Zin Zin

Zin Zin

Share

Construction

11/09/2025

🍀ကျေးဇူးတင်စိတ်နဲ့အလုပ်လုပ်ခြင်း 🙏🏼
🙏🏼Work with Gratitude Mindset

🧱အိမ်ဆောက်တဲ့အလုပ်တိုင်းမှာ အများနဲ့လုပ်ရတဲ့အလုပ်ဖြစ်လို့ ညှိယူရတာလေးတွေအမြဲကြုံရပါတယ်။

🏆ကျေးဇူးတင်တတ်တဲ့စိတ်မရှိတဲ့သူဦးဆောင်ရင် အိမ်ဆောက်တဲ့အလုပ်က ဘယ်တော့မှ ထိပ်ဆုံးရောက်မယ်မထင်ပါဘူး။

🏠ညှိယူခြင်း၊ တောင်းဆိုခြင်းနဲ့၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပိုကောင်းတဲ့အရာတွေအတွက် ဆုံးဖြတ်ကြခြင်းတွေဟာ အိမ်ဆောက်သော Client သာမက၊ အလုပ်လုပ်ကြတဲ့ ပညာရှင်အချင်းချင်း၊ အလုပ်သမားအချင်းချင်း၊ ပညာရှင်နဲ့အလုပ်သမား၊ အိမ်ရှင်နဲ့ အလုပ်တာဝန်ခံ အမျိုးမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။

🍀ကျေးဇူးတင်တတ်တဲ့စိတ်သာမရှိရင် ကိုယ့်အတ္တနဲ့လောဘတွေကိုရှေ့တန်းတင်ပြီး ငြင်းခုန်မှုတွေက မကြာခဏဖြစ်နေမှာပါပဲ။Construction လောကမှာ သူတင်း ကိုယ်တင်းနဲ့ အလုပ်တခန်းရပ်တဲ့ဆက်ဆံရေးတွေလည်း အများကြီးကြားဖူးပါတယ်။

🙏🏼ကျေးဇူးတင်တတ်တဲ့စိတ်က ဦးဆောင်မှသာ အရာရာက ညှိနှိုင်းခြင်းနဲ့ အပြန်အလှန်နားလည်မှုနဲ့ ကိုယ်ချင်းစာတရားဆိုတာတွေက ဖြစ်ပေါ်လာမှာပါ။

🍀Client တစ်ဦးဦးက သူဖြစ်ချင်တာလေးတွေလာညှိတိုင်း ကိုယ့်ဘက်က လုပ်ပေးနိုင်တာဆို အတွန့်မတက်ပဲ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ကိုယ်လူတွေက တခုခုအတွက် လာရောက် ညှိနှိုင်းတဲ့အရာလည်း အတတ်နိုင်ဆုံး ညှိပေးမယ့်စိတ်နဲ့ပဲ Welcome လုပ်နိုင်ခဲ့ပါတယ်။

🙏🏼ဒီလို လုပ်နိုင်တဲ့စိတ်က ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ ကြည့်လို့ပါ🍀

အလုပ်မလုပ်ခင် ကိုယ်က ကိုယ့်Client အပေါ် ဘယ်လိုကျေးဇူးတင်ခဲ့လဲ၊ ကိုယ့်ကိုယ်ရွေးခဲ့တာ ဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းလဲ ဆိုတာကို နှလုံးသွင်းထားတာပါ။

အလုပ်မစ စာချုပ်မချုပ်ခင်က ခံစားခဲ့ရတဲ့ ငါ့ကိုယ်ရွေးချယ်ပေးလို့ ကျေးဇူးတင်လိုက်တာဆိုတဲ့ Mood ကို ပြန်လည်ဆင်ခြင်သတိရလိုက်တော့ ကျေးဇူးတင်စိတ်နဲ့ Client ဆန္ဒတွေကို စျေးတွက်မတွက်ပဲ ညှိပေးနိုင်ခဲ့ပါတယ်။

ဒီလိုကျေးဇူးတင်တတ်တဲ့စိတ်က အင်မတန်အေးချမ်းလွန်းလို့ အလုပ်လုပ်တဲ့အခါ စိတ်ဖိစီးမှုတော်တော်လျော့ပါတယ်။ ဒီစိတ်ကြောင့်ထင်ပါတယ် ကိုယ့်Client တွေဘက်ကလည်း တောင်းဆိုစရာတောင်မလိုပဲ ထပ်ကုန်မဲ့ စရိတ်ကို တွက်ချက်ခိုင်းတာမျိုး ပြန်ပေးတာမျိုးလည်း ရှိတော့ တဦးမေတ္တာ တစ်ဦးစေတနာနဲ့ Relationship က ပိုခိုင်မြဲလာတာဖြစ်ပါတယ်။

