Fit to a T

Fit to a T

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fit to a T, Health/Beauty, Yangon.

08/07/2025

Cus order arrived 🫶🏻

ပစ္စည်းလေးတွေရောက်ပါတယ် အပြင်ပုံတော့ထုတ်ပြီးရိုက်မပြထားဘူးရှင့် သူများပစ္စည်းတွေမို့ ပါကင်မဖောက်ချင်လို့ ယုံကြည်ရင် လာဝယ်လို့ရပါတယ်ရှင့်😽

Photos from Fit to a T's post 06/07/2025

Hello My pretty little girls LTNS ❤️

လျှာရှည်ပြီး စာရှည်ပါမယ်ရှင့်

ဒီနေ့ တရေးနိုးထပြီး ပြောပြပေးမယ့်အကြောင်းက ဘာဖြစ်မလဲဆိုတော့ မင်” ကိုယ်တိုင် ကြုံခဲ့ရတဲ့ mole ဖျက်တဲ့ experience ပေါ့နော် လူတိုင်းရဲ့မျက်နှာပေါ်မှာ မလိုချင်တဲ့မှည့်အကြီး”တွေရှိကြတယ် ဟုတ်တယ်ဟုတ် ( မှည့်အစိုလို့ခေါ်မလား အကြီး”တွေလေ ) မင်”မှာလဲ အဲ့လိုအကြီး”ရှိခဲ့ဖူးတယ် နှာခေါင်းအပေါ်နဲ့ မျက်လုံးကြားမှာပေါ့နော်

ဆိုတော့ အဲ့မှည့်အကြီး”ကို ဘယ်လိုဖျက်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြောပြပေးမယ်

- အရင်ဆုံးမှည့်ကို အရေပြားဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းတဲ့ဆရာဝန်တွေဆီ အရင်ဆုံးပြပြီးစစ်ဆေးရမယ် အာ့မှ ဒီမှည့်က ကိုယ့်အတွက် အန္တရာယ်ရှိမရှိသိရမာပေါ့နော် ကင်ဆာဖြစ်စေတဲ့ဟာမျိုးလား ဘာညာပေါ့
( Aesthetic clinic တွေမှာ လေဆာနဲ့ဖျက်တာတွေ လုံးဝမလုပ်ရဘူးနော် စိတ်မချရပါဘူး )

- မင့်”တုန်းက ဘာညာသာရကာ ဆရာဝန်စစ်ခိုင်းတာတွေ စစ်ပြီး မှည့်၂ခုလုံးကို operation လုပ်ရပါတယ် ထုံဆေးနဲ့ အေးဆေးပဲဖျက်သွားတာ ဘယ်လောက်မှမကြာပါဘူး ထပ်ပြီး ဆေးခန်းပြ အမာရွတ်ပျောက်ဆေးနဲ့ ပြီးသွားတာပါရှင်

- အပေါ်မှာ ဘာလို့ aesthetic clinic တွေမလုပ်နဲ့ပြောလဲဆိုတော့ မှဲ့အကြီး”တွေဆိုရင် အသားစတွေစစ်ရမယ် လေဆာနဲ့ဖျက်ပီး ထပ်ဖြစ်လာတဲ့သူရှိရင်ရှိမှာပေါ့နော် ဒါတွေကြောင့်ပြောတာပါ ပြီးတော့ ဆေးမှီတိုတွေနဲ့ လျှောက်တို့ရင် နူမယ်နော်😭

- မင်”ဆေးခန်းပြခဲ့တာက Grand Hantha မှာ Dr.Moe Thu Zar နဲ့ပါ နား နှာခေါင်းလည်ချောင်းလား သေချာမမှတ်မိတော့ဘူး ခွဲတော့ ဗဟိုစည်မှာခွဲလိုက်တာ တစ်လလောက်တောင်မကြာပဲ အေးဆေးပြီးသွားတာပါ ကုန်ကျစရိတ်က လွန်ခဲ့တဲ့၂နှစ်က လုပ်ခဲ့တော့ ဆေးခန်းပြတဲ့ကြေးမပါ ခွဲတာပဲကို 10 lakhs လောက်ပါရှင်

but we cute either way, mole or no mole 😼

မှည့်ဖျက်တဲ့ကိစ္စနဲ့ အသေးစိတ်ထပ်သိချင်ရင် Dm မှာလာမေးလို့ရပါကြောင်း
#မှည့် #မှည့်ဖျက်

