The Daily Deck
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Daily Deck, Health/Beauty, Yangon.
OSလူသစ်တစ်ယောက်ရဲ့လက်ဆော့ခြေဆော့လုပ်ရက်ကြောင့်တစ်စီးလုံးက Myanmar crewတွေ Blacklistလုပ်ခံရတော့မယ်😞
ကျွန်တော်တို့သင်္ဘောက GRT 10000+ဘဲရှိတဲ့ တရုတ်လိုင်းက Container vesselပါ။ Myanmar crewကစုစုပေါင်း 7ယောက်ဘဲရှိပါတယ် OSx2ယောက်ရယ် ABx2ယောက်ရယ် Oiler 3ယောက်ရယ်ပါ။အကုန်လုံးက II4/III4သမားတွေဘဲ လူငယ်တွေဘဲပေါ့ ABကိုနှစ်ယောက်ဘဲထားပြီးOSတစ်ယောက်ကို 0 to 4 Dutyပေးထားပါတယ် ကိုယ်ကတော့ 4 to 8 နောက်ABက 8 to 12ပေါ့။ ပြသနာကဘယ်ကစလည်းဆိုတော့ ကိုယ်တွေသွားနေတာက Russia နဲ့ Chinaဘဲ(charter)က အဲ့တော့သိတဲ့အတိုင်း တရုတ်ကနေကိုရီးယားကိုဖြတ်ပြီးသွားရတော့ လမ်းတောက်လျှောက်က Fishing Boat/Fishing Netတွေကြီးဘဲအဲ့တော့ Bridgeမှာဘဲ Dutyယူကြရတာပေါ့ ကိုယ်ကတော့ငကြောင့်အချိန်ဆိုတော့ daymanလုပ်ရတယ်လူမရှိတော့ ကိုယ်ရယ်ကျန်တဲ့OSတစ်ယောက်ရယ်ကdayman ကျန်တဲ့OSတစ်ယောက်နဲ့ABတစ်ယောက်ကDuty အဲ့မှာဆရာသမားOSလေးကရောက်ပြီးတစ်လတောင်မကြာဘူး Bridgeမှာတရုတ်3/Oထားထားတဲ့ပီကေဗူးထဲကပီကေတွေအကုန်လုံးကိုယူစားပြီး ဗူးခွံလေးဘဲချန်ထားခဲ့တယ် အဲ့တော့ဟိုကပေါက်ကွဲပြီး သူနဲ့အတူDutyယူတဲ့ABကိုပြောတာပေါ့ မင်းစားချင်ရင်ငါ့ကိုပြောပြီးမှစားဆိုတဲ့ပုံစံမျိုးနဲ့ အဲ့တော့ABကသူလည်းမယူစားဘဲအပြောခံရတော့ OSကိုခေါ်ပြီးအစ်တာပေါ့ အဲ့တော့OSကလည်းဝန်ခံပါတယ်သူယူစားပါတယ်ပေါ့ အဲ့ကိစ္စပြီးသွားတော့လည်းသူက Mess Roomထဲမှာရှိတဲ့အစားအသောက်တွေကိုသူ့စိတ်တိုင်းကျချက်ပြုတ်စားသောက်ပြန်တယ် ကျွန်တော်တို့သင်္ဘောက ချက်ကြီးစတိုအကုန်လုံးကိုဖွင့်ထားပါတယ်နားလည်မှု့နဲ့ ချက်ကြီးကလည်းဘယ်သူယူစားစားဘာမှမပြောဘူး လိုသလောက်ဘဲယူစားပေါ့ အဲ့တာကိုဆရာသမားကစိတ်တိုင်းကြကိုချက်ပြုတ်စားသောက်တာပါ ဟင်းမကောင်းတဲ့နေ့တောင်မဟုတ်ဘဲနေ့တိုင်းနီးပါး အဲ့တော့ကိုယ်တွေအကုန်လုံးကတော့ဝိုင်းတားကြရတာပေါ့ ညီလေးမင်းလိုသလောက်ယူစားတာပြသနာမရှိဘူး