Beauty by Cho Than Sin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty by Cho Than Sin, Beauty, cosmetic & personal care, Yangon.
Glasses makeup 🤓
Igari makeup look🎀
Coming soonn
Unboxing 📦
14/06/2025
Judydoll's Long Wear Foundation Review 📜
Hsu အခုရက်ပိုင်း နေ့တိုင်းသုံးဖြစ်နေတဲ့ Foundation လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🎀💕
Judydoll ရဲ့ Liquid Foundation လေးကဆိုရင် အစက China brand ဖြစ်တာကြောင့် အရမ်းဖြူသွားမှာရယ်၊ အပြင်မှာလည်း shade testing တစ်ခါမှ မလုပ်ဖြစ်တာရယ်ကြောင့် shades အဆင်မပြေမှာစိုးပြီး tiktok ပေါ်မှာ ခနခနတွေ့ဖြစ်ပေမယ့် Hsu တစ်ယောက် try ကြည့်ဖို့ နည်းနည်းတော့ စဉ်းစားခဲ့ရပါတယ်။
နောက်တော့ page တစ်ခုကနေ mini size လေးတွေ့တာနဲ့ စမ်းမှာလိုက်တော့တာ အခု Hsu စီကိုရောက်တာ 2 weeks လောက်တော့ ရှိပြီပေါ့နော်။ ဒီ 2 weeks အတွင်း Hsu သေချာလေး စမ်းကြည့်ပြီး analyst ထားတဲ့ Honest Review လေးကို ပြန်ပြီး sharing လေးလုပ်ပေးသွားချင်ပါတယ်။
First of all, အားလုံးသိချင်နေကြတဲ့ shade အရမ်းဖြူလား? Natural skin tone နဲ့ တခြားစီဖြစ်နေမလား? ဆိုရင်တော့ “လုံး၀ လုံး၀” မဖြစ်ပါဘူး 🫶🏻
Hsu မှာလိုက်တဲ့ shade no. လေးဆိုရင် ပါ။ ထွက်ထားသမျှ shades လေးတွေထဲမှာ သူက အဖြူမဟုတ်ရဲ့ shade မျိုးပေါ့။ Hsu က မြန်မာအသားအရည်ဆိုတော့ C-beauty brands တွေရဲ့ standards နဲ့ယှဉ်ပြီး အရမ်းကြီး ဖြူပြီး foundation နဲ့ အသားအရောင် တခြားစီဖြစ်မှာကြောက်တာကြောင့် အဝါဖောက်တာလေးပဲယူဖြစ်လိုက်တယ်ရယ်။
ရောက်ရောက်ချင်း လက်ပေါ် စ try ကြည့်"ချင်းမှာ သူက အဝါဘက်တော်တော်ဖောက်တဲ့ပုံဖြစ်သွားတော့ first impression တော့ “ဟာ သွားပြီ 🥲” ပေါ့။
ဒါပေမယ့် second try အနေနဲ့ သူ့ကို face ပေါ်မှာ တင်ပြီးလိမ်းကြည့်လိုက်တဲ့ အခါမှာဆိုရင်တော့ တဖြည်းဖြည်းနဲ့ အသားထဲစိမ့်၀င်သွားသလိုလေးနဲ့ shade လေးကလည်း Hsu နဲ့ကွက်တိပဲရယ်။ 🤍
Texture လေးကတော့ သူက အရမ်းပြစ်တဲ့ထဲမပါပါဘူး။ အရည်ကျဲကျဲ texture လေးနဲ့ လိမ်းလိုက်တာနဲ့တင် မျက်နှာပေါ်မှာ moisturized သွားသလို ခံစားရတာလေးတော့ Hsu အရမ်းသဘောကျတယ်ရယ်။
Blend ရလည်း တော်တော်လေးအဆင်ပြေပါတယ်။
Coverage ပိုင်းမှာဆိုရင်တော့ High Coverage ဖြစ်ပါတယ်။ Hsu အခုရက်ပိုင်းတွေဆို ပွဲတက်တွေလိုက်ပြင်ပေးနေရတာနဲ့ sleep schedule အတွက် သိပ်အချိန်မရဘဲ မျက်တွင်းညိုနေတာတွေတောင် foundation နဲ့တင် သိသိသာသာ ဖုံးသွားလို့ ကိုယ်တိုင်တောင် အံ့ဩသွားတဲ့အထိပဲ။
Long Lasting ကတော့ Hsu လိုမျိုး အလုပ်နဲ့ ပွဲတွေလိုက်ပြင်ပြီးမအားတာတောင် 6H လောက်ထိကို oxidized ပြီး မဲသွားတာ၊ ပြာသွားတာ၊ မိတ်ကပ်ကွက်တာတွေ လုံး၀မဖြစ်ပါဘူး။ Oil Control လည်းပါတာမလို့ Oily Skin & Combination Skin တွေအတွက်လည်း 📌highly recommended ပါ။
ဒီ Foundation လေးက တခြား ဘယ်ဟာနဲ့မှမတူတာကတော့ Matte Finish look လေးကိုမှလေ တစ်ချိန်တည်းမှာပဲ Skincare သေချာ care ထားတဲ့ မျက်နှာလေးလို အသားလေးကြည်ပြီး Glowy ဖြစ်နေတာလေးတော့ Hsu သဘောအကျဆုံးပဲ။ ♡˖꒰ᵕ༚ᵕ⑅꒱
Hsu လိုမျိုး မြန်မာအသားအရေနဲ့သူလေးတွေဆိုရင်တော့ 🌷 ကို recommend ပေးပါတယ်။ တခြားကျန်တဲ့ shades လေးလည်း Hsu နောက်ထပ် try ပြီး review ပေးဖို့ရှိတာမလို့ honest review လေးတွေ လိုချင်တယ်ဆိုရင်တော့ page လေးကို like & follow လုပ်ထားဖို့မနေ့နဲ့နော်။ 🫶🏻
Let's swatch Judydoll's viral Lip gloss w Meddy !! 🫧🪽
grwm🪞
grwm on my first ever vlog !! 🎀🤍
Eyelashes extensions-Glow Station - Nail & Brow Studio
Click here to claim your Sponsored Listing.