Cho’s shop

Cho’s shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cho’s shop, Health/Beauty, NyaungTone Street, Sanchaung Township, Yangon.

10/10/2025

မင်မင်တို့ဆီက မှာနေကျ Customer က လက်ဆောင်ပေးချင်လို့ဆိုပြီး ထပ်ပြီးအများကြီးမှာသွားပါတယ်
ဆိုင်က မြိတ်ငပိကို မစားဖူးသေးရင်လေ မှာပြီးစားကြည့်နော် မှာနေကျသူတွေကတော့ ခန ခန ထပ်မှာကြတယ်ရယ်
ငပိရော ငံပြာရည်ရော ဆိုင်မှာ Instock ရှိတာမလို့
မှာချင်ရင် Chat Box (or) 09250513729 ကို ဆက်သွယ်ပြီး မှာလို့ ရပါပြီနော် 🩷

29/07/2025

မင်မင်တို့ ခရီးသွားမှာမလို့ မသွားခင်ပုဇွန်ခြောက်လေးတွေ လျှော့ပြီး ရောင်းခဲ့ပေးမယ်နော်
နောက်တသုတ်က မင်မင်တို့ ခရီးကပြန်လာမှပို့မှာဆိုတော့ နည်းနည်းကြာအုန်းမှာမို့ အိမ်မှာကုန်ခါနီးပြီဆိုရင်ယူထားနော်
လက်ဖက်စားဆိုဒ် ပုံမှန်ဆိုင်မှာ တဆယ်သား ၁၅၀၀၀ရောင်းတာကို အခု ၁၃၀၀၀ နဲ့ဘဲယူနော်
ဆိုင်မှာလာယူရင်လဲရသလို Deli နဲ့လဲ မှာလို့ရပါတယ်ရှင်
09250513729 ကိုဖုန်းဆက်ပြီးလဲ မှာလို့ရပါတယ်နော်

19/07/2025

ဒီနေ့ ငှက်သိုက်တခါသောက်ပုလင်းလေးတွေ Order အတွက်လုပ်ရင်း ၃ဘူးလောက်ဘဲပိုလုပ်ထားလို့
လိုချင်ရင်ရပါအုန်းမယ်နော်

တခါသောက် 50ml - 8000 ပါ
(အချိုမပါပါဘူးရှင်)

ငှက်သိုက်ပေါင်းပြီးသားမှာချင်ရင် တရက်ကြိုမှာပေးရင်ရပါပြီနော် 🩷

18/07/2025

ပျားရည်လဲမေးနေကြလို့
ရောက်ပါပြီနော်
တပုလင်းကို ၅၀၀၀ ပါရှင် 🩷

တခြားလိုချင်တဲ့ပစ္စည်းရှိရင်လဲ Page Chatbox (or) 09250513729 ကို ဖုန်းဆက်ပြီးမေးလို့ရပါတယ်နော်
စမ်းချောင်းဆိုင်မှာလဲ လာကြည့်လို့ရပါတယ်ရှင် 🙏

14/07/2025

ပုံမရိုက်ရသေးပေမယ့် Customer တွေ မရလိုက်မှာစိုးလို့ ကြားဖြတ်ပြီးတင်လိုက်ပါတယ်နော်

ခနခန ရောက်ပြီလား မေးနေတဲ့ မြိတ်ဒူးရင်းယိုရောက်ပါပြီနော် ၂၀သား တဘူးကို ၁၃၀၀၀ ပါရှင်
အများကြီးတော့ မရောက်ထားတာမလို့ မြန်မြန်လေးမှာပေးကြပါနော်

Page Chat box (or) 09250513729 ကိုဆက်သွယ်ပြီးမှာလို့ရပါပြီရှင် 🩷

11/07/2025

Cho’s Shop ရဲ့ best seller တွေထဲကတခုဖြစ်တဲ့
အရောအနှောကင်းသဘာဝကမ်းဇော်ဆီ စစ်စစ်ပါ။

~အဆစ်အမြစ်ကိုက် အကြောတက် အဆစ်ရောင် ခြေလက်ထုံကျင်ကိုက်ခဲခြင်း။

~ထိခိုက်ရှနာများ အနာစိမ်း သွေးစုနာ အပူလောင်ဒဏ်ရာ အိပ်ရာပူလောင်နာများ အရေပြားနီမြန်းခြင်း အကြိတ်အဖုများ သွားဖုံးနာတာတွေအတွက်လဲ လိမ်းလို့ရပါတယ်။

~အစာအိမ်ရောဂါ ချောင်းဆိုးသွေးပါရောဂါများအတွက် ပျားရည်နဲ့ရောပြီး သောက်သုံးနိုင်ပါတယ်။

ဆိုင်မှာတော့လောလောဆယ် ပုလင်းဆိုဒ် (၃) ဆိုဒ်ရှိပါမယိနော် ပုလင်းဆိုဒ်ဘဲကွာပြီး အထဲကပါဝင်ပစ္စည်းကတော့တူတူပါဘဲရှင်။