နေ့တိုင်းမင်းကြိုက်တာကိုစိတ်တိုင်းကျယူစားတာကြတော့ကြာလာရင်ပြသနာရှိလာနိုင်တယ်ပေါ့ အဲ့လိုဝိုင်းပြောကြရင်လည်းသူက ရတယ်အကိုကိစ္စမရှိဘူး ချက်ကြီးကကျွန်တော့်ကိုတွေ့ရင်ဘာမှမပြောဘူးအေးဆေးဘဲပေါ့ ကိုယ်တွေလည်းအခါခါတားပါတယ်သူကပြောမရဘူးပိုပိုဆိုးလာတယ် အဲ့နောက်ပိုင်းလည်း Bridgeမှာထုံးစမ်အတိုင်း ဟိုမုန့်တွေ့ယူစားဒီမုန့်တွေ့ယူစားပေါ့ သူလိုလိုကိုယ်လိုလိုနဲ့လူတွေကလည်းသိပ်သတိမထားမိကြဘူး အဲ့တာနဲ့ဟိုတနေ့က မနက်3:30လောက်ငကြောင်ကကိုယ့်ကိုဖုန်းဆက်ပြီး Dutyခေါ်ပါလေရော အပေါ်ရောက်တော့လည်း ဘယ် fishing boatမှရှိမနေပြန်ဘူး ဘာလားပေါ့ဒီဘဲ အဲ့တာနဲ့နောက်နာရီဝက်လောက်လည်းနေရော သူ့ဖုန်းနဲ့ကိုယ့်ကို translateလုပ်ပြီးပြတယ် မနေ့က သူကြီးstoreထဲ ဆေးလိပ်သုံးတောင့်နဲ့ သူmeeting roomထဲမှာထားတဲ့ Coca-Colaတစ်ကဒ်ရယ် mess roomထဲမှာထားတဲ့ ယီယာလေးလုံးရယ်ပျောက်သွားတယ်ဆိုတဲ့အကြောင်း မင်းသိလားတဲ့ ကိုယ်ပါကြောင်သွားတယ် သူကြီး storeကသော့ခက်ထားတာလေဘယ်လိုပျောက်ရတာလည်းပေါ့ ဟိုနေ့ကသူကြီးကမေ့ပြီးသော့မခက်ထားမိဘူးတဲ့အဲ့အချိန်ပျောက်တာတဲ့ ပျောက်တဲ့ဆေးလိပ်ကလည်း ယွမ်း500ကျော်တယ် သူကြီး Customကိုပေးဖို့ထားထားတာတဲ့ အခုသူကြီးကသိပြီး နောက်တစ်ခေါက်ပစ္စည်းပျောက်တစ်ခုခုရှိတာနဲ့အကုန်လုံးကိုအိမ်ပြန်ပို့မယ် ရုံးကို Blacklistလုပ်ခိုင်းမယ်လို့ပြောတယ်တဲ့ ညနေmeetingခေါ်ပြီးအကုန်ပြောမယ်ပေါ့ ကိုယ်လည်းကြားကြားချင်းတော့ရိပ်မိလိုက်တယ်ဘယ်သူ့လက်ချက်လည်းဆိုတာ အဲ့တာနဲ့ 8 to 12 ABကDutyချိန်းဖို့တက်လာတော့ကိုယ်လည်းပြောပြလိုက်တယ်အကြောင်းစုံ ဘယ်သူမှန်းလည်းသေချာမသိသေးတော့နှစ်ယောက်တိုင်ပင်ပြီး OSရဲ့အခန်းထဲကိုသူdutyတက်နေတုန်းသွားကြည့်ကြတယ် ဆရာသမားလေးကလည်းပေါ်ပေါ်ထင်ထင်ဘဲဖွက်တောင်မထားဘူးတန်းမိတော့တာဘဲ အဲ့တာနဲ့တခြားသူတွေကတော့သွားတိုင်မယ်ပေါ့အရာရှိကို သူ့ကြောင့်နဲ့ Blacklistအလုပ်မခံချင်ဘူးဆိုပြီး အဲ့တာနဲ့ကိုယ်လည်း အဲ့လိုသွားတိုင်လိုက်ရင်သူအိမ်ပြန်ရဖို့များကြောင်းနဲ့တုံးပြတ်မှာဆိုးတော့အကုန်လုံးကိုသေချာနားချပြီး