Hale Beauty & Spa
Honestly & Excellent service
15/05/2019
⛔️အဝလွန်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ⛔️
⛔️အခုခေတ်မှာ အဝလွန်ခြင်းကို ရောဂါတခုဟု 👩⚕️👨🏻⚕️ဆရာဝန်များက သတ်မှတ်လာကြပါပြီ ဒါကြောင့် မိမိ ခန္ဓာ ကျန်းမားရေကို အထူးဂရုစိုက်သင့်ပါပြီနော် 🧐🧐🧐
⛔️အဝလွန်ခြင်းကြောင့် ပထမဦးဆုံး အဖြစ်များတာကတော့ Mentally ထိခိုက်မူတွေပါ 😣😣😣
❌အဝတ်အစားတွေ စပြီ မတော်တော့ဘူး👚👕
💔သူငယ်ချင်းတွေနဲ့တွေ့တိုင်း 👉နင်ဝလာတယ်နော် လို့နူတ်ဆက်ခံရတာတွေ 😓😓😓
😞ကိုယ့်ကကိုယ် confidence တွေမရှိတော့ရာကနေ Depression တွေဝင်လာတတ်ပါတယ် 🥺🥺🥺
⛔️ဒုတိယအနေနဲ့ Physically ထိခိုက်မူတွေရှိလာပါတယ်
❌အသွားအလာ နှေးကွေးလာခြင်း 🚶♀️🚶♂️
😰မောပန်းလွယ်ခြင်း ချွေးထွက်များခြင်း🥵🥵🥵
🤦♀️အထိုင်အထ ခက်ခဲလာခြင်း အသက်ရှူမဝခြင်း
🤬ဒေါသဖြစ်လွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်
⛔️တတိယအချက်အနေနဲ့ကတော့ အများသိတဲ့ ရောဂါတွေ နောက်ဆက်တွဲဖြစ်လာတတ်ပါတယ်
🔺ဆီးချို ၊ သွေးတိုးရောဂါ
🔺သွေးကြောထဲမှာ Cholesterol များခြင်းကြောင့် နှလုံးရောဂါ လေဖြန်းခြင်း
🔺အသဲ အဆီဖုံးခြင်း ၊ သည်းခြေအိတ်ရောဂါ
🔺အဝလွန်ခြင်းကြောင့် အရိုးအဆစ်နာကျင်ခြင်း joint pain ဖြစ်ခြင်း
🔺အိပ်ဆက်ရာတွင် 😨အသက်ရှုမဝခြင်း 😑အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါတွေအပြင်
🔺ကင်ဆာ ရောဂါကိုလဲ ဖြစ်စေနိုင်ပါတယ် 🦠🦠🦠
✅ဒါကြောင့် မိမိကိုယ်တိုင်အနေနဲ့ရော ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေတွေကိုပါ အဝလွန်ခြင်းမှ ကင်းဝေးစေဖို့ Sharing လေးလုပ်ပြီ သတိပေးလိုက်ကြရအောင်💪💪💪
အားလုံး အဝလွန်ခြင်းမှ ကင်းဝေးပြီ ကျန်းမာပျော်ရွင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ 😇😇😇
08/04/2019
How to know I am Overweight or Obese ???
သင်အဝလွန်နေပြီလား??? ဘယ်လိုသိနိုင်မလဲ???🤔🤔🤔
မိမိ ကိုယ်တိုင် စမ်းစစ်ကြည့်ရအောင်......
လွယ်ကူရိုးရှင်းတဲ့ BMI တွက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင့်။☺️☺️☺️
မိမိရဲ့ အလေးချိန် (lb) ပေါင်ကို 703 နှင့်မြှောက်ပေးပါ။
ရလာဒ်ကို မိမိ အရပ် (inches )လက်မကို နှစ်ဆယူပြီ စားပေးရပါမယ်ရှင့်။ နားလည်လွယ်အောင်👇👇👇 အောက်မှာ ပုံနှင့်တကွ Example လေးတွက်ပြပေးထားပါတယ်ရှင့်။
ရလာဒ်
💥18.5 ထက် နည်းနေရင် အရမ်းပိန်နေပါတယ်။
💥18.6-24.9 ထဲဝင်နေရင်တော့ ကျန်းမာတဲ့ အလေးချိန်ကိုပိုင်ဆိုင်ထားပြီပေါ့။
💥25-29.9 ဆိုရင် overweight ထဲဝင်နေပါပြီရှင့်။
💥30-34.9 ထဲဆို obese ထဲရောက်သွားပြီမို့ အထူးဂရုစိုက်ဖို့လိုပါတယ်။
ဒီလိုရိုးရှင်းတဲ့ နည်းလမ်းလေးနဲ့ မိမိ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းတဲ့ ကိုယ်အလေးချိန် မှန်ရဲ့လားလို့ စစ်ဆေးနိုင်ပြီပေါ့။
အားလုံး အဝလွန်းခြင်းမှကင်းဝေးပြီ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ့်ကိုပိုင်ဆိုင်နိုင်ကြပါစေ။😇😇😇
