Nacific Myanmar-Official

Nacific Myanmar-Official

Share

Nacific Skin Care product များကို လက်လီ/ လက်ကား ဝယ်ယူနိုင်ပါသည်

29/07/2026

🪷 ကြည်လင်အေးမြတဲ့ စိတ်နှလုံးနဲ့အတူ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ့် ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ 🪷

မင်္ဂလာရှိတဲ့ ဝါဆိုလပြည့်နေ့ အခါသမယမှာ ချစ်ရတဲ့ Nacific Fan လေးများအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းသာယာပြီး သဘာဝအတိုင်း ဝင်းပကြည်လင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Nacific Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🪷🪷🪷

28/07/2026

စေးကပ်ကပ်နဲ့ ပြစ်နှစ်ပြီး အဆီပြန်နေတဲ့ Body Lotion အစား လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်ကာ သဘာဝအတိုင်း အသားအရေ အိအိစိုစိုနဲ့ အလှပိုချင်တဲ့အခါ Nacific Signature body Lotion ကို လိမ်းလိုက်ပါ 🥰🥰🥰

25/07/2026

🌿 အဆီဖု၊ ချွေးပေါက်ကျယ်နဲ့ အသားကြမ်းလို့ စိတ်ညစ်နေရသူတွေအတွက် 🌿

NACIFIC Fresh Herb Origin Toner လေးရှိရုံနဲ့ အသားအရေပြဿနာတွေကို ကင်းဝေးစေတော့မှာပါ~

✨ Fresh Herb Origin Toner ရဲ့ အဓိက ကောင်းကျိုးတွေကတော့ ...

💧 အဆီဖုနှင့် အသားကြမ်းခြင်းကို သက်သာစေခြင်း

💧 ချွေးပေါက်များကို သိသိသာသာ ကျဉ်းစေခြင်း

💧 အသားအရေအတွက် လိုအပ်သော ရေဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်း

ကဲ ... Origin Toner ဆိုတာ နေ့ရက်တိုင်းမှာ ကျန်းမာ စိုပြေကြည်လင်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲနော် 🌼🌿✨

21/07/2026

"Skincare အဆင့်တွေ အများကြီးလုပ်ရမှာ ပျင်းတယ်...အချိန်မရဘူး" ဆိုတဲ့ ညိုကီတွေအတွက် နေ့စဉ် ၅ မိနစ်စာအချိန်ပေးရုံနဲ့ သန့်ရှင်းလန်းဆန်းပြီး ကြည့်ကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မယ့် NACIFIC Skincare Combo လေး ရှိပါတယ် ✨✨✨

🌿 Simple & Effective 4-Step Routine က ဘာတွေလဲဆိုရင် ...

Super Clean Foam Cleanser 🧼

တစ်နေကုန် အလုပ်လုပ်လို့၊ အပြင်ထွက်လို့ ကပ်ကျန်ခဲ့တဲ့ ဖုန်၊ ဂျေးနဲ့ ဆီတွေကို အနက်ရှိုင်းဆုံး သန့်စင်ပေးမှာပါ။ အသားအရေကို မခြောက်ကပ်စေဘဲ မျက်နှာသစ်ရုံနဲ့ စိုပြေလန်းဆန်းစေပါတယ်။

Fresh Herb Origin Toner 💧

သန့်စင်ပြီးသား အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ အဆီပြန်တာကို ထိန်းညှိပေးလို့ အမျိုးသားတွေနဲ့ အကိုက်ညီဆုံး Toner ပါပဲ။

Sun Essence (UV Protection) ☀️

နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖုန်းနဲ့ အခြားသော Device တွေကထွက်တဲ့ blue rays တွေကြောင့် အသားအရေ ပျက်စီးတာ၊ အမဲစက်စွဲတာတွေကို ကာကွယ်ဖို့ Sun Essence က မရှိမဖြစ်ပါ။ အဖြူကွပ်မဖြစ် စီးကပ်ခြင်းမရှိဘဲ ပေါ့ပါးစွာနဲ့ စိမ့်ဝင်လွယ်ကာ အသားအရေကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။

Phyto Niacin Brightening Tone-Up Cream ✨

ခုလိမ်း ခုဖြူစေလို့ အသားအရေကို ချက်ချင်း လင်းလက်ကြည့်ကောင်းသွားစေပြီး ပုံမှန်အသားအရေထက် တစ်ဆင့်ဖြူကာ ညီညာတဲ့ Skin tone ကို ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်စွဲသုံးပေးရင် အမဲစက်တွေကို သက်သာစေလို့ ကြည့်ရတာ Fresh ဖြစ်နေစေမှာပါ။

