Healthy By Phoo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy By Phoo, Health/Beauty, Dagon/Yangon/Burma, Yangon.
13/06/2025
လက်ဖက်ရည်ကြမ်း၏အကျိုးအာနိသင်များ
*သွေးကြောမာ/ပိတ်ရောဂါ
လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော ပေါ်လီဖီနောသည် သွေးကြောပိတ်စေတတ်သော အဆီဓာတ်ကိုလျော့နည်းစေခြင်းနှင့်ဓာတ်တိုးခြင်းကိုဆန့်ကျင်သောအစွမ်းသတ္တိတို့ကြောင့်နှလုံးသွေးကြောပိတ်ရောဂါ ခြေဖျား လက်ဖျားသွေးကြောပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည်။ လက်ဖက်ရည်ကြမ်းပုံမှန်သောက်သုံး ခြင်းဖြင့်လေဖြတ်ခြင်းကို80% ကာကွယ်ပေးသည်။
*သွေးတိုးရောဂါ
သွေးကြောပိတ်စေသော ကိုလက်စထရောများကို ကျစေခြင်းနှင့် Anti-oxidant အာနိသင်ကြောင့်သွေးတိုးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးပါသည်။
*သွေးတွင်းအဆီဓာတ်များခြင်း
လက်ဖက်ရည်ကြမ်းသည်သွေးတွင်းအဆီများအားလုံးကိုကျစေပြီးကောင်းသောအဆီ(High Density Lipoproteins)ပမာဏကိုတိုးစေပြီးသွေးတွင်းအဆီဓာတ်များကိုသက်သာပျောက်ကင်းစေပါသည်
*ဆီးချိုရောဂါ
ယနေ့ခေတ်တွက်လူကြီးလူငယ်အဖြစ်များလေ့ရှိသောဆီးချုရောဂါများကိုလည်းလက်ဖက်ရည်ကြမ်းသည်ခန္ဓာကိုယ်အတွင်းသွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးနိုင်သည့်အပြင်ကျဆင်းစေပါသည်။
*အဆစ်ရောင်ရောဂါ
တစ်နေ့လျှင်လက်ဖက်ရည်ကြမ်း(၃)ခွက်ပုံမှန်သောက်သုံးသူများအတွက်အဆစ်ရောင်ရောဂါဖြစ်ပွားမှုနှုန်းကိုလျော့ကျစေပြီးလက်ဖက်ရည်ကြမ်းတွင်ရောင်ရမ်းမှုကိုလျော့ကျစေသောအစွမ်းရှိသဖြင့်ခန္ဓာကိုယ်အတွင်းအဆစ်ရောင်ခြင်း၊ကြွက်သားရောင်ခြင်းတို့ကိုလျော့နည်းသက်သာစေသည်။
*အဝလွန်ရောဂါ
လက်ဖက်ရည်ကြမ်းသည်လူကြီးလူငယ်များစိတ်ညစ်စေသောအဝလွန်ရောဂါကိုလဲကာကွယ်ပေးပါသည်။ခန္ဓာကိုယ်အတွင်းကယ်လိုရီများအဆီအဖြစ်သို့ပြောင်းလဲမှုကိုလျော့ကျစေသဖြင့် ခန္ဓာကိုယ်အလေးချိန်ကိုလျော့ကျစေသည်။
*အသည်းရောဂါ
လက်ဖက်ရည်သည်ယနေ့ခတ်တွင်အမျိုးသားများအဖြစ်များသောအသည်းရောဂါကိုလဲကာကွယ်ပေးပါသည်။အရက်ကြောင့်အသည်းပျက်စီးခြင်းမှကာကွယိပေးနိုင်သလိုအသည်းကင်ဆာဖြစ်ခြင်းမှလဲကာကွယိနိုင်သည်။ အရက်သောက်သူများသည် အသည်းရောဂါကာကွယ်ရန်တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း(၁၀)ခွက်သောက်ရန်လိုကြောင်းအကြုံပြုထားပါသည်။
*အယ်ဇိုင်းမားရောဂါ
အသက်အရွယ်ကြီးရင့်သူများတွင်ဖြစ်ပွားသောဦးနှောက်ဆဲလ်များပျက်စီးမှုကိုလက်ဖက်ရည်ကြမ်းသောက်ခြင့်ဖြင့်ကာကွယ်နိုင်ပါသည်။
*သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ
လက်ဖက်ရည်ကြမ်းတွင် ဖလိုရိုက်ပါဝင်သည့်အတွက်သွားများကိုခိုင်ခံ့စေပြီးသွားပိုးစားခြင်း၊သွားဖုံးရောင်ခြင်း၊ပါးစောင်ကင်ဆာနှင့်လျှာကင်ဆာမဖြစ်အောင်လက်ဖက်ရည်ကြမ်းမှကာကွယ်ပေးနိုင်ပါသည်။
*အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ
လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့်အစာအိမ်နှင့်အူလမ်းကြောင်းတွင်ဖြစ်ပွားသောရောဂါများကိုကျဆင်းစေပြီးအစာအိမ်အူလမ်းကြောင်းရောဂါများကိုဟန့်တားကာကွယ်နိုင်သည်။
*ကင်ဆာရောဂါများ
လက်ဖက်ရည်ကြမ်းသည်ကင်ဆာဖြစ်စေနိုင်သောဓာတ်ပစ္စည်းများကိုဖျက်စီးပေးပြီးကင်ဆာဆဲလ်မပြန့်ပွားအောင်လည်းဟန့်တားပေးသည်။ကင်ဆာဖြစ်နေသူများကိုလည်းကင်ဆာပိုဆိုးမလာအောင်ဟန့်တားပေးသည်။
*ခရမ်းလွန်ရောင်ခြည်ဒဏ်မှကာကွယ်ပေးခြင်း
ရေနွေးကြမ်းသည်နေရောင်ခြည်မှပါသော UV-B နှင့်နေပူထဲတွင်အလုပ်လုပ်နေသောသူများအတွက်ရေနွေးကြမ်းသည်အကောင်းဆုံးအဖော်မွန်ဖြစ်သည်။
*ဤအချက်များကိုအသုံးပြု၍ကျန်းမာရေးကိုကာကွယ်ကျပါစို့။💪👀🗣
13/06/2025
#ပိုက်ဆံမကုန်ပဲပြုလုပ်နိုင်သောမျက်စိကျန်းမာရေး
မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့မရှိမဖြစ်အစိတ်အပိုင်းပါ အမြင်အာရုံဟာ👁️ နေ့စဉ်ဘဝမှာ အင်မတန်မှအရေးပါလှပါတယ် ဒါကြောင့် မိမိတို့ရဲ့ မျက်လုံးလေး ကျန်းမာနေဖို့လိုအပ်တယ်နော် ဒါ့ကြောင့် မျက်လုံးအားကောင်းဖို့ဘာတွေလုပ်ဆောင်သင့်သလဲ ...........🤔
(၁) ပထမဆုံးအနေနဲ့ ငါး🐟 များများစားပေးဖို့လိုပါတယ် ငါးတွေမှာပါတဲ့ omega-3 fatty acid ဟာ မျက်လုံး အတွက်များစွာ အထောက်အပံ့ပေးပါတယ်
(၂) အချဉ်ဓာတ်ရှိတဲ့အသီးတွေလဲ🍋 စားပေးပါ အချဉ်ဓာတ်ရှိတဲ့အသီးအနှံတွေမှာ ဗီတာမင်(C)
ဗီတာမင်(E) တို့ဟာ မျက်စိအတွက်များစွာ အကျိုးပြပါတယ်
(၃) အစေ့အဆန်စားပေးပါ 🫘
နေကြာစေ့ ဖရုံစေ့ ပင်ပွားစေ့ အစရှိတဲ့ အစေ့အဆန်တွေမှာ ဗီတာမင် (E) ပါဝင်မှုကြောင့် မိတ်ဆွေတို့ရဲ့မျက်စိကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေမှာပါ
(၄ ) မျက်စိဆိုတာနဲ့ မုန်လာဥနီ🥕ကိုလဲလုံးဝမေ့ထားလို့မရပါဘူး မုန်လာဥနီမှာလဲ ဗီတာမင် (E) ပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ် အလွယ်တကူ ဖျော်သောက်တာပဲဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်ရှင့်
(၅) မျက်စိအတွက် အားဆေးဆိုရင် zinc ဓာတ်ကလဲ လုံးဝမေ့ထားလို့မရပါဘူးရှင် အာရုံစူးစိုက်မှုကိုကောင်းစေပြီး ညဏ်ရည်လဲထက်မြက်စေတာကြောင့် သားသားမီးမီးလေးတွေအနေနဲ့လဲ သောက်သုံးသင့်ပါတယ်👶🏻 အသက်အရွယ်ကြောင့်ဖြစ်ပေါ်တဲ့ အမြင်အာရုံပြဿနာတွေကိုလဲ သက်သာစေပါတယ် 🧓🏻🤍
(ဖြစ်နိုင်မယ်ဆိုရင်တော့ screen ကြည့်ရှု့ချိန် စာကြည့်မျက်မှန်လေးအသုံးပြုဖို့တိုက်တွန်းပရစေရှင် )🤓
လွယ်လွယ်ကူကူနဲ့ မိတ်ဆွေရဲ့မျက်စိလေးကို ကာကွယ်လို့ရပြီနော်ရှင့် 🫶🏻🩷
#ကျန်းမာရေးဗဟုသုတတွေကိုအမြဲတင်ကြားပေးနေပါမယ်ရှင့်
13/06/2025
ငွေမကုန်လူမပင်ပန်းပဲကျန်းမာဖို့
ကျန်းမာရေးမူ4ချက်လိုက်နာကြစို့
1*စိတ်ထားကောင်းထားပါ
2*လုံလောက်စွာအိပ်ပါ(8နာရီ)
3*မျှတသောလေ့ကျင့်ခန်းလုပ်ပ့ါ(နာရီဝက်အနည်းဆုံးလမ်းလျောက်ပါ)
4*အာဟာရပြည့်ဝအောင်စားပါ
သင့်နဲ့သင့်မိသားစုကျန်းမာဖို့လိုက်နာကြပါစို့
Click here to claim your Sponsored Listing.
Category
Website
Address
Yangon