NMT Engineering GROUP
Water for comfortable life
21/11/2025
အင်းယားလမ်းက အိမ်တစ်အိမ်မှာ ရှိတဲ့ 3 phase Submersible bore hole pump ကို solar နဲ့ သုံးလို့ရအောင် ရှိပြီးသား panel ကို VFD ထပ်တိုး တပ်ဆင်ပေးထားတာပါ…
26/10/2025
လူကြီးမင်းတို့ရဲ့ ကွန်ဒိုတွေ ၊ ဟိုတယ်တွေ ၊ စက်ရုံတွေ နဲ့ နေအိမ်တွေရဲ့ Auto pressure pump တွေမှာ
1. လေအိုး (pressure tank)ရဲ့ရာဘာကျွတ် (bladder) ခဏ၊ခဏပေါက်လို့လဲရတာ
2. Pump စလည်တဲ့အချိန် starting current များတာကြောင့် solar နဲ့ သုံးဖို့ အဆင်မပြေဖြစ်နေတာ
3. Pump လည်တဲ့ အချိန်မှာ အသံဆူညံလွန်းတာ
4. ရေဖွင့်သုံးတဲ့ အချိန်မှာ ရေအား ပြင်းလိုက်၊ ပျော့လိုက်နဲ့ ဖြစ်နေတာ
5. Pump ရပ်တဲ့အချိန် water hummer effect
ကြောင့် “ ဒုန်း၊ဒုန်း” နဲ့ check-valve ရိုက်တဲ့အသံ ကြားနေရတာ၊ pipe လိုင်းတွေ ခဏ၊ခဏ ကွဲထွက်နေတာ
စတဲ့ အဆင်မပြေမှုတွေကို မေ့လိုက်ဖို့အတွက် ကျတော်တို့ရဲ့ VFD panel ကို အသုံးပြုလိုက်ပါ။
ရိုးရိုး DOL panel အသုံးပြုတာနဲ့ VFD panel အသုံးပြုတာ ဘာတွေကွာလဲ ဆိုတော့ …
ဥပမာ အနေနဲ့ pump ကို ကားတစ်စီးအဖြစ်၊
Panel ကို ဒရိုင်ဘာ တစ်ယောက်အဖြစ် မြင်ကြည့်လိုက်ပါ…
(DOL) ဒရိုင်ဘာက ကားစထွက်တာနဲ့ လီဗာအကုန်နင်းပြီး ထွက်တယ်၊ မောင်းနေတဲ့ အချိန်မှာလည်း အရှိန်အပြည့်နဲ့ပဲ မောင်းတယ်(လီဗာ အကုန်ပဲ၊ အတိုးအလျှော့ လုံးဝမလုပ်ဘူး)၊ ရပ်စရာ ရှိရင် ဘရိတ်ကို ဆောင့်နင်းပြီး ရပ်တယ်…
(VFD) ဒရိုင်ဘာကတော့ ဖြည်းဖြည်းချင်း အရှိန်တင်ပြီး ထွက်တယ်၊ လိုသလောက်အရှိန်နဲ့ပဲ
လီဗာ အတိုး၊အလျှော့ လုပ်ပြီး မောင်းတယ်၊
ဖြည်းဖြည်းချင်း ဘရိတ်နင်းပြီး ရပ်ပါမယ်…
ဒီဖြစ်စဉ်နှစ်ခုမှာ ကား(pump)တစ်စီးထဲကိုပဲ မောင်းတဲ့ ဒရိုင်ဘာ(panel)တွေ မတူညီတဲ့အပေါ်မှာ ကားပေါ်ပါတဲ့ လူတွေရဲ့ သက်တောင့်သက်သာဖြစ်မှု ၊ ကားရဲ့သက်တမ်း (ပြင်ဆင်စားရိတ်) ကွာခြားသွားမှာပါ…
အခြားအားသာချက်တွေလည်း အများကြီး ရှိပါသေးတယ်။ စာရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဒီpost မှာတော့ မရေးတော့ပါဘူး… စိတ်ဝင်စားလို့
ထပ်လေ့လာချင်ရင် ChatGPT မှာဖြစ်ဖြစ်၊ DeepSeek မှာဖြစ်ဖြစ်
“DOL panel သုံး pressure pump နဲ့ VFD panel သုံး pressure pump တို့ရဲ့ ကွာခြားချက်များ” လို့ ရိုက်ရှာနိုင်ပါတယ်…