စျေးနှုန်းသိချင်တာဖြစ်ဖြစ် မြိတ်ကတခြားပစ္စည်းလေးတွေမှာချင်တာဖြစ်ဖြစ် Page Chat Box (or) 09250513729 ကိုဆက်သွယ်ပြီး မေးမြန်းလို့ရသလို စမ်းချောင်းဆိုင်မှာလဲ လာကြည့်လို့ရပါတယ်ရှင် 🩷

06/07/2025

ပစ္စည်းမှာချင်ရင် 09250513729 ကိုပြန်ဆက်မေးလို့ရပါပြီနော်
SIM card တွေ ပြန်လျှောက်ပြီးပြီမို့ ပစ္စည်းလိုချင်ရင် ဟဲလိုလိုက်တော့နော် 🌈

မြိတ်ကပစ္စည်းတွေ လိုအပ်တာများရှိရင် Page Chat Box ကိုဖြစ်ဖြစ် 09250513729 ကို ဆက်သွယ်ပြီး အားမနာတမ်းစုံစမ်းနိုင်ပါပြီနော်
ဆိုင်ကိုလာဝယ်ချင်ရင် စမ်းချောင်းမှာ လာမေးလို့ရပါပြီရှင်
🩷

04/07/2025

Page ကို run နေတဲ့ 09250513729 ဖုန်းအခိုးခံလိုက်ရလို့
ဖုန်းမှာဖွင့်ထားတဲ့ Cho Cho Thet account ပါ ပါသွားတဲ့အတွက်
ဖုန်းဆက်ပြီး ပစ္စည်းမေးလို့မရရင် Page ရဲ့ Chat Box လေးမှာတချက်မေးပေးပါနော်
09250513729 နံပါတ်နဲ့ Viber ကဖြစ်စေ
Cho Cho Thet Facebook account ကဖြစ်စေ ငွေရေးကြေးရေး ကိစ္စချေးငှါးတာ တခုခုရှိရင် Account ပိုင်ရှင်မဟုတ်တဲ့အတွက် တာဝန်မယူပါဘူးရှင်
ပစ္စည်း တခုခုလိုချင်တာရှိရင် Page Chat Box မှာတိုက်ရိုက်လာမေးပေးပါနော်

ယူသွားတဲ့သူလဲ ကျန်းမာချမ်းသာပါစေနော်

13/06/2025

မြိတ်ကပစ္စည်းလေးတွေထပ်ဝင်ထားပါတယ်ရှင်
ဒီတခါတော့ ခနခနလာမေးနေကြတဲ့ ဒူးရင်းယိုရော
ငပိထောင်းရော ရောက်တာနဲ့ ကုန်တဲ့ ပုဇွန်ခြောက်ရော
မြိတ်မဆလာအပြင် ပျားရည်ပါပြန်ဝင်လာပါပြီ
ဆိုင်မှာ ငှက်သိုက်နဲ့ ကမ်းဇော်ဆီလဲ ပြန်ဝင်ထားတာမလို့
လိုတာရှိရင် CB (or) 09250513729 ကိုဆက်သွယ်ပြီးမှာလို့ရပါပြီနော်
စျေးလေးရောအသေးစိတ် မင်မင်နောက်နေ့တင်ပေးမှာမလို့
Stay tuned ပါနော်ရှင် 🩷

31/05/2025

ဒူးရင်းသီးတွေအစားများလို့အပူကန်ပြီး မိတ်တွေထွက်နေလား???

မိုးရာသီရောက်ပြီဆိုတော့ ခြေလက် အဆစ်အမြစ်တွေ ကိုက်ခဲနေပြီလား ???

ပုလဲဒေဝီက ကရမက်သနပ်ခါး တောင်တန်ကြီးသနပ်ခါးလေးတွေ ဆောင်ထားနော်။

ကရမက်သနပ်ခါးက အပူကြောင့်ဖြစ်တဲ့ မိတ်ဖု ယားနာဖုတွေကို သက်သာစေပြီး ခန္ဓာကိုယ်အပူများသူတွေ အတွက်သင့်တော်ပါတယ် ။

ခြေလက်အဆစ်အမြစ် ကိုက်ခဲသူတွေ၊ အညောင်းမိပြီး အကြောတက်နေတဲ့သူတွေကတော့ တောင်တန်ကြီးသနပ်ခါးလေးကို လိမ်းပါနော်။

ဆိုင်မှာ အသင့်လိမ်းလို့ရတဲ့ သနပ်ခါးအရည်ဘူးအပြင် ကိုယ်တိုင်သွေးလိမ်းရမှဆိုတဲ့သူတွေအတွက် သနပ်ခါး အခဲပါရပါတယ်ရှင်။

ကရမက်သနပ်ခါးအရည်- ၂၅၀၀
ကရနက်သနပ်ခါးအခဲ- ၁၂၀၀
တောင်တန်ကြီးသနပ်ခါးအရည်- ၂၀၀၀
တောင်တန်ကြီးသနပ်ခါးအခဲ- ၁၀၀၀

Page မှာတင်ထားတဲ့ပစ္စည်းတွေမဟုတ်ဘဲမြိတ်ဒေသထွက်ပစ္စည်းများမှာယူချင်ရင် Page chat box (သို့) 09250513729 ကိုဆက်သွယ်ပြီး အားမနာတမ်းစုံစမ်းနိုင်ပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

NyaungTone Street, Sanchaung Township
Yangon