနှစ်စာလှူဒါန်းပေးပို့ထားပါသည်။
ကွယ်လွန်သူကိုမြတ်သူနှင့်ဆရာမကြီးဒေါ်စိန်စိန်အောင်တို့ရောက်ရာဘုံဘဝမှသိနိုင်ပါစေ၊ကြားနိုင်ပါစေ၊မြင်နိုင်ပါစေ၊သာဓုခေါ်ဆိုနိုင်ပါစေ။
အလှူရှင်အားလုံးနှင့်ဒီ post ကိုမြင်သူအားလုံးသာဓုခေါ်ဆိုနိုင်ကြပါစေ၊နတ်လူသာဓုခေါ်စေသော်။
ကုသိုလ် အမျှ....အမျှ...အမျှ.........
04/11/2025
၄-၁၁-၂၀၂၅ (အင်္ဂါနေ့)(တန်ဆောင်မုန်လပြည့်နေ့)
ဆရာမဒေါ်ခင်စိန်စိန်အောင် (Daimond Sensei) ရှိစဉ်ကအသုံးပြုရန် Wheel Chair ကိုအသက် (၈၀) အရွယ်လမ်းမလျှောက်နိုင်သော၊လိုအပ်နေသောဦးစိုးမြင့်အားအသုံးပြုရန်ပေးအပ်ထားပါသည်။
ယခင်ဆရာမအတွက် Wheel Chair အထောက်အပံ့ပြုသူ ဒေါ်ဝါဝါသန့်နှင့်ဒေါ်ရင်ရင်မွှေး( စိန်နန်းတော်)တို့ဖြစ်ပါသည်။
15/10/2025
15/10/2025
၁၅-၁၀-၂၀၂၅( ဗုဒ္ဓဟူးနေ့)
၁၅-၉-၂၀၂၅ (တနင်္လာနေ့၊ နံနက် ၁ဝး၄၅) တွင်ကွယ်လွန်သူဒေါ်ခင်စိန်စိန်အောင်( Daimond Sensei) အားရည်
စူး၍ တစ်လပြည့်အဖြစ်ကုသိုလ်ကောင်းမှုပြုလှုဒါန်းခဲ့ပါသည်။
၃ ။ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ကွယ်လွန်သူဆရာမအားရည်စူး၍ 1986-1987-1988 IFL JAPANESE FULL TIME ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ မှ ၅၀၀,၀၀၀(ငါးသိန်းကျပ်) လှုဒါန်းခဲ့ပါသည်။
သူငယ်ချင်းနုနုတင်မှ ၁၀၀,၀၀၀ (တစ်သိန်းကျပ်)နှင့်သူငယ်ချင်းသင်းသင်းမှ ၁၀၀,၀၀၀ (တစ်သိန်းကျပ်)
စုစုပေါင်း ၇၀၀,၀၀၀ (ခုနှစ်သိန်းကျပ်) လှုဒါန်းခဲ့ပါသည်။
၄။ "ဆည်းဆာရိပ် " ဂီလာနဘိုးဘွားရိပ်သာ သို့ ကွယ်လွန်သူဆရာမအားရည်စူး၍1986-1987-1988 IFL JAPANESE FULL TIME ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများမှ ၅၀၀,၀၀၀( ငါးသိန်းကျပ်) ထာဝရဆေးပဒေသာပင်မြတ်ဒါန လှုဒါန်းခဲ့ပါသည်။
၅ ။ ကျောက်ကပ်ဆေးနေသူများအတွက်ကူညီကြရအောင်သို့ ကွယ်လွန်သူဆရာမအားရည်စူး၍ 1986-1987-1988 IFL JAPANESE FULL TIME ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများမှ ၅၀၀,၀၀၀ (ငါးသိန်းကျပ်) ဒေါက်တာချစ်မျိုး ၏ KPAY AC သို့လွှဲအပ်လှုဒါန်းခဲ့ပါသည်။