Photos from Fit to a T's post 18/06/2025

𝐎𝐮𝐭𝐟𝐢𝐭 𝐢𝐧𝐬𝐩𝐨 𝐟𝐨𝐫 𝐖𝐖𝟑

World War 3 အတွက် fit တွေရှာလာတယ်ရှင့် အရေးကြုံရင် ဝတ်ရအောင် ခုထဲကမှာထားတော့နော် နောက်ပိုင်းဆို မသေချာဘူးမို့😗

Preorder
DM for more details

Photos from Fit to a T's post 18/06/2025

ᴏᴜᴛꜰɪᴛ ɪɴꜱᴘᴏ ꜰᴏʀ ʙᴜʙʙʟᴇ ꜱᴋɪʀᴛꜱ ˚。⋆୨୧˚

2024 လောက်ထဲက ခေတ်စားလာတဲ့ Bubble skirts လေးပေါ့နော် မိန်းကလေးတွေတော်”များလဲဝတ်ကြပြီး styling လုပ်လို့ကောင်းတဲ့ ပုံစံလေး ဖောင်း”ကြွ”လေးနဲ့ ခရုတီ ပုစီလေး လုပ်ချင်တဲ့သူတွေတွက် ပိုဆင်ပြေတယ်ရှင်

Local brand တွေတော်”များ”မှာလဲ ဝယ်လို့ရသလို မင့်ဆီမှာလဲ ဝယ်လို့ရပါတယ်ရှင်

Preorder
Dm for more details

Photos from Fit to a T's post 18/06/2025

𝐂𝐚𝐩𝐫𝐢 𝐏𝐚𝐧𝐭𝐬 𝐟𝐨𝐫 𝐦𝐲 𝐠𝐢𝐫𝐥𝐢𝐞𝐬𓂃 ࣪❀

Inter မတွေ ဂျပေါ်ကန်မတွေ ဝတ်တဲ့ထဲမှာ ဒီ pants လဲပါတယ် ဇကောဇကနဲ့ မင်”တော့မကြိုက်ပေမဲ့ ဝတ်ချင်တဲ့သူတွေတွက် တင်ပေးတာပါရှင့်🫰🏻

Preorder ( wt - above 14 days )
YGN COD
DM FOR MORE DETAILS

09/06/2025

ပျင်းနေပေမဲ့ တစ်ခုပြောပြဦးမယ်

မင်”တို့ coffee ဆိုင်တွေသွားရင် Outfit ကို ဆိုင်အရောင်နဲ့ တစ်ရောင်တည်းဝတ်ကြတာမြင်ရင် အသည်းယားလို့

ဆိုင်ကအဖြူဆို fit က အနက် or တခြားအရောင်တောက်တာလေးတွေ ဝတ်မှ ပုံရိုက်ရင် ကိုယ်ကပေါ်တာပါ
ဆိုင်က အနက်ဆို fit က အဖြူလေးတွေ ဝတ်မှ လူကထင်းနေမှာနောိ အာ့လေးလာပြောပြတာ ပြန်အိပ်လိုက်ဦးမယ်
သိတယ်ဆိုလဲ ကျော်သွားကြ ကျေးဇူး

Photos from Fit to a T's post 01/06/2025

ʙᴀʟᴇɴᴄɪᴀɢᴀ ɪɴꜱᴘɪʀᴇᴅ ᴄɪᴛʏ ʙᴀɢ ᖭི༏ᖫྀ

အရမ်းလှတယ် လန်းတယ် တော်”မျက်စိကျနေတဲ့ design လေး key chain လေးတွေနဲ့ဆိုပိုမိုက် အထာကျတယ် ပစ္စည်းဆန့်တယ် တလုံးလောက်တော့ ဝယ်ထားသင့်တဲ့အထဲပါတယ်နော် 🫶🏻

Preorder
Ygn Cod
Wt- over 1 months
DM to cb

Photos from Fit to a T's post 22/05/2025

ᴄᴏʟᴏʀ ᴄᴏᴍʙɪɴᴀᴛɪᴏɴ ᴜ ꜱʜᴏᴜʟᴅ ᴛʀʏ ( 𝗥𝗲𝗱 + 𝗬𝗲𝗹𝗹𝗼𝘄 )

- အနီဆိုတာနဲ့ cherry red တွေပဲ စွတ်ဝယ်နေကြတုန်းလား တကယ်တော့ color စပ်တတ်ရင် Bright red ကလေ တကယ်ကိုလှတာ အမြင်လဲဆန်းတယ် လူကြားထဲဆိုရင်လဲ ကိုယ့်ကိုပဲ attention ရမဲ့ color မျိုး

- 2024 တုန်းက Red တွေ အရမ်းကို တခေတ်ထသွားခဲ့တာမို့ လူတိုင်းရဲ့ closet ထဲမှာ အနီနဲ့ပတ်သတ်တာ တခုတော့ ရှိကိုရှိမှာပဲ အဲ့တော့ မင်”က အနီရဲ့ Perfect match color လို့တောင်ပြောလို့ရတဲ့ အဝါရောင်နဲ့ တွဲဝတ်နည်းတွေ ရှာပေးထားတယ်ရှင်

- မင်” အားရင်အားသလို color combo လေး​တွေလဲတင်ပေးမယ်နော် 🫶🏻 အခုပုံထဲကလို outfit လေးတွေဝယ်ချင်ရင်လဲ လာဝယ်လို့ရပါတယ်

Photos from Fit to a T's post 22/05/2025

ꜱᴋɪʀᴛ + ᴘᴀɴᴛ ᴄᴏᴍʙᴏ

- 2025 မှာ လူငယ်တွေကြား ခေတ်စားလာတဲ့ skirt + pant combo အရင်နှစ်ကဆို dress + jeans အခုကတော့ ဒီ design ပေါ့နော် ဘောင်းဘီသပ်” စကပ်သပ်” ချည်း မဝတ်ပဲ ၂ ခုရောလိုက်တယ် အမြင်တမျိုးဆန်းသွားတယ် outfit ကို ပိုဆန်းသွားစေတယ် inspo တွေကတော့ မင်” များကြီးရှာထည့်ပေးထားတယ်

- ပုံထဲမှာဆို Lace flare pant + skirt နဲ့ဝတ်ရင်ဝတ် မဟုတ်ရင် Baggy Jeans ကို Ruffle ပုဝါလေးတွေကို skirt လိုမျိုး ပတ်ပြီး ဝတ်ကြတယ် ဝတ်ရဲရင် တခါလောက်တော့ try ကြည့်သင့်တဲ့ Look မျိုးပါရှင် ✨

Photos from Fit to a T's post 21/05/2025

ᴘᴀʀᴛʏ ᴅʀᴇꜱꜱᴇꜱ 🦢

Preorder
YGN cash on deli
Price,size,colors details to cb
Wt- above 14 days

Photos from Fit to a T's post 21/05/2025

ʀɪʙʙᴏɴ ꜱʜᴏᴜʟᴅᴇʀ ʙᴀɢ ⋆୨୧˚

Preorder
YGN Cash on deli
Wt - above 14 days

18/05/2025

မင်” page ကို ဘာpage မှန်းမသိတဲ့သူတွေအတွက်ပါ မင်”လဲဘာမှန်းမသိဘူး ဝါသနာအရဖွင့်ထားတာ This page is 90% chaos & 10% cringe ပါ

စျေးရောင်းပါတယ်လို့ ဒါပေမဲ့ ပုံမှန်စျေးရောင်းပို့စ်တွေလိုမျိုးကြီးမတင်ချင်လို့ အရစ်ရှည်ပြီးလျှောက်တင်ပေးနေတာပါ😔

Shein,Taobao,Lazada,Shopee က ပစ္စည်းတွေအကုန်မှာလို့ရပါတယ်

လိုချင်တာကိုလဲ ပုံပြပီး လာဝယ်လို့ရတယ် အကုန်ဝယ်ပေးတယ် လိုချင်တာအကုန်ရှာပေးတယ် သူပြန်လာအောင်တော့ မလုပ်ပေးနိုင်ပါ ဟုတ် ကျေးဇူးးးး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon