AuraK

AuraK

Share

Confidence in Every Glow

✨Facial Therapist, Sharing Skin Knowledge & Care✨

30/09/2025

👋 Hello 😊
Sunscreen အကြောင်းအသေးစိတ် ခွဲကြည့်ကြရအောင်
Sunscreen မပြောခင် UVA နဲ့ UVB ကိုအရင်ပြောပြပေးမယ်နော်
🌞UVA Rays(Aging Rays)
UVA ➡️Aging(wrinkles,dark sports,skin cancer risk) အ‌ေရပြားအတွင်းပိုင်းထိဖြစ်တာကို ပြောတာပါ နေရောင်ခြည်ကိုခဏခဏ မခံရလဲ UVA ထိနိုင်ပါတယ်

🌞 UVB Rays(Burning Rays)
UVB ➡️Burning(sunburn,redness,skin damage) အရေပြား အပါ်ယံ ထိနိုင်တယ် နေရောင်ခြည်ကို ခံရတာများလေ ပိုထိလေပါပဲ အပြင်ထွက်တဲ့ အခါ UVA ရော UVB ပါတဲ့ နှစ်မျိုးလုံးကာကွယ်ပေးတဲ့ sunscreen ကို သုံးသင့်ပါတယ်

SPF & PA ဆိုတာက(Sun Protection Factor) အဓိက UVB ကာကွယ်မှုကို ပြတာပါ
*SPF 30=UVB ကို 97% ကာကွယ်ပေး
*SPF 50=UVB ကို 98%ကာကွယ်ပေး

PA Rating(PA+,PA++++)➡️ UVA ကာကွယ်မှုကို ‌ပြတာပါ
* PA+ =UVA ကို အနည်းငယ် ကာကွယ်ပေးတာပါ
*PA++++ = UVA ကို အကောင်းဆုံး ကာကွယ်ပေးပါတယ်

Sunscreen (2)မျိုးရှိပါတယ်
Physical နဲ့ Chemical
Physical Sunscreen က လိမ်းပီး ချက်ချင်း အပြင်ထွက်လို့ရတယ်
အရေပြားအပေါ်မှာ shield တစ်ခုလိုဖြစ်ပြီး နေရောက်ကို တိုက်ရိုက် ကာကွယ်ပြန်ထုတ်ပေးတယ်
အများအားဖြင့် သူ့မှာ zice oxide,titanium dioxide ပါပြီး sensitive skin တွေအတွက် ပိုသင့်တော်ပါတယ်

Chemical Sunscreen က အပြင်မထွက်မှ 15 -20 mins လောက် ကြိုလိမ်းရပါတယ်
Ingredients တွေအရေပြားထဲ စိမ့်ပီး ကာကွယ်ပေးဖို့ အချိန် လိုအပ်တဲ့ အတွက်ဖြစ်ပါတယ်
နေရောင်ရဲ့ UVA နဲ့ UVB ထိတွေ့လာတဲ့ အလင်းကို စုပ်ယူပီး အပူအဖြစ်ပြောင်းပေးတယ်

Physical နဲ့ Chemical ကို လွယ်လွယ်ခွဲကြမယ်
Ingredients listမှာ zice oxide, Titanium dioxide သာ ပါရင် Physical
တခြား long name(Avobenzone ----ect.)ပါရင် Chemical ပေါ့နော်

မိမိ skin types နဲ့ ကိုက်ညီတဲ့ sunscreen ကိုရွေးသုံးတတ်ကြပါစေ😍
Skin Solutions
in Every Glow

24/09/2025

❌Oily skin အတွက် Moisturizer မလိုဘူး
✅ Moisturizer ဟာ ဘယ် skin ပဲဖြစ်ဖြစ် လိုအပ်ပါတယ်နော်
Normal skin ဆိုရင်တော့ အရမ်းရွေးချယ်စရာမလိုပေမယ့် Dry skin ဆိုရင် ရေဓါတ်ပြည့်ဝစေတဲ့ Moisturizer ကိုရွေးသုံးပီး Oily skin ဆိုရင် အဆီပြန်တာသက်သာစေတဲ့ Moisturizer ရွေးသုံးရမှာပါ
👋 Skincare ‌သေချာရွေးသုံးတတ်ကြပါစေရှင့်
Skin Solutions
in Every Glow
with confidence
care Your Glow 🥰