ကျေးဇူးတင်စိတ်နဲ့ပဲ အလုပ်လုပ်တော့ အေးချမ်းပြီး တန်ဖိုးရှိလို့နေပါတယ်။

Zin Zin Oo

24/08/2025

#လွန်ခဲ့သော၅နှစ်ခန့်က ရွှေ၁ကျပ်သား၁၀သိန်းခန့်ဝန်းကျင်မှာ သိန်း၅၀၀တန် Project တစ်လုံးကို ကျွန်မတို့ကုမ္ပဏီက လက်ခံခဲ့ကြပါတယ်။

မြစ်ကြီးနားမှာ သိန်းထောင်သောင်းချီတဲ့ Project တွေကိုပဲ တွက်ချက်တည်ဆောက်ခဲ့ဖူးတာပါ၊ရန်ကုန်မှာ အိမ်တလုံးမှမဆောက်ဖူးသေးပါ၊ Project ရချင်တဲ့စိတ်တခုနဲ့ အလုပ်လက်ခံခဲ့ပါတယ်။

ထုံးစံအတိုင်း Archi Drawing ဆွဲ၊ Structure အပ်ပြီး Structure ကိုကျကျနနဆွဲခဲ့ပါတယ်။ Client အလိုအရ Soil Test တော့မလုပ်ခဲ့ပါ။ Bearing Capacity ကို Assume ယူပြီး Structure တွက်ခဲ့ကြပါတယ်။

ကုန်ကျစရိတ်ထည့်သွင်းတွက်ချက်တဲ့လုပ်ငန်းစဥ်မှာ ရန်ကုန်အကြောင်းမသိသေးတဲ့ကျွန်မက ပစ္စည်းစျေးတွေကို ရန်ကုန်မြို့တွင်းစျေးတွေနဲ့တွက်ခဲ့ပါတယ်။ဆောက်ပေးရမဲ့မြို့က ဒလ ဘက်မှာပါ။ သယ်ယူပို့ဆောင်စရိတ်ကို ထည့်မစဥ်းစားခဲ့မိပါ။

(ပထမဆုံးသင်ခန်းစာ - ရန်ကုန်မြို့နယ် တမြို့စီမှာ TS charges ကွာခြားမှုထည့်တွက်ရမယ်)

Project စပြီးပန္နက်ရိုက်တာနဲ့ Client ဘက်က စပြီးတောင်းဆိုမှုတွေရှိလာခဲ့ပါပြီ။ Structure Drawing အရ မြေဝင် ၆ပေ ပေးထားပြီး Combine Footing အမျိုးအစားပါ။သူတို့ဘက်က QC ဆိုသော ဦးလေးကြီးတယောက်က Structure Drawing မှာမပါတဲ့အရာတွေ ထည့်လုပ်ဖို့တောင်းဆိုပါတယ်။ မြေဝင်အနက် ၁၀ပေ တိုးရန်၊ Ground Beam များထည့်ချုပ်ပေးရန်ပါ။ Ground Beam တောင် Footing အခြေမှာ Horizontal ရော Vertical ပါ ချုပ်ခိုင်းပါတယ်။

ကျွန်မတို့အနေနဲ့ Structure Designer ကိုခေါ်ယူပြီး Client နားလည်အောင်ရှင်းပြဖို့ကြိုးစားသော်လည်း Client ကလုံးဝလက်မခံပဲ အပေါ်ကအတိုင်းတောင်းဆိုတုန်းပါပဲ၊ ကုန်ကျစရိတ်ကိုတော့ ထပ်တိုးမပေးပါ။ကျွန်မတို့အနေနဲ့ စလုပ်တဲ့ Project ကို ရပ်ရတာ၊ မလုပ်ပဲပစ်သွားတာမျိုး အဖြစ်မခံနိုင်တဲ့အတွက် တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။(သားအကြီး ကိုယ်ဝန်နဲ့ Client ဆီကိုပိုကုန်သွားတဲ့သံချောင်းဖိုးတင်ရာမှာ Client ဘက်က ထပ်မပေးနိုင်ကြောင်းပြောတဲ့အတွက် စိတ်ထိခိုက်ပြီး စိတ်မထိန်းနိုင်လို့ငိုချခဲ့ရဖူးပါတယ်)

(ဒုတိယသင်ခန်းစာ- စာချုပ်မချုပ်ခင်ကတည်းက ဆောင်ရွက်ပေးမဲ့အရာတွေကို ပြတ်ပြတ်သားသားရေးခဲ့ရပြီး မလုပ်ပေးနိုင်တဲ့အရာတွေကိုနားလည်အောင် ခိုင်ခိုင်မာမာ ဆောင်ရွက်ရမှာပါ)

