Bags from YEONE

Bags from YEONE

Share

𝑪𝒂𝒓𝒓𝒚 𝑻𝒉𝒆 𝑪𝒉𝒊c

12/08/2026

ဥထားတဲ့ အလှတရားလေးတစ်ခုကို Spoil လိုက်တာ 🤗

မြန်မာဝတ်စုံလေးနဲ့ဆို ဘယ်လောက်တောင် နန်းဆန်နေလိုက်လဲ။ 🤭

'

#ကုသိုလ်တော်ဘုရား

11/08/2026

“သားရေအိတ်တွေ မှိုတက်ရတဲ့ အဓိက အကြောင်းအရင်း”

ဒီပြဿနာကို အိတ်တွေ ဝယ်ပြီး Daily မသုံးဖြစ်တဲ့သူတွေမှာ တွေ့ရအများဆုံးပါပဲ။

ဒီတော့ အိတ်တွေ ဘာကြောင့်မှိုတက်ရလဲဆိုတဲ့ ပဟေဠိကို အဖြေညှိပေးဖို့ ယော(န်)နဲ လာပါပြီ။

🍄 ရေစိုထားတာကို ခြောက်အောင်မလုပ်မိဘဲ သိမ်းလိုက်မိတယ်။
🍄 ဖုန်မတက်အောင် လေလုံတဲ့ Plastic အိတ်နဲ့ ထည့်သိမ်းမိတယ်။
🍄 အလင်းရောင်လုံးဝမရတဲ့ ဗီဒိုထဲမှာ ထည့်ထားမိတယ်။

ဒီလိုအချက်တွေကြောင့် စိုထိုင်းဆတွေမြင့်တက်ပြီး မှိုတွေ ပေါက်ဖွားလာရတာပါပဲ။

ဒါကြောင့် အိတ်တွေကို သိမ်းရင် သူတို့မှာပါတဲ့ Dust Bag နဲ့ပဲ သိမ်းပါ။ ✅

စိုနေရင် ခြောက်အောင်သုတ်ဖို့လည်း မမေ့ကြနဲ့နော်။

ကဲ နောက်ထပ် ဘယ်လိုပဟေဠိကို အဖြေညှိပေးဖို့ လိုနေလဲဆိုတာကို Comment မှာ မေးသွားပါဦး။




#မှိုတက်ခြင်း

Photos from Bags from YEONE's post 10/08/2026

Rubby Zippy လား
Square Zippy လား

Lady ကြိုက်ရာပြော 🔥

'

Photos from Bags from YEONE's post 09/08/2026

ချစ်ရင် ချစ်တယ် ပြောလိုက်ပါကွယ် 🤗💞

Square Zippy
Color - Brown 🤎
Price - 87,500MMK

Instock ‼️

'

08/08/2026

လူတွေက သူတို့ရဲ့ ပင်ကိုသဘာဝ စိတ်နေစိတ်ထားပေါ် မူတည်ပြီး အရောင်တွေကို ကြိုက်ကြပုံချင်း မတူပါဘူး။

အဲအထဲကမှ Zodiac Sign တွေပေါ်မူတည်ပြီး ဘယ်လိုအရောင်တွေကို အကြိုက်များကြလဲ ၊ ရွေးချယ်ဖြစ်ကြလဲဆိုတာကို ပြောပြသွားပါမယ်။

🌬️ Air Sign ( Gemini , Libra , Aquarius)

Air Sign တွေကတော့ လေဆိုတဲ့အတိုင်းပဲ အနှောင်အဖွဲ့မရှိ ၊ လွတ်လပ်တာကို ကြိုက်ကြတဲ့အဖွဲ့ပါ။ အသစ်အဆန်းတွေကို ဖန်တီးရတာ ကြိုက်တဲ့ Sign တွေမို့ ရိုးရှင်းတဲ့အရောင်တွေထက် တမူထူးတဲ့ ဆန်းပြားတဲ့အရောင်တွေကို ပိုကြိုက်ကြပါတယ်။ ဥပမာဆိုရင်တော့ အေးချမ်းပြီး ခေတ်ဆန်တဲ့ Light Blue 🩵 လို အရောင်မျိုးလေးတွေကို အရွေးများကြပါတယ်။

🌎 Earth Sign ( Ta**us, Virgo, Capricorn )

Earth Sign တွေကတော့ ကမ္ဘာမြေကြီးဆိုသလိုပဲ တည်ငြိမ်တယ် ၊ စိတ်ကူးယဉ်တာထက် လက်တွေ့ဆန်တာကို ပိုကြိုက်ကြတဲ့ အဖွဲ့လို့ ပြောရမှာပါ။ နည်းနည်းလည်း ချေချေမိုးမိုးနေကြတဲ့အဖွဲ့ဆိုလည်း မမှားပါဘူး။ 🤭 ဒီလိုလူတွေက ဘယ်လိုအရောင်မျိုးကြိုက်ကြလဲဆိုရင် သဘာဝဆန်ပြီး Luxury Vibe ရတာမျိုးကို က်ြုက်ကြပါတယ်။ ဥပမာဆိုရင်တော့ Ivory, Brown နဲ့ Black တွေကတော့ Earth Sign တွေ အကြိုက်ဖြစ်ပါတယ်။

🔥 Fire Sign ( Aries , Leo , Sagittarius )

Fire Sign တွေကတော့ သွက်လက်တယ် ၊ ထက်မြက်တယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အဖွဲ့လို့ ပြောလို့ရပါတယ်။ သူတို့က ရဲရင့်တဲ့ စရိုက်ရှိတာမို့ လူကြားထဲမှာ ထင်းခနဲ ပေါ်လွင်တဲ့အရောင်မျိုးကို ကြိုက်ပါတယ်။ ထူးထူးခြားခြား အရောင်တောက်တာမျိုးကို ကြိုက်ကြတဲ့သူတွေဖြစ်ပါတယ်။ ဥပမာပြောရရင်တော့ သူတို့ရဲ့ Lucky Color လို့ခေါ်တဲ့ အနီရောင်နဲ့ Elegant ဖြစ်တဲ့ Burgundy အရောင်တွေဖြစ်ပါတယ်။

🌊 Water Sign (Cancer, Scorpio, Pisces)

Water Sign ကတော့ အတွေးနယ်ချဲ့ပြီး ငြိမ်ချက်သားကောင်းတတ်တဲ့သူတွေလည်းဖြစ်ပါတယ်။နူးညံ့ကြပြီး စာပေနဲ့ အနုပညာကို မြတ်နိုးကြတဲ့သူတွေဖြစ်လို့ သူတို့ရဲ့စိတ်ကို ငြိမ်သက်စေတဲ့အရောင်တွေကို ပိုကြိုက်ကြပါတယ်။ ဥပမာဆိုရင် အဖြူ၊ မိန်းကလေးဆန်တဲ့ N**e Color တွေကို အကြိုက်ဆုံးဖြစ်ပါတယ်။

ကဲ… ယောန်နဲက ပြောသွားတာတွေ ဟုတ်၊ မဟုတ် ဆိုတာကို ကိုယ့် Sign လေးနဲ့ ဘယ်‌အရောင်ကြိုက်လဲဆိုတာ Comment မှာ ဝင်ဆွေးနွပေးကြပါဦး။ 💬

'

07/08/2026

ကိုယ်ကိုင်နေတဲ့ အိတ်ကလေးတွေ Leather ကွာတာမျိုး ဖြစ်ဖူးကြလား။ ❓

ဘယ်လောက်မှတောင် မသုံးရသေးဘူး ၊ အိတ်က Leather တွေ ကွာကုန်လို့ စိတ်ညစ်ဖူးကြမယ်ထင်ပါတယ်။ 💔

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဇစ်မြစ်ကို စစ်လိုက်ရင် (၃)ချက် ထွက်လာပါတယ်။

