Trisol Myanmar

Trisol Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trisol Myanmar, Health/Beauty, Pyi Daung Su Main Road, Myanmar, 11412, Yangon.

29/07/2026
25/07/2026

အရေပြားယားယံမှုကို ပေါ့ပေါ့ဆဆ မထားပါနဲ့!

🔸 အရေပြားယားယံခြင်း၊ အနီရောင်အဖုများ၊ အရေပြားခြောက်သွေ့ခြင်းတွေက နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ယားလေလေ ကုတ်လေလေဖြစ်နေတာက အရေပြားကို ပိုမိုထိခိုက်စေနိုင်ပါတယ်။

✔️ အရေပြားကို သန့်ရှင်းစွာထားပါ
✔️ ရနံ့နည်းပြီး အသားအရေနူးညံ့တဲ့ Skin Care ကို အသုံးပြုပါ

✔️ ရေချိုးပြီးတိုင်း Moisturizer လိမ်းပေးပါ

✔️ အဝတ်အစားကျပ်ကျပ်များကို ရှောင်ပါ

အရေပြားယားယံမှု၊ အဖုအပိမ့်များ သို့မဟုတ် ဓာတ်မတည့်မှုလက္ခဏာများ ဆက်လက်ရှိနေပါက ကျန်းမာရေးပညာရှင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

💊 Trisolသည်အရေပြားဓာတ်မတည့်မှုနှင့် ယားယံခြင်းကို သက်သာစေရန် အသုံးပြုနိုင်သော ဆေးဝါးတစ်မျိုးဖြစ်ပါသည်။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ၏ အကြံပြုချက်ဖြင့်သာ အသုံးပြုပါ။

📩 အသေးစိတ်အချက်အလက်များအတွက် Messenger မှာ အခုပဲ စာပို့မေးမြန်းလိုက်ပါ။

"ယားလေလေ... ကုတ်လေလေ" အရေပြားကို ပိုထိခိုက်စေနိုင်ပါတယ်
#အရေပြားကျန်းမာရေး #ယားယံခြင်း #ဓာတ်မတည့်မှု #အရေပြားစောင့်ရှောက်မှု

#နှင်းခူထပ်တရာဘေးကင်းကွာTrisolလေးကိုဆောင်ထားပါ

22/07/2026

🚩"ချွေးထွက်တာ ကျန်းမာရေးအတွက် ကောင်းပေမယ့်... နှင်းခူသမားတွေအတွက်တော့ ရန်သူတော်ကြီးပါ "

အခုလို ရာသီဥတုမျိုးမှာ အပြင်ကပြန်လာလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ချွေးလေးစို့လာပြီဆိုတာနဲ့ နှင်းခူအနာတွေက ပုရွက်ဆိတ်ကိုက်သလို တစပ်စပ်နဲ့ စပြီး ယားလာတတ်တယ်မလား။

🤔ဘာလို့လဲဆိုတော့:

ချွေးထဲမှာပါတဲ့ ဆားဓာတ်နဲ့ ယူရီးယားဓာတ်တွေက နှင်းခူကြောင့် ပွင့်ဟနေတဲ့ အရေပြားရဲ့ အနာကွက်တွေထဲကို တိုက်ရိုက်ဝင်ပြီး သွားဆွသလို ဖြစ်စေလို့ပါ။

✅ ဒီရန်ပွဲမှာ အနိုင်ယူဖို့:
ချွေးထွက်လာရင် အဝတ်စနုနုလေးနဲ့ ချက်ချင်း ခပ်ဖွဖွလေး ပုတ်သုတ်ပေးပါ။ (ပွတ်မသုတ်ရဘူးနော်)

🌱ပြီးရင်တော့ အနာကွက်တွေပြန့်မလာအောင် ပိုးသတ်အာနိသင်ရှိတဲ့ Trisol ကို ပါးပါးလေး တင်ပေးလိုက်ပါ။

Trisolက ချွေးကြောင့်ဖြစ်တဲ့ ရောင်ရမ်းနီမြန်းမှုကို အမြန်ဆုံး လျှော့ချပေးပြီး အရေပြားကို အေးမြစေမှာမို့လို့ ချွေးထွက်လဲ စိတ်မပူရတော့ဘူးပေါ့ဗျာ။ ✨

