KTC Education Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KTC Education Center, Yangon.
15/08/2026
Grade 1 ကနေ Grade 12 အထိ ကျောင်းသားတွေရဲ့ တူညီတဲ့ လျှို့ဝှက်ချက်တစ်ခု 🤫"
အတန်းတွေ ဘယ်လောက်ပဲ ကွဲပြားပါစေ... Primary က ကလေးလေးတွေရော၊ High School က လူငယ်တွေပါ အတူတူ ကြောက်ကြတဲ့အရာတစ်ခု ရှိပါတယ်။
ဒါကတော့ "စာကို နားမလည်ဘဲ အလွတ်အော်ကျက်ရမှာ" ပါပဲ။
စာတစ်ပိုဒ် သို့မဟုတ် ပုစ္ဆာတစ်ပုဒ်ကို အကြိမ် ၅၀ မက အလွတ်အော်ကျက်နေရတာဟာ ကလေးတွေအတွက် အလွန်ငြီးငွေ့စရာကောင်းသလို၊ စာမေးပွဲခန်းထဲရောက်ရင်လည်း ခဏလေးနဲ့ မေ့ထွက်သွားတတ်ပါတယ်။ ဒါဟာ ကလေးတွေ စာကျက်ရတာကို ဖိအားတစ်ခုလို မြင်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။
ဒါကြောင့်မို့လို့ KTC Education ရဲ့ သင်ကြားရေးမှာတော့ —
၁။ "ဘာကြောင့်လဲ (Why)" ကို အရင်စတင်ပါတယ် စာတစ်ပိုဒ်ကို မကျက်ခိုင်းခင် ဒီစာက ဘာအတွက်လဲ၊ ဘယ်လိုဖြစ်လာတာလဲဆိုတဲ့ နောက်ခံအကြောင်းအရင်းကို ကလေးတွေ သဘောပေါက်အောင် အရင်ဆုံး ရှင်းပြပါတယ်။
၂။ "သဘောတရား (Concept)" ကို မျက်စိထဲမြင်အောင် ပုံဖော်ပေးပါတယ် သင်္ချာ၊ သိပ္ပံနဲ့ အထွေထွေဘာသာရပ်တွေကို စာအုပ်ထဲက စာကြောင်းတွေအတိုင်း မဟုတ်ဘဲ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သင်ကြားပေးပါတယ်။
၃။ "ကိုယ်ပိုင်စွမ်းရည် (Self-Learning)" ကို မြှင့်တင်ပေးပါတယ် အလွတ်ရရုံတင် မဟုတ်ဘဲ မေးခွန်းတွေကို ကိုယ်တိုင် စဉ်းစားတွေးခေါ် ဖြေရှင်းနိုင်တဲ့ အလေ့အထကို G-1 ကနေ G-12 အထိ အဆင့်လိုက် ပုံသွင်းပေးပါတယ်။
နားလည်ရခက်တဲ့ စာတွေကို သဘောတရားမိမိနဲ့ ပျော်ရွှင်စွာ လေ့လာလိုက်တဲ့အခါ စာကျက်ရတာဟာ စိတ်ညစ်စရာ မဟုတ်တော့ဘဲ စိတ်ဝင်စားစရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ 💡
ကဲ... သင့်ကလေးရော စာတွေကို နားမလည်ဘဲ အလွတ်ကျက်နေရလို့ စိတ်ညစ်နေရပါသလား?
KTC မှာတော့ ကျောင်းသားတိုင်း ပျော်ရွှင်စွာနဲ့ စာတော်လာအောင် အဆင်သင့် စောင့်ကြိုနေပါတယ်။ ✨
📞 KTC Education သင်တန်းကျောင်း အသေးစိတ် စုံစမ်းရန် - 09772288650
14/08/2026
မိုးရာသီမှာ ကလေးတွေ ဝမ်းရောဂါ မဖြစ်အောင် မိဘတွေ ဘာတွေ သတိထားရမလဲ... 💧🛑"
အခုတလော မြို့နယ်အချို့မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားနေတာကြောင့် ကျောင်းသွားနေတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် မိဘတွေ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကနေတစ်ဆင့် အဓိက ကူးစက်တာဖြစ်ပါတယ်။
🛡 အိမ်မှာ ကလေးတွေကို ကြိုတင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်း (၄) ခု -
၁။ ကျိုက်ချက်ထားသော ရေနွေးကျက်အေးကိုပဲ သောက်ပါ: ကျောင်းသွားရင် ရေဗူး သီးသန့် ထည့်ပေးလိုက်ပါ။
၂။ လမ်းဘေး ယင်နားစာများ ရှောင်ပါ: မသန့်ရှင်းတဲ့ မုန့်နဲ့ အစားအသောက်တွေကို မစားဖို့ ကလေးကို မှာထားပါ။
၃။ လက်ကို မကြာခဏ စနစ်တကျ ဆေးပါ: မုန့်မစားမီနဲ့ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောခိုင်းပါ။
၄။ အစားအစာများကို ပူပူနွေးနွေး စားပါ: ချက်ပြုတ်ထားသော အစားအစာများကို သေချာ ဖုံးအုပ်ထားပါ။
🚨 အရေးပေါ် သတိထားရန်: ကလေးမှာ ဝမ်းခဏခဏသွားခြင်း၊ အန်ခြင်း၊ ဓာတ်ဆားရေ တိုက်သော်လည်း မသက်သာဘဲ နှုတ်ခမ်းခြောက် နွမ်းနယ်လာခြင်းများ ဖြစ်ပါက နီးစပ်ရာ ဆေးခန်း/ဆေးရုံသို့ ချက်ချင်း ပြသပေးပါ။
KTC Education မှ ကလေးငယ်များ အားလုံး ကျန်းမာရွှင်လန်းစွာ စာသင်ယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨
13/08/2026
၁ နာရီလုံး အလွတ်ကျက်တာထက် ၂၅ မိနစ်ပဲ စာကြည့်တဲ့ နည်းလမ်း 🧠⚡️"
📝 စာအုပ်ကြီးဖွင့်ပြီး နာရီပေါင်းများစွာ ထိုင်နေပေမဲ့ ခေါင်းထဲ စာမဝင်တော့တာမျိုး ကြုံဖူးကြမှာပါ။ 📚🫠
ဒါဟာ ပျင်းလို့မဟုတ်ဘဲ ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်း (Attention Span) လွန်သွားလို့ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ဘဲ စာတွေကို ပေါ့ပေါ့ပါးပါး မှတ်မိစေဖို့ "Pomodoro Technique" ဆိုတဲ့ နည်းလမ်းလေး သုံးကြည့်ပါ။
💡 ဘယ်လိုလုပ်ရမလဲ?
၁။ စာကို ၂၅ မိနစ် အပြည့်အဝ အာရုံစိုက်ပြီး ဖတ်ပါ (ဖုန်းနဲ့ တခြားအရာတွေ ခဏဖယ်ထားပါ)။
၂။ အချိန်ပြည့်ရင် ၅ မိနစ် ခဏ အနားယူပါ (ရေနွေးသောက်တာ/မျက်စိမှိတ်ထားတာမျိုး လုပ်ပါ)။
၃။ ဒီလိုမျိုး ၄ ခေါက် လုပ်ပြီးရင် ၁၅ မိနစ် ကနေ ၃၀ မိနစ် အနားကြီး ခဏ နားပေးပါ။
✨ ဒါဆို ဘာတွေ ထူးခြားသွားမလဲ? ဦးနှောက် မပင်ပန်းတော့ဘဲ စာကျက်ရတာ မြန်လာမယ်၊ မှတ်မိအားလည်း ပိုကောင်းလာပါလိမ့်မယ်။
KTC Education မှာလည်း Grade 1 ကနေ Grade 12 အထိ ကျောင်းသား/သူတွေကို စာအုပ်ကြီးအတိုင်း ပင်ပန်းအောင် အတင်းအဓမ္မ ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ ဒီလို ထိရောက်ပြီး ခေတ်မီတဲ့ Study Techniques တွေနဲ့ပါ စနစ်တကျ လမ်းပြပေးနေတာပါ။
ကလေးတွေ စာသင်ရတာ စိတ်မမွန်းကြပ်ဘဲ ပျော်ရွှင်စွာ လေ့လာနိုင်ဖို့ KTC မှာ အတူတူ စတင်လိုက်ရအောင် 🚀✨
📥 Grade 1 to 12 အတန်းများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Messenger သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်....
(ဒီ Tips လေးက သင့်ကလေး ဒါမှမဟုတ် သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ဆိုရင် Share ထားဖို့ မမေ့နဲ့နော် 😉)
07/08/2026
တစ်ခါတလေ...
ကလေးတစ်ယောက်ရဲ့ တိုးတက်မှုက အမှတ်စာရင်းထဲမှာ အရင်မပေါ်လာဘူး။
သူ့ရဲ့ စကားလေးတွေထဲမှာ အရင်ပေါ်လာတတ်တယ်။
"ဆရာ... ဒီတစ်ခေါက်တော့ ကျွန်တော်ဖြေကြည့်ချင်တယ်။"
အရင်ကဆို မေးခွန်းမေးရင် Camera ပိတ်ထားတတ်တဲ့ ကလေး။
မသိတာရှိရင် တိတ်တိတ်လေးပဲ နေတတ်တဲ့ ကလေး။
အခုတော့ ကိုယ်မသေချာတဲ့အပိုင်းကို ကိုယ်တိုင်မေးလာတယ်။
နားလည်တာကို ကိုယ်တိုင်ရှင်းပြဖို့ ကြိုးစားလာတယ်။
ဒီလိုအပြောင်းအလဲတွေက တစ်ရက်တည်းနဲ့ မဖြစ်လာပါဘူး။
ကလေးတစ်ယောက်ကို "မှားလည်းရတယ်၊ ထပ်ကြိုးစားလို့ရတယ်" ဆိုတဲ့ ယုံကြည်မှုပေးနိုင်တဲ့ သင်ယူပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်။
KTC မှာတော့ သင်ခန်းစာကို အပြီးသင်ပေးရုံနဲ့ မရပ်ပါဘူး။
ကလေးနားလည်သွားလား။
မေးရဲလာလား။
ကိုယ်တိုင်စဉ်းစားပြီး အဖြေထုတ်ရဲလာလား။
ဒီအပြောင်းအလဲလေးတွေကို ပိုအရေးထားပါတယ်။
Online Class ဆိုတာ လူချင်းမတွေ့ရုံပဲ ရှိတာပါ။
သင်ကြားပုံက မှန်ကန်ရင်...
ဆရာက ဂရုစိုက်ရင်...
ကလေးကလည်း ယုံကြည်မှုရှိလာပါတယ်။
အဲ့ဒီယုံကြည်မှုလေးကပဲ...
