Recap Videos
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Recap Videos, Health/Beauty, yangon, Yangon.
01/09/2026
#ကလေးသူငယ်အကြမ်းဖက်မှုကိုထိထိမိမိပညာပေးထားသည့်ဖြစ်ရပ်မှန်K Drama
ငယ်စဉ်ကတည်းက ရခဲ့သည့် စိတ်ဒဏ်ရာများနှင့် ဘဝအခြေအနေကြောင့် မိန်းမလှ ဘဲ့ဆန်းအာ (Han Ji-min) သည် ဘဝကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေသူ ဖြစ်သည်။ အနားတွင် အမြဲ ကာကွယ်ပေးတတ်သည့် ရဲအရာရှိ ဂျန်ဆော့ (Lee Hee-joon) ရှိသော်လည်း ဘယ်သူ့အပေါ်မှ မေတ္တာ မထားချင်ခဲ့ပါ။သိုသော် မိသားစု၏ အိမ်တွင်းအကြမ်းဖက်မှုကို ခံနေရသည့် ၁၀ နှစ်အရွယ် ကလေးမလေး ဂင်ဂျီအွန်း (Kim Si-a) နှင့် တွေ့ဆုံပြီးနောက် မေတ္တာတရားနှင့် မိခင်စိတ်တို ပြန်လည် နိုးထလာခဲ့သည်။ ဆိုးရွားလှသည့် မိသားစု အသိုင်းအဝိုင်းလက်ထဲမှ ကလေးမလေးကို မရမက ကယ်တင်ရန် ကြိုးစားရင်း ရသစုံ သရုပ်ဆောင်ချက်များ၊ ကလေးသူငယ် အကြမ်းဖက်မှု ပညာပေး စာမေးပွဲများနှင့်အတူ ရင်နင့်ဖွယ် ကြည့်ရှုရမည့် ရုပ်ရှင်ကောင်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/09/2026
#မတရားသတ်ဖြတ်ခံခဲ့ရသည့်မိန်းမလှဝိညာဉ်မာရီယမ်နှင့်ထိပ်ပြောင်သရဲကြီး
အတိတ်က မတရား သတ်ဖြတ်ခြင်း ခံခဲ့ရသည့် မာရီယမ် ဆိုသည့် မိန်းမလှ ဝိညာဉ်နှင့်အတူ အန်ချိုတံတားဟောင်းကြီးပေါ်တွင် ကျိန်စာသင့်လျက်ရှိသော "Setan Botak" (ထိပ်ပြောင်သရဲကြီး) တို၏ ရက်စက် ကြမ်းကြုတ်သည့် အမှောင်စွမ်းအင်များ ပြန်လည် နိုးထလာခဲ့သည်။တစ်ရက်တွင် တံတားဝန်းကျင်သို ရောက်ရှိလာသည့် စုံစမ်းရေးအဖွဲနှင့် ဒေသခံ လူငယ်များသည် တံတား၏ အမှောင်ထု လျှိဝှက်ချက်များကို စူးစမ်းမိရာမှ မိစ္ဆာဝိညာဉ်ဆိုးများ၏ သွေးသံရဲရဲ ပစ်မှတ်ထား ချောက်လှန့်ခြင်းကို စတင် ခံရပါတော့သည်။ ညဉ့်နက်လာသည်နှင့်အမျှ ကျောက်မက်ဖွယ်ရာ အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပေါ်လာပြီး အတိတ်က ဝဋ်ကြွေးများကို ပေးဆပ်ရင်း အသက်ရှင် လွတ်မြောက်ရန် ရုန်းကန်ကြရမည့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားကောင်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/09/2026
#စစ်ပွဲကြားပြည်သူကိုစွန့်ပစ်ခဲ့သည့်မင်းကြီးနှင့်တိုင်းပြည်ကိုကာကွယ်ခဲ့သည့်အိမ်ရှေ့စံ မင်းသားနှင့်ရဲဘော်များ
၁၅၉၂ ခုနှစ် ဂျပန်တို၏ ကျူးကျော်စစ် (Imjin War) တွင်း ဂျိုဆွန်းမင်းကြီးသည် ပြည်သူများကို စွန့်ပစ်ကာ တရုတ်ပြည် (မင်းမင်းဆက်) ထံ သွားရောက် တိမ်းရှောင်ခဲ့သည်။ ထိုအချိန်တွင် အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် အိမ်ရှေ့စံ မင်းသား ဂွမ်ဟယ် (Yeo Jin-goo) သည် တိုင်းပြည်၏ တာဝန်ကို ပုခုံးပြောင်း ယူခဲ့ရပါတော့သည်။စစ်တပ် အင်အားနှင့် လက်နက် လုံလောက်မှု မရှိသည့် ပြဿနာများကြောင့် အခက်တွေ့နေချိန်တွင် အစားထိုး တပ်သားများ (သူတစ်ပါးကိုယ်စား အကြေးငွေယူ၍ စစ်မှုထမ်းပေးရသူများ) ၏ ခေါင်းဆောင် ထိုအူ (Lee Jung-jae) နှင့် တွေ့ဆုံခဲ့သည်။ မိမိကိုယ်တိုင် တပ်သားအစစ် မဟုတ်ကြသော်လည်း တိုင်းပြည်နှင့် မင်းသား ဂွမ်ဟယ်ကို ဂျပန်တပ်များရန်မှ ကာကွယ်ပေးရင်း ဂျိုဆွန်းပြည်၏ ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားခဲ့ကြသည့် စိတ္တဇဆန်ဆန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
01/09/2026
#အမေရိကန်သမိုင်းတစ်လျှောက်အအောင်မြင်ဆုံးစနိုက်ပါနှင့်အိုလံပစ်ဆီးရီးယားစနိုက်ပါတို၏ ထိပ်တိုက်ရင်ဆိုင်ပွဲ
၁၉၉၉ စက်တင်ဘာ ၁၁ အကြမ်းဖက်ခံရမှုအပြီး Chris Kyle သည် အီရတ်စစ်မြေပြင်သို စတင်ထွက်ခွာခဲ့သည်။ အီရတ်သို ၄ ကြိမ်တိုင်တိုင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ရက်ပေါင်း ၁,၀၀၀ ကျော်အတွင်း ရန်သူ ၁၆၀ ကျော်ကို ပစ်ခတ်ခြေမှုန်းနိုင်ခဲ့သဖြင့် စစ်တပ်အတွင်း "The Legend" (ဒဏ္ဍာရီ) ဟု ထင်ရှားလာခဲ့သည်။ မိသားစု၏ တားမြစ်ချက်များကြားမှ စစ်မြေပြင်သို ခဏခဏ ပြန်သွားခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ မိမိ၏ ရဲဘော်များကို ပိုမို ကာကွယ်ပေးချင်သည့် စိတ်ကြောင့် ဖြစ်သည်။စစ်မြေပြင်တွင် ဆီးရီးယား အိုလံပစ် ချန်ပီယံ စနိုက်ပါ Mustafa နှင့် ထိပ်တိုက်ရင်ဆိုင် ရင်းနှီးစွာ အားပြိုင်ခဲ့ရသလို၊ တိုင်းပြည်နှင့် ရဲဘော်များအပေါ် သစ္စာစောင့်သိမှု၊ စစ်ပွဲကြောင့် ရရှိလာသည့် စိတ်ဒဏ်ရာများ (PTSD) နှင့် မိသားစုကြား ရုန်းကန်ခဲ့ရပုံကို ရင်နင့်ဖွယ် ပုံဖော်ထားသည့် လက်ရာကောင်းတစ်ခု ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/08/2026
#လူသ-တ်သမားတွေအချင်းချင်းပြန်သ-တ်ကြမဲ့ ကွင်းစက်လူသ-တ်ကား
ကီဘွန်း (Kim Sung-oh) ဆိုသည့် ကွင်းဆက်လူသတ်သမားသည် ဟီဂျူး ၅ နှစ်သမီးအရွယ်တွင် သူမ၏ အဖေဖြစ်သူ ရဲစုံထောက်ကို သက်ဖြတ်ခဲ့သည်။ ကီဘွန်းသည် သက်သေခြေရာ ဖျောက်ရာတွင် လွန်စွာ စေ့စပ်သေချာလွန်းသူဖြစ်သော်လည်း နောက်ပိုင်းတွင် သတင်းပေးမှုတစ်ခုကြောင့် အဖမ်းခံခဲ့ရသည်။ သိုသော် သက်သေမခိုင်လုံသဖြင့် ထောင်ဒဏ် ၁၅ နှစ်သာ ကျခံခဲ့ရသဖြင့် အားလုံးက မကျေမနပ် ဖြစ်ခဲ့ကြရသည်။၁၅ နှစ်အကြာ ကီဘွန်း ထောင်မှ လွတ်မြောက်လာချိန်တွင်တော့… သူ့ကို ထောင်ထဲ ပြန်ထည့်ချင်နေသည့် စုံထောက် ဒယ်ရောင်း၊ ကီဘွန်း၏ အသက်ကို လိုချင်နေသည့် နောက်ထပ် ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နှင့် အဖေအတွက် ကလဲ့စားချေရန် ၁၅ နှစ်လုံး စောင့်ဆိုင်းခဲ့သည့် ဟီဂျူးတို ထိပ်တိုက်ရင်ဆိုင်ကြရပါတော့သည်။ ဇာတ်လမ်းအဆုံးတွင် ထင်မှတ်မထားသည့် ဇာတ်အလှည့်အပြောင်း (Plot Twist) ဖြင့် ပါးစပ်မဟောင်းသား ဖြစ်သွားစေမည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/08/2026
#အထက်တန်းလွှာဖိအားကြားကသခင်လေးဂင်ယူနှင့်စားဖိုမှူးဂယ်အမ်တို၏ သံယောဇဉ်
အစ်ကိုဖြစ်သူ မတရား ရာထူးဖြုတ်ခံရအပြီးမှာ မိသားစုဂုဏ်ကို ပြန်ဆွဲတင်ဖို သူ့ရဲ့ ပခုံးပေါ် ကျရောက်လာတဲ့ ဖိအားတွေဟာ ရှုရှိက်ဖို လေပင် မကျန်တော့သည်အထိ မွန်းကျပ်လွန်းလှပါတယ်။ မတရားတဲ့ နည်းလမ်းနဲ့မဆို စာမေးပွဲအောင်ရမယ်လို အကျပ်ကိုင်ခံရချိန်… သူ့အတွက် ထွက်ပေါက်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး။ဒါပေမဲ့… မီးဖိုချောင်ဆိုတဲ့ တားမြစ်ထားတဲ့ နယ်မြေလေးထဲမှာ စားဖိုမှူး ဂယ်အမ်နဲ့ တွေ့ဆုံခဲ့ပြီးနောက်…"အထက်တန်းလွှာ ယောက်ျားတွေ မီးဖိုချောင် မဝင်ရ" ဆိုတဲ့ ဓလေ့ကို ချိုးဖောက်ပြီး ဖျားနာနေတဲ့ ဖခင်အတွက် ဟင်းတစ်ခွက်ကို ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခဲ့ချိန်မှာတော့… သူ မသိခဲ့တဲ့ ဘဝရဲ့ ပျော်ရွှင်မှု အရသာစစ်စစ်ကို စတင် ခံစားလိုက်ရပါတယ်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
31/08/2026
#သမီးဖြစ်သူကိုမကောင်းဆိုးဝါးရန်ကနေကာကွယ်ပေးမယ့်မိခင်
ချန်ဒါပူဆိုသည့် ရွာတွင် "ရှုဗန်ကာ" မျိုးဆက်မှ သမီးမိန်းကလေး မွေးဖွားပါက နတ်ဆိုးမ ထကြွမလာစေရန် ထိုကလေးကို သတ်ပစ်ရမည်ဟူသော ကြောက်စရာကောင်းသည့် မိရိုးဖလာ အယူအဆတစ်ခု ရှိနေခဲ့သည်။ ရှုဗန်ကာသည် ထိုကျိန်စာဆိုးကြောင့် မွေးရပ်မြေကို စွန့်ခွာကာ မိသားစုဘဝ ထူထောင်ခဲ့ပြီး သမီးလေးတစ်ယောက် မွေးဖွားလာသည့်အတွက် ချန်ဒါပူရွာသို ဘူးသီးခါးသီး ခြေမလှမ်းခဲ့ပေ။သိုသော်လည်း မမျှော်လင့်ထားသည့် အကြောင်းအရာများကြောင့် သမီးဖြစ်သူနှင့်အတူ ရွာသို ပြန်ရောက်သွားသည့်အခါ... ရှေးဟောင်း နတ်ဆိုးကြီး၏ ခြိမ်းခြောက်မှုနှင့် ကြောက်စရာကောင်းသော ရွာ၏ လျှိဝှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ မိခင်တစ်ယောက်၏ အကန့်အသတ်မရှိသော မေတ္တာ၊ အားမာန်တိုဖြင့် ကာလီမယ်တော်၏ ကောင်းချီးကို ခံယူကာ သမီးလေးကို နတ်ဆိုးရန်မှ မည်သို ကာကွယ်စောင့်ရှောက်သွားမည်ကို ရင်တဖိုဖိုဖြင့် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
30/08/2026
#အရှေ့အာရှကိုလှုပ်ခတ်စေမည့်ကိုရီးယားထောက်လှမ်းရေးဇာတ်ကား
တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးရုံး (NIS) ၏ နိုင်ငံခြားဌာနခွဲမှ အကောင်းဆုံး အေးဂျင့်များ ပါဝင်သည့် "Black Team" ၏ အဖွဲခေါင်းဆောင် Kang-in (Sol Kyung-gu) သည် လိုချင်သည့် ပန်းတိုင်အတွက်ဆိုလျှင် နည်းလမ်းမရွေး ရက်စက်တတ်၍ "Yaksha" (လူတွေကို ဝါးမျိုသည့် ဝိညာဉ်) ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။တစ်နေ့တွင် တရုတ်နိုင်ငံ ရှန်ယန်းမြိုရှိ Black Team ထံသို တာဝန်မှ ဆိုင်းငံ့ခံထားရသည့် အမှုစစ် Ji-hoon (Park Hae-soo) ရောက်ရှိလာခဲ့သည်။ သိုသော် သူတို စုံစမ်းစစ်ဆေးရမည့် မစ်ရှင်သည် အရှေ့အာရှ တစ်ခွင်လုံး၏ နိုင်ငံရေးနှင့် လုံခြုံရေးကို လှုပ်ခတ်သွားစေနိုင်သည့် လျှိဝှက်ဆန်းကြယ် ရာဇဝတ်မှုကြီးနှင့် ဆက်စပ်နေကြောင်း သိလိုက်ရသည့်အခါတွင်တော့... စိတ္တဇဆန်သော လှည့်ကွက်များ၊ စパイ စစ်ပွဲများနှင့်အတူ အသက်ရှူမှားလောက်အောင် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
30/08/2026
#ဆရာနှင့်တပည့်ကြားကတားမြစ်ထားသောအချစ်နှင့်ပေးဆပ်လိုက်ရသည့် စိတ်ဒဏ်ရာများ
အထက်တန်းကျောင်းသူလေးတစ်ဦးနှင့် ကျောင်းဆရာသစ်တစ်ဦးတိုကြားမှ မဖြစ်သင့်သည့် တားမြစ်အချစ်ရေးကို ရိုက်ကူးထားသည့် ဒိန်းမတ် Drama / Romance ရုပ်ရှင်ကားကြီး ဖြစ်ပါသည်။သူတိုနှစ်ယောက်သည် အခြားသူများ မသိအောင် လျှိဝှက်စွာ တွဲခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုလျှိဝှက်ချက်ကြီးသည် ကျောင်းသူလေး၏ စိတ်ပိုင်းဆိုင်ရာ၊ အပေါင်းအသင်း၊ ပညာရေးနှင့် မိသားစု ဆက်ဆံရေးများအပေါ် အဆိပ်အတောက်ဖြစ်ကာ စတင် ထိခိုက်ရိုက်ခတ်လာခဲ့သည်။ခဏတာ စိတ်ကစားမှုမှသည် ဘဝကို ပျက်စီးစေသည့် စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားချိန်တွင် ထို ဆက်ဆံရေးဆိုးကြီးအတွင်းမှ လွတ်မြောက်အောင် ရုန်းထွက်ရပုံကို စိတ္တဇဆန်ဆန်၊ ရင်တဖိုဖိုဖြင့် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
30/08/2026
#မင်းသားကြီးAjith Kumar ရဲ့ နှစ်ကိုယ်ခွဲအက်ရှင်ဒရာမာဇာတ်ကား
နိုင်ငံတကာတွင် နာမည်ကြီးပြီး လိမ္မာပါးနပ်စွာ မကင်းသော ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး ဘီလသည် ရဲများ၏ လိုက်လံဖမ်းဆီးမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ ထိုအချိန်တွင် ရဲအရာရှိကြီးတစ်ယောက်သည် ဘီလနှင့် ရုပ်ချင်း ခွဲမရအောင် တူညီသည့် သာမန်လူတစ်ယောက်ဖြစ်သူ ရန်ဂါကို တွေ့ရှိသွားပြီး ဘီလအဖြစ် ဟန်ဆောင်ကာ ဂိုဏ်းအတွင်းသို စိမ့်ဝင်ရန် လျှိဝှက်စီမံကိန်း ရေးဆွဲခဲ့သည်။သိုသော် ယင်းအစီအစဉ်ကို သိရှိသည့် တစ်ဦးတည်းသော ရဲအရာရှိကြီး သေဆုံးသွားသည့်အခါ ရန်ဂါတစ်ယောက် ဘီလဟူသော နွံထဲတွင် ပိတ်မိသွားခဲ့သည်။ ရဲများကလည်း ဘီလအစစ်ဟု ထင်မှတ်၍ လိုက်လံဖမ်းဆီးသလို၊ ဒုစရိုက်ဂိုဏ်းသားများ၏ သံသယကိုပါ ရင်ဆိုင်ရချိန်တွင် ရန်ဂါတစ်ယောက် မိမိကိုယ်ကို ဘီလမဟုတ်ကြောင်း မည်သို သက်သေပြပြီး လွတ်မြောက်အောင် ရုန်းထွက်မည်ဆိုသည်ကို ရင်တဖိုဖိုဖြင့် ကြည့်ရှုရမည်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
Click here to claim your Sponsored Listing.
Category
Website
Address
Yangon