Shwe Yee

Shwe Yee

Share

Thank you to everyone for everything.

06/12/2025

မေတ္တာတွေတော့ပေးခဲ့တာပဲ
မင်းကမသိတာခက်တယ်

မေတ္တာတွေပြန်မလာတိုင်း
ငါပေးတာမစစ်ဘူးထင်ပါရဲ့လို့ ဖြေသိမ့်ရတာပိုခက်တယ်

☺️☺️☺️

24/11/2025

အဆင်ပြေတာဖြစ်ဖြစ်
အဆင်မပြေတာဖြစ်ဖြစ်

ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ်

မင်းကိုပဲပြောပြချင်တာမို့
မင်းကိုလိုအပ်ပါတယ်ကွယ်။

☺️☺️☺️

24/10/2025

အစစအရာရာ
ငါ အဆင်မပြေပေမယ့်
ကမ္ဘာကြီးက လှလိုက်တာကွာ။

#ဆရာအောင်ချိမ့်

18/10/2025

ပျော်အောင်နေပါ။

ပျော်ရွှင်ခြင်းနောက်မှာ အဆင်ပြေခြင်းတွေကပ်ပါလာတယ်။

ဒါကြောင့် သင်ပျော်အောင်နေပါ။

သင်ပျော်ရွှင်သင့်တယ်။

သင်လည်းပျော်ရွှင်သင့်သူပါ။

☺️☺️☺️

16/10/2025

ပျော့ကွက်ကို အသုံးချင်တာ လူ့သဘာဝပဲ။

လူ့သဘာဝကို ကိုယ်ကသိဖို့ပဲလိုတာ။

သူနင်းမဲ့ပျော့ကွက်ကို သူ့ရှေ့ထုတ်မပြမိဖို့ပဲ

☺️☺️☺️

14/10/2025

အရာအားလုံးဟာ ယာယီပါပဲ။

မှန်ပါတယ်။

ယာယီပဲဟာ ဘာတွေ မာနထားနေမလဲ။

ဘာတွေတွေဝေနေမလဲ။

ဘာတွေအတ္တကြီးနေမလဲ။

ဘာမှကိုယ့်နောက်မပါတဲ့ဟာ။

အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် နေဖို့ပဲလိုတယ် မဟုတ်လား။

☺️☺️☺️

14/10/2025
09/10/2025

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ပြန်ကောင်းပေးနေတာလဲတဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်လုံးကိုခွဲခြားသိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ပြန်ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးရမယ်လို့ပဲ
စိတ်ထဲမှာရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားတယ်မရှိဘူးလေ
ဟုတ်တယ်မလား

ပြီးတော့
လက်ခံတဲ့သူတွေကလည်း တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး
လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

💭 || 7.10.2025

08/10/2025

ချန်ထားဖို့ သေချာနေပြီမို့
ပြုံးပြုံးလေး ကျန်ခဲ့ဖို့ကိုပဲ ရွေးပါတယ်

ကိုယ် အဆင်မပြေပေမယ့်
မင်း ရွေးတဲ့လမ်းမှာ
ဆူးခလုတ်ကင်းပါစေ

ကိုယ်မပျော်ပေမယ့်
မင်းနွေးမယ်ထင်တဲ့ ရင်ခွင်လေးက
တစ်သက်စာအတွက် လုံခြုံနွေးထွေးပါစေ ။

တစ်ခါတစ်လေကျတော့
တကယ်ချစ်ရင်ဆိုတဲ့ နောက်မှာ
ကျန်ခဲ့ပေးလိုက်မှ
အဆင်ပြေမယ့် ဆက်ဆံရေးတွေရှိပါတယ်

🍃🍂🌼

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 32, Bochot Street
Yangon