Thant Zin Aung- Dr.Kid
Dr.Thant Zin Aung
27/05/2026
“I will keep trying my best.”
Dr.Thant Zin Aung
27th May, 2026
24/05/2026
" Learn more to help my baby patients better "
17/04/2026
×××× Happy Myanmar New Year ××××
ရာသီတုပ်ကွေး ကာကွယ်ဆေး
ထိုးလို့ရပါပြီ
26/03/2026
***** နွေရာသီ Fighting *****
နွေရာသီရောက်ပြီ။
မွေးကင်းစကလေးများ အသားဝါနိုင်ခြေများမည်။
မေမေများ နို့သေသေချာချာ တိုက်ကြပါ။
အခက်တွေ့နေပါသလား?
ဖေဖေများ ဝိုင်း၀န်းကူညီလျှင် အောင်မြင်ပါမည်။
16/03/2026
××× ကလေး ကိုမှောက်ပေးခြင်း
(Tummy Time) ×××
📻Tummy time ဆိုတာက
baby ကို နိုးနေတဲ့အချိန်မှာ သူ့ကို မှောက်တဲ့အနေအထား (on the tummy / prone position) နဲ့ အနည်းငယ်အချိန်ထားပေးတာကို ဆိုပါတယ်။ 👶
📻ဘာကြောင့် tummy time လုပ်ပေးရလဲ?
1. Neck muscle strong ဖြစ်စေတယ် 💪
ခေါင်းကို ထောင်နိုင်လာတယ်။
2. Shoulder & arm muscle develop ဖြစ်တယ်
နောက်ပိုင်း rolling, crawling လုပ်နိုင်ဖိအထောက်အကူပြုတယ်။
3. Head shape deformity (positional plagiocephaly) ကို ကာကွယ်တယ်။
အမြဲ supine လှဲထားရင် ခေါင်းပြားလာနိုင်တယ်။
4. Motor development ကို အားပေးတယ်။
📻ဘယ်အချိန်က စလုပ်သင့်လဲ?
Birth ကစပြီး လုပ်လို့ရပါတယ်။
စစချင်း 1–2 minutes လောက်ပဲ
တနေ့ several times (5–10 times) လုပ်ပေးနိုင်တယ်။
📻လုပ်ပုံလုပ်နည်း
Baby awake ဖြစ်နေချိန်မှာလုပ်ရမယ်။
Flat surface (bed / mat) ပေါ်မှာ ထားပြီး
Parent နီးနီးကပ်ကပ် စောင့်ကြည့်ရမယ် 👀
Toy သို့မဟုတ် မိခင်မျက်နှာကို ပြပြီး head lift encourage လုပ်ရပါမယ်။
📻မလုပ်သင့်တဲ့အချိန်
1. ကလေးအိပ်နေတုန်း
2. ကလေးနို့စို့ပြီးချိန်။
3. လူကြီးမရှိသောအချိန် များတွင် မလုပ်သင့်ပါ။
😄အားလုံး ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။😄
Dr.Thant Zin Aung
March 16th, 2026.
11/03/2026
×××× အာဟာရဖြစ်သော သရေစာများ ××××
1. နွားနို့ကျိုတိုက်ခြင်း ( ကလေးအသက် ၁နှစ်အထက်)
2. Full cream milk၊ ချိစ် အခဲ/အပြား၊ ငှက်ပျောသီး နှင့် နွားနို့၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သဘောသီး၊ သရက်သီး၊ ကြက်ဥပြုတ်၊ ပဲပြုတ်၊ မြေပဲပြုတ်၊ ပေါင်မုန့်ထောပတ်သုပ်၊ ပေါင်မုန့်ကြက်ဥကြော်၊ ကန်ဇွန်းဥ
××× ရှောင်သင့်သော သရေစာများ×××
လက်ဘက်ရည်၊ကော်ဖီ၊ လေဖောင်းမုန့်၊ လူကြီးစားသော အသင့်စားခေါက်ဆွဲထုပ်၊ အာလူးကြော်၊ငါးမုန့်ကြော်၊ အအေးဗူး၊ အားဖြည့်အချိုရည်။
××× ထမင်းအနပ်များ သိပ်မစားလျှင် သရေစာမှလဲ အာဟာရ ရနိုင်ပါသည် ×××
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Dr.Thant Zin Aung
March 11st, 2026
02/03/2026
×ကလေးငယ်များ ဖုန်းသုံးခြင်းနှင့် တီဗွီကြည့်ခြင်း×
🦊အသက်(၂)နှစ်အောက် ကလေးများကို ဖုန်းပြခြင်း/တီဗွီပြခြင်းများမလုပ်သင့်ပါ။
🦊အသက်(၂)နှစ်မှ (၅)နှစ်ကြားကလေးများကို တစ်နေ့လျှင် (၁)နာရီအောက်သာ ဖုန်း/တီဗွီပြသင့်ပါသည်။
🦊ဖုန်း/တီဗွီအကြည့်များသော ကလေးများသည် စကားပြောနောက်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစိုက်မှုအားနည်းခြင်း၊အိပ်မပျော်ခြင်း၊ အမြင်အာရုံ အားနည်းခြင်း တို့ဖြစ်နိုင်ပါသည်။
🦊🦊လုပ်သင့်သောအရာများ
နေစဉ် မျက်နှာချင်းဆိုင် စကားပြောပေးခြင်း၊ စာဖတ်ပြခြင်း၊ သီချင်းဆိုခြင်း၊ပြင်ပကစားကွင်းတွင် ကစားခြင်း၊ ဖုန်း/တီဗွီကြည့်လျှင် မိဘနှင့်အတူ
ကြည့် ပြီး ရှင်းပြပေးခြင်း၊ဖုန်း/တီဗွီ ကြည့်သည့်အချိန် ကို ကန့်သတ်ထားခြင်း။
🦊🦊မလုပ်သင့်သောအရာများ
ကေလး ငိုလျှင် ဖုန်းမပေးထားရ၊ အစားစားချိန် ဖုန်းမ ပေးရ၊ အိပ်ခါနီး ဖုန်းမကြည့်ရ၊ကလေးတစ်ယောက်တည်း You tube မကြည့်ရ၊ ကိုယ်ပိုင်ဖုန်းမပေးထားရ။
🐹အားလုံး ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ🐹
Dr.Thant Zin Aung
March 2nd, 2026
25/02/2026
🧡နေ့တိုင်းလိုလို ဖြစ်နေတဲ့ ခံစားချက်လေး(၂) ခု
ကလေးတွေဝမ်းပျက်ဝမ်းလျော ဖြစ်နေကြပါတယ် ခင်ဗျာ။
Take Care ပါဗျ။
Click here to claim your Sponsored Listing.