Gold One Realty

Gold One Realty

Share

Guiding you to the right property

BOT (Build-Operate-Transfer) စနစ်နဲ့ ငှားထားတဲ့မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ (ဘိုးဘွားပိုင်) ပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။

---

၁။ BOT စနစ်နဲ့ ငှားထားတဲ့မြေပေါ်က တိုက်ခန်း

ဘယ်လိုစနစ်လဲ

· ကုမ္ပဏီက အစိုးရဆီကနေ မြေကို ငှားရမ်းပြီး တိုက်ခန်းဆောက်တာ ဖြစ်ပါတယ်။
· ဒါကို Build-Operate- Transfer လို့ခေါ်ပြီး သတ်မှတ်ထားတဲ့ သက်တမ်းအတွင်း လုပ်ကိုင်ခွင့်ရှိပါတယ်။

သက်တမ်း

·  BOT စနစ်ကို နှစ် ၅၀ ငှားရမ်းထားတာဖြစ်ပါတယ်။
· နောက်ထပ် သက်တမ်းတိုးခွင့် (Extension) အနေနဲ့ ၁၀ နှစ် + ၁၀ နှစ် ဆိုပြီး စုစုပေါင်း နှစ် ၇၀ အထိ ဖြစ်လာနိုင်ပါတယ်။
· ဒီသက်တမ်း ပြည့်သွားရင် အဆောက်အအုံကို မူလအစိုးရဆီကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။

သက်တမ်းထပ်တိုးရေး

· နှစ် ၇၀ ပြည့်လို့ သက်တမ်းထပ်တိုးချင်ရင် အဲဒီအချိန်က အာဏာရအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။

အဆောက်အအုံသက်တမ်း

· နှစ် ၇၀ ဆိုတာ အဆောက်အအုံတစ်ခုရဲ့ ခံနိုင်ရည်သက်တမ်း ကုန်ဆုံးချိန်လည်း ဖြစ်နိုင်ပါတယ်။
· သက်တမ်းကုန်တဲ့အခါ အဲဒီအဆောက်အအုံမှာ နေထိုင်တဲ့သူတွေ ဘာဆက်ပိုင်ဆိုင်ရမလဲဆိုတာ မရှင်းလင်းတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။
· သက်တမ်းမကုန်ခင် အဆောက်အအုံဟောင်းနွမ်းလာရင် ပြုပြင်စရိတ်နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေအပေါ် ပြဿနာ ရှုပ်ထွေးနိုင်ပါတယ်။

ဝယ်ယူသူအတွက် သုံးသပ်ချက်

· ဒီလိုတိုက်ခန်းမျိုးကို ဝယ်မယ်ဆိုရင် အနည်းဆုံး နှစ် ၅၀ ကနေ ၇၀ လောက် နေထိုင်ခွင့်ရရုံနဲ့ ကျေနပ်တယ်ဆိုမှ ဝယ်သင့်ပါတယ်။
· ကွန်ဒိုမီနီယမ် ဖြစ်လာရင်တောင် မြေကွက်ကို ရှယ်ယာပိုင်ဆိုင်ခွင့် (မြေပိုင်ဆိုင်ခွင့်) ရရှိမှာ မဟုတ်ပါဘူး။

---

၂။ ဂရန်မြေ (ဘိုးဘွားပိုင်) ပေါ်က တိုက်ခန်း

ဘယ်လိုစနစ်လဲ

· ဂရန်မြေဆိုတာ ဘိုးဘွားပိုင် သို့မဟုတ် အစိုးရက ထာဝရပိုင်ဆိုင်ခွင့်ပေးထားတဲ့ မြေဖြစ်ပါတယ်။
· ဒီမြေပေါ်မှာ တိုက်ခန်းဆောက်တဲ့အခါ မြေနဲ့အတူ တိုက်ခန်းကိုပါ ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ကွန်ဒိုမီနီယမ် ဖြစ်လာရင်

· ကွန်ဒိုမီနီယမ် တိုက်ခန်း ဖြစ်လာရင် တိုက်ခန်းဝယ်ယူသူဟာ မြေကြီးရဲ့ ရှယ်ယာကိုပါ ပိုင်ဆိုင်ခွင့်ရှိလာပါတယ်။
· ဆိုလိုတာက မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ပိုင်ဆိုင်တဲ့သဘော ဖြစ်သွားပါတယ်။

ဂရန်သက်တမ်း

· ဂရန်မြေဆိုပေမယ့် ဂရန်သက်တမ်း ကုန်ဆုံးသွားရင်လည်း အစိုးရဆီမှာ သက်တမ်းထပ်တိုးလို့ရနိုင်ပါတယ်။

ဝယ်ယူသူအတွက် အကာအကွယ်

· တချို့ ဆောက်လုပ်ရေးကုမ္ပဏီတွေက "ဘယ်ဥပဒေကိုမဆို လိုက်နာပါမည်" ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ်ချုပ်ပေးတတ်ပါတယ်။
· ဒီလိုမျိုး ဥပဒေနဲ့အညီ ခံဝန်ချက်ပါတဲ့ တိုက်ခန်းမျိုးကို ဝယ်ယူရင် ဝယ်ယူသူတွေ နစ်နာမှု နည်းပါးနိုင်ပါတယ်။

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့  GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
      09664969555
#Gold_One_Realty 17/03/2026