ကျွန်မတို့အနေနဲ့ရန်ကုန်မြို့တွင်းသံ တစ်တန်ကို ၄သိန်းခွဲပေးရပေမဲ့ Site အရောက် ၆သိန်းခွဲပေးရပါတယ်။Foundationမှာတင် အများကြီးကိုရှုံးနေခဲ့ပါပြီ။

အုတ်စီတဲ့အချိန်ရောက်တော့ မြို့ထဲက အလွယ်ရတဲ့အုတ်ကို Client က မလှလို့ဆိုပြီး မဝယ်ခိုင်းပါဘူး။ကျွန်မတို့အနေနဲ့ Estimate ပါစျေးထက်ကျော်ပြီးလည်း ဝယ်မသုံးနိုင်ခဲ့တော့ Budget ထဲဝင်တဲ့အုတ်ကိုထပ်မှာခဲ့ပါတယ်။ ရောက်လာတဲ့အုတ်တွေဟာ အမြင်လှပေမဲ့ ရေထိုးချတော့ အရည်တွေပျော်ကျကုန်ပါတယ်။

(တတိယ သင်ခန်းစာ- စျေးသက်သာတဲ့အရာတွေက နှစ်ဆကုန်စေတယ်)

အုတ်အမျိုးအစာကောင်းတဲ့ဆိုင်ကို စျေး၂ဆပေးပြီးပြောင်းဝယ်ရပြန်တော့ ထပ်ပြီးရှုံးပြန်ရော။

Client ဘက်က ထပ်တောင်းဆိုတာတွေရှိလာပြန်ရော၊ Archi Drawing မှာ လှေကား Confirm ပြီးသားမို့ Plinth Beam လောင်းပြီးမှ လှေကားတစ်စင်းလုံးကို အရှေ့အနောက်လှည့်ခိုင်းပြန်ပါတယ်။ဖုန်းရွှေအရ မထားသင့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။ လှေကား၁ခုလုံးအစအဆုံးပြောင်းတဲ့ကိစ္စက Architect နဲ့ဆိုင်တော့ Archi နဲ့အသဲအသန်ငြင်းခုံကြပေမဲ့ Client တသက်လုံးနေမဲ့အိမ်မို့ သူဆန္ဒအတိုင်းလှေကားပြောင်းပေးခဲ့ပါတယ်။နောက်ဆက်တွဲ ပြသနာတွေကတော့ Beam နေရာတွေပြောင်းကုန်တာပါပဲ။

Site Engineer / Architect တွေက ဘယ်လောက်ပဲ ညှိညှိ Client အနေနဲ့ သူဖြစ်ချင်တာပဲသိတော့ နောက်ဖြစ်လာမဲ့ ပြသနာကို တာဝန်မယူကြောင်းကို စာချုပ်မှာလက်မှထိုးခဲ့ပါတယ်။

ကျွန်မတို့ Project ရချင်တဲ့စိတ်နဲ့ လက်ခံခဲ့တဲ့အလုပ်ကို ပြီးတဲ့အထိ အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်လုပ်ပေးတဲ့ Labour လည်းရှုံးခဲ့ပြီးစိတ်ဆင်းရဲရပါတယ်။

ကုမ္ပဏီလည်းရှုံးပြီး စိတ်ဆင်းရဲခဲ့ရပါတယ်။

Client လည်းမပျော်ရပါဘူး၊ Archi Design တွေ Out ကုန်တော့ Plan အဆင်မပြေတော့ပါ၊ Beam နဲ့အုတ်ရိုးနေရာတွေ လွဲကုန်တော့ Crack တွေဖြစ်လာပါတယ်၊ Crack ကနေ ရေစိမ့်တဲ့ပြသနာတွေကြုံရပါတော့တယ်။

ဒီလိုသင်ခန်းစာတွေရခဲ့ဖူးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ဆုံးမပါတယ်။ ဘယ်သူမှမပျော်ရတဲ့အလုပ်ကို မလုပ်တော့ဘူးဆိုတာပါ။

အလုပ်တခုအပ်ဖို့စုံစမ်းတဲ့ Client တွေကိုသေချာလေးပြောပြပေးဖြစ်ခဲ့ပါတယ်။

Structure အပ်ဖို့ Soil Test လိုကြောင်း

Archi Design ကို ၂ကြိမ်ထက်ပိုမပြင်ပေးနိုင်ကြောင်း

Structure Drawing နဲ့ Estimate ပါအတိုင် ဆောင်ရွက်ကြောင်း

စျေးအတက်အကျတွေကြားမှာ အတော်ရုန်းကန်ရပ်တည်နေရတဲ့အတွက် သင်ခန်းစာတွေထပ်မရချင်တော့ပါ။

ဒါကြောင့်ကုန်ကျစရိတ်တခုချင်းစီတိုင်း ထပ်ပေးဖို့အစီအစဥ်မရှိပဲ ထပ်တိုးတောင်းဆိုတတ်တဲ့သူမျိုးဆို ကိုယ့်ဘက်က စငြင်းနိုင်အောင် ကြိုးစားခဲ့ရပါတယ်။

