Zhulian Myanmar Online

Zhulian Myanmar Online

Share

ဇူလီယန်ပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။

ZHULIAN International Diamond Forum New Zealand. 27/05/2026

Congratulations 👏🎉👏👍🎉

06/05/2026

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from Zhulian Myanmar Online 's post 01/11/2025

🤗မင်္ဂလာပါ အမျိုးတို့ရေ🤗
#ဇူလီယန်ပစ္စည်းမျိုးစုံကိုတစ်နေရာတည်းမှာပစ္စည်းမှန်ဈေးနှုန်းမှန်ဖြင့်ယုံကြည်စိတ်စွာဝယ်ယူနိုင်ပါပြီ
💯 ပစ္စည်းအစစ်အမှန် ဈေးမှန်ဖြင့်ရောင်းချပေးပါတယ်💯


🇲🇲🏪 ရန်ကုန်ဆိုင်မှာပစ္စည်းလာဝယ်လို့လည်း ရပါတယ်🇲🇲
🇲🇲 🚚မြန်မာနိုင်ငံ နေရာအနှံ့ ပို့ပေးပါတယ်🚚🇲🇲
#အိမ်ရောက်ငွေချေရ💸 ( မှတ်ချက်။ ။ တချို့နေရာမရပါ )
💸
#တချို့ပစ္စည်းရောက်ငွေချေအဆင်မ‌ပြေသောနေရာများသို့ငွေလွှဲဝင်ပြီး၂၄နာရီအတွင်းကားဂိတ်သို့ပို့ပေးပါတယ်🚚

❌❌ပစ္စည်းအတု နှင့် သက်တမ်းကုန်တဲ့ပစ္စည်းများကို
လုံးဝလုံးဝ မရောင်းပါ❌❌
#ထုတ်ကုန်ပစ္စည်းများအတုရှိတတ်ပါသဖြင့်ဆင်တူယိုးမှားသတိပြုကြပါနော်
🇲🇲+959764260560 ( ဖုန်းခေါ် + Viber ရ )
🇲🇲+959420060560 ( ဖုန်းခေါ် + Viber ရ )
🏪လိပ်စာ - Zhulianတောင်ဥက္ကလာ သုမင်္ဂလာလမ်းမကြီး၊ ရန်ကုန် 🚩

#
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်










#ဇူလီယန်
#ကော်ဖီ
#ဇူလီယန်ကော်ဖီ
#ဖြည့်စွက်စာ

Photos from Zhulian တောင်ဥက္ကလာ ၁၄/၁၅ လမ်းဆုံ's post 31/07/2025
31/07/2025
Photos from Zhulian တောင်ဥက္ကလာ ၁၄/၁၅ လမ်းဆုံ's post 31/07/2025

🏪🛒🏃🏃‍♀️မြန်မြန်လေး ကြိုမှာပေးကြပါနော် 🏃‍♀️🏃

✅ ဇူလီယန်ပစ္စည်းအစစ်အမှန်ကို ဈေးနှုန်းမှန်ဖြင့်
ဝယ်ယူချင်တယ် ဆိုရင်
🇲🇲Helloဟဲလို 🤙094200 60560 🤙097642 60560
🚨ပစ္စည်းကောင်းရင် အတုဆိုတာ‌ပေါ်လာစမြဲပါမိတ်ဆွေတို့
✅ ဇူလီယန်ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချီရောင်းချသောပစ္စည်းအမှန်အကန်ကိုသာ ရောင်းချပေးနေတဲ့ကိုယ်စားလှယ်ဖြစ်တဲ့
🏪🇲🇲တောင်ဥက္ကလာဇူလီယန်မှာ မိတ်ဆွေတို့ ယုံကြည်စိတ်ချစွာဖြင့်မှာယူအားပေးနိုင်ပါတယ်နော်🏪🇲🇲
🏪🇲🇲 ရန်ကုန်ဆိုင်မှာ လူကိုယ်တိုင်လည်း လာရောက်ဝယ်ယူလို့ရပါတယ်နော်🛒
🏃‍♂️🏃‍♀️🏃 ဦးသူယူစနစ်ဖြင့် ရောင်းချပေးလို့ မြန်မြန်လေးနော်
🇲🇲 မြန်မာနိုင်ငံ နေရာအနှံ့ ပို့ပေးပါတယ်🇲🇲
🚚 အကောင်းဆုံးဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးပါတယ်နော်
❌❌ပစ္စည်းအတု နှင့် သက်တမ်းကုန်တဲ့ပစ္စည်းများကို
လုံးဝလုံးဝ မရောင်းပါ❌❌
🤝စီးပွားရေးလက်တွဲလုပ်ချင်တဲ့ ကိုယ်စားလှယ်ဝင်ချင်တဲ့ မိတ်ဆွေများကိုလည်း ဖိတ်ခေါ်ပါတယ်🤝
(မှတ်ချက်။ ။ ရိုးသားပြီး ကြိုးစားချင်စိတ်ရှိတဲ့သူမှ လက်ခံပါမည်။)
🇲🇲+959764260560 ( ဖုန်းခေါ် + Viber ရ )
🇲🇲+959420060560 ( ဖုန်းခေါ် + Viber ရ )
🏪လိပ်စာ - Zhulianတောင်ဥက္ကလာ သုမင်္ဂလာလမ်းမကြီး၊ ရန်ကုန် 🚩
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်










