Your Financial Advisor:Chit Su

Your Financial Advisor:Chit Su

Share

Healthier Longer Better life with AIA

10/05/2026

မြင်းမိုရ်တောင်မက ကြီးမားတဲ့ ချစ်ခြင်းမေတ္တာများ ပေးစွမ်းနေတဲ့ အမေများနဲ့ မိခင်သဖွယ် အုပ်ထိန်းသူများအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်မှာ ကျရောက်တဲ့ အမေများနေ့မှာ ဂါရဝပြုလိုက်ပါတယ်။ မိမိတို့ချစ်မြတ်နိုးရတဲ့ အမေများ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိ၊ ပိုင်ဆိုင်နိုင်စေဖို့ AIA Myanmar က အမြဲအတူရှိနေပါတယ်။

On Mothers’ Day, 10 May 2026, AIA Myanmar honours mothers and mother figures around the world, whose love knows no bounds. AIA Myanmar is always with you in supporting your beloved mothers live Healthier, Longer, Better Lives.

Photos from Your Financial Advisor:Chit Su 's post 01/05/2026

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်း တိုးတက်အောင်မြင်ဖို့သာမက မိသားစု၊ လူမှုပတ်ဝန်းကျင်မှာလည်း အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တာကြောင့် မတူညီတဲ့ အခန်းကဏ္ဍအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ တစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝဟာ တန်ဖိုးရှိပြီး ဘဝလုံခြုံမှုရှိဖို့နဲ့ အနာဂတ်တွေကို ကာကွယ်ပေးဖို့ ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံအပြင် မတော်တဆထိခိုက်မှုတို့ကိုပါ ကာကွယ်ပေးနိုင်မဲ့ Corporate Solutions အဖွဲ့လိုက်အကာအကွယ်မှတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယူဆောင်ပေးနိုင်ပါပြီ။

မိမိရဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို AIA Myanmar နဲ့အတူ ရယူလိုက်ပါ။

Corporate Solutions အဖွဲ့လိုက်အကာအကွယ်များအကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oXED1Q မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

On this International Labour Day, we proudly honour all employees and workers across various industries who contribute their dedication and hard work every day.

They are not only the greatest assets of workplaces but are also important pillars within their families and communities. Every individual in different roles deserves a life that is valued, secure and protected today and in the future.

Through AIA Myanmar’s Corporate Solutions, employers can offer group protection that includes life, health and personal accident coverage, helping to support a better future for their workforce.

AIA Myanmar supports you in creating Healthier, Longer and Better Lives for your employees.

Learn more about Corporate Solutions https://bit.ly/4oXED1Q.

30/04/2026

ဝမ်းသာစရာ အကြောင်းအရာလေးတခု sharing လုပ်ပေးချင်လို့ ပါ… ဘယ်လို အကြောင်းအရာလေးဖြစ်မလဲ နားထောင် ကြည့်ပေး နော် ❤️❤️❤️
Together with
#ဘန်ကောက််မှာ ဆေးအလကားကုမယ့် သူတေ chatbox သိို့ messenger အမြန်ဆုံး လာပါ။ ☺️☺️☺️

16/04/2026

အသက် ၄၀ မှ ၅၀ — ဘဝကို အခြေချပြီး အမြင့်ဆုံးသို့ မြှင့်တင်ရမည့် ကာလ အပိုင်းအခြားတခု အသက်ရလာမှ နောင်တမရချင်ရင် ပြင်ဆင်လို့ ကောင်းသေးတဲ့ အပိုင်းအခြားတခု

၁။ နိဒါန်းအနေနဲ့ဆို
အသက် ၄၀ မှ ၅၀ ဆိုတာ တိုတိုလေးဆိုပေမယ့် တကယ့်ကို အရေးပါတဲ့ အချိန်ပါ ဘဝကို “တည်ဆောက်ပြီးသားကို အတည်ပြုပြီး တိုးချဲ့ရမယ့်” အချိန်ပါ။မသေချာမှုတွေနဲ့ လမ်းရှာနေတဲ့ အရွယ်မဟုတ်တော့ပါဘူး။တစ်ခုခုကို စမ်းသပ်နေတဲ့ အဆင့်လည်း မဟုတ်တော့ပါဘူး။ဒီကာလမှာ — သင်ဘာဖြစ်လာပြီလဲ ဆိုတာကို သက်သေပြရမယ့် အချိန် ဖြစ်ပါတယ်။