BOT (Build-Operate-Transfer) စနစ်နဲ့ ငှားထားတဲ့မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ (ဘိုးဘွားပိုင်) ပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ --- ၁။ BOT စနစ်နဲ့ ငှားထားတဲ့မြေပေါ်က တိုက်ခန်း ဘယ်လိုစနစ်လဲ · ကုမ္ပဏီက အစိုးရဆီကနေ မြေကို ငှားရမ်းပြီး တိုက်ခန်းဆောက်တာ ဖြစ်ပါတယ်။ · ဒါကို Build-Operate- Transfer လို့ခေါ်ပြီး သတ်မှတ်ထားတဲ့ သက်တမ်းအတွင်း လုပ်ကိုင်ခွင့်ရှိပါတယ်။ သက်တမ်း · BOT စနစ်ကို နှစ် ၅၀ ငှားရမ်းထားတာဖြစ်ပါတယ်။ · နောက်ထပ် သက်တမ်းတိုးခွင့် (Extension) အနေနဲ့ ၁၀ နှစ် + ၁၀ နှစ် ဆိုပြီး စုစုပေါင်း နှစ် ၇၀ အထိ ဖြစ်လာနိုင်ပါတယ်။ · ဒီသက်တမ်း ပြည့်သွားရင် အဆောက်အအုံကို မူလအစိုးရဆီကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။ သက်တမ်းထပ်တိုးရေး · နှစ် ၇၀ ပြည့်လို့ သက်တမ်းထပ်တိုးချင်ရင် အဲဒီအချိန်က အာဏာရအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ အဆောက်အအုံသက်တမ်း · နှစ် ၇၀ ဆိုတာ အဆောက်အအုံတစ်ခုရဲ့ ခံနိုင်ရည်သက်တမ်း ကုန်ဆုံးချိန်လည်း ဖြစ်နိုင်ပါတယ်။ · သက်တမ်းကုန်တဲ့အခါ အဲဒီအဆောက်အအုံမှာ နေထိုင်တဲ့သူတွေ ဘာဆက်ပိုင်ဆိုင်ရမလဲဆိုတာ မရှင်းလင်းတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ · သက်တမ်းမကုန်ခင် အဆောက်အအုံဟောင်းနွမ်းလာရင် ပြုပြင်စရိတ်နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေအပေါ် ပြဿနာ ရှုပ်ထွေးနိုင်ပါတယ်။ ဝယ်ယူသူအတွက် သုံးသပ်ချက် · ဒီလိုတိုက်ခန်းမျိုးကို ဝယ်မယ်ဆိုရင် အနည်းဆုံး နှစ် ၅၀ ကနေ ၇၀ လောက် နေထိုင်ခွင့်ရရုံနဲ့ ကျေနပ်တယ်ဆိုမှ ဝယ်သင့်ပါတယ်။ · ကွန်ဒိုမီနီယမ် ဖြစ်လာရင်တောင် မြေကွက်ကို ရှယ်ယာပိုင်ဆိုင်ခွင့် (မြေပိုင်ဆိုင်ခွင့်) ရရှိမှာ မဟုတ်ပါဘူး။ --- ၂။ ဂရန်မြေ (ဘိုးဘွားပိုင်) ပေါ်က တိုက်ခန်း ဘယ်လိုစနစ်လဲ · ဂရန်မြေဆိုတာ ဘိုးဘွားပိုင် သို့မဟုတ် အစိုးရက ထာဝရပိုင်ဆိုင်ခွင့်ပေးထားတဲ့ မြေဖြစ်ပါတယ်။ · ဒီမြေပေါ်မှာ တိုက်ခန်းဆောက်တဲ့အခါ မြေနဲ့အတူ တိုက်ခန်းကိုပါ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကွန်ဒိုမီနီယမ် ဖြစ်လာရင် · ကွန်ဒိုမီနီယမ် တိုက်ခန်း ဖြစ်လာရင် တိုက်ခန်းဝယ်ယူသူဟာ မြေကြီးရဲ့ ရှယ်ယာကိုပါ ပိုင်ဆိုင်ခွင့်ရှိလာပါတယ်။ · ဆိုလိုတာက မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ပိုင်ဆိုင်တဲ့သဘော ဖြစ်သွားပါတယ်။ ဂရန်သက်တမ်း · ဂရန်မြေဆိုပေမယ့် ဂရန်သက်တမ်း ကုန်ဆုံးသွားရင်လည်း အစိုးရဆီမှာ သက်တမ်းထပ်တိုးလို့ရနိုင်ပါတယ်။ ဝယ်ယူသူအတွက် အကာအကွယ် · တချို့ ဆောက်လုပ်ရေးကုမ္ပဏီတွေက "ဘယ်ဥပဒေကိုမဆို လိုက်နာပါမည်" ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ်ချုပ်ပေးတတ်ပါတယ်။ · ဒီလိုမျိုး ဥပဒေနဲ့အညီ ခံဝန်ချက်ပါတဲ့ တိုက်ခန်းမျိုးကို ဝယ်ယူရင် ဝယ်ယူသူတွေ နစ်နာမှု နည်းပါးနိုင်ပါတယ်။ ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔ လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ ☎️09961730040 09664969555 #Gold_One_Realty

15/02/2026

#ပြည်လမ်းမမေးတင်ရောင်းရန်ရှိသောမြေကွက်များ

#အကျိုးဆောင်များအကျိုးတူရပါတယ်။

(1) ပြည်လမ်း၊ (၆) မိုင်ခွဲ၊ မြေအကျယ်- မျက်နှာဝ- (70') ကျော်၊ (7000) sqft၊ ဈေးနှုန်း- (1) sqft - သိန်း (60)

(2) ပြည်လမ်း၊ (8) မိုင်၊ မြေအကျယ်-မျက်နှာဝ- (85' x 160')၊ မြေပိုင်မြေ၊ ဈေးနှုန်း- သိန်းကြီး (3) သိန်းခွဲ

(3) ပြည်လမ်း၊ (8) မိုင်၊ မြေအကျယ်- (7000) sqft ကျော်၊ ဈေးနှုန်း- (1)sqft- (40) Lakhs

(4) ပြည်လမ်း၊ (8) မိိုင် နဲ့ (9) မိုင် ကြား၊ မြေအကျယ်- (60' x 100')၊(50' x 100')၊ ဂရမ်၊ ဈေးနှုန်း- (1) sqft- သိန်း (40)