ဘယ်သူမှမပျော်ရတဲ့အလုပ်ဆိုရင် အစကတည်းကမလုပ်တာပဲ ကောင်းပါတယ်ဆိုတဲ့စိတ်ကလေးနဲ့ပေါ့။

Lucky Done Constructionဆိုတာ ကံကောင်းခြင်းတွေနဲ့အဆုံးသပ်ခြင်း Client ဆီကို အလုပ်အပ်ပြီးတဲ့အထိ ပျော်ရွှင်ရခြင်းဆိုတဲ့အဓိပ္ပါယ်နဲ့စတင်ခဲ့ပါတယ်။

အကောင်းကြိုက်တဲ့သူတွေလာအပ်လို့ Lucky Done ဖြစ်လာတာမဟုတ်ပါဘူး၊ Lucky Done ကသာ အကောင်းကြိုက်တတ်တဲ့ Client တွေကို ရွေးချယ်ခဲ့တာပါ။

ရှေ့ဆက်လျှောက်ရမဲ့ လမ်းတွေမှာလည်း Client/People/Company ပျော်ရပြီး အကျိုးရှိတဲ့ အလုပ်မျိုးတွေသာ ဆက်ပြီးဆောင်ရွက်ခွင့် ရပါရစေ။

Zin Zin Oo
LUCKY DONE Construction & Decoration Company Limited

27/07/2025

Lucky Done Construction ကို လူနှစ်ယောက်နဲ့စတင်ခဲ့ပြီးနောက် ဌာနတစ်ခုကို လူတစ်ယောက်စီနဲ့ထည့် run ခဲ့တဲ့အကြောင်းရေးခဲ့ဖူးပါတယ်။System ချရာမှာ ပထမဆုံး HR နဲ့ Finance ဌာနကို အဓိက System ချခဲ့ပါတယ်။ကျွန်မရဲ့ကုမ္ပဏီမှာ အဓိက ဌာန(8) ခုရှိပါတယ်။Operation မစခင် အရင်ဆုံးတွေ့ရမဲ့ Department များကတော့ (1) Marketing Departments ( Owner/Me)ကျွန်မကိုယ်တိုင် Client များနဲ့တွေ့ဆုံပြီး ရှင်းပြလေ့ရှိပါတယ်။ တခါတရံ Design Department က Architect များနဲ့ QS Department က ညီမလေးတို့ကလည်း ရှင်းပြပေးလေ့ရှိပါတယ်။Ph -09951517749/09400010257 ကျွန်မအမြဲကိုင်ပါတယ်။(2)Design Departments ကျွန်မ၏ Design Departments တွင် Architect များInterior Designers များနှင့် Visualization အတွက် Visualizer သီးသန့်ထားရှိပြီး ဝန်ဆောင်မှုပေးပါတယ်။In-house များသာ ထားရှိခြင်းကြောင့် Project Design Controls ပိုင်းမှာ အများကြီး အားသာချက်ရှိပါတယ်။အချိန်နဲ့တပြေးညီ Designed Updates စစ်ဆေးညွှန်ကြားပေးနိုင်ပါတယ်။(3)QS Departments with Material Controlကုန်ကျစရိတ်များကို ၂ရက်အတွင်းသိနိုင်အောင် QS ဌာနကအလုပ်လုပ်နိုင်ပါတယ်။ဒါ့အပြင် တွက်ချက်မှုအတိုင်း ဆောင်ရွက်မှုရှိမရှိကို အမြဲစောင့်ကြည့်စစ်ဆေးနိုင်ကြပါတယ်။စာချုပ်ပိုင်းကိုလည်း QS ဌာနကပဲ ကိုင်တွယ်စစ်ဆေးကြပါတယ်။Operation စတင်တာနဲ့ (4) Project Management TeamsProject Manager အပါ Civil Engineer (18) ဦးပါဝင်တဲ့ Teams ဖြစ်ပါတယ်။Quality + Budget + Schedule စသည့်အကြောင်းအရာ ၃မျိုးကို ဟန်ချက်ညီအောင် ထိန်းရသော အဖွဲ့တစ်ခုဖြစ်ပါတယ်။အပတ်တိုင်း ကြာသပတေးနေတွင် Project Meeting တိုင်းမိမိတို့ Project Performanceကို တစ်ပတ်စာ Plan များဖြင့် ဖော်ပြကြရပါတယ်။၁လလျှင်၁ကြိမ် အကောင်းဆုံးသူကို ဆုပေးပါတယ်။(5) QC Teamမကြာသေးခင်ကမှ အသစ်ဖွဲ့စည်းလိုက်တာဆိုပေမဲ့ မူဝါဒ ခိုင်မာအောင် ပြင်ဆင်နေပါတယ်။Project Manager ကို အထူး Supports ပေးရမည်ဖြစ်ပြီး Third Party Structure ၏ Designed အတိုင်း ကွဲလွဲမှုမရှိရအောင် နေ့စဉ် Record များဖြစ်စစ်ဆေးသူများဖြစ်ကြပါတယ်။Project Quality အတွက် အထူးHighlights ကြီးကြပ်သူများဖြစ်သည်။Concrete Testing / Rebar Testing များကိုလည်း အမြဲစောင့်ကြည့်မှတ်တမ်းတင် Approved ပေးရပါသည်။(6) Finance & Accounts ကုမ္ပဏီ၏ ဘဏ္ဏာရေး ကိစ္စများကို စနစ်ကျအောင် ဆောင်ရွက်ကြသူများဖြစ်ပါတယ်။Other Support Departments များကတော့(7)M &E Department အိမ်တစ်လုံအကြမ်းထည်မှ ပြီးစီးသည်အထိ ပါဝင်ပတ်သက်ရသော ဌာန တစ်ခုဖြစ်တဲ့အတွက် Outsourced မထားပဲ In-house ပဲထားပါတယ်။လျှပ်စစ်အတွက်Electrical Egineer / ရေပိုက်အတွက်Mechanical Engineer တို့ပါဝင်သည့်အပြင် Site Supervision အတွက် ကျွမ်းကျင် Engineer များကို ထားရှိထားပါတယ်။(8)HR Department ဝန်ထမ်းများအားလုံးအတွက် အလုပ်သမားဝန်ကြီးဌာနတွင်မှတ်ပုံတင်စာချုပ်များဆောင်ရွက်ထားပြီးဖြစ်ပါတယ်။HR Policy ပါဝင်သော Company Handbook ထားရှိပြီးအားလုံးသော လူများက လိုက်နာကြရပါသည်။ရုံးတက်ရုံးဆင်းများ၊ ခွင့်များနှင့် လစာ အချိန်ပိုနှင့် အခြားခံစားခွင့်များ တရားမျှတစွာ ခံစားခွင့်ရစေရန် Better HR Software နှင့် HR Officer ထားရှိပြီး စီမံခန့်ခွဲပါသည်။အစည်အဝေးမှတ်တမ်းများစနစ်ကျစွာထားရှိပါသည်။MD ပါဝင်သော အစည်းအဝေကို အပတ်စဉ်တနင်္လာ မနက်တိုင်း ၂နာရီကြာ ဆောင်ရွက်ကြပြီး ရုံးအဖွဲ့သားများအတွက် ၁ပတ်စာ Goal များ MD နှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။Operation မှ ကန်ထရိုက်တာများကို တစ်ပတ်နှစ်ကြိမ် လုပ်အားခ ထုတ်ပေးပါတယ်။ အင်္ဂါ ကန်ထရိုက်တာ ငွေထုတ်ရက်တွင် ငွေထုတ်လာသော ကန်ထရိုက်အဖွဲ့များ၏ အ လုပ်လုပ်ခြင်း အားသာချက် အားနည်းချက်များကို Project Manager မှ ထောက်ပြဆွေးနွေးလေ့ရှိပါတယ်။၁လလျှင် ၁ကြိမ် ဆုပေး ဒဏ်ပေးစနစ်ကို ဆောင်ရွက်ပါတယ်။ကြာသပတေးနေ့တိုင်း MD နှင့် Project Management Teams Meeting ကို နေ့လည် ၁နာရီမှ ၄နာရီအထိ ပြုလုပ်ပြီး Quality/ Schedule/Budget ကိစ္စများကို PowerPoint Slides များဖြင့် အကြေအလည်ဆွေးနွေးကာ နောက်တစ်ပတ်စာ Plan များကို စီစဉ်ကြပါသည်။Outsourcing အနေနဲ့ကူညီပေးတဲ့ Teams တွေကတော့(1) Soil Test Soil Test လုပ်ငန်းအားလုံး Third Party ကို အပ်ပါသည်။(2) Structure TeamProject အားလုံး Structure များကို Professional Structure Designer များကို ဆောင်ရွက်စေပါသည်။(3) စည်ပင်ပါမစ်တင်ပေးသော Teamစည်ပင်ခွင့်ပြုမိန်များကို နေရာဒေသအလိုက် မြို့တော် စည်ပင်၏ လက်မှတ်ရေးထိုးခွင့်ရှိသော RSE / RE များက အပြီးအစီးဆောင်ရွက်ပေးပါသည်။(4) ဥပဒေရေးရာ ရှေ့နေများစာချုပ်စာတမ်းနှင့် သဘောတူညီမှုများအတွက် ရှေ့နေများ လိုအပ်ပါက ကုမ္ပဏီနှင့်အမြဲအလုပ်တွဲလုပ်သော ရှေ့နေများက ကူညီဆောင်ရွက်ပေးပါတယ်။ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု စနစ်တကျလည်ပတ်နိုင်ဖို့အတွက် အများကြီးကြိုးစားရပါတယ်ရှင်။ကြိုးတန်းပေါ်မှာလမ်းလျှောက်နေရသလို နာမည်ပျက်ရင်ချက်ချင်းပျက်နိုင်ပေမဲ့ နာမည်တစ်လုံးတည်ဆောက်ဖို့က နှစ်ပေါင်းများစွာ အချိန်၊ ငွေ၊ လုပ်အား၊ ပညာ နှင့် စိတ်စေတနာတွေနဲ့ ပေးဆပ်ရင်းနှီးထားရတာပါ။လူမျိုးစုံနဲ့ ပေါင်းစပ်ညှိနှိုင်းတည်ဆောက်ရတာဖြစ်တဲ့အပြင် အချိန်ကာလနဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး အဘက်ဘက်ကို ဟန်ချက်ညီအောင်ထိန်းပြီးဆောင်ရွက်ရတဲ့အလုပ်မျိုးဖြစ်ပါတယ်။Positive Attitude/ Balance Mindset/ ရှိမှသာ လုပ်ငန်းကိုရေရှည်တည်တံ့အောင် ထိန်းနိုင်မှာဖြစ်ပါတယ်။အားလုံးသော လုပ်ငန်းတူများ၊ construction နယ်ပယ်ကို စိတ်ဝင်စားသူများ၊ ကျွန်မ၏ အနာဂတ် Clients များအတွက် ရေးသားလိုက်ရပါတယ်ရှင်။အကျိုးရှိကြပါစေ။အောင်မြင်ကြပါစေ။Quality ကောင်းသောအိမ်များဆောက်ခွင့်ရကြပါစေ။နေထိုင်ခွင့်ရကြပါစေ။Zin Zin Oo