OSကိုဘဲသူကိုယ်တိုင်သွားဝန်ခံခိုင်းလိုက်တယ် ကိုယ့်အမှားကိုယ်သိပြီး ဝန်ခံတဲ့ပုံစံမျိုးပေါ့ ကိုယ်ထင်ထားသလိုမျိုးဘဲ ငကြောင်ကလည်း welcomeလုပ်ပါတယ်အခုလိုကိုယ့်အမှားကိုယ်ဝန်ခံလို့ နောက်တစ်ခေါက်ထပ်မလုပ်ရင်ရပါပြီပေါ့ ကိုယ်တွေလည်ဝိုင်းပြောပေးရတာပေါ့ သူ့ကိုအိမ်ပြန်မပို့ဖို့နဲ့ရုံးဘက်ကိုပြန်မပြောဖို့ အဲ့လိုနဲ့အကုန်လုံးအိမ်ပြန်အပို့မခံရတော့ဘဲ Blacklistလည်းအလုပ်မခံရတော့ဘူးပေါ့။ အဲ့တော့ပြောချင်တာကလူသစ်ညီအကိုတွေ သင်္ဘောပေါ်ရောက်ရင်လက်မဆော့ပါနဲ့ကိုယ့်ကြောင့်တခြားသူတွေလည်းဒုက္ခရောက်နိုင်ပါတယ် အဲ့ဒီအပြင်Myanmar Crewတွေအကုန်လုံးအတွက်လည်းသိပ္ခ်ါကျရပါတယ် ကိုယ်ကလက်မဆော့တက်ဘဲမနေနိုင်ဘူးဆိုရင်လည်းသင်္ဘောမလိုက်ကြပါနဲ့ မြန်မာနိုင်ငံမှာနေပြီးရွှေဆိုင်တစ်ဆိုင်ဆိုင်ကိုဝင်ခိုးကြပါ အဲ့တာကမှဘဝကြီးတစ်ခုလုံးကိုပါပြောင်းလဲလိုက်လို့ရတာပါ ဒီseaman lifeမှာအလွန်ဆုံးရလည်း Dollarသောင်းဂဏာန်းလောက်ဘဲရမှာ ဘဝကြီးတစ်ခုလုံးပြောင်းလဲမသွားနိုင်ပါဘူးးးး peace ✌️
sh*t❗️❗️❗️
China Ningbo(port)မှာ containers car တွေdriverless တွေ🤯
18/09/2025
Before onboard….. After onboard…..
Too much pressure guys, never choose a seaman life🥴
အလုပ်လုပ်ရင်သာအဲ့လိုမဟုတ်တာ
Partyဆိုရင်ထိပ်ဆုံကကွေးနေအောင်ကတဲ့ကောင်မျိုးကသင်္ဘောတိုင်းမှာရှိတယ်😂
အပေါ်လေးချောင်းလည်း က
အောက်လေးချောင်းလည်း က
😂
23/06/2025
Russia က Titanit🚢နဲ့ဆုံတုန်းလေး😂
သင်္ဘောပေါ်မှာ အနေအစားလေးချောင်ပြီးရာထူးမြန်မြန်တိုးဖို့ ဘောမချင်းအနုပညာလည်းတက်ထားဖို့လိုပါတယ်😛
07/04/2025
« သင်္ဘောသားနှင့်ဂျင်းလောက »
သင်္ဘောသားလူသစ်စလုပ်ချင်တယ် ဘယ်ကစလုပ်ရမလည်း ဘယ်လိုလိုင်းတွေမှာလိုက်ရမလည်းဆိုတဲ့မေးခွန်းတွေကဒီလို seaman Group တွေထဲမှာတွေ့လာရတာ
များနေတာကြောင့် သင်္ဘောသားလောကကိုဖြောင့်ဖြောင့်တန်းတန်းဝင်နိုင်ဖို့နှင့်ဂျင်းလောကကိုရှောင်ရှားနိုင်ဖို့ရည်ရွယ်ပါတယ်ခင်ဗျာ
ဘယ်မှာစုံစမ်းလို့ရမလည်း / ဘယ်မှာသင်တန်းတက်ရမလည်း?
ကိုယ်ကသင်္ဘောသားလောကထဲကိုဝင်ချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ဘာအချက်အလတ်တွေလိုလည်းသင်တန်းတက်ဖို့ဘယ်လောက်ကုန်ကျမလည်းသိချင်ရင်တော့အရင်ဆုံးသွားရမှာက ဒေါပုံသင်္ဘောကျင်းက DMAဝန်းထဲကိုပါ
*DMAအဝကAgent(ဂျင်း)တွေလုံးဝလုံးဝမဟုတ်ပါဘူး*
DMAဝန်းထဲကိုနည်းနည်းလေးဆက်သွားလိုက်ရင် PGI/BMTCလိုသင်တန်းကျောင်းတွေရှိပါတယ်(အခုလိုနာမည်ထည့်ထားချင်းသည်အခကြေးငွေရယူထားတာမျိုး ပတ်သတ်ဆက်နွယ်တာမျိုးလုံးဝမရှိပါဘူး)အဲ့လိုသင်တန်းကျောင်းတွေမှာ လိုအပ်တဲ့စာရွက်စာတန်း လိုအပ်သည့်သင်တန်းများကိုpackageနှင့်
စုံစမ်းပြီးအပ်နှမ်လို့ရပါတယ်(ဒါကတော့သင်္ဘောသားလောကနဲ့စိမ်းပြီးသင်္ဘောသားအသိမိတ်ဆွေမရှိတဲ့သူတွေအတွက်ပါ)
လေ့လာအားကောင်းတဲ့သူ သင်္ဘောသားလောကနဲ့မစိမ်းတဲ့သူတွေကတော့ လိုအပ်တဲ့လတ်မှတ်တွေကို တစ်ခုချင်းသင်တန်းတွေမှာလိုက်အပ်ပြီးတက်ကြတာများပါတယ်(package နဲ့တက်တာထက်စာရင်ငွေကြေးအကုန်အကျသက်သာပါတယ်)
အဲ့တာဆိုကိုယ်ကလတ်မှတ်တွေစုံပြီ ဘယ်လိုလိုင်းတွေမှာလိုက်သင့်လည်း / ဘယ်လိုလိုင်းတွေကိုလျှောင်သင့်လည်း?
ဒီအနေအထားရောက်ရင်တော့သင်္ဘောသားလောကရဲ့တကယ့်ဂျင်းအကြီးစားကြီးတွေနဲ့ထိတွေ့ရတော့မှာပါ
အဲ့လိုဂျင်းအကြီးစားကြီးတွေနဲ့မတွေ့ရအောင်
မရှိရှိတာလေးတွေနဲ့ရှာကျန်ပြီးပေးရတဲ့ရိုက်ကြေးတွေပါမသွားအောင် fishing Boatလို တုံးမရတဲ့Tug Boatတွေမစီးရအောင် ညီအကိုတို့အနေနဲ့ပထမဆုံးလုပ်ရမှာကတော့ Chromeထဲကိုသွားပြီး (SRPS Update List) ဆိုပြီးရိုက်ရှာကြည့်ပါ DMA Myanmarရဲ့ website မှာတင်ထားတဲ့ 3.4.2024 to 2.4.2029 Dateနဲ့တင်ထားတာရှိပါတယ်။ အဲ့ထဲမှာ DMAကအသိအမှတ်ပြုထားတဲ့SRPS Companyပေါင်း 184 ခုနဲ့ SRPSမဟုတ်တဲ့ company nameများလည်းရှိပါတယ်။ ကိုယ်အဆင်ပြေရာကိုယ်နဲ့နီးစက်ရာ SRPS Company တွေမှာ Form များလိုက်တင်ထားနိုင်ပါတယ်။
(Tips အနေနဲ့ပြောပြရမယ်ဆိုရင် ကိုယ်တင်ထားတဲ့ရုံးတိုင်းကို ဖုန်းဆက်ပြီး vacancy ပေါ်လားလှမ်းမေးတာထက် တပတ်အနည်းဆုံး 3ခေါက်လောက်သွားကြပါ သွားပြီးရင်လည်းCrew Manager ဆိုသူတွေနဲ့စကားပြောဖြစ်အောင်ပြောပါ ဒါမှကိုယ်နာမည်မဟုတ်ရင်တောင်မျက်နှာမှတ်မိတာမျိုးဖြစ်ပြီးဦးစားပေးအခေါ်ခံရမှာ)