15/09/2025

✨Cucumber 🥒 (သခွားသီး)လေးနဲ့ Skincare လုပ်ကြမယ်😍
👋သဘာဝနည်းနဲ့ skin glow အောင် ဘယ်လိုလုပ်ရမလဲ?
✨Cucumber 🥒နဲ့ စ try ကြမယ်
❌ Cucumber 🥒ကိုမျက်နှာပေါ် တိုက်ရိုက်ကပ်တာမျိုး မလုပ်ပါနဲ့
✅ ရေသေချာဆေးပါ ပီးရင် အခွံခွှာတဲ့ ဓါးနဲ့ ပါးပါးလှီးပီး ပေးပါ အေး‌သွား‌အောင်‌ေရခဲ‌ေသတ္တာထဲ ခဏထဲ့ထားပါ
✅ ပီးရင်တော့ မျက်နှာကို Moisturizer တစ်ခုခု အရင်ခံလိမ်းပါ ပီးမှ သခွားသီးကို ကပ်ပေးပါနော်
ဘာဖြစ်လို့လဲ ဆိုတော့ Moisturizer အရင်လိမ်းပီး cucumber 🥒ကပ်ပေးတာက ရေဓါတ်ကို ပိုမိုပြည့်ဝစေတယ် ဓါတ်မတည့်မှုတွေ မဖြစ်စေဘူး နီတာ ရောင်ရဲတာ‌ေတွပါသက်သာ‌ေစကာ အသားအရေ တင်းရင်းကြည်လင်စေပါတယ်
✨Cucumber ရဲ့ Skincare အကျိုးကျေးဇူးများ

😊 Cucumber (သခွားသီး) က မျက်နှာအတွက် အံ့မခန်းအကျိုးကျေးဇူးတွေရှိပါတယ်

🥒 Cucumber မှာပါတဲ့ အဓိကအာဟာရဓာတ်များ:

1. 💧 ရေဓာတ် 95% – အရေပြားရေဓာတ်ဖြည့်တင်းခြင်း
2. 🌿 Antioxidants (Vitamin C, Caffeic Acid) – အိုမင်းရင့်ရော်မှုကိုကာကွယ်ခြင်း
3. ❄️ Cooling Effect – ယားယံမှု/ဝတ်ခြံကြောင့် နီတာ ၊ရောင်ရမ်းတာ သက်သာခြင်း
4. 🌱 Silica – အရေပြားတင်းရင်းမှုကိုဖြစ်စေပီး ရေဓာတ်ဖြည့်ပေးခြင်း (Hydration)

· အရေပြားကို စိုပြေလန်းဆန်းစေတယ်နေ
· ေလောင်ဒဏ်) ကိုလည်းသက်သာစေတယ်

5. အဆီထိန်းညှိခြင်း (Oil Control)

· အဆီပြန်တဲ့အသားအရာအတွက်ကောင်းတယ်
· Pores ကိုကျဉ်းစေတယ်

6. Antioxidant Protection

· အရေးအကြောင်းဖြစ်ခြင်းကိုနှေးကွေးစေတယ်
· အသားအရာကိုကြည်လင်ဝင်းပစေတယ်

💥သခွားသီးတုံးလေးများကပ်ခြင်း

· သခွားသီးကိုပါးပါးလှီး
· မျက်လုံးအောက်/မျက်နှာတစ်ခုလုံးကပ်ပါ
· 15 မိနစ်ထားပြီးရေဆေးချပါ

⚠️ သတိထားရမည့်အချက်များ:

1. ဓာတ်မတည့်မှုစစ်ဆေးပါ
2. သဘာဝသခွားသီးသုံးပါ – ပိုးသတ်ဆေးများမှရှောင်ပါ
3.Normal skin ဆိုရင်တော့ 5-10မိနစ် ထားလို့ရပေမယ့် ဝတ်ခြံထွက်တဲ့ Skin ဆိုရင်တော့ 3-5 မိနစ်လောက်ပဲ ထားပေးပါနော်
ဘာလို့ဆို cucumber 🥒က အပူစုပ်ယူမှုမြန်လို့ အပူကန်ပီး ဝတ်ခြံအဆီဖု ပြန်ထွက်မှာ စိုးလို့ပါရှင့်
Cucumber Skincare
Skincare
care, Your Glow 🥰

07/09/2025

Dark Spots & Melasma ဘာကြောင့်ဖြစ်တာလဲ?

➡️မျိုးရိုးကြောင့်လဲ dark spots ဖြစ်တဲ့သူ
➡️ Sunscreen သေချာမလိမ်းရင်🌞 နေရောင်ခြည်ကို ခဏခဏထိတွေ့တာမျိုး၊ နှစ်ရှည်လများ ကြာရှည်စွာ ခံစားလာရရင်
➡️ဟော်မုန်း အပြောင်းအလဲတွေ
➡️💊 အချို့သောဆေးတွေကြောင့်
➡️Acne Scar ,ဝတ်ခြံညှစ်ပီး ကျန်ခဲ့တဲ့ အမဲစက်လေးတွေ အများအားဖြင့် တွေ့ရတတ်ပါတယ်

👋 ဝတ်ခြံအဆီဖု ညှစ်ပီဆိုတာနဲ့ အနည်းနဲ့ အများကွဲပြားတာက လွဲရင် အမဲစက်ကျန်တတ်ပါတယ် အမဲစက်ဖြစ်ပီဆိုရင် အနည်းဆုံး ၃ လ ကနေ ၆ လလောက် ကြာတတ်ပါတယ်
ဝတ်ခြံကြောင့်ကျန်ခဲ့တဲ့ Dark Spots လေးတွေဖြစ်လို့ skincare သေချာသုံးပေးပီး
ဂရုစိုက်ပေးမယ် ၊skinလဲကောင်းမယ်ဆိုရင်တော့ မြန်မြန်ပျောက်ပါတယ်နော် တချို့တွေ‌လဲ အမဲစက်ကျန်မှာကြောက်လို့ အဆီဖု ဝတ်ခြံ မညှစ်ကြတာတွေလဲ ရှိပါတယ်

✨flawless skin ဖြစ်ချင်တယ်ဆိုရင်တော့ ပထမဆုံး ဆားဝတ်ခြံ ၊အဆီဖု၊ဝတ်ခြံ ရှိရင် အရင်ညှစ်ပါ ပီးတော့မှ ကျန်ခဲ့တဲ့ အမဲစက်အတွက် သွားတာက ပိုသင့်တော်ပါတယ်လို့ အကြံပေးပါရစေ😍

🧏Melasma ဆိုရင်တော့ ကုသရ နဲနဲ ခက်ပါတယ် အချိန်ယူရတယ် ပိုပီးတော့ ဂရုစိုက်ရပါတယ် လုံးဝ ပျောက်သွားဖို့ ဆိုတာထက် ပိုမများအောင်ပဲ အဓိက အရင်ကာကွယ်ရပါမယ်

ဘယ်လိုကုသရမလဲ?
1.🌞 Daily Sunscreen သုံးပါ
➡️နေရောင်ခြည်က Dark Spots နဲ့ Melasma ကိုပိုဆိုးစေတဲ့ အတွက် SPF 30% or 50%
မဖြစ်မနေ လိမ်းပေးပါ
Sunscreen က ပုံမှန်ဆို ၃ နာရီ၊၄ နာရီခြား တစ်ခါ လိမ်းလို့ရပါတယ် SPF 30% လောက်ဆိုရင်တော့ တစ်ရက်ကို ၂ ကြိမ် ၃ ကြိမ်လောက် လိမ်းပေးပီး SPF 50% ဆိုရင်တော့ တစ်ရက်ကို ၂ ကြိမ်လောက်‌လိမ်းပေးလို့ရတယ်နော် PA+++ တွေနဲ့ UVA & UVB ကို ကာကွယ်ပါ

2.➡️ Brightening Ingredients ပါတဲ့ Skincare တွေ သုံးပါ
Vitamin C🍊
Niacinamide
Arbutin
Licorice Extract

3.Exfolation (တစ်ပတ် ၁_၂ ကြိမ်)
AHA/BHA သုံးပါ(dead cells skin ဖြစ်စေပီး အမဲစက်အတွက် ပိုကောင်း)

4.Professional Treatment လုပ်ပါ
Chemical peeling
Laser Treatment စတာတွေ လုပ်လို့ရပါတယ် မဖြစ်ခင်ကာကွယ်ပါ
✨ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း✨
Skin Solutions
in Every Glow

04/09/2025

Acne _ဘာကြောင့်ထွက်တာလဲ? ဘယ်လိုကုသရမလဲ?
ပြောပြမယ်နော်🥰

အဓိကအခြေခံကျတဲ့ အချက်ပေါ့နော်
➡️Cleansing သေချာမလုပ်ရင် ထွက်တတ်တယ်
➡️ Hormone changes ကြောင့် ထွက်တတ်တယ်
➡️Stress များတာ ၊အိပ်ရေးမဝတာ၊skincare praducts မကိုက်ညီတာ သုံးမိတာ
➡️Life style မမှန်ရင် စသဖြင့်ပေါ့နော်

Hormone changes ကြောင့်ဆိုရင် ဆယ်ကျော်သက်အရွယ်တွေ အများအားဖြင့် ထွက်တတ်ပါတယ်

Acne _အမျိုးအစား (6)မျိုးရှိပါတယ်
1.Whiteheads(ဆားဝတ်ခြံ အဖြူ)
2.Blackheads(ဆားဝတ်ခြံ အမဲ)
3.Papules (ပြည်မရှိတဲ့ဝတ်ခြံ အဆီဖု)
4.Pustules (ပြည်ရှိတဲ့ ဝတ်ခြံ အဆီဖု)
5.Cysts (ပြည်ရှိတဲ့ ဝတ်ခြံဖု အကြီး)
6. Nodules(ပြည်မရှိတဲ့ ခပ်မာမာ အလုံး)

ဘယ်လို ကု ကြမလဲ?
👉Double cleansing
👉 Exfoliation
👉 Hydration
👉 Sunscreen
👉 Treatment သေချာလုပ်ရမယ်

✅ Cleansing သေချာလုပ်ပါ
✅Oil_free Moisturizer သုံးပါ
✅ Sunscreen မဖြစ်မနေလိမ်းပါ(Gel type သုံးတာ ပိုကောင်းပါတယ် ၊Cream type ရှောင်ပါ)
✅ Stress မများအောင်နေပါ
✅ Lifestyle မှန်အောင် နေပါ(ခေါင်းအုံးစွပ် ၊မျက်နှာသုတ်ပုဝါ ပုံမှန်လျှော်ပါ၊အစားအသောက် ဂရုစိုက်ပါ)

❌Acne ထွက်နေတဲ့ အချိန် ရောင်ရဲနေချိန် လက်နဲ့ ဖိညှစ်တာမျိုး မလုပ်ပါနဲ့
❌အဆီပြန်တတ်တဲ့ skincare သုံးတာ ရှောင်ပါ

Skin Solutions
in Every Glow

03/09/2025

Toner vs Essence _ဘာကွာလဲ?
ဘယ်ဟာကို အရင်သုံးရမလဲ?
✨Toner_မျက်နှာသစ်ပီးတဲ့အချိန်မှာ skin ကို prepare ဖြစ်စေပီး pH level balance ဖြစ်‌ေစပါတယ်
Cleansing လုပ်ပီး ကျန်နေခဲ့သေးတဲ့ အညစ်အကြေးလေး‌ေတွကို ဖယ်ရှားပီး ဆဲလ်‌ေသတွေကိုလဲ ဖယ်ရှားပေးပါတယ် (cotton pad နဲ့သုံးရင် ပိုကောင်း)
✨Essence_Toner လိမ်းပီးတဲ့နောက်မှာ ထပ်ဆင့်လိမ်းပေးရမှာပါ skin nourish ဖြစ်စေပီးတော့ ပိုပီး deep hydration ဖြစ်စေကာအရေပြား အတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးတယ် ဆဲလ်အသစ်ပြန်လည်ဖြစ်‌‌ေပါ်မှုမြန်ဆန်‌ေစတယ် တခြားထပ်ဆင့်လိမ်းမယ့် skincare တွေကိုလဲ support လုပ်‌ေပးတယ်(cotton pad နဲ့ မသုံးပါနဲ့ စုပ်ယူမှုနဲသွားနိုင်လို့ပါနော်)
🌹လိုအပ်ချက်ပေါ်မူတည်ပီး Essence ကို သုံးလဲရ မသုံးလဲရ ဆိုပေမယ့်
👉Toner=prepare
👉 Essence=Nourish
💡 Toner နဲ့ Essence ကို တွဲသုံးပေးမယ်ဆိုရင်တော့ healthy glow skin မြန်မြန်ရစေပါတယ်ရှင်😍
ရဲ့ Knowledge sharing ပါရှင့်
with confidence
in Every Glow

31/08/2025

Toner ဆိုတာဘာလဲ?

Toner အကြောင်း သိသလောက် ပြန် share ပေးတာပါ ရှင့်👋😍

Toner ဆိုတာ မျက်နှာ cleansing လုပ်ပြီးတဲ့နောက် သုံးသင့်တဲ့ liquid type skincare step တစ်ခုပါ
တနည်း‌ေပြာရမယ် ဆိုရင်တော့ pH balance ပြန်ချိန်ပေးတယ်၊ အစိုဓာတ်ပေးတယ်၊ နောက်ထပ် skincare product တွေစိမ့်ဝင်မှုအား‌‌ေကာင်းလမ်းပြပေးတယ် ဆိုတဲ့အကျိုးကျေးဇူးတွေပါ။

Toner အမျိုးအစားများ

1. Hydrating Toner (နူးညံ့သော အစိုဓာတ်ပေး)

Dry/Combination Skin အတွက် ကောင်းတယ်

Hyaluronic Acid, Glycerin, Aloe Vera စသည့် ingredient ပါတတ်တယ်နော်

2. Exfoliating Toner (အပေါ်ယံဖယ်ရှားပေး)

AHA/BHA ပါတဲ့ chemical exfoliant form

Dead skin cell ဖယ်ရှားပေးတယ်၊ pores သန့်စင်ပေးတယ်

ညဘက်မှာပဲ သုံးသင့်ပြီး နေ့လည်မှာ SPF မဖြစ်မနေလိမ်းရပါမယ်

3. Soothing Toner (Alcohol freeသုံးသင့်)

Sensitive Skin အတွက် သင့်တော်ပါတယ်

Chamomile, Centella Asiatica (Cica), Green Tea ပါတတ်ပါတယ်

Toner ရဲ့ အကျိုးကျေးဇူး

Skin pH balance ပြန်ချိန်ပေးတယ်

Cleansing step မပြီးစီးသေးတဲ့ အညစ်အကြေးအနည်းငယ်ကို ဖယ်ပေးတယ်

Serum, Essence, Moisturizer တွေ ထိရောက်စွာစိမ့်ဝင်လွယ်စေတယ်

အစိုဓာတ်ထပ်ဖြည့်ပေးတယ်

သုံးသင့်သည့်အချိန်

1. Cleanser နဲ့ မျက်နှာသန့်စင်ပြီး တန်းအသုံးပြုပေးပါ

2. Cotton pad နဲ့သုံးလို့ရ၊ လက်နဲ့ pat လိုက်လို့လည်းရ

Cotton pad နဲ့ အရင်သုံး နောက်တစ်ဆင့် လက်နဲ့ပြန်သုံးပေးတာက မျက်နှာကိုလုံးဝ သန့်စင်အားပြည့်စေပါတယ်နော်

သတိပြုရန်

Alcohol content များတဲ့ Toner ကို sensitive skin သမား မသုံးသင့်ပါ👋

Skin Solutions

30/08/2025

✨ အိပ်ရေးဝအောင် အိပ်ပါ – Skin ကို လှပစေမယ့် အစွမ်းအား✨

🛌 7–8 နာရီ အိပ်ခြင်းက သင့်ခန္ဓာကိုယ်ကို rest & repair လုပ်ပေးပါတယ်။
🌙 အိပ်ချိန်မှာ skin cell တွေ regenerate လုပ်တာကြောင့် နောက်နေ့ မနက်မှာ healthy glow ပေါ်ပေါ်လွင်လွင် ရနိုင်ပါတယ်။
💧 အိပ်ရေးမလုံလောက်ရင် အမဲစက်၊ မျက်ကွင်းညိုနက်နက်တွေ ဖြစ်ပြီး အသားအရေ ပိုမိုရင့်စေပါတယ်။

✨ တစ်ညအိပ်ရေးကောင်းကောင်းအိပ်စက်ခြင်းဖြင့် Glow လှပတဲ့ Skin ကို ခံစားလိုက်ပါ✨

Skin Solutions
in Every Glow

29/08/2025

Hello 👋
မျက်နှာမှာ အရေးကြီးဆုံးက ဘာလဲ?
Skin နော်
Healthy Skinဆိုတာကရော ဘယ်လိုမျိုးလဲ?
*Tone တူညီခြင်း_uneven skin tone မရှိပဲ အသားအရေညီခြင်း
*Texture နူးညံ့ခြင်း_rough patches ,bump,flakiness မရှိခြင်း
*Pore size ငယ်ခြင်း_ချွေးပေါက် မသိသာစေတာ
*Hydration balance ကောင်းခြင်း_အသားမခြောက် ၊အဆီမပြန်ပဲ healthy glow ရှိခြင်း
*No visible breakouts _acne,redness, blemishes ,scscarsမမြင်ရခြင်း

Flawless Skin ဆိုတာ

👉 လုံးဝ မဲစက်၊ အားနည်းအက္ခရာ၊ နီစက်၊ ပိုးချွေးပေါက်ကြီးခြင်း တို့ မမြင်ရတဲ့ skin ကို ဆိုကြတယ်။

No acne → ချွေးပေါက်မကျယ်ခြင်း, ပြန်ထပ်မထွက်ခြင်း

No blemishes / scars → အမဲစက် မကျန်ခြင်း

Even skin tone → မျက်နှာတစ်ခုလုံး အရောင်တူညီခြင်း

No redness or pigmentation → အနီစက်, အနက်စက်, freckles မရှိခြင်း

Smooth texture → ချွေးပေါက်သေးသေးလေး ဖြစ်ပြီး surface လုံးဝညီညာခြင်း

---

အမှန်တကယ်မှာ…

🌿 လူတိုင်းမှာ pores, redness, freckles, scars တစ်မျိုးမျိုး သဘာဝအတိုင်းပါတာက သာမန်ပါနော်

Healthy Skin ဆိုတာက အမှန်တကယ်
*လိုအပ်သလို hydrated ဖြစ်ခြင်း
*Skin barrier ကျန်းမာ(sensitive မဖြစ်အောင်၊protection ကောင်းအောင်)
*Shiny,Glowy မဖြစ်ရင်တောင် natural radiance ရှိခြင်း
*Small imperfactionsရှိရင်တောင် သဘာဝနဲ့ လှပနေခြင်း

Skin ဖြစ်ဖို့ AuraK ရဲ့ အကြံပေးမှု #
Care, Your Glow #
with confidence 🧏

28/08/2025

🧏Skincare ရမယ်လို့ပြောလိုက်တာနဲ့ အရင်ဆုံး Toner, Serum, Moisturizer, Sunscreen ကို ပြေးမြင်ကြတယ် ဟုတ်😊
အရေးကြီးတာတွေထဲကမှ Moisturizer အကြောင်းကို ပထမဆုံး ပြေပါပေးမယ်နော်

✨ Moisturizer ဆိုတာ အတိုပြောရရင် ရေဓါတ်ပြည့်ဝစေတာပါ ရေစိုစိမ့်မှု ထိန်းပေးတယ် အသားအရေမခြောက်အောင်သဘာဝ barrier ကိုထိန်းပေးပီး အသားအရေ ပိုချောမွေ့စေတယ် အသားအရေအရမ်းခြောက်တာ sensitive ဖြစ်လို့နီတာ ရောင်ရဲတာတွေက အစ သက်သာစေတယ် တခြားလိမ်းထားတဲ့ skincare တွေကို ‌lock လိုက်ပေးတယ်✨

ဒါလောက်ပဲလား no မဟုတ်ပါဘူးနော်
ခရီးတွေသွားရလို့ လေဒဏ် နေလောင်ဒဏ် သက်သာစေပီး နေလောင်တာများလို့ တင်းထိပ်လို အမဲစက်ဖြစ်လာခဲ့ရင်တောင် Moisturizer ကို ညအိပ်ယာဝင် များများလိမ်းပီးအိပ်ပေးရင် တဖြေးဖြေး သက်သာလာတဲ့ အထိ ကောင်းတာနော်😍

Moisturizer ‌ကို ဘယ်လိုရွေးရမလဲ?
Dry Skin _Cream type
Normal Skin
(Combination Skin)_Lotion type
Oily Skin _ Gel type
(Oil free,Light weight)

မှ အားလုံးအဆင်ပြေကြပါစေရှင်
In Every Glow #
# Your skin, Your Glow 🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
Yangon