၂။ ဒီအရွယ်ရဲ့ အားသာချက်များ
ဒီအရွယ်မှာ သင့်ရဲ့ အားသာချက်အကြီးဆုံးကတော့ အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်စွမ်း ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ ဘဝအတွေ့အကြုံ ပြည့်စုံလာခြင်းStability ရှိပြီး အခြေခံခိုင်မာလာခြင်း Risk ကို ချင့်ချိန်နိုင်ခြင်း Leadership အခန်းကဏ္ဍမှာ တည်နေရာ ရရှိခြင်း Network နှင့် ယုံကြည်မှု တည်ဆောက်ပြီးဖြစ်ခြင်း
👉 အဓိကကတော့ —
တည်ဆောက်ထားပြီးသားကို ဘယ်လိုချဲ့ထွင်မလဲ ဆိုတာပါ။
၃။ ဒီအရွယ်ရဲ့ စိန်ခေါ်မှုများ
ဒီအချိန်မှာ တွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေက—စွမ်းအားနှင့် ကျန်းမာရေး အနည်းငယ် လျော့နည်းလာခြင်း အပြောင်းအလဲကို မလိုလားတော့ခြင်း တာဝန်ပိုများလာပြီး စိတ်ဖိစီးမှု မြင့်မားလာခြင်း Risk ယူရာမှာ ပိုပြီး စိုးရိမ်လာခြင်း ကိုယ်ပိုင်အချိန် မလုံလောက်ခြင်း ဆိုတာတွေပါပဲ
👉 ဒီအချက်တွေကို မထိန်းချုပ်နိုင်ရင်
တိုးတက်မှု ရပ်တန့်သွားနိုင်ပါတယ်။
၄။ ဒီအရွယ်မှာ အဓိကထားသင့်သော အရာများ
✔ Career ကို Leadership သို့မဟုတ် Specialist အဖြစ် အမြင့်တင်ပါ
✔ Wealth Accumulation မကဘဲ Wealth Protection ကိုပါ စဉ်းစားပါ
✔ Passive Income System များ တည်ဆောက်ပါ
✔ ကျန်းမာရေးကို Priority အဖြစ် ထားပါ
✔ မိသားစုနှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုပါ
✔ Personal Brand နှင့် Legacy ကို စတင်တည်ဆောက်ပါ
✔ Life Purpose ကို ပိုမိုရှင်းလင်းစွာ သတ်မှတ်ပါ
✔ Succession Planning စတင်ပြင်ဆင်ပါ ကိုယ့်နေရာကို အစားထိုးနိုင်မယ့် လူတွေကို လေ့ကျင့်ပေးခြင်း၊ တာဝန်တွေကို တဖြည်းဖြည်း လွှဲပြောင်းပေးခြင်းဟာ Leadership အဆင့်မြင့်သူတစ်ယောက်အတွက် မဖြစ်မနေ လုပ်ရမယ့်အရာပါ။
👉 “မရှိမဖြစ်လူ” ဖြစ်နေခြင်းထက် ကိုယ်မရှိလည်း စနစ်က ဆက်လက်လည်ပတ်နိုင်အောင် တည်ဆောက်ထားနိုင်ခြင်း က ပိုပြီး တန်ဖိုးရှိပါတယ်။
✔ Life Purpose ကို ပိုမိုရှင်းလင်းစွာ သတ်မှတ်ပါ

၅။ သတိထားရမည့် Mindset များ
ဒီအရွယ်မှာ ဖြစ်တတ်တဲ့ အမှားများ—“ငါအခုအနေအထားနဲ့ လုံလောက်ပြီ” ဆိုသော စိတ် Risk ကို လုံးဝ မယူချင်တော့ခြင်း ကိုယ့်အတွေ့အကြုံကိုပဲ အလွန်ယုံကြည်ခြင်း အသစ်တွေကို လက်မခံချင်တော့ခြင်း သူများနှင့် နှိုင်းယှဉ်ပြီး စိတ်ပင်ပန်းခြင်း အလုပ်ကိုသာ အဓိကထားပြီး ဘဝကို မမျှတစေခြင်း
👉 အရေးကြီးဆုံးကတော့ —Learning Mindset မပျောက်သွားဖို့ပါ။

၆။ လုပ်သင့်သောအရာများ
ဆက်လက်သင်ယူပါ (Update Yourself)
Discipline ရှိသော Lifestyle တည်ဆောက်ပါ
ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်လုပ်ပါ
ငွေကြေးစီမံခန့်ခွဲမှုကို စနစ်တကျလုပ်ပါ
Stress ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပါ

၇။ ရှောင်ရှားသင့်သောအရာများ
Comfort Zone ထဲမှာ မနေပါနဲ့
Lifestyle အတွက် အကြွေးမယူပါနဲ့
Negative လူတွေနဲ့ ဝန်းရံမနေပါနဲ့
သင်ယူမှုကို မရပ်တန့်ပါနဲ့

၈။ နိဂုံးချုပ်ရရင်တော့
အသက် ၄၀ မှ ၅၀ ဆိုတာ ဘဝကို တည်ငြိမ်မှုနှင့်အတူ အောင်မြင်မှုသို့ ပြောင်းလဲနိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီကာလမှာ သင်လုပ်တဲ့ ဆုံးဖြတ်ချက်တွေက သင့်ရဲ့ နောက်ထပ် ကျန်ရှိနေတဲ့ နှစ်တွေကို သတ်မှတ်ပေးပါလိမ့်မယ်။ ကျမ အမည်ကြားလိုက်တာနဲ့ အလုပ်ကိစတွေမှာ အမ နဲ့ ဆို စိတ်ချတယ် မချောနဲ့ ဆိုအဆင်ပြေတယ် အမ အကြံလေးပေးပါနော် အခုနောက်ပိုင်အဲ့လိုလေးတွေကြားလာရတာဟာ ကျမ ဆုခဲ့တဲ့ ဆုဘူးကြီးကြောင့်ပါပဲ

⏳ အချိန်ဟာ မစောင့်ပါဘူး။
ဒါကြောင့် —
ဒီနေ့ကစပြီး သင့်ဘဝကို နောက်တစ်ဆင့် တင်လိုက်ပါ။
သင်းကြန်ပိတ်ရက်လေးမှာ ကိုယ်အတွေ့အကြုံများကို မျှ၀ေလိုက်ပါတယ်

Crd
Khin Chaw Su Win
Sustainable leadership
Womeninbusinesess

14/04/2026

Dear my friend, slow decision to submit or insurance policy is not working.

Health Insurance company 't you when you or your get or after getting critical illness.

If you are now holding your insurance policy, you are a very lucky and -prepared person.

They protect your with great benefits. Surely you will get of mind immediately after you prepare for you and your family.

Please Don't BE SLOW To Make GOOD
Decisions.

Your family is in your hand. 👌 👌

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ချစ်ရတဲ့ မိသားစုဝင်များ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ကိုယ်ချစ်ရတဲ့ မိသားစု အတွက် အကောင်းဆုံးသော #ကျန်းမာရေး #အာမခံ ချက်များ ကြိုတင် စီမံ ထားနိုင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါရစေ ရှင့်။ 🙏🙏🙏

Protect your family from the greatest financial loss and medical bills by using AIA Myanmar platform. Use it when you get a chance. ☺️☺️☺️

Your financial service consultant

Viber + 959941371396

07/04/2026

Thank you
Better future with

၂၀၂၅ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းများစွာရဲ့ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးခဲ့တာဆိုရင် ဒီနေ့၊ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

AIA Myanmar အနေနဲ့ ငလျင်ဘေးသင့် မိဘပြည်သူများရဲ့ လူနေမှုဘဝများ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးဖြစ်လာစေရေးကို များစွာမျှော်လင့်လျက်ရှိတဲ့အတွက် ငလျင်ဘေးသင့်ခံရသော ‌ဒေသများရှိ လူမှုအသိုင်းအဝိုင်းများနဲ့အတူ ယနေ့ထိတိုင် တစ်သားတည်းအတူရှိနေပါတယ်။

လုံခြုံတဲ့နေအိမ်၊ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်း၊ ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိခြင်းတို့ဟာ လူနေမှုဘဝဆိုင်ရာ အခြေခံလိုအပ်ချက်တွေဖြစ်တာကြောင့် AIA Myanmar အနေနဲ့ အင်း‌လေးကန်၊ ကြာအင်းကျေးရွာရှိ ဒေသခံများအတွက် နေအိမ်များ၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကလေးငယ် (၇၀၀) ဝန်းကျင်ခန့် ပညာသင်ကြားနိုင်မဲ့ စာသင်ကျောင်းဆောင်များ အပါအဝင် အင်းလေးနဲ့ အမရပူရဒေသများရှိ လက်မှုပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း စသည်တို့ကို ဒေသတွင်း အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းများနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် တစ်သားတည်း အမြဲအတူရှိနေပြီး ဆက်လက် ပံ့ပိုး၊ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို AIA Myanmar နဲ့အတူ လျှောက်လှမ်းကြပါစို့။

On this day, 28 March, it has been a year since the earthquake that brought severe loss to homes and livelihoods across many communities in Myanmar.

