Ye Wint Thu Pharmacy & Pride Services
အင်္ဂလိပ်ဆေး အမျိုးမျိုး၊ ဗမာဆေး အမျိုးမျိုး ရောင်းဝယ်ရေး။ Pride Services အမျိုးမျိုး ရရှိနိုင်ပါသည်။
23/09/2026
Diclo Gel သည် ကြွက်သားများနှင့် အဆစ်များတွင် ရောင်ရမ်းခြင်းနှင့် မအီမသာဖြစ်ခြင်းကို လျှော့ချပေးပြီး နာကျင်မှုကို လျှင်မြန်စွာ သက်သာစေပါသည်။
သောက်ဆေးများကဲ့သို့ အစာအိမ် အမြှေးပါးကို ထိခိုက်စေခြင်း သို့မဟုတ် အစာအိမ်ရောင်ခြင်း၊ အနာဖြစ်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနိုင်ခြေ လွန်စွာ နည်းပါးပါသည်။Gel ပုံစံ ဖြစ်သောကြောင့် အရေပြားထဲသို့ စိမ့်ဝင်လွယ်ပြီး စီးကပ်မှုဘဲသက်သောင့်သက်သာ ရှိစေပါတယ်။
ခါး၊ ဒူး၊ ပုခုံး၊ လည်ပင်း ဘာပဲနာနာ...
နာတဲ့နေရာလေးမှာ ခပ်ပါးပါး လိမ်းပေးလိုက်ရုံနဲ့ နာကျင်ရောင်ရမ်းမှုကို ထိရောက်စွာ သက်သာစေပါတယ်။
Rabies (ခွေးရူးပြန်ရောဂါ)
ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies virus) ကြောင့်ဖြစ်ပြီး ရောဂါပိုးရှိသော တိရစ္ဆာန်များမှ အခြားတိရစ္ဆာန်များ (သို့မဟုတ်) လူကိုကိုက်မိခြင်းကြောင့် ဗိုင်းရပ်စ်ပိုးပါဝင်သည့် တံတွေးများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။
လူများ၏ ပွန်းပဲ့ဒဏ်ရာဖြစ်နေသော အရေပြား (သို့မဟုတ်) မျက်လုံး (သို့မဟုတ်) ပါးစပ်ကဲ့သို့သော အင်္ဂါအမြှေးပါးများနှင့် ရောဂါပိုးရှိသော တိရစ္ဆာန်တို့၏ တံတွေးနှင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ခြင်းဖြစ်သည်။ ပေါက်ပြဲခြင်းမရှိသော အရေပြားအကောင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်ခြင်းမရှိပါ။
ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် အာရုံကြောများမှတစ်ဆင့် ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် အာရုံကြောမကြီး)ထံသို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။ ဦးနှောက်သို့ရောက်ရှိပြီး ထိခိုက်ပျက်စီးမှုများကြောင့် ရောဂါလက္ခဏာများ (ဥပမာ – သတိလစ်ခြင်း၊ တက်ခြင်း) ဖြစ်ပေါ်လာပြီး ပြန်လည်နိုးထရန်ခက်ခဲသော သတိလစ်ခြင်းဖြစ်ပေါ်၍ နောက်ဆုံးတွင် အသက်သေဆုံးစေသည်။
ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် ရက်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သည်။ ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာစတင် ဖြစ်ပေါ်သည့် ကြားကလ (incubation period) သည် ယေဘုယျအားဖြင့် အချိန် (၂) လမှ (၃) လအထိ ကြာမြင့် တတ်သည်။ သို့သော် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည့်နေရာ နှင့် ဝင်ရောက်သွားသော ဗိုင်းရပ်စ်ပိုး ပမာဏတို့အပေါ်တွင် မူတည်၍ ထိုကာလသည် တစ်ပတ်မှ တစ်နှစ်အထိ ကြာမြင့်နိုင်သည်။ ဦးနှောက်နှင့် ပို၍ နီးနီး အကိုက်ခံရလျှင် ရောဂါလက္ခဏာများ ပို၍ စောစောဖြစ်ပေါ်လေ ဖြစ်သည်။ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည့် အချိန်တွင် ခွေးရူးပြန်ရောဂါသည် ကုသ၍ မရနိုင်တော့ဘဲ အသက်သေဆုံးနိုင်သောကြောင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိသူ မည်သူမဆို ရောဂါလက္ခဏာများကို စောင့်ကြည့်ခြင်း မပြုလုပ်ဘဲ ချက်ချင်းဆေးကုသမှု ခံယူရန် အရေးကြီးသည်။
ရောဂါလက္ခဏာများမှာ_
လှုံ့ဆော်မှုမဲ့ အာရုံမှားများ ခံစားရခြင်း(hallucinations)
လှုပ်ရှားမှုလွန်ကဲခြင်း (hyperactivity)
စိတ်လှုပ်ရှားခြင်း၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ရန်လိုခြင်း (agitation, restlessness, aggression)
ရေကြောက်ခြင်း (hydrophobia)
လေကြောက်ခြင်း (aerophobia)
တက်ခြင်း (seizures)
ကြွက်သားလှုပ်ခြင်း (fasiculations)
ဖျားခြင်း (fever)
ရင်တုန်ခြင်း (tachycardia)
အသက်ရှူမြန်ခြင်း (hyperventilation)
တံတွေးအလွန်အမင်းထွက်ခြင်း (excessive salivation)
မျက်နှာရွဲ့ခြင်း (facial paralysis)
အစာမျိုရခက်ခြင်း (difficulty in swallowing) တို့ဖြစ်သည်။
မည်သည့်တိရစ္ဆာန်မဆို အကိုက်ခံရပါက သို့မဟုတ် ခွေးရူးပြန်ရောဂါရှိသည်ဟု သံသယရှိသော တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ ချက်ချင်းသွားရောက် ကုသမှု ခံယူရန် လိုအပ်သည်။
ခွေးရူးပြန်ရောဂါလက္ခဏာများသည် ဦးနှောက်ရောင်ရောဂါလက္ခဏာများနှင့် ဆင်တူသည်။ သို့ဖြစ်ရာ တစ်စုံတစ်ဦးသည် ဦးနှောက်ရောင် လက္ခဏာများရှိပြီး တိရစ္ဆာန်အကိုက်ခံရဖူးပါက ခွေးရူးပြန်ရောဂါကို ဦးစားပေးထည့်သွင်းစဥ်းစားလေ့ရှိသည်။
ခွေးရူးပြန်ရောဂါဖြစ်ပြီဆိုလျှင် ကုသရန်ဆေးဝါးမရှိပါ။ ထို့ကြောင့် ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ခွေးရူးပြန်ရောဂါကူးစက်နိုင်သော တိရစ္ဆာန်များ အကိုက်ခံရလျှင်_
အကိုက်ခံရသည့် ဒဏ်ရာကို သေချာစွာ ဆေးကြောသန့်ရှင်းရမည်၊ အကိုက်ခံရသည့်ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် (၁၅) မိနစ်ခန့်ကြာအောင် သေချာစွာ ဆေးကြောရမည်
အနာကို ပိုးသတ်ဆေးရည် (အရက်ပြန်၊ ဘီတာဒိုင်း)နှင့် သန့်ရှင်းရေး ထပ်မံပြုလုပ်ရမည်
သွေးထွက်နေလျှင် သန့်ရှင်းသောအဝတ်နှင့် သွေးတိတ်အောင် ဖိထားရမည်
နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ တိုင်ပင်ပြသပြီး လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးထိုးရမည်။
အထက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
ခွေးရူးပြန်ရောဂါသည် ရောဂါဖြစ်လျှင် ကုသဆေး မရှိသည့်အတွက်ကြောင့် အသက်သေဆုံးနိုင်ခြေ ၁၀၀% ရှိသည်။ ထို့ကြောင့် ခွေးရူးပြန်ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။
Updated Stock List
-ဂျာစိမ်း 1ml ( 1 A/ box)
-ဂျာညို 1 ml ( 3A / box)
-Pakistan 1 ml ( 3A / box )
-Musclemax Enanthate 10 ml
-Keifei ( Enanthate, Cypionate) 10 ml
-Phama Test E250mg 1ml/1A
T Gel လေးတွေ ပစ္စည်းလေး ပြတ်နေပါတယ်ရှင် ။ ရရင် Pageမှာ တင်ပေးပါမယ် ရှင့်။
ဆိုင် Ph no 09 664 672 474 ( or) Page messenger မှ တစ်ဆင့် ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့် 🥰။
04/09/2026
ရင်သွေးငယ်လေးတွေ သက်သောင့်သက်သာနဲ့ အိပ်စက်နိုင်ဖို့ Lovely Baby Diaper! 👶✨
မေမေတို့ရေ... ဘေဘီလေးတွေ ညဘက် ကောင်းကောင်းမအိပ်ရတာ၊ သေးယိုစိမ့်လို့ နိုးလာတာမျိုးတွေဖြစ်ပြီး စိတ်ညစ်နေရပြီလား?
နူးညံ့ပျော့ပျောင်းမှုနဲ့ စုပ်ယူအားကောင်းမွန်မှုကို ဦးစားပေးထုတ်လုပ်ထားတဲ့ Lovely Baby Super Soft Pants Diapers လေး ရှိတယ်နော်။
✨ ဘာလို့ Lovely Baby ကို ရွေးချယ်သင့်တာလဲ?
* **Super Soft အသားအမျိုးအစား** ဖြစ်လို့ ကလေးငယ်လေးများရဲ့ နုနယ်တဲ့အသားအရေလေးကို ပွန်းပဲ့ခြင်း၊ အနီစက်ထွက်ခြင်းတို့မှ ကာကွယ်ပေးပါတယ်ရှင်။
* **ဆီးစုပ်အား အထူးကောင်းမွန်ခြင်း** ကြောင့် တနေကုန် စိုစွတ်မှုဒဏ်မှ ကင်းဝေးစေပြီး အညှော်ခံနိုင်စွမ်း အလွန်ကောင်းမွန်ပါတယ်။
* **Pull-up ပုံစံ** ဖြစ်တာကြောင့် ကလေးငယ်လေးတွေ လှုပ်ရှားကစားတဲ့အခါမှာရော၊ ဝတ်ဆင်ပေးရတဲ့အခါမှာပါ အလွန်အမင်း သက်တောင့်သက်သာ ရှိစေပါတယ်။
* အရွယ်အစားစုံလင် ရရှိနိုင်တာကြောင့် ကလေးငယ်ရဲ့ ကိုယ်အလေးချိန်နဲ့ အံကိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။
💯 အရည်အသွေးမြင့်မားပြီး ဈေးနှုန်းလည်း သင့်တင့်တာကြောင့် မိခင်တိုင်းရဲ့ အသည်းစွဲ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 9
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 8
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 7
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 6
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 5
Testo ထိုးနေတဲ့ Transman များ ကျန်းမာရေးအတွက် ဘာတွေ စစ်ဖို့ လိုအပ်လဲ?
Part 4
Category
Address
Yangon
11052
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Ye Wint Thu Pharmacy & Pride Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.