25/07/2025

Lucky Done ဆောက်လုပ်ရေးကုမ္ပဏီစလုပ်တော့ စမ်းချောင်းမှာ ကိုယ်ရယ် ကိုယ့်အမျိုးသားရယ် ၂ယောက်❤️

မြောက်ဒဂုံတိုက်ခန်းမှာ ရုံးစဖွင့်တော့ ဌာနတခုမှာ လူတစ်ယောက်စီနဲ့ ငွေစာရင်း ၁ယောက်၊ အာခီ ၁ယောက်၊ အင်ဂျင်နီယာ ၁ယောက် ၊ QS ၁ယောက်၊ Site Supervisor 1ယောက် ဖြစ်လာခဲ့ပါတယ်။

ဘာစနစ်မှ သေချာမချရသေးတဲ့အခြေအနေမို့ ပြသနာပေါင်းစုံနဲ့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရပါတယ်။

ဗိုက်ကလည်းကြီးနေသေးတယ်။ အမျိုးသားနဲ့ကလည်း နေတိုင်းရန်ဖြစ်ရ ကိုယ့်အတွက်က နေတိုင်းစာမေးပွဲရှိတဲ့ရက်တွေချည်းပါပဲ။

စနစ်ချဖို့ခေါင်းထဲမှာ ၁ကနေ ၁၀အထိ စီထားတယ်။
ပထမဆုး HR နဲ့ Finance က်ုစနစ်ချဖို့ပြင်ဆင်ခဲ့ပါတယ်။

HR Consultant ကိုခေါ်ပြီး Policy အကြမ်းပြင်တာ ၃လ စနစ်ကို စမ်းသုံးတာ၃လ နဲ့ အဆင်မပြေတာကို ပြင်ဆင်ပြီး HR နဲ့ ဆက်run နေတာ အခုဆို ၆လထပ်ကုန်တော့ပါမယ်။

ဒီကြားထဲမှာ Labour ရုံးနဲ့စာချုပ်တွေချုပ်နိုင်ခဲ့တယ်။ SSB တွေဆောင်နိုင်ခဲ့တယ်။ ရုံးတက်ရုံးဆင်းတာတွေ စနစ်ကျလာခဲ့တယ်။ Meeting တွေပုံမှန်လုပ်နိုင်လာခဲ့တယ်။ရုံစာတွေ စနစ်ကျလာခဲ့တယ်။ လစာကို ဘဏ်စနစ်နဲ့ ပေးဖို့ဆက်ပြီးပြင်ဆင်နေပါတယ်။