၆ ။ ပဲခူးတိုင်းအောင်မြေဇေယျ(ကမာနက်) ရှိပရိယတ္တိစာပေလေ့လာဆည်းပူးနေသောကိုရင်၊သံဃာတော်များ သို့ ကွယ်လွန်သူဆရာမအားရည်စူး၍ 1986-1987-1988 IFL JAPANESE FULL TIME ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ မှ လစဉ် ၅,၀၀၀ (ငါးထောင် ကျပ်) ဖြင့်တစ်နှစ်စာ ၆၀,၀၀၀ ( ခြောက်သောင်းကျပ်) ကိုဆွမ်းပဒေသာပင် အဖြစ် သူငယ်ချင်းဒေါ်လှလှမြင့်၏ KPAY AC သို့လွှဲအပ်လှုဒါန်းခဲ့ပါသည်။
မနက်မှစ၍နေလယ်အထိဆရာမ၏တစ်လပြည့်တွင်လိုက်ပါကုသိုလ်ပြုကြသူငယ်ချင်များနှင့်နေ့လယ်စာကိုအိမ်တွင် မန္တလေးမြီးရှည်ကိုယ်တိုင်ချက်ပြုပ်ပြီး၊လဘက်ရည်၊မုန့် ဖြင့်အာဟာရဒါနပြုသူ၊ သူငယ်ချင်းစန်းစန်အေးနှင့်ခင်ပွန်းဦးစိုးမင်းတို့အားကျေးဇူးတင်မှတ်တမ်းပြုပါသည်။
14/10/2025
၁၄-၁၀-၂၀၂၅( အင်္ဂါနေ့)
၁ ။ ၁၅-၉-၂၀၂၅ နေ့ကွယ်လွန်သူဒေါ်ခင်စိန်စိန်အောင် ( Daimond Sensei) ကထိက(ငြိမ်း) ဂျပန်ဘာသာဌာန၊ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံ အားရည်စူး၍ ဆရာမ မကျန်းမာစဉ်ကတက်ရောက်ကုသခဲ့သောနှလုံးဆေးကုဌာန၊ရန်ကုန်ပြည်သူဆေးရုံကြီးသို့အလှုငွေ ၂,၀၀၀,၀၀၀( သိန်းနှစ်ဆယ်ကျပ်) အားလှုဒါန်းခဲ့ပါသည်။
၈-၈-၂၀၂၅ ဆေးရုံစတက်စဉ်အခါကသူငယ်ချင်းနုနုတင်မှအသုံးပြုရန် ၂,၀၀၀,၀၀၀ ( သိန်းနှစ်ဆယ်ကျပ်) အထောက်အပံ့ပြုခဲ့ပါသည်။ ၅၀၀,၀၀၀ (ငါးသိန်းကျပ်)အားဆရာမဆေးရုံစတက်သည့်မှနောက်ဆုံးရက်လယ်ဆွမ်းသွတ်တရားနားအထိအသုံးပြုရန်အထောက်အပံ့ပြုခဲ့ပါသည်။သီးသန့်ဖယ်ထားသော ၁,၅၀၀,၀၀၀( ဆယ့်ငါးသိန်းကျပ်) အားတစ်လပြည့်မှာဆရာမအတွက်ကုသိုလ်ပြုရင်နှလုံးဆေးကုဌာနကိုလှု
ဒါန်းရန် Professor ဒေါ်နွယ်နွယ်ဆက်သွယ်ရာယနေ့နံနက် ၉း၀၀ တွင်သွားရောက်လှုဒါန်းခဲ့ပါသည်။
ထို့အပြင်သူငယ်ချင်းနုနုတင်မိခင်ဖြစ်သူမှ ၃၀၀,၀၀၀(သုံးသိန်းကျပ်)၊သူငယ်ချင်းသင်းသင်းမှ ၂၀၀,၀၀၀(နှစ်သိန်းကျပ်)
စုစုပေါင်း သိန်းနှစ်ဆယ်ကျပ်လှုဒါန်းခဲ့ပါသည်။
၂။ သွေးပေါင်တိုင်းစက်၊အောင်စီဂျင်တိုင်းစက်(နုနုတင်အထောက်အပံ့)၊ပန်ကာ တစ်လုံး၊ဓါတ်ဘူး တစ်လုံးနှင့် 1986-1987-1988 IFL JAPANESE FULL TIME မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၏ လစဉ်ဆရာမအတွက်ကျန်းမာရေးစောင့်ရှောက်မှုငွေမှ ၁၀၀,၀၀၀ (တစ်သိန်းကျပ်) နှင့်သူငယ်ချင်းယဉ်မင်းသော်မှ ၅၀,၀၀၀(ငါးသောင်းကျပ်) ကိုကွယ်လွန်သူဆရာမအားရည်စူး၍ဦးဇင်းတိလောက(ထွန်းစိုးဦး)ထံ
လှုဒါန်းခဲ့ပါသည်။
၄-၁၀-၂၀၂၅ (စနေနေ့)
ဆရာမဒေါ်ခင်စိန်စိန်အောင် ( Daimond Sensei)သည် ၈-၈-၂၀၂၅ နေ့တွင်ဆေးရုံတက်ရောက်ကာသမှာခံယူခဲပါသည်။ ၂၀-၈-၂၂၀၂၅ နေ့တွင်ဆေးရုံမှဆင်းလာပြီးဒေါ်မြသီအိမ်တွင်ဆေးဝါးသောက်သုံးခြင်းဖြင့်နေထိုင်ခဲ့ပါသည်။
တဖန် ၇-၉-၂၀၂၅ နေ့တွင်အရေးပေါ်ကုသမှုခံယူရန်ဆေးရုံပြန်လည်တက်ရောက်ကုသခဲ့ပါသည်။
၁၅ -၉-၂၀၂၅ နေ့၊နံနက်ပိုင်း၊အသက် (၈၇)နှစ်တွင်ကွယ်လွန်ခဲ့ပါသည်။
ဆေးရုံစတင်တက်ရောက်ကုသချိန်မှစ၍နောက်ဆုံးရက်လည်ဆွမ်းသွတ်တရားနာအထိ IFL ဂျပန်ဘာသာဌာန မှ လက်ဖေါ်ကိုင်ဖက်ဆရာ/ဆရာမများ၊ Seniors တပည့်သားသမီးများ၊ Juniors တပည့်သားသမီးများ၊ ပြည်တွင်းပြည်ပရောက်ရှိနေကြသော တပည့်သားသမီးများ၊ လက်ရှိ UFL ဂျပန်ဘာသာဌာနမှဌာနမှုးနှင့်ဆရာ/ဆရာမများ၊မိတ်ဆွေသင်္ဂဟများ၊ဆွေးမျိုးသားချင်းများ အသီးသီး ဆရာမအတွက်အစားအသောက်အာဟာရ၊အသုံးအဆောင်များ၊အားဖြည့်ဆေးဝါး၊ Wheel Chair ၊ ငွေကြေးအထောက်အပံ့ပြုပါဝင်ခဲ့ကြပါသည်။
ယခုပါဝင်ခဲ့ကြသောပုဂ္ဂိုလ်အသီးသီးတို့အားကျေးဇူး
တင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။
We would like to express our gratitude to all those who have provided support for Daimond Sensei.
先生を支えていただいた皆様に感謝申し上げます。
၈-၈-၂၀၂၅
သူငယ်ချင်းကိုစိန်လွင်၊နုနုတင် ( ဆရာဝန်ပင့်ဆောင်ပြီးစမ်းသပ်မှုပြုလုပ်ပေးခြင်း၊ Ambulance ခေါ်ယူဆေးရုံသို့တင်ဆောင်ပေးခြင်း) ၊ဝိုင်းဝိုင်းမွန်
၉-၈-၂၀၂၅
သူငယ်ချင်းမောင်မောင်ဝင်း ( Singapore)၊ နုနုတင်၊မာလာအေး၊ဆရာဦးမင်းသုခ၊ယဉ်မင်းသော်၊ ရှေ့နှစ်အတန်းမှ ချောမိုလွင်၊ချယ်ရီ၊၊ချိုချိုထွန်း၊မီမီထွန်း၊လွင်လွင်သက်၊သီသီရွှေ
၁၀-၈-၂၀၂၅
သူငယ်ချင်းသီတာထွန်း၊လှရွှေ၊ဒေါ်ခင်ချိုလှ၊နန်းစမ်း
ဟွမ်၊နန်းမြမိုးသီတာ( ကိုက်ိုကြီးဇနီး)၊ဦးစိုးမြင့်ရွှေ၊ဦးစိုးလှထွန်း၊မင်းဟိန်းကျော် (ဆရာမမြေး)
၁၂-၈-၂၀၂၅
(ဦးနှင်းခိုင်မှတဆင့် ) ဦးသန်းဌေး (USA)၊ ဒေါ်စန်းစန်းလွင် ( Taiwan)၊ ဆရာမဒေါ်သင်းသင်းရီ၊ဒေါ်ဇင်မာအုန်း၊ဌာနမှုးဒေါ်စန်းစန်းနုနှင့်ဆရာ/ဆရာမများ၊
မအုန်းမြင့်( Taiwan)
၁၃-၈-၂၀၂၅
သူငယ်ချင်းယုယုမြင့်၊ရှေ့နှစ်အတန်းမှ ဒေါ်တင်နှင်းမာ၊ထွေးအောင်စိုး၊ထွန်းဦး၊ အောင်ကျော်
၁၄-၈-၂၀၂၅
သူငယ်ချင်းမိမိခိုင်၊ဆရာဦးအောင်စိုး ( ဒေါ်တင်တင်ရှိန်မှတဆင့်)၊ကိုကိုမောင်ထွန်း
၁၅-၈-၂၀၂၅
သူငယ်ချင်းခင်မောင်အေး (EC)
၁၇-၈-၂၀၂၅
ဒေါ်ခင်မေစီ
၁၉-၈-၂၀၂၅
ဒေါနုနုခင်
၂၁-၈-၂၀၂၅
သူငယ်ချင်းမောင်မောင်ဝင်း (Singapore)( ဒုတိယအကြိမ်)၊ တူဖြစ်သူဇာနည်အောင်၊ဦးနှင်းခိုင်မှတဆင့်( အထောက်အပံပြုသူများ)
၂-၉-၂၀၂၅
ဒေါ်ဝါဝါသန့်နှင့်ဒေါ်ရင်ရင်မွှေး ( Wheel Chair)( ဦးနှင်းခိုင်မှတဆင့်)၊ ဒေါ်မူမူအောင်(မမူ)(ပျဉ်မနား)( တူဖြစ်သူ၏ဇနီး)
၇-၉-၂၀၂၅
သူငယ်ချင်းဝိုင်းဝိုင်းမွန်(ဒုတိယအကြိမ်)
၁၀-၉-၂၀၂၅
ဒေါ်မူမူအောင် (USA)၊ဒေါစုစုသောင်း၊ဦးမိုးမြင့်အောင်
၁၁-၉-၂၀၂၅
သူငယ်ချင်းသင်းသင်းခိုင် ( ငြိမ်းငြိမ်းအေးမှတဆင့်)၊ ငြိမ်းငြိမ်းမြင့် ( USA)
၁၃-၉-၂၀၂၅
ဒေါ်မေရီ ( နုနုတင်မှတဆင့်)
၁၆-၉-၂၀၂၅
သူငယ်ချင်းခင်သန်းအေး
၁၇-၉-၂၀၂၅
ဦးအောင်သိန်း+ ဒေါ်လှလှပိုက်
၁၈-၉-၂၀၂၅
Thuza Ito
၂၀-၉-၂၀၂၅
သူငယ်ချင်းမအုံးမြင့် ( Taiwan)(ဒုတိယအကြိမ်)
၂၃-၉-၂၀၂၅
သူငယ်ချင်းချိုလှမြင့်+ ဦးအောင်ကျော်မြ၊ ဦးသူရိန်
တိုမှအထောက်အပံငွေကြေးများထည့်ဝင်ပါသည်။
02/10/2025
၂-၁၀-၂၀၂၅ ( ကြာသာပတေးနေ့)
ဆရာမဒေါ်ခင်စိန်စိန်အောင် (Daimond Sensei) သည်ကျန်းမာရေးချို့ယွင်းမှုဖြစ်ပြီးရန်ကုန်ပြည်သူ့ဆေးရုံ၊နှလုံးကုသဆောင်သို့ ၈-၈-၂၀၂၅ မှ ၂၀-၈-၂၀၂၅ အထိတက်ရောက်ကုသခဲ့ရပါသည်။
(က) ၈/၈ မှ ၂၀/၈ အထိ နှလုံးကုသဆောင်
ဆေးဝါးဝယ်ယူမှု 593,500
အသေးသုံးစရိတ်(၁၃/၈-၂၀/၈)ထိ
(၈/၈-၁၂/၈အထိစရိတ်မထွေးမမှတ်ထား) 208,400
မထွေးစောင့်ရှောက်ခ နေ့/ည ၁၃ရက် 520,000
ညဖက်အကူ Nurse ၃ ရက် 60,000
အခန်းခ+အလှုငွေ+ Ambulance ဆေးရုံဆင်း 155,000
စုစုပေါင်း 1,536,900 Ks