ဝဠ်ကြွေးပါရင်တော့သင်္ဘောသားဖြစ်ကိုဖြစ်လာပါလိမ့်မယ်
05/04/2025
“အကျစ်ခံရမှု – သင်္ဘောပေါ်မှ မမြင်ရတဲ့စိတ်ဖိစီးမှု”
သင်္ဘောသားလောကဟာ ပင်လယ်ရဲ့
သဘာဝအလှတရားနဲ့ စွန့်စားမှုတွေထဲမှာရောက်ရှိနေတဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမယ့် ဒီလှပတဲ့လုပ်ငန်းခွင်ထဲမှာတောင် လူအချင်းချင်းကြားမှာ မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှု တိုက်ခိုက်မှု တချို့ရှိနေတတ်ပါတယ်။ ဒီနေ့မှာတော့ လူသစ်သင်္ဘောသားတွေအတွက်သာမက၊ လူဟောင်းသင်္ဘောသားတွေအတွက်ပါ စဉ်းစားဖို့ကောင်းတဲ့အကြောင်းလည်းဖြစ်တယ် ဆောင်ရန်ရှောင်ရန်အတွက်လည်းဖြစ်တဲ့ “အကျစ်ခံရမှု့” အကြောင်းကိုပြောပြပေးမှာဘဲဖြစ်ပါတယ်။
သင်္ဘောပေါ်မှာကျစ်တယ် ကျစ်ခံရတယ်ဆိုတာဘာလဲ?
ပုံမှန်အားဖြင့် “ကျစ်တယ်” ဆိုတာ လူတစ်ဦးကို တမင်တကာ စိတ်ညစ်စေဖို့ (ငါဘာကောင်ပါဆိုပြီး)powerပြချင်လို့၊ လုပ်ငန်းသဘောသဘာဝအရအလုပ်အခက်အခဲတွေ တမင်ကြံစည်ဖန်တီးပေးခြင်းကို ဆိုလိုပါတယ်။ ဥပမာ — Forward station မှာအလုပ်လုပ်နေတဲ့အချိန်မှာတင် Ship accommodation မှာရှိတဲ့ပစ္စည်းယူခိုင်းပြီး ပြန်လာတော့မှ “မမှန်ဘူး၊ တခြားပစ္စည်းပါ” ဆိုပြီးထပ်ခါထပ်ခါပြန်ခိုင်းတာမျိုး… (ဒီထက်ဆိုးသောအခြေအနေများလည်းရှိပါတယ်)ဒါမျိုးအကြိမ်ကြိမ်ကြုံရတဲ့အခါ ဘယ်သူမဆို စိတ်ဓာတ်ကျမှာ အမှန်ပဲ။
*မိမိအတွေ့အကြုံများကိုလည်းလူသစ်ညီကိုများဆောင်ရန်ရှောင်ရန်အတွက် cmတွင်ပြန်လည်မျှဝေနိုင်ပါတယ် *
ဘယ်သူတွေက ဘယ်သူ့အပေါ်ကျစ်ကြလဲ?
အများအားဖြင့် ရာထူးကြီးတဲ့သူတွေက
ရာထူးနှိမ့်တဲ့သူတွေအပေါ်ကျစ်ကြတာများပါတယ်။တစ်ခါတစ်ရံမှာတော့ တူညီတဲ့ Rank တွေကြားထဲမှာလဲရှိတက်ကြပါတယ်။
မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုချင်းမရှိဘဲ ကျွန်တော်တို့ Myanmar seamen community ကြီးဒီထက်ပိုမိုကောင်းဖို့ရည်ရွယ်ပြီးရေးသားချင်းဖြစ်ပါတယ်။
လူသစ်လူဟောင်း seamenညီကိုအပေါင်းတို့လည်းအ
ကျစ်ခံရချင်းမှကင်းဝေးကြပါစေဗျာ
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
11182