နောက်ထပ် သင်ခန်းစာတိုင်းကို ရင်ဆိုင်နိုင်တဲ့ ခွန်အားဖြစ်လာတာပါ။
ဒီလိုအပြောင်းအလဲလေးတွေကို နေ့တိုင်းမြင်ရတာက KTC အတွက် အပျော်ဆုံးရလဒ်ပါ။ 💙
03/08/2026
💻 စာသင်ခန်းက နေရာတစ်ခုထဲမှာပဲ ရှိတော့တာ မဟုတ်ပါဘူး... အရင်ကဆို... စာသင်ချင်ရင် သွား
ရတယ်။ ဆရာရှိတဲ့နေရာကို ရောက်အောင် သွားရတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့... သင်ယူချင်တဲ့နေရာက ကိုယ့်အိမ်ထဲမှာတောင် ဖြစ်လာပါပြီ။ အရေးကြီးတာက နေရာမဟုတ်ပါဘူး။
📌 သင်ခန်းစာကို နားလည်စေမယ့် သင်ကြားပုံ
📌 မေးခွန်းမေးရဲတဲ့ ပတ်ဝန်းကျင်
📌 ဆက်လက်ကြိုးစားချင်စေမယ့် အတွေ့အကြုံ အဲ့ဒါတွေပါ။
KTC Education ရဲ့ Zoom Classes မှာ
📚 Grade 1 မှ Grade 12 အထိ 📖
Major & Minor Subjects များကို အိမ်ကနေ အဆင်ပြေစွာ သင်ယူနိုင်ပါတယ်။ 💙 Learning has no limits when the right support is there.
01/08/2026
ပညာရေးမှာ "တစ်ရက်" ဆိုတာ အချိန်တိုလေးလို ထင်ရပေမယ့်...
သင်ယူမှုအတွက်တော့ အလေ့အကျင့်တစ်ခု ပျက်သွားတဲ့နေ့ ဖြစ်နိုင်ပါတယ်။
📚 Knowledge Sharing
ပညာရေးဆိုင်ရာ လေ့လာချက်များအရ...
ကလေးတွေဟာ သင်ယူမှုကို "ပုံမှန် ဆက်တိုက်" လုပ်နိုင်တဲ့အခါ နားလည်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ယုံကြည်မှုတွေ ပိုမိုတိုးတက်လာပါတယ်။
ကျောင်းဆိုတာ စာသင်ပေးတဲ့ နေရာတစ်ခုတည်း မဟုတ်ပါဘူး။
စည်းကမ်း၊ တာဝန်ယူတတ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်တတ်မှုနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကိုပါ သင်ယူရတဲ့ နေရာဖြစ်ပါတယ်။
ဒါပေမယ့်...
အခြေအနေအမျိုးမျိုးကြောင့် ကျောင်းကို မသွားနိုင်တဲ့နေ့တွေ ရှိလာနိုင်ပါတယ်။
အဲ့ဒီလိုအချိန်မှာ...
သင်ယူမှုကို မရပ်တန့်သွားစေဖို့ နည်းလမ်းတစ်ခုတော့ လိုအပ်ပါတယ်။
💙 KTC Online Classes ကတော့...
🏠 အိမ်ကနေ သက်သောင့်သက်သာ သင်ယူနိုင်မယ်။
👨🏫 ဆရာ၊ ဆရာမတွေနဲ့ တိုက်ရိုက် မေးမြန်းနိုင်မယ်။
📖 ကျောင်းသင်ခန်းစာတွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်လေ့လာနိုင်မယ်။
⏳ သွားလာချိန်ကို လျှော့ချပြီး သင်ယူချိန်ကို ပိုမိုအသုံးချနိုင်မယ်။
မိုးရွာတဲ့နေ့ဖြစ်ဖြစ်...
လမ်းပိတ်တဲ့နေ့ဖြစ်ဖြစ်...
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမသွားနိုင်တဲ့နေ့ဖြစ်ဖြစ်...
သင်ယူမှုကတော့ မရပ်သင့်ပါဘူး။
ကလေးတိုင်းရဲ့ အိပ်မက်တွေကို နေ့စဉ်ရှေ့ဆက်နိုင်ဖို့...
KTC က ကျောင်းသင်ယူမှုကို အားဖြည့်ပေးတဲ့ ယုံကြည်စိတ်ချရတဲ့ Learning Partner အဖြစ် အမြဲအတူရှိနေပါတယ်။ 💙
Grade 7 Maths Zoo Class
Grade 4 Maths Zoom Class
Grade 4 English Zoom Class
Grade 11 English Zoom Class
Website
Address
11111