18/07/2026

🚨 နှင်းခူ (Eczema) ကို “အရေပြားခြောက်တာပဲ” လို့ မထင်လိုက်ပါနဲ့! 🚨

ယားတာကို ဆက်ကုတ်နေရင်…

အရေပြားပဲ မထိခိုက်ဘူး။

🔸 အနာဖြစ်နိုင်တယ်

🔸 ပိုးဝင်နိုင်တယ်

🔸 အိပ်ရေးပျက်ပြီး နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်တယ်။

💡 နှင်းခူဟာ ကူးစက်ရောဂါ မဟုတ်ပါဘူး။

ဒါပေမယ့် မကုသဘဲထားရင် ရောဂါလက္ခဏာတွေ ပိုဆိုးလာနိုင်ပါတယ်။

⚠️ နောက်ဆုံးပေါ် သိထားသင့်တဲ့ အချက်များ

✅ နှင်းခူဖြစ်သူတွေအတွက် အရေပြားစိုဓာတ်ထိန်း (Moisturizer) ကို နေ့စဉ်အသုံးပြုတာက အခြေခံကုသမှုတစ်ခုပါ။

✅ မိမိဘာကြောင့် ပိုဆိုးလာသလဲဆိုတဲ့ Trigger (ဖုန်၊ အပူ၊ ချွေး၊ ဆပ်ပြာပြင်း၊ Stress စတာတွေ) ကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။

✅ Steroid cream တွေကို ကိုယ့်သဘောနဲ့ အချိန်ကြာကြာ မသုံးဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးသင့်ပါတယ်။

✅ ပြင်းထန်တဲ့ နှင်းခူအတွက်တော့ ယနေ့ခေတ်မှာ ဆေးအသစ်တွေနဲ့ ထိရောက်တဲ့ကုသမှုရွေးချယ်စရာတွေ ရှိနေပြီဖြစ်ပါတယ်။

🚩 ဒီလိုလက္ခဏာတွေရှိရင် ဆရာဝန်ကို ပြသသင့်ပါတယ်

🔸 ယားလွန်းလို့ အိပ်မပျော်ခြင်း

🔸 အရည်ထွက်ခြင်း၊ အနံ့ဆိုးခြင်း

🔸 အနာပိုးဝင်သလို နီရဲ၊ ဖျားခြင်း

🔸 အိမ်သုံးဆေးလိမ်းပေမယ့် မသက်သာခြင်း

❤️ နှင်းခူကို “သည်းခံနေရမယ့်ရောဂါ” လို့ မထင်ပါနဲ့။

မှန်ကန်တဲ့ ကုသမှုနဲ့ နေထိုင်မှုပုံစံပြောင်းလဲမှုတွေကြောင့် ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။

💬 သင့်မှာ နှင်းခူရှိဖူးလား?

ဘာကြောင့် ပိုယားတတ်တယ်လို့ ထင်လဲ? Comment မှာ မျှဝေပေးပါ။

📲 ဒီ Post ကို Share လုပ်ထားပြီး နှင်းခူကြောင့် အမြဲယားယံနေတဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေအတွက် အသိပညာမျှဝေပေးလိုက်ပါ။

❤️ ပိုမိုမှန်ကန်တဲ့ အရေပြားကျန်းမာရေးဗဟုသုတတွေကို မလွတ်တမ်းရရှိဖို့ Page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့!









#နှင်းခူယားနာဘေးကင်းကွာTrisolလေးကိုဆောင်ထားပါ

15/07/2026

🤔​ကဲ... နှင်းခူနဲ့ ယားနာဝေဒနာရှင် သူငယ်ချင်းတို့ရေ...

အောက်ကအချက်တွေထဲမှာ သင့်အတွက် အဆိုးဆုံးအချိန်က ဘယ်အချိန်လဲ ရွေးပေးခဲ့ပါဦး။

​A) ရေချိုးခန်းထဲက ထွက်လာပြီး အသားတွေ စခြောက်လာတဲ့အချိန် 🚿

B) အလုပ်ထဲမှာ အရေးကြီး Meeting လုပ်နေတုန်း လူကြားထဲ ယားလာတဲ့အချိန် 💼

C) ညဘက် ကောင်းကောင်းအိပ်ပျော်ခါနီးမှ ဂျွမ်းပြန်ယားလာတဲ့အချိန် 🌙

​ဘယ်အချိန်ပဲဖြစ်ဖြစ် နှင်းခူသမားတစ်ယောက်အတွက်တော့ ငရဲကျသလို အနေရခက်စေတာ အမှန်ပဲမလား။