(ခ) ၂၀/၈ မှ ၇/၉ အထိဒေါ်မြသီအိမ်
ဆေးဝါးဝယ်ယူမှု 183,500
အသေးသုံးစရိတ် 95,450
မထွေးစောင့်ရှောက်ခ ၂၁ မှ ၆ရက်ထိ 200,000
၁၇ ရက်စာ
စုစုပေါင်း 478,950 Ks
(ဂ) ၇/၉ မှ ၁၅/၉ ထိရန်ကုန်အထွေထွေကုသဆောင်
ဆေးဝါးဝယ်ယူမှု 237,600
Ambulance ကားဆေးရုံတက် 70,000
အသေးသုံးစရိတ် 297,800
မထွေးစောင့်ရှောက်ခ နေ့ည
၈ ရက်၊နေ့ဝက် 340,000
စုစုပေါင်း 945,400 Ks
( ဃ) KKMHtun ဆေးဝါး၊အသုံးအဆောင်ပစ္စည်း၊
ကားခ၊ဆုံးပြီးဆေးရုံကိစ္စ၊သရဏဂုံတင်ခြင်း
ကိစ္စ၊သင်္ဂြိုလ်ခြင်းကိစ္စအသုံးစရိတ် 1,051,900
စုစုပေါင်း 1,051,900 Ks
(င) ၂၃-၉-၂၀၂၅ ဆရာမအားရည်စူး၍သာသာနာလင်္ကာရကျောင်းတိုက်၊ရက်လည်ဆွမ်းသွတ်၊တရားနာ၊ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း
သံဃာတော် ၁၉ ပါးအတွက်အားနဝကမ္မအလှုငွေ 190,000+360,000+ 50,000 = 600,000 Ks
သံဃာတော် ၁၉ပါးနှင်ဧည့်ပရိသတ် ၁၀၀ ခန့်
ထမင်း၊ဟင်း၊မုန့်မျိုးစုံ၊ရေခဲမုန့်
1,375,500 Ks
(စ) ဆရာမဆေးရုံတက်ကုသစဉ်၊ဒေါ်မြသီအိမ်၊ပြန်ဆေးရုံတက်ကုသမှုခံယူစဉ် ပြုစုစောင့်ရှောက်မထွေး
အားအထောက်အပံ့ 100,000
ဆရာမအသက်ရှိနေထိုင်စဉ်ကာလအတွင်းအခါအားလျော်စွာစောင့်ရှောက်ပေးသူဒေါ်စိစိအား
အထောက်အပံ့ 100,000
ဆရာမအားဓါတ်မှန်ရိုက်ခြင်၊ဆေးရုံပြန်တက်ရာတွင်
ကူညီဆောင်ရွက်ပေးသူမငယ်သားအမိအားအ
ထောက်အပံ့ 50,000
စုစုပေါင်း 250,000 Ks
အစမှအဆုံးထိကုန်ကျစရိတ်စုစုပေါင်း 6,238,000
ဆေးရုံစတက်စဉ်မှနောက်ဆုံးရက်လည်အထိ
ဆရာ/ဆရာမများ၊တပည့်သား/သမီးများ၊မိတ်ဆွေများ၏ အထောက်အပံ့ပြုငွေ 7,780,000
လက်ကျန်ငွေ 1,542,000 Ks
ကျန်ရှိအထောက်အပံ့ငွေများဖြင့်ဆရာမအတွက်ကုသိုလ်ကောင်းမှုပြုပါမည်၊အစီအစဉ်အသေးစိပ်ထပ်မံအသိပေးပါမည်။
သီသန့်ဒေါ်မြသီထံပေးအပ်ထားသောငွေမှ
တောင်ဒဂုံ၊ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရေးအတွက်ဆရာမအမည်ဖြင့် လှုဒါန်းငွေ 250,000
၂၁-၉-၂၀၂၅ ဆရာမအတွက်ဒေါ်မြသီအိမ်တွင်ရက်လည်ဆွမ်းသွတ်တရားနာတွင်သံဃာ ၅ ပါး
အား လှုဒါန်းငွေ 250,000
စုစုပေါင် 500,000 Ks
25/09/2025
၂၅-၉-၂၀၂၅ ( ကြာသာပတေးနေ့)
၁၅-၉-၂၀၂၅ နေ့တွင်ကွယ်လွန်သွားသောဆရာမဒေါ်ခင်စိန်စိန်အောင် ( Daimond Sensei)အသက်(၈၇)နှစ် သည်ဆေးရုံနှစ်ကြိမ်တက်ရောက်ခဲ့ရပြီး၊ဆေးရုံတက်စဉ်ကာလမှစ၍ရက်လည်ဆွမ်းသွတ်တရားနာပွဲအထိအသီး
သီးပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ဆရာမအတွက်စွတ်ပြုတ်ရည်၊စားသောက်ဖွယ်ရာပြုလုပ်လာပေးသောဒေါ်တင်တင်ရှိန်နှင့်ဒေါမေရီ၊လာရောက်သတင်းမေးကြသောသူငယ်ချင်များ၊ Seniors များ၊ဆရာဦးသောင်းညွန့်၊ဦးနှင်းခိုင်ဇနီးမောင်နှံ၊ဦးဝဏ္ဏဇနီးမောင်နှံ၊အမကြီးဒေါ်နုနုခင်၊အမည်သိသူ၊မသိသူများ၊ဆွေမျိုးသားချင်းများလာရောက်ကြပါသည်။
ကျန်းမာရေးအထောက်အပံ့ထည့်ဝင်ပေးကြသောဆွေမျိုးသားချင်းများ၊ပြည်တွင်းပြည်ပမှ Batch တူသူငယ်ချင်းများ၊ Batch မတူသူငယ်ချင်းမိတ်ဆွေများ၊ယခင် IFL ဂျပန်ဘာသာဌာနမှလုပ်ဖေါ်ကိုင်ဖက်ဆရာ/ဆရာမများ၊ လက်ရှိ UFL ဂျပန်ဘာသာဌာနဌာနမှုးနှင့်ဆရာ/ဆရာမများ၊နာရေးဖြစ်စဉ်မှနောက်ဆုံးသင်္ဂြိုလ်၊ရက်လည်ပြုလုပ်ရာတွင်သင်္ကန်းခြင်း၊သပိတ်၊သင်္ကန်း၊ဝထ္ထုငွေများပါဝင်ကုသ်ိုလ်ပြုကြသူဒေါ်ဝါဝါသန့်၊ဒေါ်မေရီ၊ဒေါ်မြသီနှင့်ဦးခင်ဦးအောင်မိသားစုကိုယ်စားတူဖြစ်သူဦးဇာနည်အောင်နှင့် ၂၁-၉-၂၀၂၅ နေ့ဒေါ်မြသီအိမ်တွင်ရက်လည်ဆွမ်းသွတ်ပြုလုပ်ရာတွင်၊ဒေါ်မြသီမိသားစု၊လှုဒါန်းမှုပြုကြသူများနှင့် ၂၃-၉-၂၀၂၅ နေ့တွင်သာသနာလင်္ကာရကျောင်းတွင်ဆွမ်းသွတ်တရားနာရာတွင်ကြွ
ရောက်လာသောသံဃာတော်များ၊ဆရာဦးဌေးအောင်၊ဆရာဦးအောင်စိုး၊တပည့်သားသမီးများနှင့်ဝိုင်းဝန်းကူညီကြသူများအသီးသီးအားကျေးဇူးတင်မှတ်တမ်းတင်အပ်ပါသည်။
အထူးသဖြင့်ယနေ့နေ့လယ် ၁း၀၀ခန့်ဒေါ်မြသီဆီသွားပြီး၊ ဆရာမဒေါ်ခင်စိန်စိန်အောင်ကို ၁၀နှစ်ကျော်ခန့်အိမ်တွင်ထားရှိစောင့်ရှောက်ပေးခဲ့တဲ့အတွက်ဂျပန်ဘာသာမိသားစုအားလုံးမှကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ပြောကြားခဲ့ပါသည်။
ပထမဆုံးဆေးရုံတင်စီစဉ်ဆောင်ရွက်ပေးခဲ့ကြသောသူငယ်ချင်းကိုကိုမောင်ထွန်း၊ဆေးရုံတင်ရာတွင် Ambulance ကားခေါ်ယူတင်သယ်ဆောင်ရေးနှင့်အရေးပေါ်ဌာနအထိလိုက်ပါဆောင်ရွက်ပေးသူငယ်ချင်းနုနုတင်နှင့်သေချာစမ်းသပ်ပြီးတင်သင့်ကြောင်းအတူပါလာသူဆရာဝန်မလေးပါကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
သူငယ်ချင်းစိန်လွင်ဆီအကြောင်းကြားပြောဆိုချက်ခြင်းစတင်ကျန်းမာရေးအထောက်အပံ့ KPAY ဖြင့်ပို့လာပြီး၊သူငယ်ချင်းနုနုတင်မှလဲသုံးစွဲရန်ငွေကြေးအထောက်အပံ့ပြုပေးကြပါသည်။
ထို့နောက်အသီးသီးပြည်တွင်းပြည်ပမှသူငယ်ချင်များ၊ဆရာ/ဆရာမများ၊ Seniors များအကြောင်းကြားပြောကြားပြီးကျန်းမာရေးအထောက်အပံ့များထည့်ဝင်ကြပါသည်။
နှစ်ကြိမ်ဆေးရုံတက်ရောက်စဉ်ကာလအတွင်းအနီးကပ်နေ့ညပြုစုသူဒေါ်ထွေးထွေးနှင့်အချိန်ပိုင်းနာ့စ်ဆရာမများ၊လာရောက်ကူညီပေးသောမငယ်တို့သားအမိ၊ကုသပေးသောဆရာဝန်ကြီး/ဆရာဝန်မကြီးများအားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
1986-1987-1988 IFL JAPANESE FULL TIME မှ Batch တူသူငယ်ချင်းများ၊လွန်ခဲ့သော 2025 Feb 23 မှာ ပထမဆုံးတွေ့ဆုံဖြစ်ကြပြီးဆရာမဒေါ်ခင်စိန်စိန်အောင်အားလစဥ်ကျန်းမာရေးအထောက်အပံ့ငွေကြေး၊စားစရာ၊အသုံးအဆောင်၊ဆေးဝါး၊အားဆေးများနှင့်တပည့်များမှသွားရောက်တွေ့ဆုံအားပေးစကားများပြောကြားပေးခဲ့ကြပါသည်။(၈)လခန့်အထောက်အပံ့ပြုခွင့်ရလ်ိုက်ကြပါသည်။ပါဝင်ကြသည့်ပြည်တွင်းပြည်ပမှသူငယ်ချင်းများ၊ဆရာဦးအေးချို၊ဆရာဦးသောင်းညွန့်၊ဆရာဦးမင်းသုခတို့အားကျေးဇူးအထူးတင်ရှိမှတ်တမ်းပြုပါသည်။
ဆေးရုံတက်စဥ်နှင့်ဆေးရုံခေတ္တဆင်းလာစဉ်ကာလမှာပြုစုစောင့်ရှောက်ပေးခဲ့သောဒေါ်ထွေးထွေး အားစောင့်ရှောက်ခအပြင် (၁၀၀,၀၀၀)ကျပ်၊ဒေါ်မြသီအိမ်မှဆရာမကြီးအားအခါအားလျော်စွာပြုစုစောင့်ရှောက်သူဒေါ်စိစိအား (၁၀၀,၀၀၀)ကျပ်နှင့်လာရောက်ကူညီပေးသူမငယ်သားအမိအား (၅၀,၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။
ဆရာမအတွက်ကောင်းမှုကုသိုလ်အစုစုကို
အမျှ၊အမျှ၊အမျှ ပေးဝေပါသည်။
ဆရာမရောက်ရာဘုံဌာနမှ သာဓု၊သာဓု၊သာဓု ခေါ်နိုင်ပါစေ....
ကောင်းမွန်ဘုံဌာနရောက်ရှိ၊ရရှိခံစားနိုင်ပါစေ..…..
၂၃-၉-၂၀၂၅( အင်္ဂါနေ့)(မှတ်တမ်း ၇)
၂၃-၉-၂၀၂၅( အင်္ဂါနေ့) (မှတ်တမ်း ၆)
24/09/2025
၂၃-၉-၂၀၂၅( အင်္ဂါနေ့) (မှတ်တမ်း ၅)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon