Becoming Her with Zuria

Becoming Her with Zuria

Share

✨"အမျိုးသမီးတို့ ကျစ်လစ်လှပဖို့
Zuria နဲ့ ဆက်သွယ်စို့"✨
healthy lifestyle

https://t.me/Zuria_Zuri

tiktok.com/@zuri_zuri25

Photos from Becoming Her with Zuria 's post 21/07/2026

🏋️‍♀️ Leg day ဆိုတာနဲ့ အပေါက်ဝက လှည့်ပြန်ချင်တဲ့ သူတွေရှိလား...

ဆရာကတော့ အားမရဘူး၊ "အလေးထပ်တိုးမယ်" တဲ့။ Zuria ကဒီဘက်က မျက်နှာတွေနီရဲနေပြီ၊ မိတ်ကပ်တွေကလည်း ချွေးနဲ့ရောပြီး အရည်ပျော်ကျကုန်ပြီ 🥹 ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း… Gym သွားဖို့ တစ်ခါမှ မပျင်းဖူးဘူး။
စက်ပေါ်မှာ၊ ကာယလေ့ကျင့်ခန်း လုပ်နေတဲ့အချိန်တိုင်း“ငါ ပိုပိုပြီး Fit ဖြစ်လာတော့မယ်၊ ပိုကြည့်ကောင်းလာတော့မယ်” ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့ အားတွေအကုန်ထုတ်ပြီး ဆော့ဖြစ်တယ်။
Gym မှာ အသက်အရွယ်မရွေး၊ ကိုယ့်ထက်ကြီးတဲ့ အမတွေ၊ ညီမတွေ အားစိုက်ထုတ်နေတာ မြင်ရရင် တကယ်ကို အားကျတယ်။ လေးစားလည်း လေးစားမိတယ်။ ဖြစ်နိုင်မယ်ဆိုရင်လေ… အချိန်လေးပေးနိုင်မယ်ဆိုရင် ကျန်းမာရေးအတွက် အမျိုးသမီးတွေအားလုံး Fitness Center တွေရောက်လာကြဖို့ တကယ် တိုက်တွန်းချင်ပါတယ်။

Zuria ကြောင့် Fitness စလုပ်ဖြစ်သွားတယ်လို့ လာပြောကြတဲ့ အသံလေးတွေကြားရတိုင်း တကယ် ပျော်ရပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ အလှတွေ၊ အစွမ်းအစတွေကို အမျိုးသမီးချင်း အတူတူ ပိုတောက်ပြောင်အောင် ထုတ်ပြကြရအောင်နော် 💪🌸

Photos from Becoming Her with Zuria 's post 20/07/2026

ဒီနေ့တော့ Zuria က သုံးဆယ်ကျော်တွေ ဘာကြောင့် အလှဆုံးလဲဆိုတာကို သက်သေအပြည့်နဲ့ ပြောပြမယ်နော် ✨

ငယ်ငယ်တုန်းက အလှက သဘာဝအတိုင်း လှပတာဆိုရင်... သုံးဆယ်ကျော်တွေရဲ့ အလှကျတော့ ကိုယ်တိုင်ဖန်တီးယူထားတဲ့ အပြည့်စုံ ဆုံး အလှတရားပါ။
ဒီတခါ... Zuria ရဲ့ ချစ်စရာ‌ကောင်းတဲ့ သုံးဆယ်ကျော် သူငယ်ချင်း နှစ်ယောက်အကြောင်းကို ပြောပြပေးပါဦးမယ်နော် ။
တစ်ယောက်က ယောဂ (Yoga) ကျင့်ပြီး စိတ်ကို အေးချမ်းစေတယ်၊ နောက်တစ်ယောက်ကတော့ Gym ဆော့ပြီး Fit ဖြစ်တဲ့ ကိုယ်ခန္ဓာကို တည်ဆောက်တယ်။
နေ့စဉ်တာဝန်တွေကြားကနေ ကိုယ့်အတွက် အချိန်ခဏ (Me-time) သေသေချာချာ ဖယ်ထုတ်ပြီး ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံလိုက်ကြတဲ့အခါ -
ရှိရင်းစွဲအသက်ထက် အများကြီး နုပျိုလန်းဆန်းနေပြီး၊ ယနေ့ Trend ဖြစ်တဲ့ အင်္ကျီပုံစံစုံကို အသက် ၂၀ အရွယ်လေးတွေနဲ့ တန်းတူ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်တဲ့ တင့်တယ်တဲ့ ကိုယ်ခန္ဓာပိုင်ရှင်တွေ ဖြစ်နေကြပါပြီ။
"ကိုယ့်ကိုကိုယ် ချစ်တယ်၊ ဂရုစိုက်တယ်" ဆိုတာ ဘာလဲဆိုတာကို Zuria သူငယ်ချင်းနှစ်ယောက်က အကောင်းဆုံး သက်သေပြနေတယ်။
အမျိုးသမီးတို့ရေ... ဘဝရဲ့ ဘယ်အသက်အရွယ်ရောက်ရောက် ကိုယ့်အလှပကို ကိုယ်တိုင် ပုံဖော်လို့ရပါတယ်။ ဒီနေ့ရော ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ အချိန်ဘယ်လောက် ပေးဖြစ်ကြပြီလဲရှင့် 💚

18/07/2026

နေပူပူ မိုးရွာရွာ သွားနေရမှာက Duty ပဲနော် အသဲတို့💕

မှန်ကြည့်တိုင်း စိတ်ချမ်းသာတဲ့ Body လှလှလေး ရဖို့ ဘယ်လောက်တောင် ရုန်းကန် ခဲ့ရလဲ ဆိုတာ မမေ့နဲ့ keep going buddies 💕

17/07/2026

Zuria နဲ့ဆို Glow ဖြစ်ဖို့ အသေအချာ 💕

Photos from Becoming Her with Zuria 's post 03/06/2026

'Lipstick Effect' 💄👄

"၂၀၁၇ ခုနှစ်က Harvard ဆေးတက္ကသိုလ်နဲ့ ပညာရှင်တွေဟာ အမျိုးသမီး ကျောင်းသူ ၁၈၆ ယောက် ကို အုပ်စု (၃) စု ခွဲပြီး ခက်ခဲတဲ့ စာမေးပွဲတစ်ခု ဖြေဆို စမ်းသပ်ခဲ့ကြပါတယ်…”

အုပ်စု (၁) - မိတ်ကပ်/နှုတ်ခမ်းနီ သေသေချာချာ ပြင်ဆင်ပြီးမှ စာမေးပွဲဖြေဆိုသူများ

အုပ်စု (၂) - သီချင်းနားထောင်ပြီး (စိတ်အပန်းဖြေပြီး) မှ စာမေးပွဲဖြေဆိုသူများ

အုပ်စု (၃) - ဘာမှမလုပ်ဘဲ သာမန်အတိုင်း စာမေးပွဲဖြေဆိုသူများ

ရရှိလာတဲ့ ရလဒ်တွေအရ
မိတ်ကပ်နဲ့ နှုတ်ခမ်းနီ ပြင်ဆင်ပြီး ဖြေဆိုခဲ့တဲ့ အုပ်စု (၁) ဟာ ကျန်တဲ့ အုပ်စုနှစ်စုထက် စာမေးပွဲရလဒ် သိသိသာသာ ပိုမိုမြင့်မားခဲ့ပါတယ်။ အထူးသဖြင့် မပြင်ဆင်ပဲ ဒီတိုင်းဖြေတဲ့ အုပ်စုနဲ့ ယှဉ်ရင် Score ပိုတက်လာတာကို တွေ့ရပါတယ်

သိပ္ပံပညာရှင်တွေက ဒါကို "Lipstick Effect"လို့ ကောက်ချက်ချခဲ့ပြီး အလှပြင်လိုက်တဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ အချက် (၃) ချက် ပြောင်းလဲသွားတာကို တွေ့ရပါတယ်-

-အလှပြင်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အထင်ကြီးလေးစားစိတ် (Self-esteem) တက်လာပါတယ်။

-ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းနေတယ်လို့ ခံစားရတဲ့အတွက် "ငါ ဒါကို လုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှု တိုးလာပါတယ်။

-ယုံကြည်မှု တက်လာတဲ့အတွက် စိုးရိမ်စိတ်တွေ လျော့ကျသွားပြီး စာမေးပွဲ (ဒါမှမဟုတ်) အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု နဲ့ မှတ်ဉာဏ်က အလိုလို ပိုကောင်းသွားတာ ဖြစ်ပါတယ်။

ကဲ... တို့တွေ အလှပြင်တာ၊ အားကစားလုပ်ပြီး body ထိန်းသိမ်းတာတွေဟာ သူများကြည့်ဖို့ မဟုတ်ဘဲ "ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ Confidence" အတွက်ဆိုတာ အဖြေက ရှင်းသွားပြီမလား

ဒါဆိို ကျန်းမာ လှပပြီး၊ ပိုမို Smart ကျတဲ့ ဘဝတွေဆီ Zuria နဲ့ တူတူ သွားကြ‌စို့နော်💚

Photos from Becoming Her with Zuria 's post 03/06/2026

အလှ အပ ကြိုက်တဲ့၊ ပြင်တတ်တဲ့ သူလေးတွေကြုံဖူးကြလား

"ဒီလောက် အလှပြင်နေတာ ဘယ်သူ့အတွက်လဲ"
"ဘယ်သူမှလည်း လှည့်မကြည့်ပါဘူး..."
"အိမ်ပြန်ခါနီးမှ နှုတ်ခမ်းနီဆိုးနေတော့... ကားသမားပဲ ရှိတော့တယ်
အပြင်သွားခါနီးဖြစ်ဖြစ်၊ ရုံးဆင်းခါနီးဖြစ်ဖြစ် သေသေချာချာလေး ဝတ်စားဆင်ယင်ပြီး နှုတ်ခမ်းနီလေး ထပ်ဆိုးမိတဲ့အခါ ဒီလို 'အပြစ်တင် (Blame) တဲ့ စကားလုံးတွေ' ကို ကြားဖူးကြလားရှင်
Zuria ဆို အရမ်းပြောခံရတာပါ၊

ဒါကြောင့် သူတပါးရဲ့ အလိုမကျမှုတွေ၊ အပြောအဆိုတွေအောက်မှာ ကိုယ့်ရဲ့ လှပခွင့်တွေကို အရှုံးမပေးချင်ပါနဲ့ နော်

သူတို့ရဲ့(အမျိုးသားတွေရဲ့) စိတ်ထဲမှာတော့ အမျိုးသမီးတစ်ယောက် အလှပြင်တယ်ဆိုတာ သူများကြည့်ဖို့၊ တစ်ဖက်လူကို ဆွဲဆောင်ဖို့လို့ပဲ တစ်ထစ်ချ တွေးထားကြတာကိုး

Zuria ကတော့ အဲဒီလို အပြောခံရတိုင်း ပြတ်ပြတ်သားသားပဲ ပြန်ချေပခဲ့တာပဲ "ငါ့အတွက် ငါပြင်တာ၊ ငါ့ရဲ့ Confidence အတွက် ငါဝတ်စားတာ လို့လေ

အမျိုးသမီးတစ်ယောက်အတွက် အလှပြင်ရတာ၊ လှလှပပ နေရတာ၊ သန့်သန့်ရှင်းရှင်းနဲ့ စမတ်ကျနေရတာကို ကြိုက်တာဟာ သဘာဝပါ။ အဓိကကတော့... မှန်ထဲ ပြန်ကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ကိုယ်တိုင် 'စိတ်ချမ်းသာဖို့' က အရေးကြီးဆုံးပဲ မဟုတ်လား။

အိမ်ထောင်မှုကိစ္စတွေ၊ ကလေးဝေယျာဝစ္စတွေကြားမှာ "ဘယ်သူမှလည်း မကြည့်ပါဘူးလေ" ဆိုပြီး စိတ်လွတ်ကိုယ်လွတ် ပစ်ထားလိုက်ရင် အရင်ဆုံး ပျောက်ဆုံးသွားတာ သူတပါးရဲ့ အကြည့်တွေမဟုတ်ဘဲ ကိုယ့်ရဲ့ 'ယုံကြည်မှုတွေပါ။

ကိုယ့်ကိုယ်ကိုယ် ပစ်မထားပါနဲ့။ သူများတွေ ဘယ်လိုပဲ မြင်မြင်၊ ဘာတွေပဲ ပြောပြော... ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ရင့်ကျက်တဲ့ အလှတရားအတွက် ကိုယ့်ဘာသာ တည်ဆောက်ပါ

ဘယ်သူ့ အပြောအောက်မှာမှ ကိုယ့်ခံယူချက်တွေကို မပျောက်ဆုံးပါစေနဲ့နော်

အမျိုးသမီးတို့ကို ချစ်တဲ့ Zuria 💚

Photos from Becoming Her with Zuria 's post 28/05/2026

Hello!!!

Winner လေး ထွက်ပေါ်လာပါပြီရှင်။
Page ရဲ့ CB လေးမှာ အကောင့်ပိုင်ရှင်လေး ဆက်သွယ်ပေးပါဦးနော်။
💚🍀

နောက်လည်း လက်ဆောင်လေး တွေ ပေးချင်ပါသေးတယ်။ ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။
Love you all💕

Photos from Becoming Her with Zuria 's post 27/05/2026

အမျိုးသမီး လေးတို့ရေ Zuria ကလေ
XL size, ခါး 30 ကျော်ကနေ၊ M size ရောက်ဖို့
အရမ်း ကြိုးစားခဲ့ရတာပါ။ အစားလည်း လျော့၊ လေ့ကျင့်ခန်းလည်း မပြတ်ပဲ နေ့မနား၊ ညမအား
ရုံးကပြန်လာလည်း အိမ်မှာ ဆက်ဆော့ခဲ့ တာပါ။
🍀💚
ခု ခါးဆိုဒ် 26 လက်မပါ။
Zuria 24 လက်မလောက်ထိ ရဖို့မျှော်လင့်ပါတယ်။
တူတူ ကြိုးစားကြရအောင်နော်။

အမျိုးသမီးလေးတို့ကို
အရွယ်တင် နုပျိုပြီး လှစေချင်တဲ့ Zuria ပါ။😊

24/05/2026

🤎🍀
Thank you next...

20/05/2026

Zuria busy နေတယ် ဆိုရင်
Gym ရောက်နေလို့ပါ ရှင်💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
MM