ဒါပေမဲ့ ဒီပြဿနာတွေအားလုံးကို တစ်ဗူးတည်းနဲ့ All-in-One ဖြေရှင်းပေးနိုင်တာ Trisol-N ရှိတယ်ဗျ။

​✨ Trisol-N က ကူညီပေးမှာကတော့:

🔹 Option A အတွက်: ရေချိုးပြီးနောက် ခြောက်သွေ့ယားယံမှုကို ချက်ချင်းအစိုဓာတ်ဖြည့် အေးမြစေတယ်။

🔹 Option B အတွက်: သယ်ရလွယ်တဲ့ Tube ဗူးလေးမို့ အလုပ်ခွင်မှာ အရေးပေါ် လိမ်းလိုက်တာနဲ့ ယားတာချက်ချင်းရပ်ပြီး ယုံကြည်မှုပြန်ရစေတယ်။

🔹 Option C အတွက်: ညဘက်တွေမှာ အယားဒဏ်ကြောင့် အိပ်ရေးမပျက်ရအောင် တစ်ညလုံး အိပ်မောကျစေတယ်။

​👇 သင်တို့ရော A, B, C ထဲက ဘယ်အချက်နဲ့ အတူဆုံးလဲ?

Comment မှာ ဝင်မန့်သွားဦးနော်!

​ #ယားနာအမြန်ပျောက်

11/07/2026

🚨 “Psoriasis က ကူးစက်ရောဂါ မဟုတ်ဘူးဆိုတာ သိပြီးပြီလား?”

အရေပြားပေါ်က ဒဏ်ရာထက်… လူတွေရဲ့ နားလည်မှုလွဲမှားခြင်းက ပိုနာကျင်စေပါတယ်။

👀

“အရေပြားကွာနေတယ်…”
�“ဒီရောဂါ ကူးတတ်တာလား?”
�“ဆေးလိမ်းရင် ပျောက်မှာပဲ…”

ဒီလို အထင်မှားမှုတွေကြောင့် Psoriasis လူနာအများစုဟာ ရောဂါဒဏ်အပြင် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုပါ ခံစားနေကြရပါတယ်။

💙 တကယ်တော့ Psoriasis ဟာ ကူးစက်ရောဂါ မဟုတ်ပါဘူး။

📚 Psoriasis နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ နောက်ဆုံးပေါ်အချက်များ

✅ Psoriasis ဟာ ကိုယ်ခံအားစနစ် (Immune System) မမှန်ကန်စွာ အလုပ်လုပ်ခြင်းကြောင့် ဖြစ်တဲ့ နာတာရှည် အရေပြားရောဂါဖြစ်ပါတယ်။

✅ လုံးဝ မကူးစက်ပါ။
�လက်ဆွဲခြင်း၊ အတူစားသောက်ခြင်း၊ အတူနေထိုင်ခြင်းတို့ကနေ မကူးစက်နိုင်ပါ။

✅ လုံးဝပျောက်အောင် ကုနိုင်တဲ့ ဆေးမရှိသေးပေမယ့်…
�ယနေ့ခေတ်မှာ Treatment တွေ အများကြီး တိုးတက်လာပြီး လူနာအများစုဟာ ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်နေပါပြီ။

✨ နောက်ဆုံးပေါ်ကုသမှုတွေမှာ
�• Biologic Medicines
�• Targeted Immune Therapy
�• Phototherapy
�• Personalized Treatment Plan

တွေကို လူနာတစ်ဦးချင်းအလိုက် အသုံးပြုလာကြပါတယ်။

🌿 လိုက်နာသင့်တဲ့ အချက်များ

✔️ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို ပုံမှန်အသုံးပြုပါ။
�✔️ အရေပြားကို Moisturizer နဲ့ စိုစွတ်အောင် ထိန်းသိမ်းပါ။
�✔️ စိတ်ဖိစီးမှုကို လျှော့ချပါ။
�✔️ ဆေးလိပ်နှင့် အရက်ကို ရှောင်ပါ။
�✔️ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
�✔️ Trigger ဖြစ်စေတဲ့ အရာတွေကို သတိထားပါ။


⚠️ သတိထားပါ

❌ “၃ ရက်နဲ့ပျောက်”
�❌ “အမြစ်ဖြတ်ကုသနိုင်တယ်”
�❌ “လုံးဝပြန်မဖြစ်တော့ဘူး”