အောက်ကပုံတွေကတော့ အပေါ်မှာရေးခဲ့တဲ့ အဆင်မပြေမှုတွေ ဖြစ်နေတဲ့ ကွန်ဒိုတစ်လုံးမှာ ကျတော်တို့ရဲ့ group မှ သွားရောက်တပ်ဆင်ပေးထားတဲ့ VFD panel ရဲ့ ပုံတွေ ဖြစ်ပါတယ်…
09-45 000 7806 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ…
ဆိုင်လိပ်စာက အမှတ် (386) , သုဓမ္မာ လမ်းမကြီး ၊ သန္တာ မှတ်တိုင်အနီး၊ မြောက်ဥက္ကလာပ မြို့နယ် ၊ရန်ကုန် မြို့
location > https://maps.app.goo.gl/mo2kdrX5aNZLfGL86?g_st=com.google.maps.preview.copy
15/10/2025
20 HP (Star-delta) panels & Pump set ကားဂိတ် ချပြီး.. ဝယ်ယူအားပေးသော နေပြည်တော်မှ Customer အား ကျေးဇူးအထူးတင်ရှိပါသည်…
09/10/2025
ကျတော်တို့ရဲ့ အရောင်းဆိုင်မှာ လူကြီးမင်းတို့ရဲ့ အိမ်သုံး ၊ စက်ရုံသုံး ၊ ဟိုတယ် နှင့် မီးသတ်လုပ်ငန်းများအတွက် အရည်အသွေးကောင်းမွန်သော ရေစုပ်စက်များကို ဝယ်ယူရရှိနိုင်ပါသည် ခင်ဗျား…
“ခင်ဗျားတို့ဆိုင်က pump တွေပဲ ရောင်းတာလား၊ တစ်ခြားဆက်စပ်ပစ္စည်းတွေကို လိုက်ရှာပြီး မဝယ်ချင်ဘူး၊ တစ်နေရာတည်းမှာပဲ အပြီးဝယ်ချင်တယ်” ဆိုတဲ့ customer များအတွက်လည်း Pipe accessories , Control panel နှင့်အခြားဆက်စပ်ပစ္စည်းမျိုးစုံကို one stop service ဖြင့် ဝယ်ယူနိုင်ပါတယ် ခင်ဗျ..
“ငါတို့ရဲ့ လုပ်ငန်းမှာ လိုအပ်တဲ့ ရေ ရဖို့ပဲသိတယ်၊ ခင်ဗျားတို့ လုပ်ပေးနိုင်မလား” ဆိုတဲ့ Customer များအတွက်လည်း Site Survey ဆင်းခြင်း ၊ လိုအပ်ချက်နှင့် ကိုက်ညီမည့် Pump များ တွက်ချက်ပေးခြင်း ၊ Pump set installation လုပ်ပေးခြင်း အစရှိသည့် ဝန်ဆောင်မှုများကို
အတွေ့အကြုံရှိ engineer များ ၊ ကျွမ်းကျင်ဝန်ထမ်းများမှ အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးလျှက် ရှိပါသည် ခင်ဗျား…
09-45 000 7806, 09-4217 62 670 ကို
HELLO လုပ်ပြီး သိချင်တာတွေ မေးလို့ရပါတယ်…
ဆိုင်ကိုလာပြီး မေးမြန်းဝယ်ယူချင်တယ် ဆိုရင်တော့
ဆိုင်လိပ်စာက
အမှတ်(386)၊ သုဓမ္မာလမ်းမကြီး၊ (စ) ရပ်ကွက်၊မြောက်ဥက္ကလာပ မြိ့နယ် သို့ လာရောက်နိုင်ပါတယ် ခင်ဗျ…
Google map မှာ NMT ENGINEERING GROUP SHOWROOM လို့ ရိုက်ရှာလို့လည်း ရပါတယ် ခင်ဗျာ…
30/09/2025
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11031
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 14:00 |