#ဇူလီယန်
#ကော်ဖီ
#ဇူလီယန်ကော်ဖီ
#ဖြည့်စွက်စာ

29/07/2025

ဆိုင်သမားတိုင်း မသိမဖြစ် သိထားသင့်တဲ့ ဈေးရောင်းနည်း

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာ ထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ် ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။

ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင် သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာ မျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ် ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ
မျှမျှတတ ဆက်ဆံပါ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆို အပြစ်တင်ခြင်းဟာ
ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှသူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ ဈေးနှုန်းတစ်ခုတည်း ဖြစ်ပါစေ ။ တစ်ခုခု ကြောင့် ဈေးလျှော့ရောင်း ခြင်းဟာ စိတ်ရှုပ်ထွေးမှု ကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါ တယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း
မပြုပါနဲ့ ။ ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများ က ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက် ပေးပါ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ
ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး အစွမ်းကုန် ကြိုးစားပါ။ .

ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာ အောင် ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။ ဒီအချက်တွေက မိတ်ဆွေအတွက်
လုံးဝအသုံးဝင် ပါလိမ့်မယ်



#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
🤙09-420060560
#တောင်ဥက္ကလာဆိုင်မှာလာဝယ်လို့ရပါတယ်နော်
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်
#ထုတ်ကုန်ပစ္စည်းများအတုရှိတတ်ပါသဖြင့်ဆင်တူယိုးမှားသတိပြုကြပါနော်

Photos from Zhulian Myanmar Online 's post 15/07/2025

.သင့်အသက်ဘယ်လောက်လဲ? ဘာနေ့မွေးလဲ?သာမှန်မှန်ပြောပါ

မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ....

ဇနကဟောကိန်း
****************
ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထ်ိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။

--------------------------------

အဟောကြည့်နည်း
ဥပမာ - မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။

မိမိက တနင်္လာသားသမီး အခုရောက်သက် ၂၀နှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။

--------------------------------

**တည်**
တည်ဆိုတာ သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကိုရောက်နေတယ်လို့ ပြောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည်။ လုပ်ငန်းအကြံအစည်အောင်မြင်မည်။ အလုပ်ရှာနေလျှင် အလုပ်ရမည်။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည်။ အမှုကိစ္စတွေ၊ အလုပ်တွေများမည်။ ငွေဝင်များသလို ငွေထွက်လဲများမည်။

**ထွက်**
ထွက်ဆိုတာ ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကိုပြောတာပါ။ ကောင်းမွန်သောမိတ်ဆွေသစ်များ တိုးမည်။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့်အချိန်ကောင်းပါ။ ပြည်တွင်း၊ပြည်ပခရီးများ သွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

**ပ်က်**
ပျက်ဆိုတာ သင်္ဘောပျက်သွားတာကို ပြောတာပါ။ ကံဇာတာညံ့ချိန်ပါ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာခံရတတ်သည်။ မတော်တဆထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည်။ ရာထူးလုပ်ငန်းကိုနှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူးသတိထားပါ။

**ကျောက်**
ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။ မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ်။ အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။ ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ။ အမှုရှိရင်ရှိနိုင်မည်။ အချုပ်နှောင်ခံနေရရင် လွတ်မည်။ ကျဆင်းနေသောစီးပွားရေးများ ပြန်တက်လာမည်။ ပညာရေးလဲကောင်းမည်။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ။ အကြံအစည်များ အောင်မြင်မည်။

**ထီး**
ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြားထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ ဆုလာဘ်တွေရမည်။ ဘွဲ့ထူးဂုဏ်ထူးများ ရမည်။ စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည်။ ရာထူးတိုးမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည်။

**နန်း**
နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ဟောပါ။ ရာထူးတိုးမည်။ စီးပွားဖြစ်ထွန်းမည်။ အမွေအနှစ်တွေရမည်။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာ အကြီးအကဲဖြစ်မည်။

**စံ**
စံဆိုတာ မင်းစည်းစိမ်ကိုခံယူရတဲ့ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမားတဲ့ရာထူးတွေရမည်။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည်။ အခြွေအရံမိတ်ဆွေအပေါင်းအသင်း တိုးမည်။ ငွေကြေးစုဆောင်းမိမည်။

ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။
Credit to
written by ဗေဒင် လက္ခဏာ


#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
🤙094200 60560
🤙097642 60560
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#တောင်ဥက္ကလာဆိုင်မှာလာဝယ်လို့ရပါတယ်နော်
#ထုတ်ကုန်ပစ္စည်းများအတုရှိတတ်ပါသဖြင့်ဆင်တူယိုးမှားသတိပြုကြပါနော်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်

09/07/2025

✅ Network Marketing 🤝
📅၂၀၂၄ ခုနှစ်အတွက် 🇹🇭ထိုင်းနိုင်ငံစီးပွားရေး အခြေအနေပါ

🇹🇭ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသော MLM (Multi-Level Marketing) ကုမ္ပဏီများအရေအတွက်သည် 600 လုံးကျော် ထဲမှ 💸 အရောင်းအမြတ်အကောင်းဆုံး အမြင့်ဆုံးတိုက်ရိုက်အရောင်းကုမ္ပဏီ (၁၀ ခု )
💸ဘယ်ကုမ္ပဏီက လျှော့သွားတယ်↘️
💸ဘယ်ကုမ္ပဏီက တက်လာတယ်ပေါ့ ⬆️

✅ကျွန်တော်/ကျွန်မတို့ လုပ်ကိုင်နေတဲ့ Zhulian ကုမ္ပဏီကတော့
ဘယ်လောက်အဆင့်မှာရှိတယ်ဆိုတာ Official လေ့လာလို့ရပါတယ်။
🇹🇭 Zhulian (Thailand) “ကုမ္ပဏီ၏ အောင်မြင်မှုကို
ဂုဏ်ယူအပ်ပါသည်👏🎉👏👏
✅ Zhulian အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာ ဝမ်းသာဂုဏ်ယူပါတယ်🤗
#ဇူလီယန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်
🇲🇲🤙 094200 60560
🇲🇲🤙097642 60560
#ပစ္စည်းမှန်ဈေးနှုန်းမှန်တောင်ဥက္ကလာဇူလီယန်
#တောင်ဥက္ကလာဆိုင်မှာလာဝယ်လို့ရပါတယ်နော်🏃
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်🚚
#ထုတ်ကုန်ပစ္စည်းများအတုရှိတတ်ပါသဖြင့်ဆင်တူယိုးမှားသတိပြုကြပါနော်

09/07/2025

‎ #ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ
‎‎ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
‎”သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို
လဝါဆို” ဟု ထူးခြားမှုကို မှတ်တမ်းတင်ထား၏။

‎( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
‎ပဋိသန္ဓေ နေသောနေ့

‎( ၂ ) ဘုရားလောင်း တောထွက်
‎တော်မူသောနေ့

‎( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
‎စတင်ဟောတော်မူသောနေ့

‎( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
‎ပြတော်မူသောနေ့

‎( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

‎( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

‎( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

‎( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
‎ကူးပြောင်းခွင့်ကြုံသောနေ့

‎( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
‎စတင်ကြားရသောနေ့

‎ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
‎~~~~~~~~~~~~~~~~~~~~~

‎ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
‎စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
‎တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု
‎ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
‎ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
‎မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏
‎လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
‎တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

‎ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣန္ဒြိပ
‎ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။
‎ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
‎ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
‎ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
‎မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
‎လွန်ခဲ့ပြီဖြစ်၏။

‎ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
‎တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
‎ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်
‎သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
‎သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
‎ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
‎ခရီးဆက်တော်မူလေသည်။

‎အစားနည်းသောအကျင့်မှ များသောအကျင့်သို့
‎ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
‎ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
‎အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
‎ရောက်ခဲ့ ကြလေသည်။

‎မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
‎ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
‎အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
‎ပင်ဝင်လာတော်မူ၏။
‎ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
‎ကြည်ညိုဖွယ်ရှိရာ ပဉ္စဂ္ဂီတို့သည် မကြိုဆိုပဲ မနေနိုင်ဖြစ်ကာ ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

‎အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
‎လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
‎ဆည်းဆာညချမ်း ဖြစ်သည်။

‎သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
‎မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
‎ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်
‎ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
‎ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
‎တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
‎သံ အစတည်း။

‎ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
‎ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
‎ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

‎ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
‎ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
‎တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
‎သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

‎ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
‎ဟောကြားတော်မူလေသည် ထိုတရားတော်၏
‎အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
‎အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
‎တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

‎ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
‎ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
‎( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
‎အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
‎တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။
‎ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
‎ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
‎မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
‎ဟောကြားတော်မူခဲ့သည်။
‎ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
‎ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
‎သတ်မှတ်ယူကြကုန်သည်။

‎ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
‎သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
‎ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
‎‎ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
‎‎စာပေဥယျာဉ်

မှ ပြန်လည်မျှဝေပူဇော်ပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address

Thu Mingalar Road
Yangon
11091