Guided by a strong desire to stand with those affected, AIA Myanmar has remained united in purpose and in heart with communities across the country.

At AIA Myanmar, we believe that safe housing, quality education, and sustainable livelihoods are essential foundations for a better life. From rebuilding resilient homes in Kyar Taw Village at Inle Lake, to supporting the construction of schools in Pyi Gyi Takhon, Mandalay, where around 700 students can learn in a safe environment, and to creating livelihood opportunities in Inle and Amarapura, our commitment has always been to stand alongside our communities.

We remain steadfast in our commitment to supporting communities for many years to come. Together, let us continue moving forward towards Healthier, Longer, Better Lives for all.

01/04/2026

မနေ့က တစ်ညလုံး ဆေးရုံစောင့်ပြီး ကားမောင်းပြန်လာတဲ့အချိန် ဦနှောက်အသေးစားအိပ်စက်ခြင်းကို ကြုံခဲ့ရလို့ လီဘာဘရိတ်မှားယွင်းသုံးခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဗဟုသုတအလို့ငှာ ဒီ Post လေးမျှဝေချင်ပါတယ်။ လူအများစုက “အိပ်ပျော်တယ်” ဆိုတာကို အိပ်ယာပေါ်မှာ လှဲပြီး မျက်လုံးမှိတ်ထားတဲ့အခြေအနေလို့ပဲ ထင်ကြပါတယ်။ ဒီ Post ကတော့ ကိုယ်က လှုပ်ရှားနေရင်း ဦးနှောက်က အိပ်ပျော်တာမျိုး (Microsleep ဆိုတဲ့ အန္တရာယ်ကြီး) အကြောင်းပဲ ဖြစ်ပါတယ်။

အိပ်ရေးပျက်တာ နာတာရှည်ဖြစ်လာတဲ့အခါထူးဆန်းတဲ့ အသက်အန္တရာယ်တောင် ရှိနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲဒါကတော့ Microsleep (အသေးစားအိပ်စက်ခြင်း) လို့ခေါ်တဲ့ စက္ကန့်ပိုင်းအတွင်း ဦးနှောက်က အတင်းအကျပ် အနားယူသွားတဲ့ အခြေအနေပါ။

ပထမဆုံး အသေးစားအိပ်စက်ခြင်း (Microsleep) ဆိုတာဘာလဲဆိုတာကိုရှင်းပြပါမယ်။

အသေးစားအိပ်စက်ခြင်းဆိုတာက သင်သတိထားမိတဲ့ အိပ်စက်ခြင်းမျိုး မဟုတ်ပါဘူး။ မျက်လုံးဖွင့်ထားရင်း၊ ကိုယ်က လှုပ်ရှားနေရင်း၊ တစ်ခါတစ်ရံ စကားတောင် ပြောနေရင်းနဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့က စက္ကန့်ပိုင်း (၁ စက္ကန့်မှ ၃၀ စက္ကန့်အထိ) အိပ်ပျော်သွားတဲ့ ဖြစ်စဉ်ပါ။

အိပ်ရေးပျက်တာများတဲ့အခါ ဦးနှောက်က “ဒီအနေအထားနဲ့ ဆက်မလည်ပတ်နိုင်တော့ဘူး” ဆိုပြီး အတင်းအကျပ် ပိတ်သွားတာလို့ သိရှိထားဖို့ လိုပါတယ်။

လှုပ်ရှားနေရင်း အိပ်ပျော်တာဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာ လှုပ်ရှားမှုတွေဟာ အလိုအလျောက် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။

ဥပမာ-

ကားမောင်းနေရင်း လမ်းကို ငေးကြည့်နေပေမယ့် ဦးနှောက်က စက္ကန့်ပိုင်း ပိတ်သွားပြီး ရှေ့ကားကို နောက်မှသတိထားမိတာမျိုး၊ စာရိုက်နေရင်း မော့ကြည့်လိုက်တဲ့အခါ စက္ကန့်အတော်ကြာ ကုန်သွားပြီး စာလုံးတွေ မှားနေတာမျိုး၊ အစားစားနေရင်း ဇွန်းကိုကိုင်ထားရင်း ခန္ဓာကိုယ် ငြိမ်သွားတာမျိုး တို့ပဲဖြစ်ပါတယ်။

ဒီအချိန်မှာ လှုပ်ရှားသွားလာမှုထိန်းချုပ်တဲ့ Prefrontal Cortex ပိတ်သွားပေမယ့်၊ အခြေခံလှုပ်ရှားမှု (Motor Cortex) ကတော့ ခဏတာ ဆက်လုပ်နေတတ်လို့ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ဘယ်သူတွေမှာ အဖြစ်များလဲဆိုရင်၂၄ နာရီ အလုပ်လုပ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အလှည့်ကျ အလုပ်သမားတွေ၊ ကားမောင်းသူတွေ၊ ညဘက်ကြာကြာနိုးပြီး ဖုန်းသုံးတဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

အဓိက အန္တရာယ်က ကိုယ့်ကိုယ်ကို သတိမထားမိဘူး ဆိုတာပါ။ ကိုယ်က "ငါ နိုးနေတယ်" လို့ ထင်နေပေမယ့် ပတ်ဝန်းကျင်က လူတွေ သတိထားမိမှာပါ။ ကိုယ်တိုင် သတိထားလို့ရတဲ့ လက္ခဏာတွေကတော့-

- ရုတ်တရက် ခေါင်းငြိမ့်ကျသွားတာ
- မျက်ခွံတွေ လေးပြီး မှိတ်ချင်လာတာ
- စက္ကန့်ပိုင်းလောက် အတွေးတွေ ပြတ်သွားတာ
- ကိုယ်လုပ်နေတာကို ခဏ မေ့သွားတာမျိုးတွေဖြစ်ပါတယ်။

ဒီအခြေအနေဟာ အိပ်ရေးဝဝအိပ်တာထက် ဘာမှ ပိုထိရောက်တဲ့ ကုထုံးမရှိပါဘူး။ အိပ်ရေးကို ဦးစားပေးပါ။ တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့ မဖြစ်မနေ လုပ်ပါ။ ကဖိန်းဓာတ်ကို အားမကိုးပါနဲ့။ ကော်ဖီသောက်ထားရင်း အသေးစားအိပ်စက်ခြင်းဖြစ်လာရင် ပိုအန္တရာယ်များပါတယ်။ လှုပ်ရှားမှုရှိပေမယ့် ကိုယ်က မောပန်းနေတယ်လို့ ခံစားရရင် ချက်ချင်း အနားယူပါ။ အထူးသဖြင့် ယာဉ်မောင်းနေရင် ခဏတာ လမ်းဘေးချယာဉ်ရပ်နားပြီး မိနစ် ၂၀ လောက် အိပ်စက်ဖို့ လိုအပ်ပါတယ်။

အသေးစားအိပ်စက်ခြင်းဟာ သေချာတဲ့ အိပ်စက်ခြင်းမဟုတ်ဘဲ ဦးနှောက်ရဲ့ Emergency Shutdown ဖြစ်ပါတယ်။ ကားမောင်းနေရင်း ဒါမှမဟုတ် စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေရင်း ဒီလိုဖြစ်တာဟာ မတော်တဆမှုကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။

အိပ်ရေးကို ပေါ့ဆလို့မရပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အခြေအနေမျိုး ဖြစ်နိုင်ပါကြောင်း မျှဝေလိုက်ပါတယ်။

27/03/2026

AIA+ application လေးဖွင့် ပြီး register လုပ်ထားပေးပါရှင့် 🎉🎉🎉
Ipad lucky draw လေး က 31st March နောက်ဆုံး ရက် သက်မှတ်ထားတာ ကြောင့် Myanmar member များ အနေ ဖြင့် မြန်မြန်လေး စာရင်းပေးသွင်းစေလိုပါတယ်ရှင့် 😊😊😊

Thank you for your co-operation 🥳🥳

15/03/2026
Photos from Golden Life Insurance - အသက်အာမခံ's post 12/03/2026

Gentle reminder
အခမ်းနားဆုံး ပွဲ‌ ( Special Event)
Time : 15 March 2026
Time: 9-12 am
Location: Pan Pacific Hotel

08/03/2026

💪ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံအတွင်းမှာသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ တိုးတက်အောင်မြင်မှု၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ မတူညီတဲ့ ဘဝအတွေ့အကြုံများကို အသိအမှတ်ပြုရင်း ကျွန်မတို့ Golden Life AIA Myanmar မှ လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။ 💪

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00