Nan နန်း - Counselling
Counselling
🪻Acceptance လက်ခံခြင်းဆိုတာကိုသေချာမကျေညက်ရင်စိတ်တွင်းပဋိပက္ခတွေဖြစ်တတ်ပါတယ်။
ကိစ္စကဖြစ်ပြီးသွားပြီဆိုရင်တော့ ကျေညက်အောင်လက်ခံနိုင်ဖို့ အချိန်ယူသင့်လည်းယူပါနော် (ကိုယ်မမှားတာအတွက် အတင်းအမှန်လုပ်ဖို့ ကြိုက်ဖို့ မဟုတ်ပါ၊ဒီအရာအတွက်အသိမှတ်ပြုမှ ကိုယ့်အတွက်နောက်တစ်ဆင့်တက်နိုင်ခြင်းမျိုးကိုပါလေ)🔔👩🦰🍀
Counseling Session အတွက် Nan နန်း - Counselling Page messenger မှာလည်း Hi📨 နိုင်ပါတယ်ရှင့်🌞🌞🌞
နန်း - Counselling
16/12/2025
‟Let It Go” 🦸♀️
💻 ‟Let It Go” ဆိုတာက ကိုယ့်ကိုနာကျင်စေတဲ့ စိတ်အတွေး၊ အဖြစ်အပျက်တွေကိုမဖမ်းဆီးတော့ဘဲ လွှတ်ချလိုက်ဖို့ဆိုလိုတာပါ” တဲ့ CHATGPT ကတဲ့ (တည့်) ပြန်ပေးထားတာပေါ့။
🐧 ချဲ့တွေးကြရင်ဖြင့် လူတိုင်းနီးပါးလောက်မှာ ‟Let It Go” လို့ လှိုက်လှိုက်လှဲလှဲ စိတ်ရောကိုယ်ပါလွှတ်ချရမဲ့ကိစ္စတွေကိုယ်စီရှိနိုင်မှာပေါ့လေ။
📚 စာအုပ်တစ်အုပ်မှာဖတ်ဖူးတာကတော့သေဆုံးခါနီးသတိရှိနေတဲ့ အချိန်မှာတောင်ဘေးက ‟ လွှတ်ချလိုက်” ‟ လွှတ်ချထားခဲ့လိုက်ပါ” လို့ သတိပေးနိုင်သူရှိရင်ကောင်းပါတယ်လို့ဆိုပါတယ်။ ဒါလည်းစေ့စေ့တွေးရေးရေးတော့ နားလည်သလိုပါဘဲ။
📆2025 ကလည်းကုန်ခါနီးပါပြီ။ပုံမှန်ကုန်ဆုံးသွားတဲ့ သဘာဝတရားကမထူးဆန်းပေမဲ့ တို့တစ်တွေ မလုပ်ရသေးတဲ့, မလုပ်နိုင်သေးတဲ့, မလုပ်ရဲသေးတဲ့အရာတွေကို နှစ်အဟောင်းနှင့်အတူချန်ထားခဲ့မလား ?ဆက်သယ်သွားမလား ? စဉ်းစားစရာပါဘဲနော်။
🤔🤔တစ်ယောက်ထဲမစဉ်းစားချင်ရင်တော့ ဘာဘဲလိုလို Nan နန်း - Counselling ရှိပါတယ်ရှင့်😊😇 ။ ။
Photo - Credit
#နန်း- Counselling
#2026
07/12/2025
မသေချာ🎵 မရေရာတာတွေများတဲ့ ကောင်းကင်အောက်🎤
အချိန်တန် အိမ်ပြန်ချိန်တွေ နှုတ်ဆက် လမ်းခွဲတိုင်း 🎵 -----
လို့ ဆိုတဲ့ မာရဇ္ဇ သီချင်းထဲကလိုဘဲလေ
နှုတ်မဆက်လမ်းမခွဲခင် လုပ်စရာရှိတာလုပ်တခါတလေ သီချင်းနားထောင် စာဖတ် ပျော်အောင်နေမယ်လေနော့
လုံးဝတစ်စုံတစ်ဦးကိုပြောမှ စိတ်သက်သာမယ်ဆိုရင်တော့ 🌚🌝
ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်မဟုတ်တဲဲဲ့ Nan နန်း - Counselling ကို Hello လုပ်လိုက်ပါနော် 😊(ပြဿနာအတိမ်နက်ပေါ်မူတည်ပြီး Phone,
Viber, Telegram - In person or Virtual တစ်ခုခုပေါ့ရှင့်)
Hello ဆိုပြီးစုံစမ်းချင်ရင်တော့ 📞 09 950 889029 ပါရှင့်😊
Nan နန်း- Counselling
နန်း - Counselling
Photo Credit
Counsellor လုပ်သက် ဆယ်စုနှစ်တစ်ခုကျော်စာရှိပြီး INGO,NGO တို့မှာ Counsellor အနေနဲ့ Client အရေတွက်အများပြားနဲ့ ဆွေးနွေးခဲ့ပါသည်။
Psychology ပိုင်း Theory ပိုင်းတွေကိုလည်းစဥ်ဆက်မပြတ်လေ့လာသင်ယူလုပ်ဆောင်ခဲ့ပါသည်။
Supervision များလည်းအများကြီးခံယူခဲ့ပါသည်။
ကိုယ်တတ်ထားတာများကိုဆင့်ပွားပညာပေးခြင်းလည်းလုပ်ဆောင်ခဲ့ပါသည်။
စိတ်ပိုင်းဆိုင်ရာနှင့် Counselling ရဲ့ အရေးပါမှု့ကိုနားလည်သဖြင့် အခကြေးငွေမသတ်မှတ်ဘဲ ဝန်ဆောင်မှု့ပေးချင်ပါသည်။အခမဲ့လည်းဝန်ဆောင်မှု့ပေးပါသည်(အချိန်လေးတော့ ညှိနှိုင်းပါရစေနော်)။
မှာယုံကြည်မှု့အရေးကြီးလို့ အောက်ဆုံးက စာပိုဒ်လေးထည့်ရေးတာပါနော်။😊
Post မှာ အခွီနဲ့ဆို Counsellor role လေးပေါ့သွားမှာစိုးလို့ပါရှင့်😊🙏
Click here to claim your Sponsored Listing.