ဆိုတဲ့ ကြော်ငြာတွေကို မလွယ်လွယ်နဲ့ မယုံကြည်ပါနဲ့။

Psoriasis ကို မှန်ကန်တဲ့ ကုသမှုနဲ့ ရေရှည်ထိန်းချုပ်နိုင်ပါတယ်။

📌 ဒီ Post က အသုံးဝင်တယ်ဆိုရင် Share လုပ်ပြီး Psoriasis ကို မှားယွင်းနားလည်နေသူတွေအတွက် အသိပညာမျှဝေပေးလိုက်ပါ။

💬 Comment မှာ
�“Psoriasis နဲ့ပတ်သက်ပြီး သိချင်တဲ့မေးခွန်း” ကို ရေးခဲ့ပါ။

❤️ အရေပြားကျန်းမာရေး၊ ဆေးဝါးအသိပညာနဲ့ နောက်ဆုံးပေါ်ကုသမှုတွေကို အမြဲတမ်း ဖတ်ရှုနိုင်ဖို့ Page ကို Follow & See First လုပ်ထားဖို့ မမေ့ပါနဲ့။







#နှင်းခူထပ်တရာဘေးကင်းကွာTrisolလေးကိုဆောင်ထားပါ

08/07/2026

🚩​နှင်းခူနာတွေ ပိုနီပြီး ယားလာတာ... သင်ဆွတ်လိုက်တဲ့ ရေမွှေးကြောင့်လည်း ဖြစ်နိုင်တယ်နော်!

​အပြင်သွားခါနီးရင် လူတိုင်း ကိုယ်သင်းနံ့လေး မွှေးပျံ့နေအောင် ရေမွှေးဆွတ်တတ်ကြတယ်မလား။

ဒါပေမဲ့ နှင်းခူဝေဒနာရှင်တွေအတွက်တော့ ရေမွှေးတိုက်ရိုက်ဆွတ်ခြင်းက အရေပြားကို ဒုက္ခပေးလိုက်သလိုပဲနော်။

📍​ရေမွှေးတွေ၊ Body Spray တွေမှာပါတဲ့ Alcohol နဲ့ ရေမွှေးဓာတုပစ္စည်း (Fragrance) တွေဟာ နှင်းခူရှိတဲ့ နူးညံ့တဲ့အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါ အသားအရေကို ခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်းနဲ့ ပိုမိုနီမြန်းယားယံလာစေပါတယ်။

​✅ ဒါဆို ဘယ်လိုလုပ်ကြမလဲ?

​ရေမွှေးဆွတ်မယ်ဆိုရင် အရေပြားပေါ် တိုက်ရိုက်မဆွတ်ပါနဲ့။

အဝတ်အစားပေါ်ကိုသာ ခပ်လှမ်းလှမ်းကနေ ဆွတ်ပေးပါ။

​အသားအရေအတွက် သုံးတဲ့ Lotion ဒါမှမဟုတ် ဆပ်ပြာတွေရွေးရင်လည်း "Fragrance-Free" (ရေမွှေးနံ့မပါတာ) ကို အဓိကရွေးချယ်ပေးပါနော်။

​💡 တကယ်လို့ မသိဘဲဆွတ်မိလို့ ယားယံလာခဲ့ရင်:

🌱စိတ်မပူပါနဲ့၊ အနာရှိတဲ့နေရာကို Trisol လေး ပါးပါးလေး လိမ်းပေးလိုက်ပါ။

သူက ဓာတုပစ္စည်းတွေကြောင့် အရေပြားလောင်ပြီး နီမြန်းရောင်ရမ်းတာကို ချက်ချင်းအေးမြသက်သာသွားစေပြီး အနာကိုပါ အမြန်ဆုံးပြန်လည်ကောင်းမွန်စေမှာမို့လို့ပါ။✨

​ #နှင်းခူသမားတို့သတိပြုရန် #အရေပြားဗဟုသုတ

04/07/2026

နှင်းခူ (Eczema) နဲ့ ဓာတ်မတည့်မှု (Allergy) ရှိသူများ သိထားသင့်တဲ့အချက်များ

နှင်းခူဖြစ်တဲ့သူတိုင်းမှာ အစားအစာကြောင့် ပိုဆိုးလာတာမဟုတ်ပါဘူး။

ဒါပေမယ့် တချို့လူတွေမှာတော့ ဓာတ်မတည့်တဲ့ အစားအစာတွေစားမိရင်

ယားယံမှု၊ အဖုထွက်မှု၊ နှင်းခူပိုဆိုးလာမှုတွေ ဖြစ်နိုင်ပါတယ်။

ရှောင်သင့်နိုင်တဲ့ အစားအစာများ (ဓာတ်မတည့်သူများအတွက်သာ)