Sharing is caring မို့ များများ Share ပြီ မျှဝေလိုက်ကြရအောင် 🥰🥰🥰
28/03/2019
Why We Get Fat ??? 😖😖😖
✋ဝလွယ်စေခြင်း အချက် ၅ ချက်။
၁။ ပင်ကို သဘာဝအရ🤷♂️🤷♂️🤷♂️
အသက်နှစ်ဆယ်ကျော်လာတာနဲ့ကျွန်တော်တို့ရဲ့ဇီဝကမ္မလုပ်ဆောင်မှုတွေက ပိုပိုပြီးနှေးလာပါတယ်။ ကိုယ်ခန္တာမှာရှိတဲ့ Cell တွေကလဲ အစားအစားက ရတဲ့ engery ကို ထုတ်ယူသုံးဆွဲမူတွေ ပိုပြီးနည်းလာပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာဆိုရင် ပိုပြီသိသာလာပါတယ်။အသက် ၃၀နားကပ်လာလေလေ အဝလွယ်လေ ဖြစ်လာပါတယ်။ ဒါဟာ ခန္တာကိုယ်ရဲ့ဇီဝကမ္မတွေ ပိုပိုပြီးနှေးလာတာရဲ့ ပြရုပ်တွေပါ။
၂။ အစားအသောက်🍚🍔🍟🍝🍩
ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ကလဲ အရေးကြီးပါတယ်ရှင့်။ ကာဗွန်ဟိုက်ဒရိတ် များများပါတဲ့ ဂျုံ ဆန် ၊ အရက် အချိုရည်ဘူးတွေနဲ့ Sugar ပါဝင်မှုများတဲ့ အချိုအစိမ့် အဆီပါဝင်မှုများတဲ့ အစားစားတွေက ကျွန်တော်တို့ကို ဝလွယ်စေပါတယ်။
၃။ ကိုယ်လက်လှုပ်ရှားမှု 🚶♀️🚶♂️🏃♀️🏃♂️
ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းဟာလဲ အဆီတွေကို ခန္တာကိုယ်အတွင်း သိုလှောင်ထားသလိုဖြစ်စေပါတယ်။ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့ အမျှ လှုပ်ရှားမှုတွေနည်းပါးလာခြင်းဟာလဲ အကြောင်းရင်းတချက်ပါ။ ကျွန်တော်တို့ စားသောက်တဲ့ အစားအသောက်ထဲမှာ အဆီအစိမ့်များခြင်းဖြင့် ခန္တာကိုယ်ကို လေးလံစေပြီ လှုပ်ရှားမှုကိုနည်းစေပါတယ်။ အထူးသဖြင့် ရုံးပိုင်းဆိုင်ရာ အလုပ်လုပ်နေကြရတဲ့ ကိုကို မမတွေအတွက် အထိုင်များခြင်းကြောင့်လဲ ဗိုက်ခေါက်ထွက်လွယ် ဝလွယ်စေပါတယ်။
၎။ Stress များခြင်း 💆♀️💆♂️
အခုခေတ် လူကြီး လူငယ်မရွေး ခေတ်ကာလကြောင့် Stress မျိုးစုံရဲ့ ဖိစီးနှိပ်ဆက်မှုကို ခံစားနေရပါတယ်။ အပြိုင်အဆိုင်များတဲ့ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ကြောင့် ခလေးမှအစ သက်ကြီးရွယ်အိုတွေအထိ Stress နဲ့ မကင်းကြရပါဘူး။
Stress များခြင်းဟာ ခန္တာကိုယ်အတွင်းရှိ ဟော်မုန်းတွေကိုလှုပ်ဆော်ပေးခြင်းဖြင့် Glucoses အထွက်များခြင်းကြောင့် ဝလွယ်စေပါတယ်။
၅။ မျိုးရိုးဗီဇ 🧬🦠🧬
တချို့ မျိုးရိုးဗီဇကြောင့်လဲ ငယ်စဉ်ကလေးဘဝထဲက အဝလွန်ခြင်းဖြစ်စေပါတယ်။
✋ဒီ အဓိက 👉အချက် ၅ ချက်ဟာ ကျွန်တော်တို့ကို ဝလွယ်စေခြင်းအကြောင်းတရားတွေပါ။
အခုခေတ်မှာ အဝလွန်းခြင်းကို 👨🏻⚕️👩⚕️ဆရာဝန်များကိုယ်တိုင်က ရောဂါတခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ အဝလွန်းခြင်းဟာ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရောဂါဝေဒနာတွေကိုပါဆောင်ကျဉ်းလာစေပါတယ်။
ဒီအချက်တွေကိုသာ ကျွန်တော်တို့ သင့်သင့်မျှတအောင်ဆင်ခြင်သုံးသပ် ထိန်းညှိသွားမယ်ဆို အဝလွန်ခြင်းမှ ကင်းဝေးစေမှာပါ။😊😊😊
အဝလွန်းခြင်းမှ ကင်းဝေးကြပါစေ။ ☺️☺️☺️
20/03/2019
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |