Myin Taw Thar General & Specialist Clinic

Myin Taw Thar General & Specialist Clinic

Share

9am-9pm specialist clinic.

01/01/2026

💚💙 မြင်တော်သာ အထွေထွေရောဂါနှင့် အထူးကု​ဆေးခန်းရဲ့ မိတ်‌ဆွေ အပေါင်းတို့ အားလုံး နှစ်သစ်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင် ကိုအလွယ်တကူ ရောက်ရှိနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာသော နှစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဂါဝရပြု ဆုတောင်းလိုက်ရပါတယ်..။🙏 🙏


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #2026

25/12/2025

💚💙 မြင်တော်သာ အထွေထွေရောဂါနှင့် အထူးကု​ဆေးခန်းရဲ့ မိတ်‌ဆွေ အပေါင်းတို့ အားလုံး ကြည်နူးပျော်ရွှင်စရာ Xmas ပိတ်ရက်လေး ဖြစ်ကြပါစေ..။🙏🙏
မိတ်ဆွေများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ​ပြည့်ဝကြပါစေကြောင်း ဂါဝရပြု ဆုတောင်းလိုက်ရပါတယ်ခင်ဗျာ..။🙏 🙏


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #ခရစ်စမတ်

10/12/2025

💚💙 ထမင်းလို့ပြောလိုက်တာနဲ့ မြန်မာလူမျိုး

ဆန်လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံကို မြင်မိကြမှာပါ။

ထမင်းကမြန်မာလူမျိုးတွေအတွက် နေ့စဉ်စားလို့

မရိုးသွားတဲ့အရာဖြစ်တယ်။

ထုံးတမ်းစဉ်လာဖြစ်တယ်။

ပန်းကန်ပေါ်မှာနေ့စဉ်ပါနေတဲ့ Constant တစ်ခုဖြစ်ပါတယ်။

ဗိုက်ဆာတဲ့အချိန်မှာရော ဗိုက်မဆာရင်တောင်မှ စားရမယ့်အချိန်ရောက်ပြီဆိုတာနဲ့

စားမယ်ဆိုရင် ထမင်းကိုမပါမဖြစ်စားဖြစ်ကြတာပါ။

ဒါပေမယ့်အခုအချိန်မှာ မြန်မာပြည်မှာ ဆီးချိုဖြစ်တဲ့လူများသထက်များလာတဲ့အခါ

ထမင်းက ဆီးချိုနဲ့ခန္ဓာကိုယ်ကို ဘာတွေဘယ်လိုလုပ်ပေးနေလဲသိကိုသိဖို့လိုလာပါတယ်။

အထူးသဖြင့် လှုပ်ရှားမှုနည်းပါးတဲ့ Lifestyle နဲ့အနေများတဲ့လူတွေအနေနဲ့ပိုကိုသိရှိဖို့လိုလာပါတယ်။

ထမင်းက ကဆီဓာတ် ကာဘိုဟိုက်ဒရိတ် တစ်မျိုးဖြစ်ပြီးတော့

သွေးထဲမှာ Glucose အနေနဲ့ အချိန်တိုအတွင်းပြောင်းလဲသွားတတ်ကြပါတယ်။

အဲ့တော့ ထမင်းများများကိုမြန်မြန်စားရင်

စားစားပြီးချင်း သွေးထဲမှာဆီးချိုစောင့်တက်တတ်ပါတယ်။

အဲ့လိုစောင့်တက်ရင် ဘာတွေဖြစ်တတ်လဲဆိုတော့

ချက်ချင်းနှုန်းကျသွားတတ်တယ်၊ ခဏနေတာနဲ့

ဗိုက်ပြန်ဆာတတ်ပြီး အဝလွန်တာ အဆီတက်တာ

ဆီးချိုမထိန်းနိုင်တာ သွေးတိုးတာ အသည်းအဆီဖုံးတာ စတာတွေကို

ဦးဆောင်ပြီးဖြစ်စေတတ်တယ်။

အချိန်ကြာလာရင် သွေးထဲက Insulin ကို ခန္ဓာကိုယ်က ထုံသွားပြီး

လက်မခံတော့ဘဲ သွေးချိုဆီးချိုလို့ခေါ်နေတဲ့

Type 2 Diabetes ကိုဖြစ်ကိုဖြစ်စေတတ်တယ်။

အဲ့ထဲမှာတချို့လူတွေက ထမင်းဘယ်လောက်စားစားဘာမှမဖြစ်ဘူး

တချို့သောလူတွေကြတော့လည်းနည်းနည်းစားတာနဲ့ကိုဆီးချိုထိန်းမရ စောင့်တက် သတိလစ်တာမျိုးတွေ

ဖြစ်နေတတ်ကြတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတော့

အဝလွန်တဲ့လူတွေ

မိသားစုတစ်စုလုံးက ဆီးချိုဖြစ်နေတဲ့လူတွေ

သွေးထဲမှာကိုလက်စရောများနေတဲ့လူတွေ

အသည်းအဆီဖုံးနေတဲ့လူတွေ

ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့

ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုင်တဲ့လူတွေ ဆိုပိုဖြစ်ပါတယ်။

ဒါပေမယ့်အဖြေက ထမင်းကို ရာသက်ပန်ဖျက်လိုက်ဖို့မဟုတ်ပါဘူး

စားနေတဲ့ပမာဏကိုတတ်နိုင်သလောက်လျော့ပြီး စားတဲ့အချိန်မှာ

အချိန်ယူပြီးစားလိုက်ဖို့ပါ။

ထမင်းကို ဆီနဲ့စားနဲ့ သူ့ချည်းဘဲစားတာထက်စာရင်

အသားနဲ့အရွက်ကို ညီညီမျှမျှ စားတတ်တယ်ဆိုရင်

ထမင်းရဲ့ဆိုးကျိုးတွေကိုအနည်းဆုံးခံစားရမှာပါ။

ဆီးချိုဖြစ်ချင်နေတဲ့လူတွေ၊ အဝလွန်နေတဲ့လူတွေ၊

အသည်းအဆီဖုံးနေတဲ့လူတွေက ကိုယ်ကိုကိုယ်ထမင်းဘယ်လောက်လျှော့စားရမလဲဆိုတာ

စဉ်းစားပေးလိုက်ရုံနဲ့ ရောဂါတွေနဲ့သောက်ရမယ့်ဆေးအများကြီးကိုရှောင်ရှားနိုင်မှာပါ။

ဆီးချိုနဲ့အစားအစာတွေ ဘယ်လိုချိန်ဆ စားသောက်ရမလဲမသိဘူး

တိုင်ပင်ချင်တယ်ဆိုရင်တော့ မြင်တော်သာအထူးကုဆေးခန်းမှာ

ဆီးချိုသွေးချိုနှင့် ဟိုမုန်းရောဂါ

အထူးကုသမားတော်ကြီးဒေါက်တာဇင်မျိုးလတ်နဲ့

နေ့စဉ်ပြသနိုင်ပါပြီ



----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်

09797468963

Address-

အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။

#ဆေးခန်း #အထူးကု #ဆီးချို

05/12/2025

💚💙 ရုတ်တရက်ကြီး ရင်ဘတ်အောင့်တာ၊ နေရတာမအီမသာဖြစ်တာ၊

လူကနှုံးသွားတာမျိုးဖြစ်ပြီး ၊ ငါ နှလုံးရောဂါများဖြစ်တာလားဆိုပြီးစဉ်းစားမိဖူးကြမှာပါ။

ရင်ဘတ်အောင့်တာက ရောဂါအနေနဲ့ပြောမယ်ဆိုနည်းနည်းရှုပ်ပြီးပြောရခက်တယ်ဗျာ့

နှလုံးသွေးကြောကျဉ်းတာတို့ နှလုံးခုန်နှုန်းမမှန်တာ သွေးတိုးတာတွေစတဲ့

နှလုံးရောဂါတွေကြောင့် ရင်ဘတ်အောင့်တာလည်းဖြစ်နေနိုင်သလို

တခါတလေကြတော့ ကြွက်သားနာတာ၊ အာရုံကြောလေးတွေရောင်တာ နာတာ၊

အဆုတ်ပြဿနာတွေ၊ အစာအိမ်ရောင်တာနာတာတွေနဲ့ ဘာမှမဟုတ်ဘဲ

stress တွေ anxiety တွေတက်ပြီးရင်ဘတ်အောင့်တာမျိုးကိုဖြစ်နေတတ်တယ်။

နှလုံးကြောင့်ဖြစ်တာအများစုက သူ့မှာသိသိသာသာထူးထူးခြားခြားပုံစံလေးတွေရှိနေတတ်တယ်။

အဓိက ကရှေ့နဲ့နောက်နဲ့ ညှပ်ပြီးဖိထားသလိုခံစားရတာမျိုး

ရင်ပူတာမျိုး တခါတလေမှာရင်ဘတ်အောင့်ရင်းနဲ့ ဘယ်ဘက်လက်မောင်း

ညာဘက်လက်မောင်း မေးစိတွေလည်ပင်းတွေ ကြောတွေပါ၊ အောင့်လာတာမျိုး

မောပြီး အသက်ရှူမဝတာတွေ၊ ချွေးစေးတွေပြန်လာတာတွေ၊ မူးတာ၊ ပျို့ချင်အန်ချင်တာ

ရင်တုန်တာတွေ ဖြစ်လာတယ်ဆိုရင်တော့ နှလုံးမှတစ်ခုခုဖြစ်နေတယ်လို့ အကြမ်းဖျင်း ယူဆလိုရမှာပါ။

ကိုယ့်မှာဆီးချိုသွေးတိုးရှိတယ်၊ အဝလွန်ပြီး သွေးထဲမှာ အဆီဓာတ်ကလည်းများနေတယ်၊

ဆေးလိပ် အရက်ကလည်းအသောက်မပျက်ဘူး အရင်ထဲကလည်း နှလုံးရောဂါအခံရှိနေတယ်ဆိုရင်တော့

ခုနက လက္ခဏာတွေ နည်းနည််းလေးစဖြစ်ထဲကဆေးရုံဆေးခန်းသွားရမှာပါ။

အာရုံကြောတို့ကြွက်သားတို့ကြောင့် ဖြစ်တယ်ဆိုရင် ခန္ဓာကိုယ်ကိုလုပ်လုပ်ရှားရှားလုပ်လိုက်တာဘဲဖြစ်ဖြစ်

ရင်ဘတ်နာနေတဲ့နေရာကိုဖိလိုက်ရင်ဘဲဖြစ်ဖြစ်ပိုနာလာမှာပါ။

အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ရင်ပူတာ ဗိုက်ကြီးကယ်နေတာကိုခံစားရမှာပါ။

ဘယ်လိုဘဲဖြစိဖြစ်ရင်ဘတ်အောင့်လာပြီဆိုတာနဲ့

ECG ဆွဲတာ ၊ သွေးဖောက်စစ်တာ၊ သွေးပေါင်ချိန်တာနဲ့

ကိုယ်က အရင်ထဲက ရောဂါရှိတဲ့လူဆို Echo ရိုက်တာတို့လုပ်ကိုလုပ်သင့်ပါတယ်။

ကိုယ့်ဘာကိုယ်ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲစစ်ဆေးတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့

သာကေတမှာ ရှိတဲ့မြင်တော်သာဆေးခန်းကိုလှမ်းလာခဲ့လို့ရပါတယ်။

နှလုံးနဲ့ပက်သက်တဲ့ဗဟုသုတ ကတစ်ချိန်ချိန်မှာ ကိုယ်ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့

လူတွေရောကို ကယ်တင်နိုင်မှာပါ။



----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်

09797468963

Address-

အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။

#ဆေးခန်း #အထူးကု #နှလုံးကျန်းမာရေး

02/12/2025

💚💙 ဆောင်းရာသီအအေးပြင်းထန်တဲ့အချိန် မနက်စောစော
ကလေးငယ်လေးတွေ လည်ချောင်းနာတာ ရင်ကျပ်တာဖြစ်ပြီဆိုရင်
မိဘတိုင်းရဲ့ စိုးရိမ်ပူပန်သောကတွေရင်ထဲမှာဖြစ်လာကြပါပြီ။
ကိုယ့်ကလေးက အခုဘဲပြေးလွှားခုန်ပေါက်ပြီးဆော့နေတယ်၊ ခဏနေတာနဲ့
လည်ပင်းကိုကိုင်ပြီးအသံတိုးတိုးလေးနဲ့ အသက်ကိုခက်ခက်ခဲခဲရှူနေရပြီဆို
ဘယ်မိဘမဆိုရင်တုန်သွားမှာ အမှန်ပါဘဲ။
များသောအားဖြင့်ကတော့ ကလေးတွေမှာ
လည်ချောင်းနာတာ ရင်ကျပ်တာက ရာသီတုပ်ကွေးတို့
အအေးပတ်တာတို့ ဖုန်တွေအမှုန်တွေရှူမိလိုက်လို့ဖြစ်တာများပါတယ်။
ကလေးတွေက သူတို့ဖြစ်တာကိုသေချာမပြောတတ်ကြပါဘူး
ရေမြိုချလို့မရဘူး လို့ပြောရင်ပြောမယ် ငိုရင် စကားပြောရင်
အသံတိုးတိုးနဲ့ တိမ်ဝင်ရင်တိမ်ဝင်သွားမယ်။
အဲ့လိုလက္ခဏာတွေကို မိဘတွေက အခြေအနေတော်တော်သိသာလာတော့မှဘဲ
သိကြတာများပါတယ်။ အဲ့အချိန်မျိုးကြရင်
အေးတဲ့ညဘက်တွေနဲ့မနက်စောစောမှာ
ကလေးက ချောင်းတွေဆိုးပြီးရင်ကျပ်နေတတ်ပါတယ်။
ကလေးကချောင်းအရမ်းဆိုးလာပြီးအသက်ရှူကျပ်လာတာ
အသက်ရှူမြန်လာတာ ၊ အသက်ကိုခဲရာခဲဆစ်ရှူလာရပြီဆိုရင်တော့
ဆေးရုံပြေးဖို့ကိုသာစဉ်းစားပါတော့။
အဲ့လိုအခြေအနေမျိုးမရောက်ခင်မှာ
ဖေဖေတို့မေမေတို့ အမြဲသတိထားရမယ့်
အချက်လေးတွေရှိပါတယ်။
တောက်လျှောက်ကျပ်နေတာ၊ အဖျားကြီးတာ၊
အသက်ရှူရခက်နေတာ၊ ပုံမှန်အတိုင်းမဆော့တော့ဘူး
မစားတော့ဘူးဆိုရင် ကလေးအထူးကုဆရာဝန်တွေနဲ့ပြဖို့ကို
လိုအပ်နေပါပြီ။
သတင်းကောင်းကတော့ ဒီလိုပန်းနာရင်ကျပ်ဖြစ်တဲ့
ကလေးငယ်တွေက စောစောဆေးခန်းပြစောစောဂေါက်ရှူ
စောစောဆေးသောက်ရရင်ချက်ချင်းပြန်သက်သာလာတတ်ပါတယ်။
ဒီလိုကလေးလေးတွေအတွက် ဖေဖေတို့မေမေတို့ ကလေးအထူးကုဆရာဝန်ကြီးနဲ့
ပြချင်တယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာပြည့်ဖြိုးနိုင်
နဲ့မြင်တော်သာဆေးခန်းမှာနေ့စဉ်နေ့တိုင်းပြသနိုင်ပါပြီ၊


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #ကလေးကျန်းမာရေး

30/11/2025

💚💙 ဆောင်းရာသီရဲ့ အအေးဓာတ်လေးစတာနဲ့
ကြွက်တက်တာက မခေါ်ဘဲဘဝထဲကိုဝင်လာတဲ့
ဧည့်သည်လိုပါဘဲ။
အေးစိမ့်စိမ့်ရာသီဥတုက
ကြွက်သားတွေကိုတောင့်တောင့်တင်းတင်းကြီး
ဖြစ်စေတတ်တဲ့အတွက်
ကိုယ်မသိလိုက်တဲ့အချိန်မှာဘဲ
အကြောဆန့်ရင်း ဇာတ်ချိုးရင်းနဲ့
ကြွက်တက်ပြီဟေ့ဆိုတဲ့
အော်သံလေးကိုကြားရမှာဖြစ်ပါတယ်။
ဘာလို့ကြွက်တက်တာလဲ?
ကြောင် မရှိလို့ဆိုတဲ့ ရပ်ကွက်ထဲက ဦးလေးကြီးတွေရဲ့
အဖြေကိုကြားဖူးကြမှာပါ။
တကယ်ကတော့ ကြွက်သားရဲ့သဘောသဘာဝအရ
အေးရင်တောင့်လာပါတယ်။
အဲဒါကိုမှ တစ်နေရာထဲမှာအကြာကြီး
ထိုင်နေတာမျိုး၊ ရေမသောက်တာမျိုး၊
တနေကုန်ထိုင်ရာကမထဘဲ
အလုပ်လုပ်တာမျိုး ကြောင့်
ဆောင်းရာသီမှာကြွက်တက်တာပါ။
များသောအားဖြင့်က နာတယ် အာရုံနောက်တယ်ဆိုတာက
လွဲရင်ဘာပြဿနာမှမရှိတတ်ပါဘူး
ဒါပေမယ့် ညဘက်တွေကြွက်တက်ပြီးနိုးလာတာမျိုး
ခဏခဏဖြစ်တာမျိုး နှုန်းတာမူးတာနဲ့တွဲပြီးကြွက်တက်တာမျိုး
ဖြစ်လာရင်တော့ ဒါခန္ဓာကိုယ်မှာ potassium တို့ magnesium တို့လို
သက်စောင့်ဓာတ် နည်းပါးနေတာ ရေဓာတ်လုံလုံလောက်လောက်မရတာကိုပြနေတာပါဘဲ။
ဒီကြွက်တက်နေတာကြီးကိုကြိတ်မှိတ်ခံနေစရာမလိုပါဘူး
လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလေးလုပ်မယ်။
ရေများများသောက်မယ်။ အကြောသေချာလျော့မယ်။
နွေးနွေးထွေးထွေးနေမယ်ဆိုရင်တော့ ကြွက်တက်တာကို
ကောင်းကောင်းရှောင်နိုင်မှာပါ။
ဒါပေမယ့် ကြွက်တက်တာတွေက ပိုဆိုးပိုများပိုပြင်းထန်
လာတယ်ဆိုရင်တော့နောက်ကွယ်က ရောဂါကိုသေချာရှာဖို့လိုလာပါပြီ။
ရောဂါရှာဖွေဖို့ဘဲဖြစ်ဖြစ်ကျန်းမာရေးနဲ့ပက်သက်ပြီးဆွေးနွေးဖို့မြင်တော်သာဆေးခန်းကို
ကြွလှမ်းခဲ့လိုက်ပါ။


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #ကလေးကျန်းမာရေး

19/11/2025

နာတာရှည်အဆုတ်ရောင်လေပြွန်ကျဉ်းရောဂါ (COPD) ဘာကြောင့်ဖြစ်လဲ
(1) ဆေးလိပ်သောက်လို့
(2) မီးခိုးငွေ့တွေအကြာကြီးရှူမိလို့
(3) ပန်းနာရင်ကျပ်ရောဂါကိုမကုဘဲထားလို့
(4) တီဘီ‌တွေ နမိုးနီးယားတွေခဏခဏဖြစ်လို့
(5) လေထုညစ်ညမ်းလို့
(6) အပေါ်က အဖြေအားလုံးမှန်ပါတယ်။

အဖြေမှန်ကတော့
(6) အပေါ်က အဖြေအားလုံးမှန်ပါတယ်။
ဘဲဖြစ်ပါတယ်

20/10/2025

ဒီပါဝလီ (ဒေဝါလီ)နေ့ (20.10.2025) 🕯🪔
ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဆီမီးထွန်းပွဲတော် ဒီပါဝလီ (ဒေဝါလီ) ပွဲတော်မှာ ဟိန္ဒူဘာသာဝင်များနဲ့အတူ (၇)ရက်သားသမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပန်းလိုမွှေးပြီး ရေလိုအေးချမ်းကြပါစေလို့ ''မြင်တော်သာ အထွေထွေရောဂါနှင့် အထူးကုဆေးခန်း”မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🙏🙏

17/10/2025

💚💙 စကားမပြောတတ်သေးတဲ့အရွယ်ကလေးတွေဘာကြောင့်ငိုမှန်းမသိတာဟာ မိဘတိုင်းအတွက်ခြေမကိုင်မိ လက်မကိုင်မိအဖြစ်ဆုံးအရာပါ
ဗိုက်ဆာတာလား၊ နေမကောင်းဖြစ်တာလား၊ ဂျီကြတာလား၊ ပင်ပန်းနေတာလား ဖြစ်နေတာကိုချက်ခြင်းထပြီးပြောစေချင်လိုက်တာဆရာရေဆိုတာ
မေမေ၊ဖေဖေတို့ရဲ့လက်သံ့းစကားပါ။ ဒါပေမယ့် ကလေးတွေရဲ့ ငိုတယ်ဆိုတာကလည်းမိဘတွေကို သူတို့နည်းသူတို့ဟန်နဲ့ပြောပြနေတာဘဲဖြစ်ပါတယ်။
ဒါကြောင့် စကားမပြောသေးတဲ့ ကလေးငယ်တွေမှာ ငိုသံနဲ့ ကိုယ်အနေအထားကို ကြည့်ပြီး အန္တရာယ်ရှိမရှိ သတိထားတတ်ဖို့ အလွန်အလွန်အရေးကြီးပါတယ်။

နာလို့ငိုတာ – ရုတ်တရတ် စူးစူးရှရှ ကျယ်ကျယ်လောင်လောင် ဖြစ်ပြီး တော်ရုံနဲ့ အငိုမတိတ်တတ်ပါဘူး။
အဓိကကတော့ဗိုက်နာတာ၊ဖျားတာ၊နေထိုင်မကောင်းဖြစ်တာ၊ မအီမသာဖြစ်တဲ့အချိန်တွေမှာ ကြားရတတ်ပါတယ်။

ခံစားချက်ကြောင့်ငိုတာ – အသံကျယ်ပေမယ့်ခဏတာဘဲကြာတတ်ပါတယ်။ မေမေက သူမကြိုက်တာတစ်ခုခုလုပ်ရင်
သူကိုက်နေတဲ့ သူဆော့နေတဲ့အရုပ်တွေကိုသိမ်းလိုက်ရင် သူမကြိုက်တဲ့လူတစ်ယောက်ယောက် က ချီဖို့ဖက်ဖို့ကြိုးစားရင်
ငိုတတ်ပါတယ်။

ဗိုက်ဆာတာ၊အိပ်ချင်လို့ငိုတာ – ငိုသံမှာ rhythm ရှိတတ်ပါတယ်။ နို့တိုက်လိုက်ရင်ချော့သိပ်လိုက်ရင်ချက်ချင်းအငိုတိတ်သွားပါတယ်။

ဂရုစိုက်ခံချင်လို့ငိုတာ – မေမေက လှည့်မကြည့်တဲ့အခါမှာ ငိုပြီး နောက်ထပ် လှည့်ကြည့်လိုက်ရင်ချီလိုက်ရင် အငိုတိတ်သွားတတ်ပါတယ်။

ဒါပေမဲ့ — ငိုသံက တိန်ဝင်သွားတယ်၊ ပုံမှန်မဟုတ်ဘဲပြောင်းလဲသွားတယ်၊ အသက်ရှုခက်နေတယ်၊ အသား၊နှုတ်ခမ်း၊လျှာပြာလာတာ
တွေရှိလာရင်တော့ ချက်ချင်း ဆေးရုံဆေးခန်းသွားပြရပါမယ်။

ကလေးတွေအတွက်တော့ ငိုခြင်းက သူတို့ ဆက်သွယ်မှုပဲဖြစ်ပါတယ်။
သူတို့လေးတွေရဲ့ အနားမှာ နားထောင်ဖို့၊ သတိထားဖို့၊ ခံစားဖို့ ကတော့ မေမေ၊ ဖေဖေတို့ရဲ့ အကြီးဆုံးအခန်းကဏ္ဍဘဲဖြစ်ပါတယ်။
အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့"မြင်တော်သာ အထူးကုဆေးခန်း" မှာ ရှိတဲ့ ကလေးအထူးကုဆရာဝန်ကြီးများနဲ့
နေ့စဉ်လာရောက်ဆွေးနွေးနိုင်ပါတယ်။
----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #က​လေးကျန်းမာရေး

10/10/2025

💚💙 ကလေးတွေရဲ့စိတ်ကျန်းမာရေးကိုထိခိုက်အောင်လုပ်နေတဲ့အရာတွေက
များသောအားဖြင့် အဖြစ်အပျက်ကြီးကြီးမားမားတွေ
မဟုတ်တတ်ပါဘူး။ နေ့စဉ်အိမ်မှာဖြစ်နေကြ
မထင်မရှားကိစ္စလေးတွေကြောင့်ဖြစ်တာများပါတယ်။
မိဘတွေရဲ့တစ်ချိန်လုံးရန်ဖြစ်နေတဲ့ဆူဆဲသံတွေ၊
နည်းနည်းလေးတစ်ခုခုမှားတာနဲ့ မသင်ပေး
မပြောပြဘဲ ဆူတတ်ငေါက်တတ်တဲ့လူကြီးတွေရဲ့ အကျင့်တွေ၊
သူပြောချင်တာကိုနားမထောင်ပေးဘဲ
အမြဲတမ်းအလုပ်ရှုပ်နေတဲ့လူကြီးတွေရဲ့အပြုအမူတွေက
ကလေးအတွက်" ငါ့ကိုဘယ်သူမှ စိတ်မဝင်စားကြဘူးနဲ့တူတယ်"
ဆိုတဲ့ စိတ်ခံစားချက်ကိုခံစားလာရတတ်ပါတယ်။
တချို့ကလေးတွေက “ငါကမတော်ဘူး ငါကအသုံးမကျဘူး ငါကအရာမဝင်ဘူး”
ဆိုတဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်တတ်တဲ့စိတ်နဲ့ ကြီးလာတတ်ပါတယ်
အဲ့ဒီစိတ်က မွေးရာပါ ပါလာတာမဟုတ်ပါဘူး။
ပြုစုစောင့်ရှောက်တဲ့လူကြီးတွေရဲ့ အရှက်ခွဲပြီးဘဲဖြစ်ဖြစ်
အသားနာအောင်လုပ်ပြီးဘဲဖြစ်ဖြစ်
သွန်သင်ဆုံးမတတ်တဲ့အလေ့အကျင့်တွေ
တခြားကလေးတွေနဲ့နှိုင်းခံထိတာတွေ
ကြင်ကြင်နာနာနဲ့အချိန်ပေးပြီးဂရုစိုက်မခံခဲ့ရတာတွေကြောင့် ဘဲဖြစ်ပါတယ်။
ကလေးရဲ့စိတ်ဆိုတာ ရွံဆေးလိုပါဘဲ ဘယ်အရာနဲ့ထိထိ
အရာထင်ကျန်ခဲ့တတ်ပါတယ်။
ကြင်ကြင်နာနာစိတ်ရှည်ရှည်နဲ့ မေတ္တာနဲ့ဆက်ဆံခံရတဲ့ကလေးတွေရဲ့စိတ်ဟာ
ကျန်းမာလာပါတယ်။ ဆူပူအော်ဟစ် အရှက်ခွဲ ပစ်ထားခံရတဲ့ ကလေးအများစုကတော့
ဘာမဆိုကြောက်တတ်၊ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့ ကလေးတွေဘဲဖြစ်လာတတ်ကြပါတယ်။
ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကိုဆွေးနွေးချင်တယ်ဆိုရင်တော့
သာကေတမြင်တော်သာလမ်းပေါ်မှာတည်ရှိတဲ့ သာကေတ မြင်တော်သာဆေးခန်းမှာ
ကလေးအထူးကုဆရာဝန်များနဲ့ဆွေးနွေးနိုင်ပါပြီ။

----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #စိတ်ကျန်းမာရေး

06/10/2025

💚💙 မြင်တော်သာ အထွေထွေရောဂါ နှင့် အထူးကုဆေးခန်းရဲ့ ချစ်ခင်ရပါသော မိသားစုဝင်များနှင့် မိတ်ဆွေများ အားလုံး ယနေ့ ကျရောက် သီတင်းကျွတ်လပြည့်နေ့ အခါသမယလေးမှာ ကိုယ်စိတ်နှလုံး ရွှင်လန်းဝမ်းမြောက်ပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #သီတင်းကျွတ်

01/10/2025

💚💙 သားသားတို့ ဂျိုးဂျိုးဖျက်ဖို့လိုမလို



မိဘအများစုအတွက် သားသားတို့ကို ဂျိုးဂျိူးဖျက်တာ (circumcision) လုပ်ပေးဖို့ လိုသလား၊ မလိုသလား

ဆိုတာ စဉ်းစားစရာဖြစ်တတ်ပါတယ်။

ကျန်းမာရေးအရ

အရေခွံ(ထိပ်)မဖျက်ထားတဲ့ ကလေးတွေမှာ ပိုးဝင်လွယ်တာ၊ အညစ်အကြေးကျန်ပြီး အနံ့ထွက်တာ၊

ဆီးလမ်းပိုးဝင်တာ (UTI) တို့ ဖြစ်နိုင်ချေ ပိုများတတ်ပါတယ်။

ဂျိုးဂျိုးဖျက်ခြင်းဟာ အသက်ကြီးလာတဲ့အချိန်မှာလည်း

လိင်မှတစ်ဆင့်ကူးတဲ့ ကူးစက်ရောဂါတွေ (sexually transmitted infections) ကို သိသိသာသာ

လျော့ချစေနိုင်ပါတယ်။

ဒါပေမယ့် သားသားတို့အားလုံးအတွက် လိုအပ်မယ်လို့ အတပ်မပြောနိုင်ပါဘူး။

ဂျိုးဂျိုးဖျက်တာကိုကလေးခွဲစိတ်အထူးကုဆရာဝန်ဆီမှာ သေချာလုံခြုံစွာ

လုပ်ပေးရင် အန္တရာယ်မများပါဘူး။ တွေ့ရာလူနဲ့တော့ မလုပ်မိဖို့အရေးကြီးပါတယ်။

ဂျိုးဂျိုးဖျက်တာကို မလုပ်ထားမိဘူးဆိုရင်လည်း သားသားတို့ကို ဂျိုးဂျိုးထိပ်လေးသန့်သန့်ရှင်းရှင်းထားတတ်အောင်

အလေ့အကျင့်လုပ်ပေးထားတတ်ဖို့လိုပါတယ်။

ကလေးတွေ လေးဘက်ထောက် (toddler) အရွယ်လေးတွေမှာ

ဂျိုးဂျိုးထိပ်အရေခွံလေးကို အတင်းဆွဲလှန်ပစ်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ ဂျိုးဂျိုးလေး အနာဖြစ်ပြီး

အသက်ကြီးလာတဲ့အထိ အန္တရာယ်ဖြစ်တာမျိုးရှိနိုင်ပါတယ်။

ဂျိုးဂျိုးဖျက်ခြင်းလုပ်မလုပ်ဟာ မိဘနဲ့ ဆရာဝန် ကြား ဆွေးနွေးပြီး

ကလေးအတွက် အကျိုးအဖြစ်ဆုံးနဲ့ အန္တရာယ်အနည်းဆုံး လမ်းကို ရွေးချယ်သင့်ပါတယ်။

သာကေတမြို့နယ်မြင်တော်သာလမ်းပေါ်ရှိ “မြင်တော်သာ” အထူးကုဆေးခန်း မှာ

ကလေးခွဲစိတ်အထူးကုဆရာဝန်များ ကလေးအထူးကုဆရာဝန်များထံ

ဆွေးနွေးနိုင်ပြီး သားသားတို့အတွက် သင့်တော်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါပြီ။


----------------------------------------------------------------

ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်အချက်အလက်များ စုံစမ်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းရန်
09797468963

Address-
အမှတ် ၁က ၊ ၄ မြောက်ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ သာကေတာမြို့နယ်၊ ရန်ကုန်မြို့။
#ဆေးခန်း #အထူးကု #ကလေးကျန်းမာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No1 (A), 4 North, Myin Taw Thar Street, Thar Kay Ta
Yangon