ကြိုးစားခဲ့တာ အခုဆို HR အတွက်အချိန်၂နှစ်ပေးပြီး System ချနေရဆဲဖြစ်ပါတယ်။

Financial နဲ့ပတ်သက်ပြီး System ဖော်ဆောင်ဖို့ကြိုးစားတာကတော့ မှတ်မှတ်ရရ ၂၀၂၄အစကတည်းကပါ။စာရင်းဆိုတာ ဝင်ငွေနဲ့ထွက်ငွေနုတ်ပြီးကျန်တာ လက်ကျန်လို့ပဲသိထားတဲ့ကိုယ့်အတွက် တိုင်ပတ်ခဲ့ရတဲ့နေ့ရက်တွေပါပဲ။

စာရင်းကိုင်အကြီးတစ်ယောက်ထပ်ခေါ်တယ်။သူ့ဆီကအကြံယူတယ်။သူလည်းကြိုးစားပေးလို့ အရင်နှစ်ကထက်ပိုစနစ်ကျလာတယ်။ကိုယ့်စိတ်က သိပ်စိတ်တိုင်းမကျသေးတာနဲ့ စာရင်းအကြောင်းငါလည်းသိအောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး MaximaxSolution - Executive Learning Institute မှာ CEO တွေသိရမဲ့ ဘဏ္ဌာရေး အကြောင်းကို သင်ယူခဲ့တယ်။

Lucky Done အတွက် စာရင်းတွေကိုစနစ်ထဲဝင်ဖို့ ဆရာဆီမှာပဲ ထပ်ပြီးအလုပ်အပ်ခဲ့တယ်။ ဆရာ့ဆီမှာ CFO Service ရဖို့ 6လလောက်ထပ်ပြင်ဆင်ရမယ်။

စနစ်နှစ်ခုကို အသက်ဝင်အောင်လုပ်နေတာမှာ အချိန်ပေးရတဲ့အကြောင်းကို ရေးပြတာပါ။

Lucky Done အတွက် QC Department ကိုပြီးခဲ့တဲ့လက ဖွဲ့စည်းခဲ့ပြီး QC အတွက် အသေးစိတ်ကို ဆက်လက်ပြင်ဆင်နေပါတယ်

ဖြေးဖြေးမှန်မှန်အောင်ပွဲခံဆိုတဲ့ စကားပုံလေးကို နှလုံးသွင်းရင်းပေါ့

Zin Zin Oo
Lucky Done

25/07/2025

ပစ္စည်းတခုဝယ်တဲ့အချိန် ဆိုင်ရှင်မချေမငံဆက်ဆံတာကိုခံလိုက်ရပြီး စိတ်မကောင်းတဲ့အကြောင်း ကိုယ့် Client ကို ရင်ဖွင့်မိတယ်။

ကိုယ် Client တစ်ဖြစ်လဲ လက်ရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတော့ သူပြောလိုက်တဲ့ စကားတစ်ခွန်းက အင်မတန်ကို အသိဥာဏ်ပွင့်စေလို့ ပြန်လည်ဝေငှပေးပါရစေ။

“ကိုယ်ဒီနေ့လုပ်တဲ့အပြုအမူဟာ နောက်၃နှစ်မှာဖြစ်လာမဲ့ ကိုယ့်ရဲ့ ကံကြမ္မာတဲ့”

အဲ့ဒီဆုံမစကားက စွမ်းအားပြင်းလွန်း ရင်ထဲထိလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်စစ်ကြည့်ရတဲ့အထိပါပဲ။

အခု၄နှစ်မှာတော့ Client အဟောင်း ၉၀%က အလုပ်သစ်တွေပြန်အပ်ကြပြီး ကျန်တဲ့ ၁၀%ကတော့ စိတ်တိုင်းမကျမှုတချို့ကို ဖြေရှင်းရတာတွေလည်းရှိခဲ့ပါတယ်။

ကျွန်မတို့ဘယ်လိုပဲရင်ဆိုင်ရရင်ဆိုင်ရ ကိုယ်လုပ်တဲ့အလုပ်ကိုတန်ဖိုးထားမြတ်နိုးတဲ့အတွက် စလိုက်တာနဲ့ ပြီးတဲ့အထိတာဝန်ယူပြီးလုပ်ပါတယ်။ရှုံးခြင်း၊ မြတ်ခြင်းဆိုတာ စီးပွါးရေးမှာ ခေါင်းနဲ့ပန်းပါပဲ။

ဒါကြောင့် Client အမပြောဆိုဆုံးမတဲ့စကားလေးအတိုင်း
“ကိုယ်ဒီနေ့လုပ်တဲ့အပြုအမူနဲ့အလုပ်ဟာ ကိုယ်နောက်၃နှစ်မှာ ဖြစ်လာမဲ့ ကိုယ့်ရဲ့ကံကြမ္မာ” ဆိုတဲ့ စကားစုလေးကို ရင်ထဲမှာ အကြိမ်ကြိမ်ဆင်ခြင်ရင်း ကောင်းမွနိသော ကံကြမ္မာမျိုးစေ့များကိုသာ ကျဲချအပင်ပေါက်စေခဲ့ပါတယ်။

