Atar HaircareKnowledge&Business
ဦးရေပြားနှင့်ဆံသားအတွက်ဗဟုသုတလေးများမျှဝေရာ
24/06/2025
ဆံပင်ကောင်းမွန်ချင်သူတွေမဖြစ်မနေထိန်းသိမ်းရမည့်အချက်( ၅)ချက်
1️⃣-အိပ်ရာမဝင်မှီ ခေါင်းအရင်ဖြီးပြီး ပိုးသား၊ပိတ်သားပျော့ပျော့လေးစည်းပြီး( or)ကျစ်ဆံမြီးဖွဖွလေးကျစ်အိပ်ပါ။
2️⃣-ဆံပင်ရေစိုနေချိန်ခေါင်းလုံးဝမဖြီးပါနဲ့။
3️⃣-ဆံသားအားဖြည့်အဆီ၊ဗီတာမင်E လိမ်းပေးပါ။
4️⃣-စိတ်ဖိစီးမှု့ကိုအတတ်နိုင်ဆုံးလျော့ချပါ။
5️⃣-Chemical( ဓာတုနည်းသော)hairsetများရွေးသုံးပါ။
Atar HaircareKnowledge&Business
21/06/2025
* မိတ်ဆွေဟာ ဆံသားပျက်စီးနေပြီး အရွယ်မတိုင်ခင်ဆံပင်ဖြူနေတဲ့သူဆိုရင် ဒီနည်းလမ်းလေးလုပ်ကြည့်ပါ
* ဇီးဖြူးသီးအမှုန့်ကို ရေ(သို့)ဒိန်ချဥ်(သို့)ကြက်ဥအကာ အဆင်ပြေရာတစ်ခုနဲ့ရောပြီး ဆံပင်ပေါင်းတင် Mask အဖြစ်အသုံးပြုနိုင်ပါတယ်။
* မိနစ်(30)ထားပြီးခေါင်းလျှော်ပေးပါ။
* တစ်ပတ် 2-3 ကြိမ်ပြုလုပ်နိုင်ပါတယ်
Atar HaircareKnowledge&Business
19/06/2025
သဘာဝအတိုင်းဆံသားပျော့ပျော့အိအိလေးဖြစ်ချင်သူတိုင်းလုပ်ကြည့်ပါ📌📌📌📌
💥လိုအပ်တာက💥
🙆ဆန်ဆေးရည်
🙆အုန်းဆီ
🙆လျှားစောင်းလက်ပတ်
🙆ခေါင်းလျှော်တစ်မျိုး
💥လျှော်နေကျခေါင်းလျှော်ရည်ထဲကိုဆန်ဆေးရည်၊အုန်းဆီ၊လျှားစောင်းရောပြီးခေါင်းလျှော်ပေးခြင်းဖြင့်သိသာပြီးပျော့အိအိဆံကေသာကိုပိုင်ဆိုင်မှာအသေချာဘဲရှင့်
💥ခေါင်းလျှော်တဲ့နေ့တိုင်းလျှော်ပေးပါရှင့်
Atar HaircareKnowledge&Business
#ဆံပင်ထိန်းသိမ်းနည်း
16/06/2025
#ခေါင်းလျှော်တာများလို့ဦးနှောက်ထဲရေငွေ့ရိုက်နိုင်သလား? 💦
ဦးခေါင်းခွံကို skull လို့ခေါ်ပါတယ်။ သူဟာ ပြင်ပက ဒဏ်တွေကို ခံနိုင်အောင် ၁ခုခု ဖြစ်ရင် အထိမနာအောင် ဦးနှောက်ကို ကာကွယ်ပေးထားတဲ့အရိုး ဖြစ်တဲ့အတွက် အတော်လေး ဒူပေဒါပေ ခံပါတယ်။ ခေါင်းအပြင်ဘက်မှာ စိုတဲ့ရေက အပေါက် ၁ခုခု ရှိနေတဲ့ အခြေအနေ မဟုတ်ဘဲ (ခေါင်းလျှော်တာများရုံနဲ့ပဲ) ဦးနှောက်ထဲကို လွယ်လင့်တကူ မဝင်ရောက်နိုင်ပါ။
Dryer မှုတ်တာမှာရော ဆိုးကျိုးရှိလား? 💨
Dryer က ဆံပင်ကို ခြောက်စေတာဖြစ်လို့ အအေးပတ်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။ အပူကြောင့် ဖြစ်တဲ့ ဆံပင်ပျက်စီးတာ၊ ဦးရေပြား ခြောက်သွေ့တာတွေတော့ ဖြစ်နိုင်ပါတယ်။
ဦးနှောက်ထဲမှာ ဘာကြောင့် ရေတွေဝင်နေနိုင်လဲ? 🧠
ဦးနှောက်ထဲမှာ ရေအိုင်တဲ့ အခြေအနေကို ဆေးပညာအရ Hydrocephalus လို့ ခေါ်ပါတယ်။ များသောအားဖြင့် cerebrospinal fluid လို့ခေါ်တဲ့ ဦးနှောက်ထဲမှာ လည်ပတ်နေတဲ့ အရည်တွေ ထွက်ပေါက်ပိတ်သွားရင် ဖြစ်တတ်ပါတယ်။ သူ့ကို ဖြစ်စေနိုင်တဲ့ အကြောင်းချင်းရာ များစွာ ရှိပါတယ်။ ဥပမာ - မွေးကတည်းက congenital defect ပါလာတာ၊ ဦးနှောက်ထဲ အကျိတ်တည်တာ၊ ခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်နဲ့ အာရုံကြော ရောင်ရမ်းမှုဖြစ်တာ (encephalitis, meningitis) etc .....
ဘယ်နှရက် တစ်ခါ ခေါင်းလျှော်ရမလဲ? 🤔
American Academy of Dermatology ကတော့ လိုအပ်သလို လျှော်ဖို့ ပြောထားတာတွေ့ရပါတယ်။ အဆီများများထွက်တတ်ရင် နေ့တိုင်းနဲ့ ခြောက်သွေ့တဲ့ဦးရေပြား ရှိရင်တော့ အနည်းဆုံး ၂ပတ်-၃ပတ် ၁ကြိမ်
အားလုံးပဲ ကျန်းမာကြပါစေ 🙏
#ကျန်းမာရေးဗဟုသုတရကြပါစေ
14/06/2025
ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်း (၇) ခု
ဆံပင်အတွက် လိုအပ်တဲ့အဆီဓာတ်နဲ့ရေဓာတ်တွေ ခမ်းခြောက်လာတဲ့အခါမျိုးမှာ ဆံသားကြမ်းတမ်း ခြောက်သွေ့ခြင်းနဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။
သင့်ဆံပင်က အဖျားနှစ်ခွဖြစ်ပြီး အလွယ်တကူ ကြမ်းတမ်းခြောက်သွေ့လာပြီဆိုရင်တော့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့အတူ ပုံမှန်ဂရုစိုက်မှုပေးဖို့ လိုလာပြီဆိုတာကို သတိပြုဖို့လိုပါတယ်။
ဒီတစ်ခေါက်မှာတော့ စိတ်ရှုပ်စရာကောင်းတဲ့ ဆံသားအဖျားနှစ်ခွဖြစ်ခြင်းကိုသက်သာစေဖို့ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
1ဆံပင်အဖျားတွေကိုပုံမှန်တိပေးပါ
2 ဆံသားကို ခဏခဏအပူပေးပြီး ပုံသွင်းတာမျိုးကို ရှောင်ပါ
3Deep Conditioner ပုံမှန်သုံးပေးပါ
4 Hair Serum လိမ်းပါ
5အသွားကျဲတဲ့ဘီးတွေကိုအသုံးပြုပါ
6သဘာဝအဆီအချို့လိမ်းပေးပါ
7 ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေစားပါ
ကျန်းမာလှပတဲ့ ဆံကေသာလေးပိုင်ဆိုင်ကြပါစေရှင့်
Atar HaircareKnowledge&Business
#ဆံပင်ကျွတ်သက်သာချင်သူများအတွက်
🥓ဂျင်းလက်တစ်ဆစ်ကိုထောင်းပါ။ ရလာတဲ့အရည်ကို ရိုးရိုးရေစတီးဇွန်းတစ်ဇွန်းဖြင့်ရော၍
ခေါင်းမလျှော်ခင်နာရီ၀က်အလိုဦးရေအနှံ့ကို
လိမ်းပေးပါ
ဓါတုလျှော့ချခေါင်းလျှော်ရည်နဲ့လျှော်ပေးပါနော်
ma Aye Aung
#မြန်မာ့အလှဆေးဖက်ဝင်ခေါင်းလျှော်ရည်
ံပင်အားဖြည့်အဆီ
Atar HaircareKnowledge&Business
💇ဆံပင်အဖျားနှစ်ခွကင်း ဝေးဖို့နည်းလမ်းကောင်း🎪🎪🎪
ကြက်ဥတစ်လုံးကို +Vaseline အဆီဖြင့်ရောမွှေကာ အဖျားနှစ်ခွရှိတဲ့နေရာကိုလိမ်းပေးပါ
မိနစ်သုံးဆယ်လောက်ထားပေးပြီး
ခေါင်းလျှော်ချပေးခြင်းဖြင့်...
အဖျားနှစ်ခွကင်းဝေးစေပါတယ်ရှင်😊
သဘာဝနည်းလမ်းလေးတွေမျှဝေပေးမှာမို့
Like&Follow လေးလုပ်ပေးရင်ကျေးဇူးတင်ပါတယ်ရှင့်
တစ်ခြားသူများသိအောင်လဲShare လေးကူညီပေးခဲ့ပါအုံးရှင်
Atar HaircareKnowledge&Business
Ngwelayaung La Yaung
ဆံပင်တွေကျွတ်တယ်....
ဆံသားတွေခြောက်တယ်....
ဆံပင်ဝိတ်မရှိဘူးဆိူတဲ့သူတွေ....သုံးလို့ရတဲ့
နည်းလမ်းလေးနော်....
လိုက်လုပ်ကြည့်ပါရှင့်...
အများသိအောင် ရှဲလေးကူပေးခဲ့ပါအုံးနော်
Ngwelayaung La Yaung
Atar HaircareKnowledge&Business
02/06/2025
ဆံပင်အဖြူသက်သာစေတဲ့သဘာဝနည်း
လက်ဖက်ခြောက်ကိုအမှုန့်ကြိတ်ပြီး အုန်းဆီစစ်စစ်နဲ့ပုလင်းတလုံးထဲစိမ်ထားလိုက်ပါ
စိမ်ထားတဲ့အဆီကိုခေါင်းလျှော်ခါနီးတစ်ရက်အလိုမှာလိမ်းထားပေးပါကဆံပင်ဖြူ
တွေဖြည်းဖြည်းအရောင်ပြောင်းလာပါလိမ့်မယ်
သဘာဝနည်းလမ်းလေးမို့ စိတ်ရှည်ဖို့လိုပါမယ်နော်
တပတ်ကိုနှစ်ကြိမ်ပုံမှန်လေးသုံးပေးဖို့တော့လိုပါတယ်နော်
အားလုံးသိအောင်ရှဲလေးကူညီပေးခဲ့ပါအုံးနော်
02/06/2025
ကြက်ဥနှစ်လုံးကိုဖောက်ပြီး အနှစ်သပ်သပ်၊အကာသပ်သပ်ခွဲပါ။
ကြက်ဥအကာထည့်ထားတဲ့ပန်းကန်ထဲကို
အုန်းဆီ ၂ဇွန်းထည့်မွှေပြီး ဦးရေပြားနဲ့ဆံသားမှာသေချာလိမ်းပေးပါ။
နာရီဝက်ခန့်ထား ခေါင်းလျှော်ပေးပါ။
ဒီနည်းလမ်းက
-ဆံပင်ကျွတ်သက်သာစေပြီး ဆံပင်အုံထူလာစေပါတယ်။
-ဆံသားပျက်စီးခြင်းကိုသက်သာစေပါတယ်။
ခေါင်းလျှော်ရည်ကိုchemicalပါတာတွေရှောင်ပါ။
*အများသိအောင်ရှယ်ကူပေးခဲ့နော်*
#ဆံပင်ပြသာနာတွေကိုယ်ဖြေရှင်းပေးနိုင်ဖို့အကောင်းဆုံး
30/05/2025
ဆံပင်ထိန်းသိမ်းနည်း
(ဗဟုသုတဖြစ်အောင် တင်ပေးလိုက်ပါတယ်ရှင့်)
မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။
၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။
၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။
၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။
၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။
၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။
၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။
၇။ဆံပင်ကောက်ပြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။
၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။
၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။
၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။
၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။
၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ြွကယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။
၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။
Credit
30/05/2025
ဆံပင်အုံထူမဲနက်စေမဲ့အိမ်တွင်းသဘာဝနည်းလေးထပ်မျှဝေပေးလိုက်ပါတယ်ရှင်🥰🥰
ဆနွင်းမှုန့်အနည်းငယ်ကို မဲနက်တဲ့ထိလှော်ပေးပါ✅
မဲနက်လာတဲ့ဆနွင်းမှုန့်ကို အုန်းဆီစစ်စစ်နဲ့ပျစ်ပျစ်လေးရောမွှေပြီး ခေါင်းမလျှော်ခင်တစ်နာရီအလိုမှာ‼️
ဦးရေပြားအနှံ့ ဆံသားအရင်းတွေအနှံ့ကိုလိမ်းပြီးတစ်နာရီနှပ်ထားလိုက်ပါ✅
အချိန်ပြည့်ပါကရေနဲ့အရင်ဆေးချပြီး ဆိုးကျိုးမရှိတဲ့သဘာဝခေါင်းလျှော်ရည်ဖြင့်အဆီတွေပြောင်တဲ့အထိသေချာလျှော်ပေးပါ✅
ဒီနည်းလမ်းသည်ဆိုးကျိုးကင်းတဲ့သဘာဝနည်းလမ်းဖြစ်သည့်အတွက်တပတ်နှစ်ကြိမ်ပုံမှန်လုပ်ပေးဖို့လိုအပ်ပါသည်✅
သဘာဝနည်းလမ်းဆိုသည့်အတိုင်းတဖြည်းဖြည်းနဲ့မှသိသာလာတာမို့စိတ်ရှည်ပေးဖို့လိုအပ်ပါသည်✅
Click here to claim your Sponsored Listing.
Category
Website
Address
Yangon