(5) ပြည်လမ်း၊ (9) မိုင်၊ မြေအကျယ်- (0.169) Acres/ (7400) sqft၊ (40' x 60' x 100')၊ မြေပိုင်မြေ၊ ဈေးနှုန်း- (1) sqft- (25) lakhs

(6) ပြည်လမ်း၊ (10) မိုင်၊ မြေအကျယ်-(100' x 100')၊ ဂရမ်အမည်ပေါက်၊ ဈေးနှုန်း-(1) sqft-(35) lakhs

(7) ပြည်လမ်းမပေါ်၊ ကိုးမိုင် ၊ မြေအကျယ်- (50' × 75')၊ သုံးထပ်တိုက်၊ဈေးနှုန်း- သိန်းကြီး (၁ )သိန်းခွဲ

8.ပြည်လမ်း၊ မာလာအနီး၊ လှည်းတန်းအနီး၊ အကျယ်- (0.987) Acres ၊ ခေါ်ဈေး- (1) sqft - (35) သိန်း
(1) sqft - (32) သိန်း ရရင် ရောင်းမယ်၊
ခန့်မှန်း- သိန်းကြီး (13) သိန်းကျော် မြေပိုင်မြေ

9.မရမ်းကုန်းမြို့နယ်၊ အင်စိန်လမ်းမမေးတင်၊ တစ်ဧက၊ မျက်နှာစာ- (115' × 400')၊ ရောင်းဈေး-
- တစ်ခါထဲ ငွေချေရင် သိန်း (380000)
- အရစ်ကျ ချရင် သိန်း (400000)

10.ပြည်လမ်း၊ ( ၇ )မိုင်ခွဲ၊ မြေအကျယ်- (50' × 90')၊ ဂရန်အမည်ပေါက်၊ ရောင်းဈေး- (1) sqft - (45) သိန်း

အိမ်ခြံ‌မြေ အဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
09664969555

28/01/2026

28/01/2026

လယ်/ယာ မြေ ကို အခြားနည်း အသုံးစွဲခွင့် လျှောက်ထားလာသည့်အပေါ် စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း။
-
လျှောက်ထားပြီးဖြစ်သော အခြားနည်း သုံးစွဲခွင့်များကိုလည်း
အပြီးအပြတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း...

20/01/2026

လယ်ယာမြေပေါ်တွင် အိမ်ဆောက်လိုပါက သိထားရမည့်အချက်များ

လယ်ယာမြေကို ဝယ်ယူပြီးသည်နှင့် တိုက်ရိုက်အိမ်ဆောက်ခွင့် မရှိပါ။ အိမ်ဆောက်လိုပါက မြေအမျိုးအစား ပြောင်းလဲနိုင်ရန် အဆင့်ဆင့်လုပ်ဆောင်ရပါမည်။

---

၁။ လယ်ယာမြေ အမျိုးအစား ခွဲခြားခြင်း

မြန်မာနိုင်ငံတွင် မြေအမျိုးအစားအလိုက် စည်းမျဉ်းများ ကွဲပြားပါသည်။

· လယ်မြေ (Paddy Land) – စပါးစိုက်ပျိုးရန် သတ်မှတ်ထားသောမြေ (“ပုံစံ ၇” မြေ) ဖြစ်ပြီး အိမ်ဆောက်ရန် အခက်ခဲဆုံးဖြစ်ပါသည်။
· ယာမြေ / ဥယျာဉ်ခြံမြေ – လယ်မြေထက် အခြားနည်းဖြင့် အသုံးချခွင့် လျှောက်ထားရာတွင် ပို၍ လွယ်ကူတတ်ပါသည်။

---

၂။ အိမ်ဆောက်နိုင်ရန် လုပ်ဆောင်ရမည့် အဆင့်များ

လယ်ယာမြေပေါ်တွင် တရားဝင်အိမ်ဆောက်လိုပါက “လယ်ယာမြေကို အခြားနည်းအသုံးချခွင့်” လျှောက်ထားရပါမည်။

· လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ အရ လျှောက်ထားခြင်း – မိမိမြေကို အိမ်ဆောက်ရန် သို့မဟုတ် အခြားရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရန် သက်ဆိုင်ရာ မြေစာရင်းရုံးမှတစ်ဆင့် ခွင့်ပြုချက် တောင်းခံရပါမည်။
· ခွင့်ပြုမိန့် ရရှိခြင်း – အဆင့်ဆင့် စစ်ဆေးပြီးနောက် ခွင့်ပြုချက် (အမိန့်) ရရှိမှသာ အိမ်ဆောက်ခြင်းကို စတင်သင့်ပါသည်။

---

၃။ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်မိပါက ဖြစ်ပေါ်နိုင်သည့် ပြဿနာများ

· ဒဏ်ငွေချမှတ်ခံရခြင်း
· အဆောက်အဦ ဖျက်သိမ်းခိုင်းခြင်း နှင့် မြေကို မူလအတိုင်း ပြန်လည်ပြုပြင်ခိုင်းခြင်း
· ထောင်ဒဏ် – ညွှန်ကြားချက်များကို မလိုက်နာပါက ထောင်ဒဏ်အထိ ကျနိုင်ပါသည်။

---

🛑 အကြံပြုချက်များ

1. မြေရာဇဝင် ကြိုတင်စစ်ဆေးပါ – မဝယ်မီ ထိုမြေသည် လယ်မြေ၊ ယာမြေ သို့မဟုတ် ရွာမြေ (အိမ်ဆောက်ခွင့်ရမြေ) ဟုတ်/မဟုတ် မြေစာရင်းရုံးတွင် သေချာစစ်ဆေးပါ။
2. ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ – ရှေ့နေ သို့မဟုတ် မြေယာဥပဒေ ကျွမ်းကျင်သူနှင့် တိုင်ပင်ပြီးမှ ဝယ်ယူခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်ပါသည်။

📌 မှတ်ချက် – အချို့ဒေသများတွင် မိသားစုနေထိုင်ရန် မြေအနည်းငယ်ပေါ် အိမ်ဆောက်ခွင့် ဒေသအလိုက် ဖြေလျှော့ပေးသည့် အခြေအနေရှိတတ်သော်လည်း၊ ရေရှည်တည်တံ့သော ပိုင်ဆိုင်မှုအတွက် “အခြားနည်းအသုံးချခွင့်” (ပုဒ်မ ၃၀) ရရှိထားခြင်းက အကောင်းဆုံးဖြစ်ပါသည်။

---

အိမ်ခြံမြေ ကိစ္စရပ်များသည် ရှုပ်ထွေးလှပြီး အမှားခံလို့မရသော ကိစ္စများဖြစ်ပါသည်။
အချိန်များစွာမကုန်၊ မှန်ကန်တိကျသော အချက်အလက်များဖြင့် စိတ်ချလက်ချ ဆောင်ရွက်နိုင်မှသာ စိတ်အေးရပါမည်။ ✔

လူကြီးမင်းတို့အနေဖြင့် အိမ်ခြံမြေ အဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်သော အကျိုးဆောင်တစ်ဦးနှင့် လက်တွဲလုပ်ဆောင်လိုပါက GOLD ONE REALTY နှင့် သာ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ။

☎️ 09961730040, 09664969555

#အိမ်ခြံမြေဥပဒေ
#အိမ်ခြံမြေအကျိုးဆောင်
ိုက်ခန်းအရောင်းအဝယ်
#

19/01/2026

#လှည်းတန်းလမ်းမတိုက်ခန်းအရောင်း

လှည်းတန်းလမ်းမမေးတင် တစ်မိုးအောက်
ပေကျယ် 12.5×50
💵 သိန်း1300

အိမ်ခြံ‌မြေ အဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။

☎️09961730040
09664969555

19/01/2026

ရန်ကုန်တိုင်းရဲ့ အချက်အချာကျတဲ့
#ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမကျောကပ် ရှိ

· စိန်ဂေဟာအနီး
· လှည်းတန်းဈေးအနီး
· ကျောင်းနီး၊ ဆေးရုံနီး
· ရပ်ကွက်သန့်သော (၈) ရပ်ကွက်အတွင်း

ပထမထပ် ပေကျယ် ကို ဈေးတန်တန်နဲ့ ရောင်းပါမည်။
အားလုံးပြင်ဆင်ပြီး အသင့်တတ်နေလို့ရမဲ့အခန်းလေးပါခင်ဗျာ။
ပေကျယ် - 17×50 ပေ
💰 စျေးနှုန်း - 3350 (ညှိနှိုင်း)

---

အိမ်ခြံမြေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းဆိုတာ
အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စကြီးတွေပါ။

ဒီလိုကိစ္စမျိုးတွေကို လုပ်ကိုင်တဲ့အခါ
အချိန်အများကြီး မပေးရဘဲ
မှန်ကန် တိကျတဲ့ အချက်အလက်တွေနဲ့
စိတ်ချလက်ချ ဆောင်ရွက်နိုင်မှသာ
စိတ်အေးရမှာ ဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့
အိမ်ခြံမြေ အဝယ်/အရောင်း/အငှားကို
စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ
လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့

“GOLD ONE REALTY” နဲ့သာ
လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။

☎️ 09961730040
☎️ 09664969555


#အိမ်ခြံမြေအကျိုးဆောင်
#အိမ်ခြံမြေဥပဒေ
ိုက်ခန်းအရောင်းအဝယ်
#လှည်းတန်းတိုက်ခန်းအရောင်း

11/01/2026

အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့်
📌 📌 📌 📌 📌
မေး ။ ။ ဝယ်စဉ်က အရောင်းအဝယ် စာချုပ်ရော SP
ရောစာချုပ် ချုပ်ထားပါတယ် အမည်ပေါက်ပြောင်းရင်
အခွန်ဆောင် ရပါသလား ။ ဘာတွေ လိုအပ်လဲ ရှင်းပြပေး
ပါခင်ဗျာ ။
ဖြေ ။ ။ အိမ် ၊ ခြံ ၊ မြေ နှင့်ပတ်သက်ပြီး စရံပေးစဉ်
အချိန်မှစ၍ ဝယ်သူတို့မှ တန်ဖိုး ( ၃၀၀ ) ကျပ်တန်
တံဆိပ်ခေါင်းဖြင့် စာချုပ်ရေးသားကာ
အရပ်သဘော အရောင်းအဝယ် ပြုလုပ်ကြပါသည်။
အိမ် ၊ ခြံ ၊ မြေ ဝယ်ယူရာတွင် တန်ဖိုး ( ၁၀၀ ) ကျပ်
ထက်ပိုပါက မှတ်ပုံတင်မှသာ ဥပဒေအရ ခိုင်မာမည်ဖြစ်၍
ဝယ်ယူသူတို့မှ အရောင်းအဝယ် တိကျ ခိုင်မာမှုရှိရန်အတွက်
အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင်ရန် လိုအပ်ပါသည် ။
အရောင်းအဝယ် စာချုပ်မှတ် ပုံတင်ရန် အဆင့်ဆင့်
🔹 🔹 🔹 🔹 🔹
( ၁ ) တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော
စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊
ဝယ်သူ၏ သန်းခေါင်စာရင်း ၊ အရောင်းအဝယ်ပြုထားသော
မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံး
အကြိမ် ဆောင်ထား သော မြေခွန် နှင့် အရောင်းမြေပုံ ၊
မြေရာဇဝင် ဝယ်ယူထားသော အိမ် ၊ ခြံ၊ မြေ အားရိုက်
ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂) ဦး လုံးမှ
တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသော
မြေကို တန်ဖိုးဖြတ် သတ်မှတ် ပေးရန် လျှောက်ထား ရမည် ။
(၂ ) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ်
အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ် ၊ ခြံ ၊ မြေ အခွန်မည်မျှ
ကျသင့်ကြောင်း သွားရောက် စုံစမ်းရမည် ။
( ၃ ) ပြီးနောက် ကျသင့်သော အခွန်ကို သက်ဆိုင်ရာ မြို့နယ်ရှိ
မြန်မာ့ စီးပွားရေး ဘဏ်တွင် သွားရောက် ထမ်းဆောင်ပြီး
သက်သေခံ ဘဏ်ချလံအား ပြန်လည် ထုတ်ယူ ရပါသည် ။
( ၄ ) ဘဏ်ချ လံရရှိလာပါက မြို့နယ် အခွန်ရုံးသို့ သွားရောက်၍
အခွန်ဆောင် ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ
ထုတ်ယူနိုင်ပါသည် ။
( ၅ ) ယင်းတံဆိပ် ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိပ် ပြီးနောက်
စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ် စာချုပ်ကို
ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင် ရပါသည် ။
( ၆ ) ရက်ပေါင်း ( ၄၅ ) ရက်ကြာပါက မှတ်ပုံတင် ထားသော
အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူ
နိုင်ပါသည်။

ခြွင်းချက် ။ ။ ရောင်းချသူမှ စာချုပ် မှတ်ပုံတင် အဆင့်ဆင့်ကို
လိုက်ပါ ဆောင်ရွက် မပေးနိုင်ပါဟု ဝယ်ယူသူ ( သို့ ) ဝယ်ယူသူ
ညွှန်ပြသော သူအား S.P ပေးရပါမည် ။
အရောင်းအဝယ် စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူ
အမည် ပေါက်ရေးအတွက် စည်ပင် သာယာရေး ကော်မတီ
( သို့ ) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်း
လျှောက်ထား နိုင်ပါသည် ။ အမည်ပြောင်း လျှောက်ထားရာတွင်
ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့် သွင်းခ
သာပေးဆောင် ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံ
ပေးဆောင်စရာ မလိုအပ်ပါ ။
Credit to Original Writer

အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
09664969555



#အိမ်ခြံမြေဥပဒေ
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေရောင်းဝယ်ငှား

08/01/2026

တိုက်ခန်း ကြိုပေါင်/ကြို့ပွိုင့် ဝယ်ယူရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များ

အောက်ပါဖြစ်ရပ်များကို သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်ပါ။

သတိထားရမည့် ဖြစ်ရပ်မှန်များ:

1. အလုံမြို့နယ်: ကန်ထရိုက်တာက စရံ ၇၀% ယူပြီး အပေါင်စာချုပ် မချုပ်ပေး၊ အခန်းလွှဲမပေး၊ ရှောင်တိမ်းနေ။ ပိုင်ရှင်ဟု ဆိုသူများစွာပေါ်။ တရားရုံးရောက်နေ။
2. တောင်ဥက္ကလာပ: ဈေးကွက်ကျချိန်တွင် ကြိုပေါင်ရောင်းငွေဖြင့် အဆောက်အဦဆောက်။ မိမိမြေနှင့် အိမ်ရောင်းပြီး ဆက်ဆောက်။
3. သင်္ဃန်းကျွန်း: ကန်ထရိုက်တာက ခေါင်မိုးမိုးစဉ် ပြိုကျ။ မြေရှင်၏ စိတ်ထားကောင်းမှုဖြင့် ဝယ်သူများက ကျန်ငွေပေးပြီး ကိုယ့်ဘာသာ ပြန်ဆောက်ခဲ့ရ။

ထပ်မံအကြံပြုချက်များ:

1. မြေရှင်ကို အသိပေးပါ။ စရံပေးစာချုပ်ချုပ်ရာတွင် မြေရှင်ကို အသိပေးခြင်း (သို့) ပါဝင်လက်မှတ်ရေးထိုးခိုင်းခြင်းဖြင့် အခွင့်အရေးပိုရှိစေပါသည်။
2. ကြေညာချက်ထုတ်ပါ။ သတင်းစာတွင် မိမိဝယ်ယူကြောင်း ကြေညာခြင်းဖြင့် အခြားအခွင့်အရေးရှင်များ ပေါ်ပေါက်လာနိုင်ခြေကို လျှော့ချနိုင်သည်။
3. ငွေပေးချေမှု အဆင့်ဆင့်ကို စာချုပ်တွင် ထည့်သွင်းပါ။ အဆောက်အဦ ပြီးစီးမှုအဆင့်အလိုက် ငွေပေးချေမှုကို ရှင်းလင်းစွာ သတ်မှတ်ပါ။
4. မူရင်းစာချုပ်များကို စစ်ဆေးပါ။ မြေရှင်နှင့် ကန်ထရိုက်တာ၏ မူရင်းစာချုပ်မိတ္တူတောင်းယူကြည့်ရှုပါ။
5. ကန်ထရိုက်တာအကြောင်း စုံစမ်းပါ။ ၎င်း၏ ယခင်လုပ်ငန်းရှင်များ၊ ဂုဏ်သတင်းကို စုံစမ်းပါ။
6. ပြီးဆုံးရက် အတိအကျ သတ်မှတ်ပါ။ အဆောက်အဦပြီးရက်၊ အပ်နှင်းရက်၊ BCC လိုင်စင်ရရှိရက် (သို့) ခန့်မှန်းချက်ကို စာချုပ်တွင် ထည့်သွင်းပါ။
7. ပျက်ကွက်မှုအတွက် နစ်နာကြေးကို သတ်မှတ်ပါ။ စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ပါက ပေးဆောင်ရမည့် နစ်နာကြေးကို ရှင်းလင်းစွာ ဖော်ပြထားပါ။
8. ဥပဒေအကူအညီယူပါ။ ဖြစ်နိုင်ပါက ရှေ့နေနှင့်တိုင်ပင်ပြီး ဝယ်ယူပါ။

သတိပြုရန်: ကန်ထရိုက်တာအများစုမှာ ဂုဏ်သတင်းကောင်းမွန်စွာ ဆောင်ရွက်နေကြသော်လည်း၊ ဝယ်ယူသူအနေဖြင့် ကြိုတင်သတိထား စုံစမ်းကာ ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
​အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
09664969555

31/12/2025

လယ်မြေတွေ ဥယျာဥ်ခြံမြေ တွေ သစ်တောမြေတွေ ကိုတခြားနည်းလမ်းအသုံးပြုခွင့်လျောက်ထားတယ်ဆိုပီး အကွက်ရိုက်ပီး လိမ်ရောင်းကြတယ်

အခြားနည်းသုံးစွဲခွင့် လျှောက်တယ်ဆိုတာ ဘယ်လောက်ခက်ခဲလဲပြောပြပေးပါ မယ်

၁။ လျှောက်ထားသူရဲ့ အမည်ပေါက်
လယ်ယာမြေ ပုံစံ ၇ ရှိရတယ်။

၂။ ကာယကံရှင်ကိုယ်တိုင် ပုံစံ ၇ မူရင်း /
မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စု
စာရင်း မိတ္တူနဲ့ မြို့နယ် မြေစာရင်းမှာ
သတ်မှတ်တဲ့ ဖောင်တွေ ထုတ် / ဖြည့်ပြီး
လျှောက်ရပါတယ်။

၃။ အခြားနည်း သုံးစွဲခွင့်ကို
ဘယ်လိုအမည်နဲ့ လျှောက်မှာလဲ ဆိုတာ
ခေါင်းစဥ်တပ်ရတယ်။ ဥပမာ -
ဓါတ်ဆီဆိုင်လား ?၊ ဖူဆယ်ကွင်းလား ?
လယ်ယာသုံး စက်ပစ္စည်းဆိုင်လား ?
သီးနှံဂိုဒေါင်လား ? ပလပ်စတစ်စက်ရုံလား?
ကော်စေ့စက်ရုံအတွက်လား ? စသဖြင့်ပေါ့။

၄။ သက်ဆိုင်ရာ ယာမြေ တည်ရှိတဲ့
မိမိယာရဲ့ ရှေ့နောက်ဘေးဘယ်ညာ
အနား ၄ ရပ်က ယာခင်းပိုင်ရှင်များရဲ့
ထောက်ခံချက်ကို ပဏာမယူ။
ရပ်ကွက် / ကျေးရွာမှာ ရှိတဲ့ လယ်စီအဖွဲ့
၅ ဦးကော်မတီထံ မြေပြင်ဓါတ်ပုံ၊
Google ဓါတ်ပုံ၊ ပုံစံ ၇ မိတ္တူ စုံလင်စွာနဲ့
အခြားနည်းသုံးစွဲခွင့်အတွက် ထောက်ခံချက်
အရင်ဆုံး ရယူရတယ်။

၅။ ၅ ဦးကော်မတီထံ ကနေ ထောက်ခံချက်
ရယူပြီးရင် သက်ဆိုင်ရာ မြို့နယ်က

လမ်းဦးစီး၊ ဌာန
စိုက်ပျိုးရေး၊ ဌာန
ကျေးလက်၊ ဌာန
မီးသတ်၊ ဌာန
ဆည်မြောင်း၊ ဌာန
လျှပ်စစ်ဌာန စတဲ့ဌာနပေါင်းစုံးသွား ထောက်ခံချက်ယူရတယ်။

၆။ ထောက်ခံချက်ပေါင်းစုံ ရပြီ ဆိုရင်
မြေစာရင်းဦးစီးရုံးမှာ ပုံစံထုတ်၊
မြေပြင်ဓါတ်ပုံ၊ Google ဓါတ်ပုံ ၊
အပိုဒ်။ ၃ မှာပါတဲ့ လုပ်ငန်းအလိုက်
စီမံချက်ရေးသားပြီး တင်ပြရတယ်။

၇။ မြို့နယ်မြေစာရင်းမှာ စီမံချက်တွေ
လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေနဲ့
တင်ပြပြီးတဲ့နောက် ကွင်းဆင်းပြီး
စစ်ဆေးကြတယ်။

၈။ ကွင်းဆင်းစစ်ဆေးပြီးရင် အခြားနည်း
သုံးစွဲခွင့်အတွက် ချထားပေးသင့်တယ် လို့
ဆုံးဖြတ်ပြီးရင် ပုံစံ ၁၀၅/၁၀၆
ရေးဆွဲရတယ်။ ပြီးရင် မြေစာရင်းက
Google မြေပုံမှာ စက်ဝိုင်းတွေရော
အလျားလိုက် မျဥ်းတွေရော စုံလို့ ။


၉။ ပြီးရင် သတ်မှတ်တဲ့ မြေဧက အကျယ်အဝန်း
အတိုင်း သတ်မှတ်တဲ့ နှုန်းထားနဲ့ မြန်မာ့
စီးပွားရေးဘဏ်မှာ ငွေသွင်းရတယ်။

၁၀။ ငွေသွင်းပြီးရင် ကန့်ကွက် ၁ လ ကို
သက်ဆိုင်ရာ ရုံးက ကြေညာသင်ပုန်း၊
မြေကွက် တည်နေရာက ရပ်ကွက်/ ရွာမှာ
လိုက်ကပ်ပြီး ကြေညာပေးရတယ်။
(ဂရံက တလ ပတ်၊ အခြားနည်းက ၃ လ )

၁၁။ ကန့်ကွက် ၁ လ ပြည့်လို့ Clear ဆိုရင်
မြို့နယ်ရုံးကနေ ထွေအုပ်ကို တင်ပြ။
တစ်ခါ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုမှ
ခရိုင် နဲ့ တိုင်းကို ဆက်တင်ပြရတာ။

၁၂။ ခရိုင် နဲ့ တိုင်းက နေ ဗဟို လယ်/စီထံ
ဆက်လက်တင်ပြပြီး အခြားနည်းသုံးစွဲခွင့်
ကို မူလ တင်ပြထားတဲ့ လုပ်ငန်းအတိုင်း
ရပ်ကွက် မြို့နယ် ခရိုင် တိုင်း ဌာနပေါင်းစုံးသွား
နောက်ဆုံး ဝန်ကြီးလက်မှတ်ထိုးရမှ ပီးတာပါ

လုပ်ငန်းသမားအတွက်လောက်ဘဲ အဓိကချပေးတာပါ

အိမ်ဆောက်နေဖို့ ချပေးတယ်ဆိုတာမရှိသလောက်ရှားတယ်။
Credit ဒေါ်နိုင်နိုင်ဝင်း

အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်ခြံ‌ေမြအဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
09664969555


#လယ်ယာမြေဥပဒေ
#စာချုပ်စာတမ်းနှင့်ဥပဒေဝန်ဆောင်မှု

လယ်ယာမြေကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက ကိုယ်ပိုင်အမည်ဖြင့် ပုံစံ (၇) ရရှိရန် အောက်ပါအချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရပါမည် -

အဓိကအခြေအနေ (၃) မျိုး
၁။၂၀၁၂ မတိုင်မီ ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ
၂။၂၀၁၂ နောက်ပိုင်း ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ
၃။ဝယ်ထားသောမြေကို စိုက်ပျိုးရေးအတွက် မသုံးဘဲ အခြားနည်း (ဥပမာ-အိမ်/အဆောက်အအုံ) သုံးနေသောမြေ

---

ပုံစံ (၇) ရရန် အဓိကလိုအပ်ချက်များ

၁. မြေသည် တရားဝင် လယ်ယာမြေ အမျိုးအစား ဖြစ်ရမည်။
၂.မြေစာရင်းဌာနတွင် မြေပုံ/မြေတိုင်း မှတ်တမ်း ရှိရမည်။
၃.လက်ရောက် လွှဲပြောင်း ဝယ်ယူပြီး လက်ရှိတွင် လက်ငုတ် အမှန်လုပ်ကိုင်နေသူ ဖြစ်ရမည်။
၄.မြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုနေရမည်။

---

လျှောက်ထားရမည့် အဆင့်များ

၁. ရပ်ကျေးလယ်စီ ထံ ပုံစံ (၁) ဖြင့် လျှောက်ထားပါ။
၂.ရပ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် နှင့် လယ်နီးချင်း သက်သေ (၂) ဦး၏ ထောက်ခံချက် တောင်းခံပါ။
၃.ရပ်ကျေးလယ်စီမှတစ်ဆင့် မြို့နယ်ဦးစီးဌာနသို့ တင်ပြပါ။
၄.မြို့နယ်လယ်စီနှင့် ခရိုင်လယ်စီမှ စိစစ်ခွင့်ပြုပါက မှတ်ပုံတင်ကြေး ပေးသွင်းပြီး ပုံစံ (၇) ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပေးမည်။

---

အရေးကြီးသတိပြုရန်

· အထက်ပါ အခြေအနေ (၁) နှင့် (၂) အတွက် ဤလုပ်ထုံးအတိုင်း လျှောက်ထားနိုင်ပါသည်။
· အကယ်၍ အခြေအနေ (၃) ကဲ့သို့ စိုက်ပျိုးရေးအတွက် မသုံးပါက ပုံစံ (၇) မရနိုင်ဘဲ လယ ၃၀ (လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်) အတွက် သီးသန့်လျှောက်ထားရပါမည်။

အကြံပြုချက်: မြေစာရင်းဦးစီးဌာန (မြို့နယ်ရုံး) သို့ တိုက်ရိုက်သွားရောက်၍ မိမိမြေ၏ မှတ်တမ်းအခြေအနေကို စုံစမ်းပြီးမှ သက်ဆိုင်ရာ လုပ်ထုံးစည်းကမ်းများအတိုင်း ဆောင်ရွက်ပါ။

အိမ်ခြံ‌မြေ အဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်အဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့  GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
      09664969555
#Gold_One_Realty
#ပုံစံ၇
#လယ်ယာမြေ
#အမည်ပြောင်းနည်း 29/12/2025

လယ်ယာမြေကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက ကိုယ်ပိုင်အမည်ဖြင့် ပုံစံ (၇) ရရှိရန် အောက်ပါအချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရပါမည် -

အဓိကအခြေအနေ (၃) မျိုး
၁။၂၀၁၂ မတိုင်မီ ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ
၂။၂၀၁၂ နောက်ပိုင်း ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ
၃။ဝယ်ထားသောမြေကို စိုက်ပျိုးရေးအတွက် မသုံးဘဲ အခြားနည်း (ဥပမာ-အိမ်/အဆောက်အအုံ) သုံးနေသောမြေ

---

ပုံစံ (၇) ရရန် အဓိကလိုအပ်ချက်များ

၁. မြေသည် တရားဝင် လယ်ယာမြေ အမျိုးအစား ဖြစ်ရမည်။
၂.မြေစာရင်းဌာနတွင် မြေပုံ/မြေတိုင်း မှတ်တမ်း ရှိရမည်။
၃.လက်ရောက် လွှဲပြောင်း ဝယ်ယူပြီး လက်ရှိတွင် လက်ငုတ် အမှန်လုပ်ကိုင်နေသူ ဖြစ်ရမည်။
၄.မြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုနေရမည်။

---

လျှောက်ထားရမည့် အဆင့်များ

၁. ရပ်ကျေးလယ်စီ ထံ ပုံစံ (၁) ဖြင့် လျှောက်ထားပါ။
၂.ရပ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် နှင့် လယ်နီးချင်း သက်သေ (၂) ဦး၏ ထောက်ခံချက် တောင်းခံပါ။
၃.ရပ်ကျေးလယ်စီမှတစ်ဆင့် မြို့နယ်ဦးစီးဌာနသို့ တင်ပြပါ။
၄.မြို့နယ်လယ်စီနှင့် ခရိုင်လယ်စီမှ စိစစ်ခွင့်ပြုပါက မှတ်ပုံတင်ကြေး ပေးသွင်းပြီး ပုံစံ (၇) ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပေးမည်။

---

အရေးကြီးသတိပြုရန်

· အထက်ပါ အခြေအနေ (၁) နှင့် (၂) အတွက် ဤလုပ်ထုံးအတိုင်း လျှောက်ထားနိုင်ပါသည်။
· အကယ်၍ အခြေအနေ (၃) ကဲ့သို့ စိုက်ပျိုးရေးအတွက် မသုံးပါက ပုံစံ (၇) မရနိုင်ဘဲ လယ ၃၀ (လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်) အတွက် သီးသန့်လျှောက်ထားရပါမည်။

အကြံပြုချက်: မြေစာရင်းဦးစီးဌာန (မြို့နယ်ရုံး) သို့ တိုက်ရိုက်သွားရောက်၍ မိမိမြေ၏ မှတ်တမ်းအခြေအနေကို စုံစမ်းပြီးမှ သက်ဆိုင်ရာ လုပ်ထုံးစည်းကမ်းများအတိုင်း ဆောင်ရွက်ပါ။

အိမ်ခြံ‌မြေ အဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ…

ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔

လူကြီးမင်းတို့အနေနဲ့ အိမ်အဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
☎️09961730040
09664969555

လယ်ယာမြေကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက ကိုယ်ပိုင်အမည်ဖြင့် ပုံစံ (၇) ရရှိရန် အောက်ပါအချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရပါမည် - အဓိကအခြေအနေ (၃) မျိုး ၁။၂၀၁၂ မတိုင်မီ ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ ၂။၂၀၁၂ နောက်ပိုင်း ဝယ်ပြီး စိုက်ပျိုးရေး ဆက်လုပ်နေသောမြေ ၃။ဝယ်ထားသောမြေကို စိုက်ပျိုးရေးအတွက် မသုံးဘဲ အခြားနည်း (ဥပမာ-အိမ်/အဆောက်အအုံ) သုံးနေသောမြေ --- ပုံစံ (၇) ရရန် အဓိကလိုအပ်ချက်များ ၁. မြေသည် တရားဝင် လယ်ယာမြေ အမျိုးအစား ဖြစ်ရမည်။ ၂.မြေစာရင်းဌာနတွင် မြေပုံ/မြေတိုင်း မှတ်တမ်း ရှိရမည်။ ၃.လက်ရောက် လွှဲပြောင်း ဝယ်ယူပြီး လက်ရှိတွင် လက်ငုတ် အမှန်လုပ်ကိုင်နေသူ ဖြစ်ရမည်။ ၄.မြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုနေရမည်။ --- လျှောက်ထားရမည့် အဆင့်များ ၁. ရပ်ကျေးလယ်စီ ထံ ပုံစံ (၁) ဖြင့် လျှောက်ထားပါ။ ၂.ရပ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် နှင့် လယ်နီးချင်း သက်သေ (၂) ဦး၏ ထောက်ခံချက် တောင်းခံပါ။ ၃.ရပ်ကျေးလယ်စီမှတစ်ဆင့် မြို့နယ်ဦးစီးဌာနသို့ တင်ပြပါ။ ၄.မြို့နယ်လယ်စီနှင့် ခရိုင်လယ်စီမှ စိစစ်ခွင့်ပြုပါက မှတ်ပုံတင်ကြေး ပေးသွင်းပြီး ပုံစံ (၇) ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပေးမည်။ --- အရေးကြီးသတိပြုရန် · အထက်ပါ အခြေအနေ (၁) နှင့် (၂) အတွက် ဤလုပ်ထုံးအတိုင်း လျှောက်ထားနိုင်ပါသည်။ · အကယ်၍ အခြေအနေ (၃) ကဲ့သို့ စိုက်ပျိုးရေးအတွက် မသုံးပါက ပုံစံ (၇) မရနိုင်ဘဲ လယ ၃၀ (လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်) အတွက် သီးသန့်လျှောက်ထားရပါမည်။ အကြံပြုချက်: မြေစာရင်းဦးစီးဌာန (မြို့နယ်ရုံး) သို့ တိုက်ရိုက်သွားရောက်၍ မိမိမြေ၏ မှတ်တမ်းအခြေအနေကို စုံစမ်းပြီးမှ သက်ဆိုင်ရာ လုပ်ထုံးစည်းကမ်းများအတိုင်း ဆောင်ရွက်ပါ။ အိမ်ခြံ‌မြေ အဝယ်၊ အရောင်း၊ အငှားဆိုတာ အတော်လေး ရှုပ်ထွေးပြီး အမှားခံလို့မရတဲ့ ကိစ္စတွေပါ… ဒီလိုကိစ္စတွေလုပ်တဲ့အခါ အချိန်အများကြီးမပေးရဘဲ၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်မှသာ စိတ်အေးရမှာပဲဖြစ်ပါတယ် ✔ လူကြီးမင်းတို့အနေနဲ့ အိမ်အဝယ်၊ အရောင်း၊ အငှားကို စိတ်ချရပြီး မြန်ဆန်တဲ့ အကျိုးဆောင်မျိုးနဲ့သာ လက်တွဲဆောင်ရွက်ချင်တယ်ဆိုရင်တော့ GOLD ONE REALTY နဲ့သာလက်တွဲဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ ☎️09961730040 09664969555 #Gold_One_Realty #ပုံစံ၇ #လယ်ယာမြေ #အမည်ပြောင်းနည်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00