Zin Zin Oo

01/05/2025

ဒီ Page လေးမှာ Construction Business လုပ်ချင်သူတွေအတွက် ကျွန်မစလုပ်ခဲ့တဲ့နည်းလမ်းတွေကို လိုက်လုပ်ရလွယ်အောင်
အရိုးရှင်းဆုံးပြောပြသွားပါမယ်ရှင့်။

Zin Zin Oo
Lucky Done Construction

16/04/2025

5.3.2025 မနက်မိုးလင်းခါနီးမှာ ယောကျာ်းတစ်ယောက်အသံအက်အက်နဲ့ 8.3.2025 စနေနေ့မှာ နင်သေမယ်လို့ ချိန်းခြောက်သလို အိပ်မက်ပေးခဲ့တယ်။လူဆိုတာ သေမျိုးပဲ စောသေတာနဲ့ နောက်ကျသေတာပဲ ကွာတယ် လာမပြောနဲ့ သွားစမ်းလို့ ကိုယ်ဘက်က အိပ်မက်ထဲမှာတင် ပြတ်ပြတ်သားသားတုန့်ပြန်ခဲ့တယ်။

နောက်နေ့မိုးလင်း ပြက္ခဒိန်ကြည့်တော့ 8.3.2025 က တကယ် စနေနေ့ဖြစ်နေတာကိုတွေ့ရတော့ ဂယောက်ဂယက်အိပ်မက်တော့မဟုတ်ဘူး Date တွေက မှန်နေတယ်ဆိုပြီးတွေးလိုက်မိတယ်။

6/7 ရက်နေ့မှာ အချိန်မရှိသလိုခံစားရပြီး Password တွေ Bank အကောင့်တွေ အကြွေးစာရင်းတွေကို အမျိုးသားရဲ့ စာအုပ်မှာရေးပေးပြီး ဘယ်လိုဖြေရှင်းလိုက် ဆိုပြီးပြောပြထားလိုက်တယ်။

8ရက်နေ့အပြင်မထွက်ဖို့လုပ်ထားပေမဲ့ မနက်၁၀နာရီခွဲမှာ စာချုပ်တစ်ခုချုပ်ဖို့ အန်ကယ်တစ်ယောက်ဆီက Viber message ရခဲ့တယ်။ Drawing တောင်မဆွဲရသေးပေမဲ့ စာချုပ်လာချုပ်တာဆိုတော့ ကိုယ့်အတွက်ကတော့ Blessing ပါပဲ။ ၈ရက်နေ့ သေမယ်ဆိုတဲ့ အိပ်မက်ကလည်း ချိန်းခြောက်ခံထားရတော့ အိမ်ကားကို အိမ်မှာထားပြီး ရုံးကားနဲ့ပဲရုံးလာလိုက်တယ်။

ရုံးရောက်တော့ စာချုပ်လာချုပ်တဲ့အန်ကယ်က စာချုပ်လက်မှတ်မထိုးခင် လူပြည်မှပြန်ချိန်ဆိုတဲ့စာအုပ်ကို လက်ဆောင်ပေးတယ်။ သေဖို့ပြင်ထားတဲ့ သူတစိယောက်ဆီကို ရလာတဲ့စာအုပ်က လူပြည်မှပြန်ချိန်တဲ့လား?
ကျေးဇူးတင်စွာနဲ့ လက်ခံရင်း စာချုပ်မှာလက်မှတ်ထိုးဖြစ်ခဲ့တယ်။အချိန်ကိုက်ရောက်လာတဲ့စာအုပ်နဲ့ လက်မှတ်ထိုးရတဲ့ ဖြစ်ရပ်လေးက ကိုယ့်အတွက်သေခြင်းတရားကနေ ရှောင်လွှဲလို့ရအောင် အစောင့်အရှောက်တွေက စီမံပေးလိုက်သလိုပါပဲ။

ဘာပဲဖြစ်ဖြစ် 8.3.2025 ခုနှစ် မနက် ၁၀နာရီခွဲမှာ အရင်စိတ်နဲ့ကိုယ်က သေဆုံးသွားခဲ့ပြီး စိတ်အသစ်နဲ့ကိုယ်က ပြန်မွေးဖွားခွင့်ရရှိခဲ့တယ်လို့ပဲမှတ်ယူလိုက်ပါတယ်။

မွေးခြင်းသေခြင်းဆိုတာ နီးနီးလေးမို့ အသက်ရှင်ခွင့်ရတုန်း များများရှာ များများစွန့်လွှတ်နိုင်တဲ့ သတ္တိရှိတဲ့ မိန်မအဖြစ်ကြိုးစားပါတော့မယ်။

Zin Zin Oo

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No915(B), Jade 8 Street , 42 Ward Northdagon Tap
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00