ဒီ (၄) မျိုးရှိရုံနဲ့ အသားအရေကို သန့်စင်၊ စိုပြေ၊ လင်းလက်နေစေမှာမို့ daily life မှာ အလုပ်မရှုပ်ဘဲ ကြည့်ကောင်းတဲ့ Confidence ကို ရရှိချင်တဲ့အမျိုးသားတိုင်း ဆောင်ထားသင့်တာ Nacific ရဲ့ ဒီ product တွေပါ ✨✨✨

20/07/2026

🍊 မှန်ကြည့်တိုင်း အဆီဖုတွေနဲ့ ချွေးပေါက်ကျယ်တာတွေကြောင့် စိတ်ညစ်နေရပြီလား 🍊

ဘယ်လောက်ပဲ မိတ်ကပ်တွေ ဖုံးဖုံး၊ မျက်နှာပြင်က အဆီဖုတွေကြောင့် မညီမညာဖြစ်ပြီး ချွေးပေါက်တွေကြားထဲ ကွက်ကျန်ခဲ့တာမျိုး ကြုံဖူးကြမှာပါ။ အသားအရေ ကြမ်းတမ်းပြီး အဆီပြန်လွန်းတဲ့ ဒီပြဿနာတွေကို အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ဆိုရင် အရေပြားရဲ့ pH Level ကို မျှတအောင် ထိန်းညှိပေးပြီး Skin Barrier ကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ချွေးပေါက်ကျယ်တာနဲ့ အဆီဖုပြဿနာတွေကို အရင်းအမြစ်ကနေ အပြီးတိုင် ဖြေရှင်းပေးမယ့် Nacific Fresh Herb Origin Toner & Cream ကို ညွှန်းပေးပါရစေ 🤦‍♀️💥🌱

Nacific ရဲ့ ဒီအတွဲထဲမှာပါဝင်တဲ့ Fresh Herb Origin Toner က Calendula Flower Water ကြောင့် အသားအရေကို ချက်ချင်း အေးမြလန်းဆန်းစေပြီး ချွေးပေါက်အတွင်းပိုင်းအထိ ရှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆီပြန်ခြင်းကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တဲ့အတွက် နောက်ထပ် အဆီဖုတွေ မဖြစ်အောင် တားဆီးပေးပြီး ချွေးပေါက်တွေကို ကျုံ့သွားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ Triple-layer moisture technology ပါဝင်တဲ့ Fresh Herb Origin Cream လေးနဲ့ အစိုဓာတ်ကို အပြည့်အဝ သိုလှောင်ပြီး ဖြည့်တင်းပေးမယ်ဆိုရင် အသားအရေ ကြမ်းတမ်းမှုကို အမြန်ဆုံး လျှော့ချပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို သိသိသာသာ ကျဉ်းသွားစေတဲ့အပြင် Anti-aging effect ပါဝင်လို့ အရေးအကြောင်းတွေကို လျော့ပါးစေကာ သဘာဝအတိုင်း ဝင်းပနုပျိုစေပါတယ် 🍊💧✨

အသုံးပြုပုံလေးကလည်း ဘယ်လောက်တောင်လွယ်ကူလဲဆိုရင် ... မျက်နှာသစ်ပြီးတာနဲ့ Toner လေးကို Toner ဂွမ်းလေးနဲ့ယူကာ မျက်နှာအနှံ့ ဖွဖွလေး သုတ်လိမ်းပေးပြီးနောက် Origin Cream လေးကို သင့်တင့်ရုံယူကာ မျက်နှာအနှံ့ ဖြန့်ပြီး လက်ချောင်းထိပ်လေးနဲ့ ဖွဖွလေးနှိပ်နယ်ကာ စိမ့်ဝင်စေရုံပါပဲ။ ဒီအတွဲလေးကို နေ့စဉ် ပုံမှန်လေး သုံးပေးသွားမယ်ဆိုရင်တော့ အဆီဖုတွေ ကင်းစင်ပြီး ချွေးပေါက်လေးတွေ ကျဉ်းကာ အသားအရေက ကြည့်လိုက်တာနဲ့ နူးညံ့ချောမွေ့တဲ့ Glass Skin လေးအဖြစ် ပြောင်းလဲသွားမှာ အသေအချာပဲမို့ ပစ္စည်းကောင်းလေးကို ဈေးတန်ချိန်မှာ အမြန်ဝယ်ယူလိုက်ပါ 💆‍♀️🧴❤️

16/07/2026

✨ Nacific ရဲ့ အနှစ်သက်ဆုံး Item လေးတွေကို "ရွှေအိုးဆေးဆိုင်" မှာ အလွယ်တကူ ဝယ်ယူလို့ရပြီနော် ✨

အသားအရေနဲ့ ဆံကေသာကို တစ်ပြိုင်နက်တည်း အပြည့်အဝ စောင့်ရှောက်မှုပေးမယ့် Nacific ရဲ့ နာမည်ကြီး ပစ္စည်းတွေကို အဝေးကြီး သွားရှာနေစရာမလိုတော့ပါဘူး 🥳🥳🥳

အခုဆိုရင် မိမိတို့နဲ့ နီးစပ်ရာ ရွှေအိုးဆေးဆိုင် (Shwe Ohh Pharmacy) ဆိုင်ခွဲတိုင်းမှာ အောက်ပါ Nacific Product တွေကို အဆင်သင့် ဝယ်ယူရရှိနိုင်ပါပြီ။

🌿 Nacific x Kundal Signature Perfume Personal Care (၄မျိုး)
မွှေးပျံ့တဲ့ရနံ့နဲ့အတူ အသားအရေနဲ့ ဆံကေသာကို တစ်နေကုန် လန်းဆန်းစေမယ့် -
🔹 Body Wash
🔹 Body Lotion
🔹 Shampoo
🔹 Hair Treatment

💚 Nacific Super Clean Foam Cleanser
မျက်နှာပေါ်က အညစ်အကြေးတွေကို အနက်ရှိုင်းဆုံးအထိ ပြောင်စင်အောင် သန့်စင်ပေးပြီး အသားအရေကို ကြည်လင်အေးမြစေမယ့် Foam Cleanser

လှပတဲ့ အသားအရေနဲ့ နူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ အခုပဲ နီးစပ်ရာ ရွှေအိုးဆေးဆိုင်ခွဲတွေမှာ Nacific Product တွေကို ဝယ်ယူလိုက်ပါနော် 🛒💨✨

15/07/2026

မိုးရာသီမှာ အသားအရေ ညစ်နွမ်းပြီး အဆီဖုတွေ ထွက်လာလို့ စိတ်ညစ်နေရပြီလား ❓🌧️✨

ဒီလို မိုးရွာလိုက်၊ စိုစွတ်လိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးမှာ အသားအရေကို ညင်သာစွာ ဆဲလ်သေချွတ်ပေးဖို့ (Soft Exfoliation) က အရမ်းအရေးကြီးပါတယ်နော် 👍👍👍

ပြင်းထန်တဲ့ Scrub တွေသုံးရင် အရေပြား နီမြန်းပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်လို့ အဲ့လိုမျိုးတွေမဖြစ်စေဘဲ စိတ်ချလက်ချ အသုံးပြုနိုင်မယ့် NACIFIC Pink AHABHA Toner & Serum Duo လေး ရှိပါတယ် 💕💕💕

🌸 Pink AHABHA Toner (150ml)

အသားအရေပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်။

သုံးပြီးရင် အသားအရေကို စိုစွတ်ကြည်လင်သွားစေတဲ့ ပထမဆုံးအဆင့် Skin Prep လေးပါ။

🌸 Pink AHABHA Serum (50ml)

AHA, BHA ပါဝင်မှုကြောင့် ချွေးပေါက်ပိတ်ဆို့တာတွေကို သန့်စင်ပေးပြီး အဆီဖု၊ ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို သက်သာစေပါတယ်။

အသားအရေကို နူးညံ့ချောမွေ့စေပြီး သဘာဝအတိုင်း ပန်းရောင်သန်းကြည်လင်တဲ့ Glow Skin လေးကို ပိုင်ဆိုင်စေမှာပါ။

မျက်နှာသစ်ပြီးနောက် Pink AHABHA Toner လေးကို ဂွမ်းဖတ်လေးနဲ့ ညင်သာစွာ သုတ်လိမ်းပြီး Pink AHABHA Serum လေးကို ၂ စက် ၃စက်လောက် မျက်နှာပေါ် နှံ့စပ်အောင် လိမ်းပေးလိုက်ရုံနဲ့ ဒီမိုးရာသီမှာ ချွေးပေါက်ပိတ်ဆို့ခြင်း ကင်းဝေးပြီး ကြည်လင်နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်မှာပါနော် 💗 🛍️✨

14/07/2026

အိပ်နေချိန်မှာတောင် အရေပြားထဲမှာရှိတဲ့ အစိုဓါတ်တွေအငွေ့မပျံစေဘဲ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီး အသားအရေလေးကို ပြင်ပလေထုထဲက ဖုန်မှုန်တွေမဝင်အောင် ကာကွယ်ပေးနိုင်တာ ကိုကြီးပါ အဲ ... မှားလို့ Nacific Whitening Sleeping Mask ပါ 🛡🛡🛡

နာမည်ကိုက Sleeping Mask ဖြစ်တာကြောင့် ညဘက်မှာ အဓိကသုံးရတာဖြစ်ပြီး ညဘက်သုံးတဲ့ Skin Care Step ရဲ့ နောက်ဆုံးအဆင့်မှာ သုံးပေးရမှာပါ ။ ပိုမိုထိရောက်စေဖို့ မအိပ်ခင် နာရီဝက်အလိုလောက်မှာ ကြိုလိမ်းပြီးမှ အိပ်သင့်ပါတယ်နော် .... သူ့ကိုသုံးရင် အသားအရေအတွက် ဘယ်လိုအကျိုးရှိမလဲဆိုရင်တော့ ...

၁ - Hyaluronic Acid (၇) မျိုး အထိတောင် ပြီးတော plant based extract တွေပါဝင်လို့ အသားရေတွက် လိုအပ်တဲ့ ရေဓာတ် ဖြည့်ပေးပြီး ကြည်လင်ဝင်းပ စေတယ်

၂ - 5% Niacinamide & Centella Asiatica လည်း အဓိက ပါဝင်လို့ အသားရေကို ဖြူဖွေးပြီး ကြည်လင်စေတယ်

၃ - အရေပြား နီမြန်း၊ ယားယံ၊ ရောင်ရမ်းတာတွေ သက်သာစေပြီး အေးမြစေမယ်

ရေဓါတ်ဖြည့်တဲ့နေရာမှာ သာမာန် Night Cream တွေထက်ပိုသာလွန်တဲ့ Supercharger sleeping mask ဟာ Nacific Phtyo Niacin Whitening Sleeping Mask ဖြစ်တာကြောင့် မနက်နိုးတာနဲ့ အသားအရေ စိုပြေလင်းလက်ကာ တောက်ပတဲ့မျက်နှာလေးကို ရရှိပိုင်ဆိုင်နေမှာ အသေအချာပါပဲနော် 💯💯💯

13/07/2026

မိုးတွင်းရောက်ပြီနော်။ NACIFIC ရဲ့ Fresh Cica တိုနာနဲ့ Fresh Cica Cream သုံးရင်း မိုးရေစက်တွေကြားမှာ အသားအရေကို ဂရုစိုက်လိုက်ပါ 🌧️🌧️🌧️

NACIFIC ရဲ့ Fresh Cica Toner နဲ့ plus clear cream က မျက်နှာပေါ်က ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပြီး ခြောက်သွေ့တဲ့အသားအရေ၊ Sensitive ဖြစ်လွယ်တဲ့အသားအရေနဲ့ Skin Barrier ပျတ်စီးနေတဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ကာ ဒီလမှာလည်း ဒီအတွဲက အတန်ဆုံး promotion နဲ့ ဝယ်ယူနိုင်မှာမို့ မိုးတွင်းမှာ ဝက်ခြံ၊ အမာရွတ်ကင်းတဲ့ ကြည်လင်သောမျက်နှာလေးအတွက် Nacific Cica set လေးသာ ဝယ်လိုက်ပါ 🍀🍀🍀

10/07/2026

Nacific Fresh Cica Plus Clear Cream ရဲ့ 50% OFF Grand Promotion ရှိနေတုန်းမှာ မြန်မြန်လေးသာ ဝယ်ယူလိုက်ပါနော် 📢✨📢

"Sensitive ဖြစ်လွယ်တယ်၊ အသားအရေ ခြောက်သွေ့တယ်၊ Skin Barrier ပျက်စီးနေတယ်" ဆိုရင်... သဘာဝရဲ့ နက်ရှိုင်းတဲ့ ကုသနိုင်စွမ်းနဲ့ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးမယ့် ဒီ Cica Cream လေးက အကောင်းဆုံး အဖော်မွန် ဖြစ်မှာပါ 💚💚💚

ဒီလထဲမှာတင် တစ်ဝက်တိတိ (50%) လျှော့စျေးနဲ့ ရောင်းချပေးနေတာမို့ စျေးအသက်သာဆုံးနဲ့ စိတ်ကြိုက် ဝယ်ယူစုဆောင်းထားနိုင်မယ့် အခွင့်အရေးကြီးပဲ ဖြစ်ပြီး ⚠️ Stock က အကန့်အသတ်နဲ့ပဲ ရှိတာမို့လို့ အမြန်ဆုံး လက်ဦးမှု ရယူလိုက်ကြစို့နော် 🤗✨🛒

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 92, ဦးအောင်ကိန်းလမ်းသွယ်၊ သံလွင်လမ်း
Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00