📌 ပထမတစ်ချက်က မိုးရာသီမှာ အိတ်တွေ စိုထိုင်းဆများပြီး ရေငွေ့ပြန်တာ၊ မိုးရေစိမ့်ဝင်တာတွေက သားရေအသားကို ပွလာစေပါတယ်။ အဲဒီကနေတစ်ဆင့် အစိုဓာတ်တွေ ပြန်ခြောက်သွားတဲ့အခါ သားရေမျက်နှာပြင်က ကျုံ့သွားပြီး ကြွလာပြီး အဖတ်လိုက် ကွာကျတာမျိုးဖြစ်စေပါတယ်။

📌 အိတ်ကို နေရောင်နဲ့ တိုက်ရိုက်ထိတဲ့နေရာ ဒါမှမဟုတ် အပူရှိန်ရှိတဲ့နေရာမှာ အကြာကြီး ပစ်ထားမိတဲ့အခါ သားရေကို ပျက်စီးစေတာကို သိကြမှာပါ။ ဒီအခါ သား ရေက ပူလာပြီး အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။

📌နောက်တစ်ချက်ကတော့ အိတ်ကို အကြမ်းပတမ်းကိုင်တဲ့သူ‌

တွေမှာ တွေ့ရပါတယ်။ခဏခဏ ပွတ်မိတိုက်မိတာ၊ ဒါမှမဟုတ် လက်သန့်ဆေးရည် ၊ Alcohol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အိတ်ပေါ် မတော်တဆ ထိမိတာတွေက သားရေရဲ့ အပေါ်ယံအလွှာကို ချက်ချင်း ဖျက်ဆီးလိုက်တာမို့ အဖတ်လိုက် ကွာကျကုန်ပါတယ်။

ဒါကြောင့် Leather ‌တွေမကွာချင်ရင် ဒီအချက်တွေကို ရှောင်ကြဖို့လိုသလို ယော(န်)နဲအိတ်လို PU Leather သုံးတဲ့ အိတ်တွေကို ဝယ်သုံးကြပါလို့ အကြံပြုပြောပြလိုက်ပါတယ်။

နောက်ထပ် အိတ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို Sharing လုပ်ပေးမှာမို့ Follow လုပ်ထားဖို့လည်း မမေ့ရဘူးနော်။ 💓

'

Photos from Bags from YEONE's post 06/08/2026

ယော(န်)နဲကတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့လိုက်ပါပြီ။ ‼️

အသေးစိတ်ကိုတော့ ပုံတစ်ပုံစီမှာ ဖတ်ကြည့်သွားပါဦးနော်။


#သတင်းစာရှင်းလင်းပွဲ

05/08/2026

ဒီလိုလေး တွဲပြီး Style ထုတ်လည်း လှပါတယ်။ 💚

ယော(န်)နဲလေးနဲ့ Customer အလှလေးရဲ့ Review လေး 🫶

'
'

Photos from Bags from YEONE's post 04/08/2026

အချစ်များ ရောင်းရန်ရှိသည်။ ❤️

ယော(န်)နဲက အိတ်တွေကို ရောင်းရုံတင် မဟုတ်ပါဘူး။

အမျိုးသမီးတိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့ ချစ်ခြင်းတရားတွေကို ရောင်းတာပါ။ 🥰

အချစ်တွေ ရောင်းနေတာမို့ အချစ်လိုအပ်တဲ့ ယောဂျာတို့ လာဝယ်လို့ရပါပြီ။

Square Zippy
Color _ Black, Brown, Burgundy, Ivory
Price - 87,500 MMK

ဪ... ဒါနဲ့ တပ်ပြထားတဲ့ Keychain လေးတွေက အိတ်ဝယ်တာနဲ့ လက်ဆောင်ရမှာပါနော်။ ‼️

'



#မိန်းကလေးတိုင်းအသည်းစွဲယောန်နဲ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00