�🍤 ပုစွန်၊ ကဏန်း၊ ပင်လယ်စာများ�🥚 ကြက်ဥ�🥛 နို့နှင့် နို့ထွက်ပစ္စည်းများ�🥜 မြေပဲနှင့် အခွံမာသီးများ�🌾 ဂျုံ (Wheat)�🫘 ပဲပုပ် (Soy)

အသီးအနှံတွေကော ရှောင်ရမလား?
�🍓 စတော်ဘယ်ရီ�🥝 ကီဝီသီး�🍍 နာနတ်သီး�🥭 သရက်သီး (အချို့လူများတွင်)�🍅 ခရမ်းချဉ်သီး (အချို့လူများတွင်)
အထက်ပါ အသီးအနှံတွေကို လူတိုင်း ရှောင်ရမယ်ဆိုတာ မဟုတ်ပါဘူး။

မိမိမှာ စားပြီးတိုင်း ယားယံတာ၊ အဖုထွက်တာ၊ နှင်းခူပိုဆိုးလာတာတွေ ဖြစ်မှသာ ရှောင်သင့်ပါတယ်။

အရေးကြီးတဲ့အချက်
�✅ အစားအစာကို အကြောင်းမရှိဘဲ အုပ်စုလိုက် မရှောင်ပါနဲ့။ အာဟာရချို့တဲ့နိုင်ပါတယ်။
�✅ ဘယ်အစားအစာစားပြီး ဘာလက္ခဏာဖြစ်တယ်ဆိုတာ မှတ်တမ်းထားပါ။
�✅ ဓာတ်မတည့်မှု သံသယရှိရင် ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်ပါက Allergy Test ပြုလုပ်သင့်ပါ
�နှင်းခူ (Eczema) ရှိသူတိုင်းမှာ အစားအစာကြောင့် ပိုဆိုးလာတာ မဟုတ်သလို၊

အသီးအနှံအားလုံးကိုလည်း မလိုအပ်ဘဲ ရှောင်စရာမလိုပါဘူး။

မိမိနဲ့ ဓာတ်မတည့်တဲ့ အစားအစာကိုသာ သိရှိပြီး ရှောင်ရှားတာက ပိုအရေးကြီးပါတယ်။

✅ အရေပြားကို သန့်ရှင်းစွာထားပါ။
�✅ Moisturizer ကို ပုံမှန်လိမ်းပါ။
�✅ ယားယံမှု၊ ခြောက်သွေ့မှုတွေ ဖြစ်လာရင် အချိန်မီ ဂရုစိုက်ပါ။

🌿 အရေပြားကို ဂရုစိုက်ဖို့ Trisol လေးလည်း အသုံးပြုကြည့်နိုင်ပါတယ်။

အသုံးပြုမတိုင်မီ ညွှန်ကြားချက်ကို ဖတ်ရှုပြီး၊ မိမိနဲ့ မတည့်ပါက အသုံးပြုခြင်းကို ရပ်တန့်ပြီး ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ပါ။

💬 နှင်းခူနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် Comment မှာ မေးထားခဲ့ပါ။
�📩 ဒီ Post ကို Share လုပ်ပြီး မိတ်ဆွေ၊ မိသားစုတွေလည်း မှန်ကန်တဲ့ ကျန်းမာရေးအသိပညာ ရရှိအောင် ကူညီပေးလိုက်ပါ။

#နှင်းခူယားနာဘေးကင်းကွာTrisolလေးကိုလိမ်းကြပါ

� #နှင်းခူ #ယားနာ

#ကျန်းမာရေးအသိပညာ

01/07/2026

နှင်းခူသမားတွေ နေပူထဲသွားရင် အမည်းရောင် အဝတ်အစားတွေကို ခေတ္တခဏ ရှောင်ကြည့်ရအောင်! ☀️👕

​"အဝတ်အစား အရောင်ကလည်း နှင်းခူနဲ့ ဆိုင်လို့လား" ဆိုပြီး အံ့သြသွားနိုင်ပါတယ်ဗျ။

တကယ်တော့ အရမ်းဆိုင်တာပေါ့။

🚩​အမည်းရောင် ဒါမှမဟုတ် အရောင်ရင့်ရင့် အဝတ်အစားတွေက နေရောင်ခြည်နဲ့ အပူဒဏ်ကို ပိုပြီး စုပ်ယူတတ်ကြတယ်။

နေပူထဲသွားတဲ့အခါ အဲ့ဒီအပူဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေ ပိုထွက်လာပြီး ချွေးထဲမှာပါတဲ့ ဆားဓာတ်က နှင်းခူအနာကွက်တွေကို တိုက်ရိုက်သွားဆွသလို ဖြစ်သွားတာပေါ့။

ရလဒ်ကတော့ နေပူထဲရောက်တာနဲ့ တကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး မနေနိုင်မထိုင်နိုင် ယားလာတော့တာပဲဗျ။

​🛡️အဲ့တာကြောင့် ​​နေပူထဲသွားရမယ့်ရက်မျိုးဆိုရင် အပူဒဏ်ကို ရောင်ပြန်ဟပ်ပေးတဲ့ အရောင်ဖျော့ဖျော့ (အဖြူရောင်၊ ပန်းရောင်ဖျော့) နဲ့ ပွပွချောင်ချောင် ချည်သားလေးတွေကို ရွေးဝတ်ပါ။

အပူဒဏ်ကြောင့် ယားလာခဲ့ရင်တော့:

🌱စိတ်မပူပါနဲ့၊ အိတ်ထဲမှာ အသင့်ဆောင်ထားတဲ့ Trisol-N လေးကိုသာ ထုတ်လိမ်းလိုက်ပါ။

အသားထဲ စိမ့်ဝင်မြန်ပြီး လိမ်းထားမှန်း မသိသာတဲ့အပြင်၊ အပူနဲ့ချွေးကြောင့် ဖြစ်လာတဲ့ ယားယံမှုကို ချက်ချင်း အေးမြသွားစေမှာမို့လို့ နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်မှာပါဗျာ။✨

​ #ယားနာအမြန်ပျောက်နည်း

24/06/2026

"ရေချိုးပြီးရင် တဘက်နဲ့ အသားကို အားရပါးရ ပွတ်သုတ်တတ်တဲ့ အကျင့်ရှိ‌လား? "

​ရေချိုးခန်းထဲက ထွက်လာတာနဲ့ အသားတွေ ခြောက်သွားအောင် တဘက်ကြီးနဲ့ အသားကို အားရပါးရ ပွတ်သုတ်မိတတ်ကြတယ်မလား။

🚩နှင်းခူသမားတွေအတွက်တော့ ဒါဟာ အသားအရေကို ဓားနဲ့မွှန်းလိုက်သလိုပဲနော်။

​အသားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်လိုက်တဲ့အခါ အရေပြားပေါ်က ကာကွယ်ထားတဲ့ အလွှာလေး (Skin Barrier) ပွန်းပဲ့ပျက်စီးသွားပြီး နှင်းခူအနာတွေကို ပိုရောင်၊ ပိုယားလာစေတာပေါ့။

​💡 ဒါဆို ဘယ်လိုလုပ်ကြမလဲ?

​ရေချိုးပြီးရင် တဘက်နဲ့ အသားကို မပွတ်ပါနဲ့။ နူးညံ့တဲ့ တဘက်အသားနဲ့ အရေပြားပေါ်ကို "ခပ်ဖွဖွလေး ပုတ်ပုတ်ပြီး" ရေစင်အောင် သုတ်ပေးပါ။

​အသားအရေ လုံးဝ ခြောက်မသွားခင် စိုစွတ်စွတ် အခြေအနေက ဆေးလိမ်းဖို့ အကောင်းဆုံး အချိန်ပါပဲ။

​🌱ရေချိုးပြီးလို့ ယားချင်သလိုလို ဖြစ်လာရင်:

အသားမခြောက်တခြောက် အနေအထားမှာတင် Trisol လေးကို အမြန်ထုတ်ပြီး ပါးပါးလေး လိမ်းပေးလိုက်ပါ။ ရေချိုးပြီးခါစ ပွင့်နေတဲ့ ချွေးပေါက်တွေထဲကို အမြန်ဆုံး စိမ့်ဝင်သွားပြီး ယားယံတာကို ချက်ချင်း ငြိမ်သက်သွားစေမှာမို့လို့နော်။✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address

Pyi Daung Su Main Road, Myanmar, 11412
Yangon